< 1 Mosebog 32 >

1 men Jakob fortsatte sin Rejse. Og Guds Engle mødte ham;
ယာကုပ်သည် ခရီးသွားပြန်၍၊ ဘုရားသခင်၏ ကောင်းကင်တမန်တို့သည် ကြိုဆိုခြင်းငှါ လာကြသည်ကို၊
2 og da Jakob så dem, sagde han: "Her er Guds Lejr!" derfor kaldte han Stedet Mahanajim.
ယာကုပ်မြင်လျှင် ဘုရားသခင်၏ တပ်တော်ဖြစ် သည်ဟု ဆို၍၊ ထိုအရပ်ကို မဟာနိမ်အမည်ဖြင့် မှည့်လေ ၏။
3 Derpå sendte Jakob Sendebud i Forvejen til sin Broder Esau i Se'irs Land på Edoms Højslette,
ထိုအခါ ယာကုပ်သည်၊ အစ်ကိုဧသောနေရာ ဧဒုံပြည်တည်းဟူသော စိရပြည်သို့၊ တမန်တို့ကို မိမိရှေ့မှာ စေလွှတ်၍ မှာလိုက်သည်ကား၊
4 og han bød dem: "Sig til min Herre Esau: Din Træl Jakob lader dig vide, at jeg har levet som Gæst hos Laban og boet der indtil nu;
ကိုယ်တော်၏ကျွန်ယာကုပ်က၊ ကျွန်တော်သည် လာဗန်ထံမှာ တည်းခို၍၊ ယခုတိုင်အောင် နေပါပြီ။
5 jeg har samlet mig Okser, Æsler og Småkvæg, Trælle og Trælkvinder; og nu sender jeg Bud til min Herre med Efterretning herom i Håb om at finde Nåde for dine Øjne!"
ကျွန်တော်၌ နွား၊ မြည်း၊ သိုး၊ ဆိတ်၊ ကျွန် ယောက်ျား မိန်းမများ ရှိကြပါ၏။ ကျွန်တော်သည် သခင်၏ စိတ်တော်နှင့် တွေ့စေခြင်းငှါ၊ လျှောက်ကြားလိုက်ပါ သည်ဟု၊ ငါ့သခင်ဧသောကို လျှောက်ကြဟု မှာလိုက် လေ၏။
6 Men Sendebudene kom tilbage til Jakob og meldte: "Vi kom til din Broder Esau, og nu drager han dig i Møde med 400 Mand!"
တမန်တို့လည်း ယာကုပ်ထံသို့ ပြန်လာ၍၊ ကျွန်တော်တို့သည်၊ ကိုယ်တော်၏အစ်ကို ဧသောထံသို့ ရောက်ခဲ့ပါပြီ။ သူသည်ကိုယ်တော်ကို တွေ့ခြင်းငှါ၊ လူ လေးရာနှင့် ချီလာပါသည်ဟု လျှောက်ကြ၏။
7 Da blev Jakob såre forfærdet, og i sin Angst delte han sine Folk, Småkvæget, Hornkvæget og Kamelerne i to Lejre,
ထိုအခါ ယာကုပ်သည်၊ အလွန်ကြောက်၍ စိတ်ပူပန်လျှင်၊ မိမိတွင်ပါသော လူစု၊ သိုးဆိတ်စု၊ နွားစု၊ ကုလားအုပ်များတို့ကို နှစ်စုခွဲ၍ ထားလေ၏။
8 idet han tænkte: "Hvis Esau møder den ene Lejr og slår den, kan dog den anden slippe bort."
အကြောင်းမူကား၊ တစုကို ဧသောတွေ့၍ လုပ်ကြံလျှင်၊ ကြွင်းသော တစုလွတ်လိမ့်မည်ဟု ဆို၏။
9 Derpå bad Jakob: "Min Fader Abrahams og min Fader Isaks Gud, HERRE, du, som sagde til mig: Vend tilbage til dit Land og din Hjemstavn, så vil jeg gøre vel imod dig!
တဖန် ယာကုပ်က၊ အကျွန်ုပ်အဘ အာဗြဟံ၏ ဘုရားသခင်၊ အကျွန်ုပ်အဘ ဣဇာက်၏ဘုရားသခင်၊ ထာဝရဘုရား ကိုယ်တော်က၊ သင်၏ပြည် သင်၏ အမျိုးသားချင်းတို့ ထံသို့ ပြန်လော့။ ငါသည် သင်၌ကျေးဇူးပြုမည် ဟု မိန့်တော်မူပါပြီ။
10 Jeg er for ringe til al den Miskundhed og Trofasthed, du har udvist mod din Tjener; thi med min Stav gik jeg over Jordan der, og nu er jeg blevet til to Lejre;
၁၀ကိုယ်တော်ကျွန်၌ ပြတော်မူသော ကရုဏာ သစ္စာတော်အငယ်ဆုံးကိုမျှ အကျွန်ုပ်မခံထိုက်ပါ။ အကျွန်ုပ်သည် အထက်က၊ ဤယော်ဒန်မြစ်ကို လက်စွဲ တောင်ဝေးနှင့်သာ ကူးပါ၏။ ယခုမူကား၊ အပေါင်း အသင်းနှစ်စုဖြစ်ပါ၏။
11 frels mig fra min Broder Esaus Hånd, thi jeg frygter for, at han skal komme og slå mig, både Moder og Børn!
၁၁သို့ဖြစ်၍၊ အကျွန်ုပ်ကို အစ်ကိုဧသောလက်မှ ကယ်လွှတ်တော်မူမည်အကြောင်း ဆုတောင်းပါ၏။ သူသည် လာ၍ အကျွန်ုပ်ကို၎င်း၊ သားမယားတို့ကို၎င်း သတ်မည်ဟု အလွန်စိုးရိမ်ပါ၏။
12 Du har jo selv sagt, at du vil gøre vel imod mig og gøre mit Afkom som Havets Sand, der ikke kan tælles for Mængde!"
၁၂ကိုယ်တော်က၊ ငါသည်သင်၌ အမှတ်ကျေးဇူး ပြု၍၊ မရေတွက်နိုင်အောင် များပြားသော သမုဒ္ဒရာသဲလုံး နှင့်အမျှ သင်၏အမျိုးအနွယ်ကို ငါဖြစ်စေမည်ဟု မိန့်တော်မူပါပြီဟု တောင်းလျောက်လေ၏။
13 Og han blev der om Natten. Af hvad han havde, udtog han så en Gave til sin Broder Esau,
၁၃ထိုအရပ်၌ တညဉ့်ပတ်လုံးနေပြီးမှ၊ မိမိလက်ရှိ ဥစ္စာစုထဲက အစ်ကိုဧသောအား လက်ဆောင်ဆက်စရာ ဘို့၊
14 200 Geder og 20 Bukke, 200 Får og 20 Vædre,
၁၄ဆိတ်မနှစ်ရာ၊ ဆိတ်ထီးနှစ်ဆယ်၊ သိုးမနှစ်ရာ၊ သိုးထီးနှစ်ဆယ်၊
15 34 diegivende Kamelhopper med deres Føl, 40 Køer og 10 Tyre, 20 Aseninder og 10 Æselhingste;
၁၅နို့စို့သားငယ်နှင့်တကွ၊ နို့ညှစ်ကုလားအုပ်မ သုံးဆယ်၊ နွားမလေးဆယ်၊ နွားထီးတဆယ်၊ မြည်းမ နှစ်ဆယ်နှင့် မြည်းကလေး တဆယ်တို့ကို ယူ၍၊
16 han delte dem i flere Hjorde og overlod sine Trælle dem, idet han sagde til dem: "Gå i Forvejen og lad en Plads åben mellem Hjordene!"
၁၆အသီးအသီးတစုတခြားစီ ခွဲသန့်လျက်၊ ကျွန်တို့ လက်သို့ အပ်ပြီးလျှင်၊ သင်တို့သည် ငါ့ရှေ့မှာကူးသွား၍၊ တစုနှင့်တစုကို ခရီးကွာစေလော့ဟု၊ ကျွန်တို့အား မှာထားလေ၏။
17 Og han bød den første: "Når min Broder Esau møder dig og spørger, hvem du tilhører, hvor du skal hen, og hvem din Drift tilhører,
၁၇ရှေ့ဦးစွာသွားသောသူကိုလည်း၊ ငါ့အစ်ကို ဧသောသည် သင့်ကိုတွေ့၍၊ သင်ကား၊ အဘယ်သူ၏ လူဖြစ်သည်နည်း၊ အဘယ်အရပ်သို့ သွားသနည်း။ သင့်ရှေ့မှာရှိသော တရိစ္ဆာန်များကား အဘယ်သူ၏ ဥစ္စာ ဖြစ်သနည်းဟု မေးလျှင်၊
18 skal du svare: Den tilhører din Træl Jakob; det er en Gave. han sender min Herre Esau; selv kommer han bagefter!"
၁၈ကိုယ်တော်ကျွန်ယာကုပ်၏ဥစ္စာဖြစ်ပါ၏။ သခင် ဧသောအား ဆက်သလိုက်သော လက်ဆောင်ဖြစ်ပါ၏။ သူသည်လည်း နောက်မှာ ရှိပါ၏ဟု၊ လျှောက်ရမည်ဟု မှာထားလေ၏။
19 Og han bød den anden og den tredje og alle de andre, der fulgte med Hjordene, at sige det samme til Esau, når de traf ham:
၁၉ထိုနည်းတူ၊ ဒုတိယသူ၊ တတိယသူမှစ၍၊ အစုစု တို့နှင့် လိုက်သောသူအပေါင်းကိုလည်း၊ သင်တို့သည် ဧသောနှင့်တွေ့လျှင်၊ ဤသို့ လျှောက်ရမည်ဟူ၍၎င်း၊
20 "Din Træl Jakob kommer selv bagefter!" Thi han tænkte: "Jeg vil søge at forsone ham ved den Gave. der drager foran, og først bagefter vil jeg træde frem for ham; måske han da tager venligt imod mig!"
၂၀ကိုယ်တော်ကျွန်ယာကုပ်သည်လည်း နောက်မှာ ရှိပါ၏ဟု၊ ကြားလျှောက်ရမည်ဟူ၍၎င်း မှာထားလေ၏။ ယာကုပ်က၊ ယခု ငါ့ရှေ့တွင် ထွက်သွားသော လက် ဆောင်ဖြင့်၊ သူ၏စိတ်ကို ငါဖြေမည်။ နောက်မှ မျက်နှာ ချင်းဆိုင်တွေ့သောအခါ၊ ငါ့ကိုလက်ခံကောင်း လက်ခံ လိမ့်မည်ဟု အကြံရှိသတည်း။
21 Så drog Gaven i Forvejen, medens han selv blev i Lejren om Natten.
၂၁ထိုသို့ယာကုပ်ရှေ့မှာ လက်ဆောင်သည် အရင် ကူးသွား၍၊ သူကိုယ်တိုင် ထိုညဉ့်၌ လူအစုအဝေးနှင့်အတူ အိပ်၍ နေ၏။
22 Samme Nat tog han sine to Hustruer, sine to Trælkvinder og sine elleve Børn og gik over Jakobs Vadested;
၂၂ညဉ့်မကုန်မှီထ၍ မယားနှစ်ယောက်၊ ကျွန်မ နှစ်ယောက်၊ သားတဆယ်နှင့် တယောက်တို့ကို ဆောင်ယူ ၍၊ ယဗ္ဗုတ်ချောင်းရေတိမ်ရာ အရပ်ကိုကူးလေ၏။
23 han tog dem og bragte dem over Bækken; ligeledes bragte han alt. hvad han ejede, over.
၂၃ထိုသို့ သူတို့ကိုယူ၍ မိမိဥစ္စာရှိသမျှနှင့်တကွ ချောင်းတဘက်သို့ ကူးစေပြီးမှ၊
24 Men selv blev Jakob alene tilbage. Da var der en, som brødes, med ham til Morgengry;
၂၄ယာကုပ်သည် တယောက်တည်းနေရစ်၍၊ လူတဦးသည် မိုဃ်းလင်းသည်တိုင်အောင် သူနှင့်လုံးထွေး လေ၏။
25 og da han så, at han ikke kunde få Bugt med ham, gav han ham et Slag på Hofteskålen; og Jakobs Hofteskål gik af Led, da han brødes med ham.
၂၅ထိုသူသည် မိမိမနိုင်မှန်းကိုသိလျှင်၊ ယာကုပ် ပေါင်ချန်ကို ထိုး၍၊ လုံးထွေးစဉ်တွင် ပေါင်ဆစ်ပြုတ်လေ ၏။
26 Da sagde han: "Slip mig, thi Morgenen gryr!" Men han svarede: "Jeg slipper dig ikke, uden du velsigner mig!"
၂၆ထိုသူကလည်း၊ ငါ့ကိုလွှတ်ပါ၊ မိုဃ်းလင်းဆဲရှိပြီ ဟုဆိုလျှင်၊ ယာကုပ်က၊ ကိုယ်တော်သည် အကျွန်ုပ်ကို ကောင်းကြီးမပေးလျှင်၊ မသွားရဟုဆို၏။
27 Så spurgte han: "Hvad er dit Navn?" Han svarede: "Jakob!"
၂၇ထိုသူကလည်း၊ သင်၏အမည်ကား အဘယ်သို့ နည်းဟု မေးလျှင်၊ ယာကုပ်ဖြစ်ပါသည်ဟု ပြန်ဆို၏။
28 Men han sagde: "Dit Navn skal ikke mere være Jakob, men Israel; thi du har kæmpet med Gud og Mennesker og sejret!"
၂၈နောင်၌ သင်၏အမည်ကို ယာကုပ်ဟူ၍ မခေါ်ရ၊ ဣသရေလဟူ၍ခေါ်ရမည်။ အကြောင်းမူကား၊ သင်သည် ဘုရားသခင်နှင့်၎င်း၊ လူနှင့်၎င်း၊ မင်းကဲ့သို့ ပြိုင်၍ နိုင်လေပြီဟု မိန့်တော်မူ၏။
29 Da sagde Jakob:"Sig mig dit Navn!" Men han svarede: "Hvorfor spørger du om mit Navn?" Og han velsignede ham der.
၂၉ယာကုပ်ကလည်း၊ နာမတော်ကား အဘယ်သို့ နည်း။ အကျွန်ုပ်အား ဘော်ပြတော်မူပါဟု မေးလျှောက် လျှင်၊ ငါ့နာမကို အဘယ်ကြောင့် မေးသနည်းဟု ဆို၍၊ ထိုအရပ်၌ ကောင်းကြီးပေးတော်မူ၏။
30 Og Jakob kaldte Stedet Peniel, idet han sagde: "Jeg har skuet Gud Ansigt til Ansigt og har mit Liv frelst."
၃၀ထိုအရပ်ကို ပေညေလဟူ၍၊ ယာကုပ်သည် သမုတ်လေ၏။ အကြောင်းမူကား၊ ငါသည် ဘုရားသခင် ကို မျက်နှာချင်းဆိုင်၍ ဖူးမြင်ရသော်လည်း၊ အသက် ချမ်းသာပြီဟု ဆိုသတည်း။
31 Og Solen stod op, da han drog forbi Penuel, og da haltede han på Hoften.
၃၁ဧမနွေလအရပ်ကို ယာကုပ်လွန်သွားသောအခါ၊ နေထွက်ချိန်ရှိ၍၊ သူသည် ထော့နဲ့သွားလေ၏။
32 Derfor undlader Israeliterne endnu den Dag i Dag at spise Hoftenerven, der ligger over Hofteskålen, thi han gav Jakob et Slag på Hofteskålen, på Hoftenerven.
၃၂ထိုသို့ ယာကုပ်၏ပေါင်ချန်အကြောကြီးကို ထိုးတော်မူသောကြောင့်၊ ဣသရေလအမျိုးသားတို့သည်၊ ပေါင်ချန်၌ရှိသော အကြောကြီးကို ယနေ့တိုင်အောင် မစားရှောင်လေ့ရှိကြ၏။

< 1 Mosebog 32 >