< 4 Mosebog 21 >

1 Men da Kana'anæeren, Kongen af Arad, der boede i Sydlandet, hørte, at Israel rykkede frem ad Atarimvejen, angreb han Israel og tog nogle af dem til Fange.
ဣသရေလအမျိုးသည် အသရိမ်လမ်းဖြင့် လာကြသည်သိတင်းကို တောင်မျက်နှာ၌နေသော ခါနာန် အမျိုး အာရဒ်မင်းကြီးကြားလျှင်၊ ဣသရေလအမျိုးကို စစ်တိုက်၍ လူအချို့တို့ကို ဘမ်းဆီးသိမ်းသွားလေ၏။
2 Da aflagde Israel et Løfte til Herren og sagde: "Hvis du giver dette Folk i min Hånd, vil jeg lægge Band på deres Byer!"
ဣသရေလအမျိုးကလည်း၊ ကိုယ်တော်သည် ဤလူမျိုးကို အကျွန်ုပ်တို့လက်သို့ အပ်တော်မူလျှင်၊ သူတို့ မြို့များကို ရှင်းရှင်းဖျက်ဆီးပါမည်ဟု ထာဝရဘုရားအား သစ္စာဂတိပြုလေ၏။
3 Og HERREN hørte Israels Røst og gav Kana'anæerne i deres Hånd, hvorefter de lagde Band på dem og deres Byer. Derfor gav man Stedet Navnet Horma.
ထာဝရဘုရားသည်လည်း၊ ဣသရေလအမျိုး၏ စကားကို နားထောင်၍၊ ထိုခါနာန်အမျိုးသားတို့ကို အပ်တော်မူ၏။ သူတို့နှင့် သူတို့မြို့များကို ဣသရေလ လူတို့သည် ရှင်းရှင်းဖျက်ဆီး၍၊ ထိုအရပ်ကို ဟော်မာ အမည်ဖြင့် သမုတ်ကြ၏။
4 Så brød de op fra Bjerget Hor i Retning af det røde Hav for at komme uden om Edoms Land. Undervejs blev Folket utålmodigt
ဟောရတောင်မှ ထွက်၍ ဧဒုံပြည်ကို ဝိုင်းခြင်းငှါ၊ ဧဒုံကင်လယ်လမ်းဖြင့် ချီသွားကြစဉ်၊ အသွားခက်သော ကြောင့်၊ လူများတို့သည် စိတ်အားလျော့ကြ၍၊
5 og talte mod Gud og Moses og sagde: "Hvorfor førte I os ud af Ægypten, når vi skal dø i Ørkenen? Her er jo hverken Brød eller Vand, og vi er lede ved denne usle Føde."
သင်သည် ငါတို့ကို ဤတော၌ သေစေခြင်းငှါ၊ အဲဂုတ္တုပြည်မှ အဘယ်ကြောင့် ဆောင်ခဲ့သနည်း။ မုန့်မရှိ၊ ရေလည်းမရှိ၊ ဤပေါ့ပျက်သောစားစရာကိုလည်း ငါတို့သည် အလွန်ရွံရှာ၏ဟု ဘုရားသခင်နှင့် မောရှေကို ဆန့်ကျင်ဘက်ပြု၍ ဆိုကြ၏။
6 Da sendte HERREN Giftslanger blandt Folket, og de bed Folket så en Mængde af Israel døde.
ထိုအခါ ထာဝရဘုရားသည်၊ ဣသရေလအမျိုး သားတို့တွင် မီးမြွေများကို စေလွှတ်တော်မူ၍၊ လူအများ တို့သည် အကိုက်ခံရသဖြင့် သေကြ၏။
7 Så kom Folket til Moses og sagde: "Vi har syndet ved at tale imod HERREN og dig; gå i Forbøn hos HERREN, at han tager Slangerne fra os!" Og Moses gik i Forbøn for Folket.
ထိုကြောင့် လူများတို့သည် မောရှေထံသို့ လာ၍ အကျွန်ုပ်တို့သည် ထာဝရဘုရားနှင့် ကိုယ်တော်ကို ဆန့် ကျင်လျက် ပြောဆို၍ ပြစ်မှားပါပြီ။ ထာဝရဘုရားသည် မြွေများကို အကျွန်ုပ်တို့မှ ပယ်ရှားတော်မူမည်အကြောင်း ဆုတောင်းပါဟု လျှောက်လျှင်၊ မောရှေသည် လူများအဘို့ ဆုတောင်းလေ၏။
8 Da sagde HERREN til Moses: "Lav dig en Slange og sæt den på en Stang, så skal enhver slangebidt, der ser hen på den, leve!"
ထာဝရဘုရားကလည်း၊ မီးမြွေရုပ်ကိုလုပ်၍ တိုင်ပေါ်မှာ မြှောက်ထားလော့။ အကိုက်ခံရသော သူတိုင်း ကြည့်ရှုလျှင် အသက်ချမ်းသာရလိမ့်မည်ဟု မောရှေအား မိန့်တော်မူသည်အတိုင်း၊
9 Da lavede Moses en Kobberslange og satte den på en Stang; og enhver, der så hen på Kobberslangen, når en Slange havde bidt ham, beholdt Livet.
မောရှေသည် ကြေးဝါဖြင့် မြွေကို လုပ်၍ တိုင် ပေါ်မှာ မြှောက်ချီထားပြီးလျှင်၊ မြွေကိုက်သောသူမည် သည်ကား၊ ကြေးဝါမြွေကို ကြည့်ရှုသောအခါ အသက် ချမ်းသာရကြ၏။
10 Så brød Israelitterne op og slog Lejr i Obot;
၁၀တဖန် ဣသရေလအမျိုးသားတို့သည် နေရာ ပြောင်း၍ ဩဗုတ်အရပ်၌ စားခန်းချကြ၏။
11 og de brød op fra Obot og slog Lejr i tjje Håbarim i Ørkenen østen for Moab.
၁၁ဩဗုတ်အရပ်မှ ပြောင်းပြန်၍၊ နေထွက်ရာ ဘက်၊ မောဘပြည်ရှေ့တွင်ရှိသော တောမှာ၊ ဣဇာဗာရိမ် အရပ်၌ စားခန်းချကြ၏။
12 Derfra brød de op og slog Lejr i Zereddalen.
၁၂ထိုအရပ်မှ ပြောင်း၍၊ ဇာရက် ချောင်းနား၌ စားခန်းချကြ၏။
13 Derfra brød de op og slog Lejr i Ørkenen hinsides Arnon, som udspringer på Amoriternes Område, thi Arnon var Moabs Grænse mod Amoriterne.
၁၃ထိုအရပ်မှ တဖန်ပြောင်းပြန်၍၊ အာမောရိပြည် နယ်နှင့် စပ်သော တော၌ရှိသော အာနုန်ချောင်းနား တဘက်တချက်၌ စားခန်းချကြ၏။ အာနုန်ချောင်းကား၊ မောဘပြည်၊ အာမောရိပြည်စပ်ကြားအပိုင်းအခြား ဖြစ်သတည်း။
14 Derfor hedder det i Bogen om HERRENs Krige: Vaheb i Sufa og Dalene, Arnon og Dalenes Skrænt,
၁၄ထိုသို့နှင့်အညီ၊ ထာဝရဘုရားစစ်တိုက်စာ၌ကား၊ ဇာရက်အရပ်၊ သုပအရပ်၊ အာနုန်ချောင်းတို့၊
15 som strækker sig til Ars Sæde og læner sig til Moabs Grænse.
၁၅အာရပြည်သို့ စီး၍ မောဘပြည်အနား၌ ရှောက်သွားသော ချောင်းအသွယ်သွယ်ဟု လာသတည်း။
16 Derfra brød de op til Beer; det er det Be'er, HERREN havde for Øje, da han sagde til Moses: "Kald Folket sammen, så vil jeg give dem Vand!"
၁၆အာနုန်ချောင်းမှ ဗေရရေတွင်းသို့ ခရီးသွားကြ၏။ ထိုရေတွင်းကား အခြားမဟုတ်၊ ထာဝရဘုရားက၊ လူများကို စုဝေးစေလော့၊ ရေကို ငါပေးမည်ဟု မောရှေအား မိန့်တော်မူရာ၌ ရည်ဆောင်သော ရေတွင်းဖြစ် သတည်း။
17 Da sang Israelitterne denne Sang: Brønd, væld frem! Syng til dens Pris!
၁၇ထိုအခါ ဣသရေလအမျိုးက၊ အိုတွင်းရေ၊ ထွက် လော့။ ထွက်အောင် သီခြင်းဆိုကြလော့။
18 Brønd, som Høvdinger grov, som Folkets ædle bored med Herskerspir og Stave! Fra Ørkenen brød de op til Mattana;
၁၈တရားမင်းစီရင်သည်အတိုင်း၊ မှူးမတ်တို့သည် ရေတွင်းကို တူးကြပြီ။ လူတို့တွင် အကဲအမှူးတို့သည် တောင်ဝေးတို့နှင့် ရေတွင်းကို တူးကြပြီဟု သီခြင်း ဆိုလေ၏။
19 fra Mattana til Nahaliel; fra Nahaliel til Bamot;
၁၉ထိုတောမှ မတ္တနာအရပ်သို့၎င်း၊ မတ္တနာအရပ်မှ နဟာလျေလအရပ်သို့၎င်း၊ နဟာလျေလအရပ်မှ ဗာမုတ် အရပ်သို့၎င်း၊
20 fra Bamot til halen på Moabs Højslette, til Pisgas Top, som rager op over Ørkenen.
၂၀ဗာမုတ်အရပ်မှ မောဘချိုင့်သို့၎င်း၊ ယေရှိမုန်မြို့ကို မျက်နှာပြုသော ပိသဂါတောင်ထိပ်သို့၎င်း ခရီးသွား ကြ၏။
21 Israel sendte nu Sendebud til Amoriterkongen Sihon og lod sige:
၂၁ထိုအခါ ဣသရေလအမျိုးသားတို့သည်၊ အာ မောရိရှင်ဘုရင် ရှိဟုန်မင်းထံသို့ သံတမန်တို့ကို စေလွှတ် လျက်၊
22 "Lad mig få Lov at drage igennem dit Land! Vi vil ikke dreje ind på Marker eller i Vinhaver, vi vil ikke drikke Vand af Brøndene, vi vil følge Kongevejen, indtil vi er nået igennem dit Land!
၂၂အကျွန်ုပ်တို့သည် မင်းကြီးပြည်အလယ်၌ ရှောက်၍ သွားပါရစေ။ လယ်ယာသို့၎င်း၊ စပျစ်ဥယျာဉ် သို့၎င်း မဝင်ပါ။ တွင်းရေကိုလည်း မသောက်ပါ။ မင်းကြီး ပြည်ကို မလွန်မှီတိုင်အောင်၊ မင်းလမ်းသို့သာ ရှောက် လိုက်ပါမည်ဟု အခွင့်တောင်းကြ၏။
23 Men Sihon tillod ikke Israel at drage igennem sit Land; derimod samlede han alt sit krigsfolk og rykkede ud i Ørkenen imod Israel, og da han nåede Jaza, angreb han Israel.
၂၃ထိုပြည်အလယ်၌ ရှောက်သွားရသော အခွင့်ကို၊ ရှိဟုန်မင်းသည် ဣသရေလအမျိုးသားတို့အား မပေး။ မိမိလူအပေါင်းတို့ကို စုဝေးစေ၍၊ ဣသရေလအမျိုးသား တို့ကို ဆီးတားခြင်းငှါ၊ သူတို့ရှိရာတောသို့ ထွက်၍ ယာဟတ်မြို့သို့ ရောက်ပြီးလျှင် စစ်တိုက်လေ၏။
24 Men Israel slog ham med Sværdet og underlagde sig hans Land fra Arnon til Jabbok, til Ammoniternes Land; thi Jazer ligger ved Ammoniternes Grænse;
၂၄ထိုမင်းကို၊ ဣသရေလအမျိုးသားတို့သည် ထား နှင့် လုပ်ကြံ၍၊ အာနုန်ချောင်းမှသည် ယဗ္ဗုတ်ချောင်း တိုင်အောင်၎င်း၊ အမ္မုန်အမျိုးသား နေရာတိုင်အောင်၎င်း၊ ထိုမင်းပိုင်သော မြေကို သိမ်းယူကြ၏။ အမ္မုန်အမျိုးသား နေရာ နယ်စပ်ကား အားကြီး၏။
25 og Israel indtog alle disse Byer, og Israel bosatte sig i alle Amoriternes Byer, i Hesjbon og alle tilhørende Småbyer.
၂၅ထိုသို့ ဣသရေလအမျိုးသားတို့သည်၊ ဟေရှဘုန် မြို့မှစ၍ အာမောရိအမျိုးသားနေသော မြို့ရွာရှိသမျှ တို့ကို သိမ်းယူ၍ နေကြ၏။
26 Thi Hesjbon var Amoriterkongen Sihons By; han havde angrebet Moabs forrige konge og frataget ham hele hans Land indtil Arnon.
၂၆ဟေရှဘုန်မြို့ကား၊ မောဘပြည်ကို အစိုးရသော အရင်ရှင်ဘုရင်နှင့် စစ်တိုက်၍ အာနုန်ချောင်းတိုင် အောင် ပြည်ကို လုယူသော အာမောရိရှင်ဘုရင် ရှိဟုန် မင်းနေသောမြို့ ဖြစ်သတည်း။
27 Derfor synger Skjaldene: Kom hid til Hesjbon, lad den blive bygget og grundfæstet, Sihons By!
၂၇ထိုအကြောင်းကို ရည်ဆောင်၍ လင်္ကာဆရာတို့ က၊ ဟေရှဘုန်မြို့သို့ သွား၍ တဖန်တည်ကြစို့။ ရှိဟုန် ဘုရင်နေသောမြို့ကို ပြင်ဆင်ကြစို့။
28 Thi Ild for ud fra Hesjbon, Ildslue fra Sihons Stad, den fortærede Moabs Byer, opåd Arnons Højder.
၂၈ရှိဟုန်ဘုရင်နေရာ ဟေရှဘုန်မြို့မှ မီးလျှံထွက် ၍ မောဘပြည်အာရမြို့နှင့်တကွ၊ အာနုန်ချောင်းနား၊ မြင့်သောအရပ်၌ အစိုးရသော မင်းတို့ကို လောင်လေပြီ။
29 Ve dig, Moab! Det er ude med dig, Kemosjs Folk! Han gjorde sine Sønner til Flygtninge og sine Døtre til Krigsfanger for Sihon, Amoriternes Konge.
၂၉အိုမောဘပြည်၊ သင်သည် အမင်္ဂလာရှိ၏။ အိုခေမုရှတပည့်တို့၊ သင်တို့သည် အကျိုးနည်းကြပြီ။ ပြေး ရသော မိမိသားသမီးတို့ကို အာမောရိရှင်ဘုရင်ရှိဟုန် လက်သို့ ရောက်စေခြင်းငှါ၊ ထိုဘုရားသည် အခွင့်ပေးပြီ တကား။
30 Og vi skød dem ned, Hesjbon er tabt indtil Dibon; vi lagde dem øde til Nofa, som ligger ved Medeba.
၃၀တဖန် ငါတို့သည် အာမောရိသားတို့ကို တိုက် ပြန်သောကြောင့်၊ ဟေရှဘုန်ပြည်သည် ဒိဘုန်မြို့တိုင် အောင် ပျက်လေပြီ။ မေဒဘမြို့နှင့် နီးစပ်သော နောဖာ မြို့တိုင်အောင် သူတို့ကို သုတ်သင်ပယ်ရှင်းကြပြီဟု ဆိုသတည်း။
31 Så bosatte Israel sig i Amoriternes Land.
၃၁ထိုသို့ ဣသရေလအမျိုးသားတို့သည် အာမောရိ ပြည်၌ နေရကြ၏။
32 Derpå sendte Moses Spejdere til Jazer; og de erobrede det tillige med tilhørende Småbyer, og han drev de der boende Amoriter bort.
၃၂မောရှေသည်လည်း၊ ယာဇာမြို့ကို စူးစမ်းခြင်းငှါ လူကို စေလွှတ်ပြီးလျှင်၊ ထိုမြို့ရွာတို့ကို သိမ်းယူ၍ အရင် နေသော အာမောရိအမျိုးသားတို့ကို နှင်ထုတ်ကြ၏။
33 Derpå vendte de om og drog ad Basan til. Da rykkede Og, Kongen af Basan, ud imod dem med alle sine Krigere og angreb dem ved Edrei.
၃၃တဖန် ဣသရေလအမျိုးသားတို့သည် လှည့်၍၊ ဗာရှန်ပြည်သို့ ခရီးသွားကြ၏။ ဗာရှန်ရှင်ဘုရင်ဩဃ သည်၊ မိမိလူအပေါင်းတို့နှင့် ဧဒြိအရပ်မှာ စစ်တိုက်ခြင်းငှါ ချီသွား၏။
34 Men HERREN sagde til Moses: "Frygt ikke for ham! Thi jeg giver ham og alle hans krigere og hans Land i din Hånd, så at du kan handle med ham, som du handlede med Amoriterkongen Sihon, der boede i Hesjbon."
၃၄ထာဝရဘုရားကလည်း၊ သူ့ကို မကြောက်နှင့်။ သူနှင့်တကွ သူ၏လူအပေါင်းကို၎င်း၊ သူ၏မြေကို၎င်း၊ သင့်လက်၌ ငါအပ်ပေးပြီ။ ဟေရှဘုန်မြို့နေ အာမောရိ ရှင်ဘုရင်ရှိဟုန်ကို ပြုသကဲ့သို့၊ ဤမင်းကိုလည်း ပြုရမည် ဟု မောရှေအား မိန့်တော်မူသည်အတိုင်း၊
35 Da slog de ham og hans Sønner og alle hans Krigere, så at ikke en eneste af dem undslap, og derpå underlagde de sig hans Land.
၃၅ထိုမင်းနှင့်သားများ၊ လူများအပေါင်းတို့ကို တယောက်မျှ မကြွင်းလုပ်ကြံ၍ သူ၏ပြည်ကို သိမ်းယူ ကြ၏။

< 4 Mosebog 21 >