< Job 28 >

1 Sølvet har jo sit Leje, som renses, sit sted
ငွေလိုက်သောငွေ ကြောင်းသည် စင်စစ် ရှိ ၏။ လူစစ် တတ်သော ရွှေ နေရာ လည်း ရှိ၏။
2 Jern hentes op af Jorden, og Sten smeltes om til Kobber.
သံ ကိုမြေကြီး ထဲက တူးယူ တတ်၏။ ကျောက် ကို ချက် ၍ ကြေးနီ ကိုရတတ်၏။
3 På Mørket gør man en Ende og ransager indtil de dybeste Kroge Mørkets og Mulmets Sten;
လူသည် မှောင်မိုက် ကို ပျောက်စေတတ်၏။ အဆုံး တိုင်အောင် ၎င်း မှောင်မိုက် ကျောက် ၊ သေမင်း အရိပ်တိုင်အောင်၎င်း လိုက်၍ စစ် တတ်၏။
4 man bryder en Skakt under Foden, og glemte, foruden Fodfæste, hænger de svævende fjernt fra Mennesker.
တောင် ခြေရင်း၌တွင်းတူး၍၊ ခြေ ဖြင့် ကိုယ်ကို မထောက်ဘဲ ဆင်း၍၊ လူ နေရာကို စွန့် သွားတတ်၏။
5 Af Jorden fremvokser Brød, imedens dens Indre omvæltes som af Ild;
မြေ သည်စားစရာ ကို ပေး တတ်သော်လည်း ၊ အောက် အရပ်၌ မီး ဖြင့်ပျက်သကဲ့သို့ အပျက် ခံရ၏။
6 i Stenen der sidder Safiren, og der er Guldstøv i den.
သူ ၏ကျောက် တို့သည် ကျောက် နီနေရာ ဖြစ်၏။ မြေမှုန့် လည်း ရွှေ ဖြစ်၏။
7 Stien derhen er Rovfuglen ukendt, Falkens Øje udspejder den ikke;
အဘယ်ငှက် မျှမ သိ ၊ လင်းတ မျက်စိ လည်း မ မြင် သေးသော လမ်း ရှိ၏။
8 den trædes ikke af stolte Vilddyr, Løven skrider ej frem ad den.
ထိုလမ်းကိုသားရဲ မ နင်း ၊ ခြင်္သေ့ မ ရှောက် သေး။
9 På Flinten lægger man Hånd og omvælter Bjerge fra Roden;
လူသည်ကျောက် ပေါ် မှာလက် တင် ၍၊ တောင် တို့ ကို ခြေရင်း တိုင်အောင် မှောက် တတ်၏။
10 i Klipperne hugger man Gange, alskens Klenodier skuer Øjet;
၁၀ကျောက် တို့တွင် ရေစီးစေတတ်၏။ သူ ၏မျက်စိ သည် ထူးဆန်း သောအရာရှိသမျှ တို့ကို ကြည့် မြင် တတ်၏။
11 man tilstopper Strømmenes Kilder og bringer det skjulte for Lyset.
၁၁စီးသောရေ ကို တဖန်ဖြတ်၍၊ ဝှက်ထား သော အရာတို့ကို ထုတ်ဘော် တတ်၏။
12 Men Visdommen - hvor mon den findes, og hvor er Indsigtens Sted?
၁၂သို့ရာတွင် ၊ ပညာ ကိုအဘယ် မှာ တွေ့ ရလိမ့်မည်နည်း။ ဉာဏ် သည်လည်း အဘယ် အရပ် ၌ နေသနည်း။
13 Mennesket kender ikke dens Vej, den findes ej i de levendes Land;
၁၃ဉာဏ်ပညာအဘိုး ကို လူ မ သိ နိုင်။ အသက် ရှင်သောသူတို့ ၏ နေရာ ၌ ရှာ ၍ မ တွေ့နိုင်။
14 Dybet siger: "I mig er den ikke!" Havet: "Ej heller hos mig!"
၁၄နက်နဲ သော အရပ်ကငါ ၌ မ ရှိ။ ပင်လယ် ကလည်း ၊ ငါ ၌ မ ရှိဟုဆို တတ်၏။
15 Man får den ej for det fineste Guld, for Sølv kan den ikke købes,
၁၅ရွှေစင် ကိုပေး ၍ပညာကိုမ ရ။ ငွေ ကိုချိန် ၍ ပညာအဘိုး ကို မ မှီနိုင်။
16 den opvejes ikke med Ofirguld, med kostelig Sjoham eller Safir;
၁၆ဩဖိရ ရွှေ ၊ မြတ် သောရှဟံ ကျောက်၊ နီလာ ကျောက်နှင့် ဝယ် သော်လည်းမ ရနိုင်။
17 Guld og Glar kan ej måle sig med den, den fås ej i Bytte for gyldne Kar,
၁၇ရွှေ ဖြစ်စေ ၊ ကျောက် သလင်းဖြစ်စေမ မှီ နိုင်။ ရွှေစင် တန်ဆာ များနှင့်ဖယ်လှည် ၍မရနိုင်။
18 Krystal og Koraller ikke at nævne. At eje Visdom er mere end Perler,
၁၈သန္တာ နှင့် ပုလဲ ကိုပြော စရာမ ရှိ။ ပညာ သည် ပတ္တမြား ထက် သာ၍အဘိုး ကြီး၏။
19 Ætiopiens Topas kan ej måle sig med den, den opvejes ej med det rene Guld.
၁၉ကုရှ ဥဿဘယား သည် မ မှီ နိုင်။ အမြတ် ဆုံးသော ရွှေ နှင့် ဝယ် ၍ မ ရနိုင်။
20 Men Visdommen - hvor mon den kommer fra, og hvor er Indsigtens Sted?
၂၀သို့ဖြစ်၍ ၊ ပညာ သည် အဘယ် က လာ သနည်း။ ဉာဏ် သည် အဘယ် ဆီမှာနေရာ ကျသနည်း။
21 Den er dulgt for alt levendes Øje og skjult for Himmelens Fugle;
၂၁အသက် ရှင်သော သတ္တဝါတစုံတယောက်မျှ ကြည့် ၍မမြင်နိုင်။ မိုဃ်း ကောင်းကင်ငှက် တို့သည် ရှာ ၍ မတွေ့နိုင်။
22 Afgrund og Død må sige: "Vi hørte kun tale derom."
၂၂အဗဒ္ဒုန် မင်းနှင့် သေမင်း တို့က၊ ပညာ၏သိတင်း ကို နား နှင့် ကြား ရုံမျှသာရှိသည်ဟု ဆို တတ်ကြ၏။
23 Gud er kendt med dens Vej, han ved, hvor den har sit Sted;
၂၃ဘုရား သခင်သာလျှင်ပညာလမ်း ကို နားလည် တော်မူ၏။ ပညာနေရာ အရပ်ကို သိ တော်မူ၏။
24 thi han skuer til Jordens Ender, alt under Himmelen ser han.
၂၄
25 Dengang han fastsatte Vindens Vægt og målte Vandet med Mål,
၂၅လေ ကိုချိန် လျက်၊ ရေ ကိုလည်းခြင် လျက်၊ မြေကြီး စွန်း တိုင်အောင် ကြည့်ရှု ၍၊ ကောင်းကင် အောက် ၌ရှိသမျှ တို့ကို မြင် တော်မူ၏။
26 da han satte en Lov for Regnen, afmærked Tordenskyen dens Vej,
၂၆မိုဃ်းရွာ မှုကို စီရင်၍၊ မိုဃ်းကြိုး လျှပ်စစ်ပြက်ရာ လမ်း ကို ဖန်ဆင်း သောအခါ၊
27 da skued og mønstred han den, han stilled den op og ransaged den.
၂၇ပညာကိုမြင် ၍ ဘော်ပြ တော်မူ၏။ ပညာတရားကို ထား ၍ စုံစမ်း တော်မူ၏။
28 Men til Mennesket sagde han: "Se, HERRENs Frygt, det er Visdom, at sky det onde er Indsigt."
၂၈လူ တို့အား လည်း ထာဝရ ဘုရားကို ကြောက်ရွံ့ ခြင်းသည် ပညာ ဖြစ်ကြောင်းနှင့် ၊ ဒုစရိုက် ကို ရှောင် ခြင်း သည် ဉာဏ် ဖြစ်ကြောင်းကို မိန့် တော်မူပြီဟုမြွက်ဆို၏။

< Job 28 >