< Jeremias 45 >

1 Det ord som profeten Jeremias talte til Baruk, Nerijas søn, da han optegnede alle disse ord i en Bog efter Jeremiass Mund i Josiass Søns, Kong Jojakim af Judas, fjerde Regeringsår:
ယုဒ ရှင်ဘုရင် ယောရှိ သား ယောယကိမ် လက်ထက်၊ နေရိ သား ဗာရုတ် သည်၊ ယေရမိ မြွက်ဆို သည် အတိုင်း၊ စကား တော်များကို စာ ၌ ရေးထား သောနောက် ၊ ပရောဖက် ယေရမိ သည် ဗာရုတ်အားဆင့်ဆို ရသော နှုတ်ကပတ် တော်ဟူမူကား၊
2 Så siger HERREN, Israels Gud, om dig, Baruk:
အိုဗာရုတ် ၊ သင် က၊ ငါ သည်အမင်္ဂလာ ရှိ၏။ ထာဝရဘုရား သည် ငါ ဝမ်းနည်း စရာ အကြောင်းတပါး အပေါ်မှာတပါးကို ထပ်ဆင့် တော်မူသောကြောင့် ၊ ငါသည် သက်သာ မ ရ ။
3 Fordi Baruk siger: Ve mig, thi Kummer har HERREN føjet til min Smerte, jeg er træt af at sukke og finder ej Hvile!
ညည်းတွား ၍ စိတ်ပျက် ပါပြီဟု ဆို သည်ဖြစ်၍၊ သင်သည်ဆင့်ဆိုရမည်မှာ၊ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့် တော်မူသည် ကား၊
4 skal du sige til ham: Så siger HERREN: Se, hvad jeg har bygget, nedbryder jeg; hvad jeg har plantet, rykker jeg op; det gælder al Jorden
ငါဆောက် သောအရာ ကို ငါ ဖြိုဖျက် မည်။ ငါ စိုက် သောအရာ တည်းဟူသောဤ ပြည် ကို အကြွင်းမဲ့ ငါနှုတ်ပစ် မည်။
5 og du søger store Ting for dig selv! Gør det ikke! Thi se, jeg sender Ulykke over alt Kød, lyder det fra HERREN. Men dig giver jeg dit Liv som Bytte, alle Vegne hvor du kommer.
သင် သည် ကြီးစွာ သော အရာတို့ကို ကိုယ် အဘို့ ရှာ သလော။ မ ရှာ နှင့်။ အကြောင်း မူကား၊ ငါ သည် ခပ်သိမ်း သော သတ္တဝါ တို့အပေါ် သို့ ဘေး ရောက် စေမည်။ သို့ရာတွင် ၊ သင်ရောက် လေရာအရပ် တို့၌၊ သင် ၏ အသက် ကို လက်ရ ဥစ္စာကဲ့သို့ သင့် အား ငါပေး မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။

< Jeremias 45 >