< Jeremias 51 >

1 Så siger HERREN: Jeg opvækker en ødelæggelsens ånd mod Babel og dem, som bor i "mine Modstanderes Hjerte".
ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဗာဗုလုန် မြို့တဘက် ၌၎င်း ၊ ငါ၏ရန်သူတို့နှင့်ပေါင်းဘော် သောသူတို့ တဘက် ၌၎င်း ၊ ဖျက်ဆီး တတ်သော လေ ကို ငါ ထ စေမည် ။
2 Og jeg sender til Babel Kastere, de skal kaste det og tømme dets Land, thi fra alle Hanter er de over det på Ulykkens Dag.
စံကောနှင့်ပြာတတ်သောသူတို့ကို ဗာဗုလုန် မြို့ သို့ ငါစေလွှတ် သဖြင့် ၊ သူတို့သည် တပြည်လုံး ကိုပြာ ၍ ရှင်းလင်း ကြလိမ့်မည်။ အမှု ရောက်သောကာလ ၊ သူတို့ သည် မြို့ပတ်ဝန်းကျင် တို့၌ ရန်ဘက်ပြုလျက်နေ ကြ လိမ့်မည်။
3 Ingen skal spænde sin Bue eller rejse sig i Brynje. Spar ikke dets Ynglinge, læg Band på hele dets Hær!
လေး ကိုကိုင်သောသူ၊ သံချပ် အင်္ကျီကိုဝတ်သောသူတို့ ကို လေးတင် ၍ ပစ်ကြလော့။ မြို့သားလုလင် တို့ကို မ နှမြော ဘဲ၊ မြို့သားအလုံးအရင်း ရှိသမျှ တို့ကို ရှင်းရှင်းဖျက်ဆီး ကြလော့။
4 Dræbte Mænd skal falde i Kaldæernes Land og gennemborede i Gaderne;
ထိုသို့သူရဲ တို့သည် ခါလဒဲ ပြည် တွင် ၊ လမ်းမ တို့၌ လဲ ၍ အထိုး ခံရကြလိမ့်မည်။
5 thi Israel og Juda er ikke forladt af deres Gud, Hærskarers HERRE, men deres Land var fuldt af Skyld mod Israels Hellige.
ဣသရေလ အမျိုးနှင့် ယုဒ အမျိုးနေရာ ပြည် သည်၊ ဣသရေလ အမျိုး၏သန့်ရှင်း တော်မူသောဘုရားကို ပြစ်မှား သော အပြစ်နှင့်ပြည့် သော်လည်း၊ သူ တို့ ဘုရားသခင် ၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား သည် ထိုအမျိုးတို့ကို စွန့်ပစ် တော်မ မူ။
6 Fly ud af Babel, enhver redde sit Liv, at I ikke skal omkomme for dets Brøde! Thi det er Hævnens Tid for HERREN, han øver Gengæld imod det.
ဗာဗုလုန် မြို့ထဲ က ထွက်ပြေး ၍ ၊ အသီးအသီး ကိုယ် အသက် ကို ကယ်နှုတ် ကြလော့။ မြို့သားတို့၏အပြစ် နှင့်ရော၍ ဆုံးရှုံး ခြင်းကို မ ခံကြနှင့်။ ဤအချိန်ကား၊ ထာဝရဘုရား ၏အမျက် တော်ကို ဖြေချိန် ဖြစ်၍၊ အကျိုး အပြစ်နှင့်အလျောက်စီရင် တော်မူမည်။
7 Et gyldent Bæger var Babel i HERRENs Hånd, det gjorde al Jorden drukken; Folkene drak af Vinen, derfor blev Folkene galne.
ဗာဗုလုန် မြို့သည်၊ ထာဝရဘုရား ကိုင်တော်မူ၍ မြေကြီး တပြင်လုံး ကို ယစ်မူး စေသောရွှေ ဖလား ဖြစ်၏။ ထိုဖလား၌ပါသောစပျစ်ရည် ကို လူ အမျိုးမျိုးတို့သည် သောက် ၍အရူး ဖြစ်ကြ၏။
8 Babel faldt i et Nu, det knustes; jamrer over det! Hent Balsam hid til dets Sår, om det muligt kan læges!
ဗာဗုလုန် မြို့သည် ချက်ခြင်း ပြိုလဲ ၍ ပျက်စီး ပြီ။ သူ ၏အတွက် ငိုကြွေး မြည်တမ်းကြလော့။ သူ ၏အနာ ပျောက် နိုင်လျှင် ၊ ပျောက်စေခြင်းငှါဗာလစံစေး ကို ယူ ကြလော့။
9 Vi vilde læge Babel, men det lod sig ikke læge. Gå fra det og lad os drage hver til sit Land, thi dets Straffedom når til Himmelen, løfter sig til Skyerne.
ငါတို့သည် ဗာဗုလုန် မြို့၏အနာကို ပျောက် စေခြင်းငှါပြုသော်လည်း၊ အနာမ ပျောက် နိုင်။ သူ့ ကို စွန့်ပစ် ၍၊ အသီးအသီး ငါတို့ နေရင်းပြည် သို့ သွား ကြကုန်အံ့။ သူ ခံရ သောအပြစ်သည် ကောင်းကင် တိုင်အောင် ရောက် ၍၊ မိုဃ်းတိမ် ကို ထိ လျက်ရှိ၏။
10 HERREN har bragt vor Ret for Lyset; kom, lad os kundgøre HERREN vor Guds Værk i Zion!
၁၀ထာဝရဘုရား သည် ငါ တို့ဖြောင့်မတ် ကြောင်းကို ဘော်ပြ တော်မူပြီ။ လာ ကြလော့။ ငါ တို့ဘုရားသခင် ထာဝရဘုရား အမှု တော်ကို ဇိအုန် မြို့၌ ကြားပြော ကြ ကုန်အံ့။
11 Hvæs Pilene, gør Skjoldene blanke! HERREN har vakt Mederkongens Ånd, thi hans Hu står til at ødelægge Babel; thi det er HERRENs Hævn, Hævn for hans Tempel.
၁၁မြှား တို့ကို ပွတ် ကြလော့။ ဒိုင်း လွှားတို့ကို ကိုင်စွဲ ကြလော့။ ထာဝရဘုရား သည် မေဒိ ရှင်ဘုရင် တို့ကို နှိုးဆော် တော်မူပြီ။ ဗာဗုလုန် မြို့ကို ဖျက်ဆီး မည် အကြံ ရှိတော်မူ၏။ အကြောင်း မူကား၊ ထာဝရဘုရား ၏ အမျက် တော်ကိုဖြေခြင်း၊ ဗိမာန် တော်ကိုဖျက်ဆီးသောအပြစ်နှင့် အလျောက်ဒဏ်ပေး ခြင်းအမှုဖြစ်သတည်း။
12 Løft Banner mod Babels Mure, forstærk Vagten, sæt Vagtposter ud, læg Baghold! Thi HERREN har et Råd for og gør, hvad han har talet mod Babels Indbyggere.
၁၂ဗာဗုလုန် မြို့ရိုး ရှေ့ မှာ အလံ ကိုထူ ကြလော့။ များစွာသော လူစောင့် တို့ကို ထား ၍ကင်းထိုး ကြလော့။ ချောင်းမြောင်း သော တပ်သားတို့ကို ပြင် ကြလော့။ ထာဝရဘုရား သည် ဗာဗုလုန် မြို့သား တို့ကို ခြိမ်း သည်အတိုင်း ကြံစည် ၍ လက်စသတ် တော်မူမည်။
13 Du, som bor ved de mange Vande, rig på Skatte, din Ende er kommet, den Alen, hvor man skære dig af.
၁၃များစွာ သော ရေ အနား မှာနေ ၍ စည်းစိမ် ကြီး သောသူ၊ သင် ၏ဆုံးရှုံး ချိန်၊ သင် ၏လောဘ အလိုပျက်ချိန် ရောက် လေပြီ။
14 Hærskarers Herre har svoret ved sig selv: Jeg vil fylde dig med Mennesker som Græshopper, og de skal istemme Vinperserråbet over dig.
၁၄ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည် ကိုယ် ကိုတိုင်တည် ၍ ကျိန်ဆိုတော်မူသည်ကား၊ သင့် ကို ကျိုင်းကောင် များနှင့်ပြည့်စေသကဲ့သို့ လူ များနှင့်ပြည့် စေမည်။ သူတို့သည်သင့် တဘက် ၌ ကြွေးကြော် သံကို လွှင့် ကြလိမ့်မည်။
15 Han skabte Jorden i sin Vælde, grundfæstede Jorderig i sin Visdom, og i sin indsigt udspændte han Himmelen.
၁၅တန်ခိုး တော်အားဖြင့် မြေကြီး ကို ဖန်ဆင်း တော်မူပြီ။ ပညာ တော်အားဖြင့် လောကဓါတ် ကို တည် တော်မူပြီ။ ဉာဏ် တော်အားဖြင့် မိုဃ်းကောင်းကင် ကို ကြက် တော်မူပြီ။
16 Når han løfter sin Røst, bruser Vandene i Himmelen, og han lader Skyer stige op fra Jordens Ende; han får Lynene til at give Regn og sender Stormen ud af sine Forrådskamre.
၁၆အသံ တော်ကို လွှတ် တော်မူသောအခါ ၊ မိုဃ်း ရေ အသံဗလံ ဖြစ်တတ်၏။ မြေကြီး စွန်း မှ မိုဃ်းတိမ် ကို တက် စေတော်မူ၏။ မိုဃ်း ရွာသည်နှင့် လျှပ်စစ် ပြက်စေ တော်မူ၏။ လေ ကိုလည်း ဘဏ္ဍာ တော် တိုက်ထဲက ထုတ် တော်မူ၏။
17 Dumt er hvert Menneske, uden Indsigt, hver Guldsmed får Skam af sit Billede; thi Løgn er hans Støbning, der er ingen Ånd i dem;
၁၇လူ မည်သည်ကား၊ မိမိဉာဏ် အားဖြင့်တိရစ္ဆာန် ကဲ့သို့ဖြစ်၏။ ရုပ်တု ကို သွန်း သော သူ တိုင်းမိမိလုပ်သော ရုပ်တုအားဖြင့်မှောက်မှား လျက်ရှိ၏။ အကြောင်း မူကား၊ သွန်းသောရုပ်တု သည် မုသာ ဖြစ်၏။ သူ ၌ လည်း ထွက်သက် ဝင်သက်မ ရှိ။
18 Tomhed er de, et dårende Værk; når deres Hjemsøgelses Tid kommer, er det ude med dem.
၁၈ထိုသို့ သော အရာ တို့သည် အချည်းနှီး သက်သက် ဖြစ်ကြ၏။ လှည့်စား သောအရာလည်း ဖြစ်ကြ၏။ စစ်ကြော ခြင်းကိုခံရသည်ကာလ ကွယ်ပျောက် ကြ လိမ့်မည်။
19 Jakobs Arvelod er ikke som de; thi han, der har skabt alt, er dets Arvelod; Hærskarers HERRE er hans Navn.
၁၉ယာကုပ် အမျိုး၏ အဘို့ ဖြစ်သောဘုရားသည် ထိုသို့ သောအရာနှင့်တူ တော်မ မူ။ ခပ်သိမ်း သောအရာ တို့ကို ဖန်ဆင်း သောဘုရားဖြစ်တော်မူ၏။ ဣသရေလအမျိုး သည် အမွေခံ တော်မူရာဖြစ်၏။ နာမ တော်သည် ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ပေတည်း။
20 Du var mig en Stridshammer, et Våben; med dig knuste jeg Folk, med dig ødelagde jeg Riger;
၂၀အိုသံတူ ကြီး၊ သင် သည် ငါ စစ်တိုက် စရာ လက်နက် ဖြစ်၏။ သင့် ကို ငါကိုင်၍ အတိုင်းတိုင်း အပြည်ပြည်တို့ကို ချိုးဖဲ့ ပြီ။
21 med dig knuste jeg Hest og Rytter, med dig knuste jeg Vogn og Vognstyrer,
၂၁သင့် ကိုကိုင်၍ မြင်း နှင့် မြင်းစီး သူရဲကို၎င်း ၊ ရထား နှင့် ရထားစီး သူရဲကို၎င်း ငါချိုးဖဲ့ ပြီ။
22 med dig knuste jeg Mand og Kvinde med dig knuste jeg gammel og ung, med dig knuste jeg Yngling og Jomfru,
၂၂သင့် ကိုကိုင်၍ ယောက်ျား နှင့် မိန်းမ တို့ကို၎င်း၊ အသက်ကြီး သူနှင့် အသက်ငယ် သူတို့ကို၎င်း၊ လူပျို နှင့် အပျိုမ တို့ကို၎င်းငါချိုးဖဲ့ ပြီ။
23 med dig knuste jeg Hyrde og Hjord, med dig knuste jeg Agerdyrker og Oksespand, med dig knuste jeg Statholder og Landshøvding.
၂၃သင့် ကိုကိုင်၍ သိုးထိန်း နှင့် သိုးစု ကို၎င်း ၊ လယ်လုပ် သော သူနှင့် နွားယှဉ် ကို၎င်း၊ ဗိုလ် များနှင့် မင်း များကို၎င်းငါချိုးဖဲ့ ပြီ။
24 Men jeg vil gengælde Babel og alle Kaldæas Indbyggere alt det onde, de gjorde mod Zion for eders Øjne, lyder det fra HERREN.
၂၄သို့ရာတွင် ၊ ဗာဗုလုန် မြို့သူ၊ ခါလဒဲ ပြည်သား အပေါင်း တို့သည် ဇိအုန် မြို့၌ ပြု လေသမျှ သော ဒုစရိုက် ရှိသည်အတိုင်း၊ ငါသည် သင် တို့မျက်မှောက် ၌ သူ တို့အား အပြစ်ပေး မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
25 Se, jeg kommer over dig, du ødelæggende Bjerg, lyder det fra HERREN, du, som ødelægger hele Jorden; jeg udrækker Hånden imod dig og vælter dig ned fra Klipperne og gør dig til et afsvedet Bjerg;
၂၅ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဖျက်ဆီး တတ်သောသဘောရှိ၍၊ မြေကြီး တပြင်လုံး ကို ဖျက်ဆီး တတ်သောတောင် ကြီး၊ သင့် တဘက် ၌ ငါ နေ၏။ သင့် အပေါ် မှာ ငါ ၏လက် ကိုဆန့် လျက်၊ ကျောက် တို့မှ သင့် ကို လှိမ့်ချ ၍၊ မီး နှင့်ကျွမ်းလောင်သော တောင် ဖြစ် စေမည်။
26 man skal ikke fra dig hente Sten til Tinder eller Grundvolde, thi du skal blive en evig Ørken, lyder det fra HERREN.
၂၆တိုက်ထောင့် အထွဋ်ကျောက် ၊ တိုက်မြစ် ကျောက် တစုံတခုကိုမျှ သင် ၏အထဲက မ နှုတ် မယူရ၊ အစဉ်မပြတ် ပျက်စီး လျက်နေ ရလိမ့်မည်ဟု ထာဝရဘုရား မိန့် တော်မူ ၏။
27 Løft Banner på Jorden, stød i Horn blandt Folkene, vi Folkene til Kamp imod det, opbyd Ararats, Minnis og Asjkenazs Riger imod det, indsæt en Tipsar, lad Hestene fare frem som lodne Græshopper;
၂၇ထိုပြည် ၌ အလံ ကိုထူ ကြလော့။ အပြည်ပြည် တို့၌ တံပိုး ကိုမှုတ် ၍၊ လူ အမျိုးမျိုးတို့ကိုသူ ၏ တဘက် ၌ပြင်ဆင် ကြလော့။ အာရရတ် ပြည်၊ မိန္နိ ပြည်၊ အာရှကေနတ် ပြည် တို့ကို သူ ၏တဘက် ၌ စည်းဝေး စေကြလော့။ ဗိုလ်ချုပ် မင်းကိုခန့်ထား ၍၊ အမွေးကြမ်း သော ကျိုင်းကောင် ကဲ့သို့ မြင်း စီးသူရဲတို့ကို စစ်ချီ စေကြလော့။
28 vi Folkene til Strid imod det, Mederkongen, hans Statholdere og alle hans Landshøvdinger og hele det Land, han råder over!
၂၈လူမျိုး များတို့နှင့်တကွ၊ မေဒိ ရှင်ဘုရင် မှစ၍ဗိုလ် များ၊ မင်း များ၊ မေဒိနိုင်ငံ သားအပေါင်း တို့ကို သူ ၏ တဘက် ၌ ပြင်ဆင် ကြလော့။
29 Jorden skal skælve og vride sig, thi HERRENs Tanker mod Babel fuldbyrdes, at gøre Babels Land til en Ørken, hvor ingen bor.
၂၉ဗာဗုလုန်ပြည် သည်တုန်လှုပ် ၍ လူးလိမ့် မည်။ ထိုပြည်သည်နေ သူမ ရှိ၊ သုတ်သင် ပယ်ရှင်းရာ ဖြစ်စေခြင်းငှါ ၊ ထာဝရဘုရား ကြံစည် တော်မူသောအကြံအစည် ရှိသမျှသည် ပြည့်စုံရလိမ့်မည်။
30 Babels Helte opgiver Kampen, de sidder stille i Borgene, deres kraft ebber ud, de er blevet til Kvinder; dets Boliger afbrændes, dets Portstænger knækkes.
၃၀ဗာဗုလုန် စစ်သူရဲ တို့သည် စစ် မ ပြိုင်ဘဲရဲတိုက် များ၌ နေ ကြ၏။ အား လျော့ ၍မိန်းမ ကဲ့သို့ ဖြစ် ကြ၏။ မြို့သားနေရာ တို့ကိုမီး ရှို့၍၊ တံခါးကျင် တို့ကို ချိုးဖဲ့ ကြ၏။
31 Løber iler Løber i Møde, og Bud iler Bud i Møde for at melde Babels Konge, at hans By er indtaget fra Ende til anden,
၃၁ရန်သူတို့သည် မြို့ တော်ကို တဘက်တချက် တိုက် ဝင်ကြပြီဟူ၍၎င်း ၊ လမ်းဝ ကို ပိတ်ထား ၍ ရေကန် နား မှာမီး ရှို့ ကြောင်းနှင့်၊ စစ်သူရဲ တို့သည် ကြောက်လန့် လျက်ရှိကြပြီဟူ၍၎င်း ၊
32 Overgangsstederne taget, Borgene brændt og Krigsfolkene rædselslagne.
၃၂ဗာဗုလုန် ရှင်ဘုရင် အား ကြားလျှောက် အံ့သောငှါ ၊ မင်း လုလင်ချင်းတယောက်ကို တယောက်၊ စေလွှတ် သူချင်းတယောက်ကို တယောက်တွေ့ကြုံလျက် ပြေးလာ ကြ၏။
33 Thi så siger Hærskarers HERRE, Israels Gud: Babels Datter er som en Tærskeplads, når den stampes endnu en liden Stund, så kommer Høstens Tid for den.
၃၃ဣသရေလ အမျိုး၏ ဘုရားသခင် ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဗာဗုလုန် သတို့သမီး သည် စပါးနယ် ရသောကောက်နယ် တလင်းကဲ့သို့ ဖြစ်၏။ စပါး ရိတ်ရာအချိန် နီး ပြီ။
34 Kong Nebukadrezar af Babel har fortæret mig, oprevet mig, sat mig til Side som et tomt kar. Som en Drage har han slugt mig, fyldt sin Vom med mine Lækkerbidskener og drevet mig bort.
၃၄ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ သည် ငါ တို့ကို ကိုက်စား ၍ နှိပ်စက် ပါပြီ။ ငါ တို့ကို ဟင်းလင်း သောအိုး ဖြစ် စေပါပြီ။ နဂါး မျိုတတ်သကဲ့သို့ ငါ တို့ကို မျို ၍၊ ငါ တို့ ပျော်မွေ့ စရာအရာ တို့နှင့် မိမိ ဝမ်း ကို ပြည့် စေ ပါပြီ။ ငါ တို့ကို နှင်ထုတ် ပါပြီ။
35 Den Vold, jeg led, og min Overlast komme over Babel, siger de, som bor i Zion, mit Blod over Kaldæas Indbyggere, siger Jerusalem.
၃၅ဇိအုန် မြို့သမီးက၊ ငါ၏ကိုယ်နှင့်ငါ ၏အသား ၌ ပြုသောအဓမ္မ အမှုသည် ဗာဗုလုန် မြို့အပေါ် သို့ ရောက်ပါစေဟူ၍၎င်း ၊ ယေရုရှလင် မြို့ကလည်း၊ ငါ ၏အသွေး သည် ခါလဒဲ ပြည်သား တို့အပေါ် သို့ ရောက်ပါစေဟူ၍၎င်း ဆို ရ၏။
36 Derfor, så siger HERREN: Se, jeg fører din Sag og giver digHævn, jeg lægger dets Hav tørt og udtørrer dets Kilde.
၃၆သို့ဖြစ်၍ ၊ ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင် ၏အမှု ကို ငါ စောင့် မည်။ သင် ခံရသောအပြစ် ကို ပြန်ပေး မည်။ သူ ၏ပင်လယ် ကို၎င်း၊ သူ ၏စမ်းရေ တွင်းတို့ကို၎င်းငါခန်းခြောက် စေမည်။
37 Babel skal blive en Grushob, Sjakalers Bolig, til Rædsel og Spot, så ingen bor der.
၃၇ဗာဗုလုန် မြို့သည် အမှိုက်ပုံ ၊ မြေခွေး နေရာ တွင်း၊ အံ့ဩဘွယ် ရာ၊ ကဲ့ရဲ့ သံပြုရာ၊ လူဆိတ်ညံ ရာအရပ် ဖြစ် လိမ့်မည်။
38 De brøler alle som Løver, knurrer som Løveunger i deres Vildskab.
၃၈ထာဝရဘုရား မိန့် တော်မူသည်ကား၊ မြို့သားတို့ သည်ခြင်္သေ့ ကဲ့သို့ ဟောက် သောအသံ၊ ခြင်္သေ့ သငယ် ကဲ့သို့ မြည် သောအသံကိုတညီတည်း ပြုကြလိမ့်မည်။
39 Jeg holder et Drikkelag for dem og gør dem drukne, så de døves og falder i evig Søvn uden at vågne, lyder det fra HERREN.
၃၉သူတို့သည်ပျော်မွေ့ ကြမည်အကြောင်း နှင့်၊ နောက်တဖန်မ နိုး ဘဲ၊ အစဉ်မပြတ် အိပ်ပျော် မည် အကြောင်း၊ သူတို့သည် ရွှင်လန်းအားကြီးသောအခါ၊ သောက်စရာဘို့ ငါတိုက်၍ ယစ်မူး စေမည်။
40 Jeg fører dem ned til af slagtes som Får, som Vædre sammen med Bukke.
၄၀အသေသတ် ခြင်းငှါ ဆွဲ၍ချသော သိုးသငယ် ကို ကဲ့သို့ ၎င်း ၊ သိုးထီး ၊ ဆိတ်ထီး ကိုကဲ့သို့ ၎င်း ငါ ဆွဲ၍ချမည်။
41 Hvor Sjesjak blev fanget og grebet, al Jordens Stolthed, hvor Babel dog blev til Rædsel imellem Folkene!
၄၁ရှေရှက် မြို့ကိုတိုက် ၍ ရလေပြီတကား။ မြေ တပြင်လုံး ၌ ကျော်စော သော မြို့ကိုလုယူ လေပြီတကား။ ဗာဗုလုန် မြို့သည် အပြည်ပြည် တို့တွင် အံ့ဩ ရာဖြစ် လေပြီ တကား။
42 Havet steg over Babel, af dets Bølgers Brus blev det skjult.
၄၂ပင်လယ် သည် ဗာဗုလုန် ပြည်အပေါ် သို့တက် ၍၊ များစွာသော လှိုင်း တံပိုးတို့သည် လွှမ်းမိုး ကြပြီ။
43 Dets Byer er blevet en Ørken, øde Land og Ødemark; intet Menneske bor i dem, intet Menneskebarn færdes i dem.
၄၃မြို့ များတို့သည် သုတ်သင် ပယ်ရှင်းရာအရပ်၊ သွေ့ခြောက် သော လွင်ပြင် ဖြစ် ကြပြီ။ အဘယ်သူမျှမ နေ ရ။ လူ သား တစုံ တယောက်မျှ ထိုလမ်းကိုမ ရှောက် ရ။
44 Jeg hjemsøger Bel i Babel, river ud af hans Mund, hvad han slugte, til ham skal ej Folkeslag strømme mer. Også Babels Mur er faldet.
၄၄ဗာဗုလုန် မြို့၌ ဗေလ ဘုရားကို လည်း ငါသည် ဒဏ်ပေးမည်။ သူ မျို သောအရာတို့ကို တဖန်အန် စေမည်။ လူ အမျိုးမျိုးတို့သည် နောက် တဖန်သူ့ ထံမှာ မ စည်းဝေး ရကြ။ မြို့ရိုး လည်းပြိုလဲ လျက်ရှိရလိမ့်မည်။
45 Drag ud deraf, mit Folk, enhver redde sit Liv for HERRENs glødende Harme.
၄၅ငါ ၏လူ တို့၊ ဗာဗုလုန် မြို့ထဲက ထွက် ကြလော့။ ထာဝရဘုရား ၏ ပြင်းစွာ သောအမျက် တော်မှ ၊ အသီးအသီး ကိုယ် အသက် ကို ကယ်နှုတ် ကြလော့။
46 Lad ikke eders Hjerter blive modfaldne og frygt ikke ved de Tidender, der høres på Jorden, når der i det ene År kommer een Tidende og i det næste en anden, når der er Voldsfærd på Jorden og Hersker følger på Hersker.
၄၆ထိုပြည် ၌ ကြား ရသောသိတင်း ကြောင့် စိတ် မ ပျက် ၊ ကြောက်လန့် ခြင်းမရှိကြနှင့်။ တနှစ် ထက် တနှစ် သိတင်း ကြားရလိမ့်မည်။ မင်းချင်း တယောက်ကို တယောက်လုယူ ၍ညှဉ်းဆဲခြင်းအမှု ရှိရလိမ့်မည်။
47 Se, derfor skal Dage komme, da jeg hjemsøger Babels Gudebilleder, og alt dets Land bliver til Skamme, og alle deri skal falde på Valen.
၄၇ထိုနောက်မှဗာဗုလုန် မြို့၌ ထုလုပ်သော ရုပ်တု ဆင်းတုတို့ကို ငါသည် ဒဏ်ပေး သဖြင့် ၊ တပြည်လုံး မိန်းမော တွေဝေ၍ ၊ သူရဲ အပေါင်း တို့သည် မြို့ ထဲမှာ လဲ လျက်သေကြသော အချိန် ရောက် လိမ့်မည်။
48 Jubl over Babel, Himmel og Jord med alt, hvad i dem er, thi fra Nord kommer Hærværksmænd over det, lyder det fra HERREN.
၄၈ထိုသို့ မြောက် မျက်နှာအရပ်က လုယူ သောသူတို့ သည် ဗာဗုလုန် မြို့သို့ ရောက်လာ သောအခါ၊ မိုဃ်း မြေ မှစ၍အရပ်ရပ် ၌ရှိသမျှတို့သည် ရွှင်လန်း သော အသံကို ပြုကြ လိမ့်မည်ဟု၊ ထာဝရဘုရား မိန့် တော်မူ၏။
49 Også Babel skal falde for de dræbte af Israels Skyld, ligesom dræbte på hele Jorden faldt for Babel.
၄၉ဗာဗုလုန် မြို့ကြောင့် ဣသရေလ အမျိုးသူရဲ တို့ သည် လဲ ၍သေသကဲ့သို့၊ ဗာဗုလုန် မြို့ထဲမှာ ပြည်သား သူရဲ အပေါင်း တို့သည် လဲ ၍သေကြလိမ့်မည်။
50 I, som undslap Sværdet, drag bort, stands ikke, kom HERREN i Hu i det fjerne, lad Jerusalem komme frem i eders Tanker!
၅၀ထား ဘေးနှင့် လွတ် သောသူတို့၊ သွား ကြလော့။ ရပ် ၍မ နေကြနှင့်။ ဝေး သောအရပ်၌ ထာဝရဘုရား ကို အောက်မေ့ ၍ ၊ ယေရုရှလင် မြို့ကိုလည်း စိတ် စွဲလမ်းကြလော့ ။
51 Vi blev til Skamme, thi Smædeord måtte vi høre; Blusel lagde sig over vore Ansigter, thi fremmede overfaldt HERRENs Huss Helligdomme.
၅၁ငါတို့သည်ကဲ့ရဲ့ သောအသံကို ကြား သောကြောင့် အရှက်ကွဲ လျက်၊ မျက်နှာ ပျက် လျက်နေရကြပါ၏။ တပါးအမျိုးသား တို့သည် ဗိမာန် တော်တွင်၊ သန့်ရှင်း ရာအရပ် ဌာနတော်တို့၏ အထဲသို့ ဝင် ကြပါပြီ။
52 Se, derfor skal Dage komme, lyder det fra HERREN, da jeg hjemsøger dets Gudebilleder, og sårede skal stønne i hele dets Land.
၅၂သို့ဖြစ်၍ ၊ ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဗာဗုလုန်ပြည်ကိုးကွယ်သော ရုပ်တု ဆင်းတုတို့ကို ငါသည် ဒဏ်ပေး ၍၊ တပြည်လုံး ၌ ဒဏ်ချက် ထိသောသူတို့သည် ညည်းတွား ကြသော အချိန် ရောက် လိမ့်မည်။
53 Selv om Babel stiger op til Himmelen, og selv om det gør sin Borg utilgængelig i det høje, fra mig skal der komme Hærværksmænd over det, lyder det fra HERREN.
၅၃ဗာဗုလုန် မြို့သည် မိုဃ်း ကောင်းကင်သို့တက် ၍ ၊ မြို့ရိုး အထွဋ် ကို ခိုင်ခံ့ စွာ တည်သော်လည်း၊ ငါ စေလွှတ်၍ လုယူ သောသူတို့ သည် သူ ရှိရာသို့ ရောက် ကြလိမ့်မည်ဟု၊ ထာဝရဘုရား မိန့် တော်မူ၏။
54 Der lyder Skrig fra Babel, et vældigt Sammenbrud fra Kaldæernes Land.
၅၄ဗာဗုလုန် မြို့မှာ ငိုကြွေး သံ ကို၎င်း ၊ ခါလဒဲ ပြည် မှာ ပြင်းစွာ သော ပျက်စီး သံကို၎င်းကြားရ၏။
55 Thi HERREN hærger Babel og gør Ende på den vældige Larm der; deres Bølger bruser som mange Vande, deres Brag lyder højt.
၅၅အကြောင်းမူကား ၊ ထာဝရဘုရား သည် ဗာဗုလုန် မြို့ကို ဖျက်ဆီး ၍ ၊ သူပြုတတ်သောအသံ ကြီး ကို ငြိမ်း စေ တော်မူ၏။ သူ ၏လှိုင်း တံပိုးတို့သည် အားကြီး သော ရေ ကဲ့သို့ ဟုန်ဟုန်းမြည် သဖြင့်၊ ကြီးစွာသောအသံဗလံ ကို ပြု တတ်ကြ၏။
56 Thi en Hærværksmand kommer over Babel, og dets Helte skal fanges, deres Buer knækkes; thi en Gengældelsens Gud er HERREN, han giver fuld Løn.
၅၆ဗာဗုလုန် မြို့ကို တိုက်ဖျက် လုယူသောသူသည် ရောက် လျှင် ၊ မြို့သားစစ်သူရဲ တို့သည် ရန်သူတို့လက် သို့ ရောက်၍၊ သူ တို့စွဲကိုင်သော လေး ရှိသမျှတို့သည် ကျိုး ကြ ၏။ အကျိုး အပြစ်ကိုပေး တတ်သောဘုရားသခင် ထာဝရဘုရား သည် ဆက်ဆက်ပေး တော်မူပြီ။
57 Jeg gør dets Fyrster og Vismænd, dets Statholdere, Landshøvdinger og Helte drukne, og de skal falde i evig Søvn uden at vågne, lyder det fra kongen, hvis Navn er Hærskarers HERRE.
၅၇ဗာဗုလုန် မင်းသား ၊ တိုင်ပင် မှူးမတ်၊ စစ်ကဲ ၊ မင်း အရာရှိ၊ ခွန်အားကြီး သောသူတို့ ကို ငါယစ်မူး စေသဖြင့် ၊ သူတို့သည်နောက် တဖန်မ နိုး ဘဲ အစဉ်မပြတ် အိပ်ပျော် ကြလိမ့်မည်ဟု၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား ဟူ၍ဘွဲ့ နာမရှိသော ရှင်ဘုရင် မိန့် တော်မူ၏။
58 Så siger Hærskarers HERRE: Babels brede Mur skal nedbrydes til Grunden og dets høje Porte opbrændes. Folkeslagenes Møje er spildt, og Folkefærdene slider sig trætte for Ilden.
၅၈ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဒု ကြီးသော ဗာဗုလုန် မြို့ရိုး တို့ကို အကုန်အစင်ဖြိုဖျက် ၍ ၊ မြင့် သောမြို့တံခါး တို့ကိုလည်း မီး ရှို့ ကြလိမ့်မည်။ လူ အမျိုးမျိုးတို့သည် အချည်းနှီး လုပ်ဆောင် ၍ ၊ မီး ၌ပင်ပန်း ခြင်းကိုခံရကြပြီ။
59 Det Ord, som Profefen Jeremias sendte med Seraja, en Søn at Masejas Søn Nerija, da han rejste, til Babel med Kong Zedekias af Juda i hans fjerde Regeringsår; Seraja sørgede for Nattely til Kongen, når han var på Rejse.
၅၉ဗာဗုလုန် မြို့အပေါ်မှာ ရောက် လတံ့သော ၊ ဘေးဥပဒ် အပေါင်း တည်းဟူသော၊ ဗာဗုလုန် မြို့ကို ရည်မှတ် ၍ ရေးထား သောဤ စကား အလုံးစုံ တို့ကို ပရောဖက်ယေရမိ သည် ရေး ကူး၍ ၊
60 Jeremias optegnede al den Ulykke, som skulde komme over Babel, i en og samme Bog, alle disse Ord, der er skrevet mod Babel;
၆၀ယုဒ ရှင်ဘုရင် ဇေဒကိ နန်းစံ လေး နှစ် တွင် ၊ ရှင်ဘုရင်နှင့်အတူ ဗာဗုလုန် မြို့သို့လိုက်သွား သော၊ မာသေယ ၏သား ဖြစ်သောနေရိ ၏ သား အတွင်းဝန် စရာယ ကိုမှာထား သော စကား ဟူမူကား၊
61 og Jeremias sagde til Seraja: "Når du kommer til Babel og ser Lejlighed dertil, skal du oplæse alle disse Ord
၆၁သင် သည် ဗာဗုလုန် မြို့သို့ရောက် သောအခါ ၊ ဤ စကား အလုံးစုံ တို့ကို ကြည့်ရှု ၍ ဘတ် ရမည်။
62 og sige: HERRE, du truede selv dette Sted med Udryddelse, så der ikke bliver nogen, som bor der, - hverken Folk eller Fæ, men det skal blive en evig Ørken.
၆၂ထိုအခါ သင်က၊ အိုထာဝရဘုရား၊ ကိုယ်တော်သည် ဤ အရပ် ၌ လူ မ ရှိ ၊ တိရစ္ဆာန် မရှိ၊ အစဉ်မပြတ် ဆိတ်ညံ ရာအရပ်ဖြစ် စေ၍၊ သုတ်သင် ပယ်ရှင်းမည် အကြောင်းကို ခြိမ်းတော်မူပြီဟု လျှောက်ဆို ရမည်။
63 Og når du er til Ende med at oplæse denne Bog, skal du binde en Sten til den, kaste den i Eufrat
၆၃ဤ စာ ကို အကုန်အစင်ဘတ် ပြီး လျှင် ၊ စာပေါ်မှာကျောက် ကို ချည် ထား၍ ၊ ဥဖရတ် မြစ်အလယ် မှာ ချပစ် လျက်၊
64 og sige: Således skal Babel gå til Bunds og ikke mere komme op for al den Ulykke, jeg sender over det!" Til Ordene "slider sig trætte for Ilden går Jeremiass Ord.
၆၄ဗာဗုလုန် မြို့သည် ဤသို့နစ် ရလိမ့်မည်။ ငါ ရောက် စေသော ဘေးဥပဒ် ထဲကနောက်တဖန် မ ထမြောက် ရ။ မြို့သူမြို့သားတို့သည် အားကုန် လျက် နေရကြ လိမ့်မည်ဟု၊ မြွက်ဆို ရမည်အကြောင်းကို၊ ယေရမိသည် မှာထားလေ၏။ ဤရွေ့ကား ၊ ယေရမိ စကား ပေတည်း။

< Jeremias 51 >