< Esajas 1 >

1 Det Syn, Esajas, Amoz's Søn, skuede om Juda og Jerusalem, i de dage da Uzzija, Jotam, Akaz og Ezekias var Konger i Juda.
ယုဒရှင်ဘုရင် ဩဇိမင်း၊ ယောသံမင်း၊ အာခတ် မင်း၊ ဟေဇကိမင်းတို့ လက်ထက်၌၊ အာမုတ်၏သား ဟေရှာယသည် ယေရုရှလင်မြို့မှစ၍၊ ယုဒပြည်နှင့်ဆိုင် သော ဗျာဒိတ်တော်ကို ခံရသည်မှာ၊
2 Hør, I Himle, lyt, du Jord, thi HERREN taler: Børn har jeg opfødt og fostret, men de forbrød sig imod mig.
ထာဝရဘုရား မိန့်တော်မူသည်ဖြစ်၍၊ အို ကောင်းကင်၊ ကြားလော့။ အိုမြေကြီး၊ နားထောင် လော့။ မိန့်တော်မူချက်ဟူမူကား၊ ငါကျွေးမွေးပြုစုသော သားသမီးတို့သည် ငါ့ကို ပုန်ကန်ကြပြီ။
3 En Okse kender sin Ejer, et Æsel sin Herres Krybbe; men Israel kender intet, mit Folk kan intet fatte.
နွားသော်လည်း မိမိအရှင်ကိုသိ၏။ မြည်သော် လည်း မိမိသခင်၏ မြည်းဇောင်းကို သိ၏။ ဣသရေလ အမျိုးသားတို့မူကား၊ ငါ့ကိုမသိကြ။ ငါ၏လူမျိုးမူကား၊ မဆင်ခြင်တတ်ပါတကား။
4 Ve det syndefulde Folk, en brødetynget Slægt, Ugerningsmænds Æt, vanartede Børn! De svigtede HERREN, lod hånt om Israels Hellige, vendte ham Ryg.
ဆိုးယုတ်သောအမျိုး၊ ဒုစရိုက်ဝန်ကို ထမ်းရွက် သော လူစု၊ မတရားသဖြင့်ပြုသောအနွှယ်၊ ဖောက်ပြန် သော သားသမီးပါတကား။ ထာဝရဘုရားကို စွန့်ကြပြီ။ ဣသရေလအမျိုး၏ သန့်ရှင်းသောဘုရားကို မရိုမသေ ပြု၍ ပယ်ကြပြီ။ ကျောခိုင်း၍ ခွားသွားကြပြီ။
5 Kan I tåle flere Hug, siden I stadig falder fra? Kun Sår er Hovedet, sygt hele Hjertet;
သူတို့ကိုအဘယ်သို့ ဒဏ်ပေးရဦးမည်နည်း။ အဘယ်သို့ ထပ်၍ ဆုံးမရဦးမည်နည်း။ ဦးခေါင်းသည် အနာသက်သက်ရှိ၏။ နှလုံးသည်လည်း ခွန်အားအလျှင်း မရှိ။
6 fra Fodsål til isse er intet helt kun Flænger, Strimer og friske Sår; de er ej trykket ud, ej heller forbundet og ikke lindret med Olie.
ခြေဘဝါးမှသည် ဦးခေါင်းတိုင်အောင် ကျန်းမာ ခြင်းမရှိ။ စုတ်ရှသောအနာ၊ ထိခိုက်၍ရောင်သောအနာ၊ ရိယွဲသော အနာသက်သက်ရှိ၏။ ထိုအနာများကို မနှိပ် မနယ်ရ။ အဝတ်နှင့်မစည်းရ။ ဘယောင်းဆီးနှင့် မပြော့ စေရသေး။
7 Eders Land er øde, eders Byer brændt, fremmede æder eders Jord for eders Øjne så øde som ved Sodomas Undergang.
သင်တို့ပြည်သည် လူဆိတ်ညံလျက်ရှိ၏။ သင်တို့ မြို့များကို မီလောင်ပြီ။ သင်တို့မြေကိုလည်း တကျွန်း တနိုင်ငံသားတို့သည် သင်တို့မျက်မှောက်၌စားကြ၏။ ရန်သူဖျက်ပြီးသကဲ့သို့၊ လူဆိတ်ညံလျက်ရှိ၏။
8 Zions Datter er levnet som en Hytte i en Vingård, et Vagtskur i en Græskarmark en omringet By.
ဇိအုန်သတို့သမီးသည်လည်း၊ စပျစ်ဥယျာဉ်ထဲ ၌ တဲကဲ့သို့၎င်း၊ သခွါးတောင်ယာ၌ လင့်စင်ကဲ့သို့၎င်း၊ ရန်သူဝိုင်းသောမြို့ကဲ့သို့၎င်း ကျန်ရစ်လေ၏။
9 Havde ikke Hærskarers HERRE levnet os en Rest, da var vi som Sodoma, ligned Gomorra.
ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားသည် ငါတို့ ၌အနည်းငယ်မျှ ကြွင်းစေတော်မမူလျှင်၊ ငါတို့သည် သောဒုံမြို့ကဲ့သို့ဖြစ်၍ ဂေါမောရမြို့နှင့် တူကြပြီ။
10 Lån Øre til HERRENs Ord I Sodomadommere, lyt til vor Guds Åbenbaring, du Gomorrafolk!
၁၀သောဒုံမြို့ကို အစိုးရသောမင်းတို့၊ ထာဝရ ဘုရား၏ နှုတ်ကပတ်တော်ကို ကြားကြလော့။ ဂေါမောရမြို့သားတို့၊ ငါတို့ဘုရားသခင်၏ တရား တော်ကို နားထောင်ကြလော့။
11 Hvad skal jeg med alle eders Slagtofre? siger HERREN; jeg er mæt af Væderbrændofre, af Fedekalves Fedt, har ej Lyst til Blod af Okser og Lam og Bukke.
၁၁ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့ ပူဇော်သော ယဇ်များကို ငါသည်အဘယ်သို့ဆိုင်သနည်း။ မီးရှို့၍ ပူဇော်သောသိုးကောင်၊ ဆူဖြိုးအောင်ကျွေးသော တိရစ္ဆာန်တို့၏ ဆီဥနှင့် ငါဝပြီ။ နွားနှင့်သိုးသငယ်၊ ဆိတ် တို့၏အသွေးကို ငါမနှစ်သက်။
12 Når I kommer at stedes for mit Åsyn, hvo kræver da af jer, at min Forgård trampes ned?
၁၂သင်တို့သည် ငါရှေ့မှာ မျက်နှာပြခြင်းငှါ လာကြ သောအခါ၊ ငါ့တန်တိုင်းတော်ကို ကျော်နင်းသောသင်တို့၌ ထိုသို့သော ဝတ်ကို အဘယ်သူတောင်းသနည်း။
13 Bring ej flere tomme Afgrødeofre, vederstyggelig Offerrøg er de mig! Nymånefest, Sabbat og festligt Stævne jeg afskyr Uret og festlig Samling.
၁၃အချည်းနှီးသော ပူဇော်သက္ကကို နောက်တဖန် မဆောင်ခဲ့ကြနှင့်၊ သင်တို့မီးရှို့သောနံ့သာပေါင်းကို ငါရွံရှာ၏။ လေဆန်နေ့၊ ဥပုသ်နေ့၊ ပရိသတ်စည်းဝေး သော နေ့ကိုလည်း ရွံရှာ၏။ အဓမ္မအမှုနှင့်ရောနှော သော ဓမ္မစည်းဝေးခြင်းတို့ကို သည်းမခံနိုင်။
14 Eders Nymånefester og Højtider hader min, Sjæl de er mig en Byrde, jeg er træt af at bære.
၁၄ငါ့ဝိညာဉ်သည် သင်တို့လဆန်းနေ့များနှင့်၊ သင်တို့ပွဲများကို မုန်း၏။ ငါ့ကိုနှောက်ရှက်စရာဖြစ်၏။ သည်းခံခြင်းအားဖြင့် ငါပင်ပန်း၏။
15 Breder I Hænderne ud, skjuler jeg Øjnene for jer. Hvor meget I så end beder, jeg hører det ikke. Eders Hænder er fulde af Blod;
၁၅သင်တို့သည်လက်ဝါးတို့ကို ဖြန့်ကြသောအခါ၊ ငါသည်မျက်စိကိုလွှဲမည်။ များစွာသော ပဌနာကို ပြုကြသောအခါ၊ ငါသည်နားမထောင်။ သင်တို့လက်တို့ သည် အသွေးနှင့် ပြည့်ကြ၏။
16 tvæt jer, rens jer, bort med de onde Gerninger fra mine Øjne! Hør op med det onde,
၁၆ကိုယ်ကိုကိုယ်ဆေးကြောကြလော့။ ကိုယ်ကို ကိုယ်စင်ကြယ်စေကြလော့။ သင်တို့ ဒုစရိုက်များကို ငါ့မျက်မှောက်မှ ပယ်ရှားကြလော့။ မကောင်းသော အကျင့်ကို ဖြတ်ကြလော့။
17 lær det gode, læg Vind på, hvad Ret er; hjælp fortrykte, skaf faderløse Ret, før Enkens Sag!
၁၇ကောင်းသောအကျင့်ကို ကျင့်အံ့သောငှါ သင်ကြလော့။ တရားသဖြင့် ပြုခြင်းငှါ ကြံကြလော့။ ကောင်းသောအရာကို ဖြောင့်စေကြလော့။ မိဘမရှိသော သူတို့အဘို့ တရားသဖြင့် စီရင်ကြလော့။ မှုဆိုးမတို့၏အမှု ကို စောင့်ကြလော့။
18 Kom, lad os gå i Rette med hinanden, siger HERREN. Er eders Synder som Skarlagen, de skal blive hvide som Sne; er de end røde som Purpur, de skal dog blive som Uld.
၁၈ထာဝရဘုရားမိန့်တော်မူသည်ကား၊ လာကြ။ တရားစီရင်ကြကုန်အံ့။ သင်တို့အပြစ်သည် နီသော အဆင်းရှိသော်လည်း၊ မိုဃ်းပွင့်ကဲ့သို့ ဖြူလိမ်မည်။ ကတ္တီ ပါနီနှင့်တမျှ နီသော်လည်း၊ သိုးမွေးကဲ့သို့ဖြစ်လိမ့်မည်။
19 Lyder I villigt, skal I æde Landets Goder;
၁၉သင်တို့သည် ကြည်ညိုနားထောင်လျှင်၊ မြေအသီး အနှံကို စားရကြလိမ့်မည်။
20 står I genstridigt imod, skal I ædes af Sværd. Thi HERRENs Mund har talt.
၂၀သို့မဟုတ်လျှင်၊ ငြင်းဆန်ပုန်ကန်လျှင် ထား လက်နက်ဖြင့် ဆုံးရလိမ့်မည်ဟု၊ ထာဝရဘုရား၏ နှုတ် တော်ထွက်အမိန့်တော်ရှိ၏။
21 At den skulde ende som Skøge, den trofaste By, Zion, så fuld af Ret, Retfærdigheds Hjem, men nu er der Mordere.
၂၁သစ္စာရှိသောမြို့သည် အဘယ်သို့မျောက် မထားပြန်သနည်း။ အထက်က ဖြောင့်မတ်စွာ စီရင်ခြင်း နှင့်ပြည့်၏။ တရားသည် သူ၏အထဲမှာ နေရာကျ၏။ ယခုမူကား၊ လူအသက်ကို သတ်သောသူတို့သည် နေရာ ကျကြ၏။
22 Dit Sølv er blevet til Slagger, din Vin er spædet med Vand.
၂၂သင်၏ ငွေသည်လည်းချော် ဖြစ်လေပြီ။ သင်၏ စပျစ်ရည်သည် ရေနှင့်ရောလျက်ရှိ၏။
23 Tøjlesløse er dine Førere, Venner med Tyve; Gaver elsker de alle, jager efter Stikpenge, skaffer ej faderløse Ret og tager sig ikke af Enkens Sag.
၂၃သင်၏မင်းတို့သည် ပုန်ကန်ကြပြီ။ သူခိုး လက်ခံဖြစ်ကြပြီ။ ထိုမင်းအပေါင်းတို့သည် လက်ဆောင်ကို အလိုရှိကြ၏။ တံစိုးကိုစားကြ၏။ မိဘမရှိသော သူတို့ အဘို့ တရားမစီရင်ကြ။ မုတ်ဆိုးမအမှုကို နားမထောင် ကြ။
24 Derfor lyder det fra Herren, Hærskarers HERRE, Israels Vældige: "Min Gengælds Ve over Avindsmænd, min Hævn over Fjender!
၂၄ထိုကြောင့်၊ ဣသရေလ အမျိုး၌ တန်ခိုးကြီး သောဘုရား၊ ကောင်းကင်ဗိုလ်ခြေသခင် အရှင်ထာဝရ ဘုရားမိန့်တော်မူသည်ကား၊ အဲ၊ ငါ့တဘက်၌ နေသော သူတို့ကို ပယ်ရှားပြီးမှ ငါချင်ရဲပြေမည်။ ကိုယ်အဘို့ကို စောင့်၍ ငါ့ရန်သူတို့ကို အပြစ်နှင့် အလျောက်စီရင်မည်။
25 Jeg vender min Hånd imod dig, renser ud dine Slagger i Ovnen og udskiller alt dit Bly.
၂၅သင့်ကိုလည်း ငါကိုင်ယူပြီးလျှင်၊ ချော်နှင့်ရှင်း ရှင်း ကင်းစင်စေ၍ သင်၏ကြေးဖြူရှိသမျှကိုလည်း ပယ်ရှားမည်။
26 Jeg giver dig Dommere som fordum, Rådsherrer som før; så kaldes du Retfærdigheds By, den trofaste Stad.
၂၆သင်၏ တရားသူကြီးတို့နှင့် တိုင်ပင်မှူးမတ် တို့ကို ရှေ့ဦးစွာခန့်ထားသည် နည်းတူ၊ တဖန်ငါခန့်ထား ဦးမည်။ ထိုနောက်မှ၊ သင်၏နာမကို တရားသောမြို့၊ သစ္စာစောင့်သောမြို့ဟု သမုတ်ကြလိမ့်မည်။
27 Zion genløses ved Ret, de omvendte der ved Retfærd.
၂၇ဇိအုန်မြို့သည် တရားအားဖြင့်၎င်း၊ မြို့သူမြို့ သားတို့သည် ဖြောင့်မတ်သောအာဖြင့်၎င်း၊ ရွေးနှုတ်ခြင်း ကို ခံရကြလိမ့်မည်။
28 Men Overtrædere og Syndere knuses til Hobe; hvo HERREN svigter, forgår.
၂၈လွန်ကျူးသောသူနှင့် ပြစ်မှားသောသူတို့သည် ပျက်စီးခြင်းသို့ အတူရောက်၍၊ ထာဝရဘုရားကို စွန့်သော သူတို့သည် ဆုံးရှုံးကြလိမ့်မည်။
29 Thi Skam vil I få af de Ege, I elsker, Skuffelse af Lundene, I sætter så højt;
၂၉သင်တို့သည် တပ်မက်ဘူးသော သပိတ်ပင်တို့ ကြောင့် ရှက်ကြလိမ့်မည်။ သင်တို့သည် ရွေးယူဘူးသော ဥယျာဉ်တို့ကြောင့် မျက်နှာပျက်ကြလိမ့်မည်။
30 thi I bliver som en Eg med visnende Løv, som en Lund, hvor der ikke er Vand.
၃၀အကြောင်းမူကား၊ အရွက်နွမ်းသော သပိတ်ပင် ကဲ့သို့၎င်း၊ ရေမရှိသောဥယျာဉ်ကဲ့သို့၎င်း ဖြစ်ကြလိမ့်မည်။
31 Den stærke bliver til Blår, hans Værk til en Gnist; begge brænder med hinanden, og ingen slukker.
၃၁ခွန်အားကြီးသောသူသည် ပိုက်ဆန်လျှော်ဖြစ် လျက်၊ သူ၏အမှုသည် မီးပွားဖြစ်လျက်၊ ထိုနှစ်ပါးသည် အတူလောင်းကြလိမ့်မည်။ ထိုမီးကိုအဘယ်သူမျှ မသတ်ရ။

< Esajas 1 >