< 1 Mosebog 26 >

1 Da der opstod Hungersnød i Landet - en anden end den forrige på Abrahams Tid - begav Isak sig til Filisterkongen Abimelek i Gerar.
အာဗြဟံလက်ထက် ထိုပြည်၌ဖြစ်ဘူးသော အစာခေါင်းပါးခြင်းမှတပါး၊ နောက်တဖန် အစာခေါင်း ပါးခြင်း ရှိပြန်သည်ဖြစ်၍၊ ဣဇာက်သည် ဖိလိတ္တိမင်းကြီး အဘိမလက်နေရာဂေရာမြို့သို့ သွားလေ၏။
2 Og HERREN åbenbarede sig for ham og sagde: "Drag ikke ned til Ægypten, men bliv i det Land, jeg siger dig;
ထာဝရဘုရားသည်လည်း သူ့အားထင်ရှား၍၊ သင်သည် အဲဂုတ္တုပြည်သို့မသွားနှင့်၊ ငါပြောလတံ့သော ပြည်၌နေလော့။
3 bo som fremmed i det Land, så vil jeg være med dig og velsigne dig; thi dig og dit Afkom vil jeg give alle disse Lande og stadfæste den Ed, jeg tilsvor din Fader Abraham;
ယခုဤပြည်၌ တည်းခို၍နေလော့။ သင့်ဘက် မှာ ငါနေ၍ ကောင်းကြီးပေးမည်။ အကြောင်းမူကား၊ သင်နှင့်သင်၏အမျိုးအနွယ်အား ဤပြည်ရှိသမျှတို့ကို ငါပေးမည်။ သင်၏အဘအာဗြဟံအား ငါကျိန်ဆိုသော စကားရှိသည်အတိုင်းငါပြုမည်။
4 og jeg vil gøre dit Afkom talrigt som Himmelens Stjerner og give dit Afkom alle disse Lande, og i din Sæd skal alle Jordens Folk velsignes,
သင်၏အမျိုးအနွယ်ကို ကောင်းကင်ကြယ်ကဲ့သို့ များပြားစေမည်။ သင်၏အမျိုးအနွယ်အားလည်း၊ ဤပြည် ရှိသမျှတို့ကို ငါပေးမည်။ သင်၏အမျိုးအနွယ် အားဖြင့်လည်း၊ လူမျိုးအပေါင်းတို့သည် ကောင်းကြီး မင်္ဂလာကို ခံရကြလိမ့်မည်။
5 fordi Abraham adlød mine Ord og holdt sig mine Forskrifter efterrettelig, mine Bud, Anordninger og Love."
အကြောင်းမူကား၊ အာဗြဟံသည် ငါ့စကားကို နားထောင်၍၊ ငါစီရင်မှာထားသော ပညတ်တရား အမျိုးမျိုးတို့ကို စောင့်ရှောက်သတည်း ဟုမိန့်တော်မူ၏။
6 Så blev Isak boende i Gerar.
ဣသရေလဇာက်သည် ဂေရာမြို့၌ နေစဉ်တွင်၊-မြို့သားတို့သည် သူ၏မယားအကြောင်းကို မေးသော အခါ၊ ရေဗက္ကသည် လှသောအဆင်းအရောင် ရှိသောကြောင့်၊
7 Da nu Mændene der på Stedet forhørte sig om hans Hustru, sagde han: "Det er min Søster!" Thi han turde ikke sige, at hun var hans Hustru, af Frygt for at Mændene der på Stedet skulde slå ham ihjel for Rebekkas Skyld; thi hun var meget smuk.
ဤပြည်သား ယောက်ျားတို့သည် သူ့အကြောင်းကြောင့် ငါ့ကို သတ်မည်ဟုစိုးရိမ်၍၊ သူ သည် ငါ့မယားဖြစ်သည်ဟု မပြောမဆိုဝံ့၊ ငါ့နှမဖြစ်သည် ဟု ပြောဆို၏။
8 Men da han havde boet der en Tid lang, hændte det, at Filisterkongen Abimelek lænede sig ud af Vinduet og så Isak kærtegne sin Hustru Rebekka.
ထိုမြို့၌ ကာလအင်တန်ကြာနေပြီးမှ၊ တနေ့သ၌၊ ဣဇာက်သည် မိမိမယားရေဗက္ကနှင့် ကစားသည်။ ဖိလိတ္တိမင်းကြီးအဘိမလက်သည် ပြတင်းပေါက်ဝက ကြည့်မြင်လျှင်၊
9 Så lod Abimelek Isak kalde og sagde: "Hun er jo din Hustru; hvor kunde du da sige, at hun er din Søster" Isak svarede: "Jo, jeg tænkte: Jeg vil ikke udsætte mig for at miste Livet for hendes Skyld."
ဣဇာက်ကိုခေါ်၍၊ ထိုမိန်းမသည်၊ အကယ်စင် စစ် သင်၏မယားဖြစ်၏။ သို့ရာတွင်၊ သူသည် ငါ့နှမဖြစ်၏ဟု အဘယ်ကြောင့် သင်ပြောရ သနည်းဟုမေးသော်၊ ဣဇာက်က၊ သူ့အတွက်ကြောင့် ကျွန်ုပ်သေမည်ကို စိုးရိမ်ပါသည်ဟု လျှောက်ဆို၏။
10 Men Abimelek sagde: "Hvad er det dog, du har gjort imod os! Hvor let kunde det ikke være sket, at en af Folket havde ligget hos din Hustru, og så havde du bragt Skyld over os!"
၁၀အဘိမလက်မင်းကလည်း၊ ငါတို့၌ သင်ပြုသော အမှုကား အဘယ်သို့နည်း။ တစုံတယောက်သော သူသည်၊ သင်၏မယားနှင့် အမှတ်တမဲ့သင့်နေလျှင်၊ ငါတို့ ခေါင်းပေါ်မှာ သင်သည် အပြစ်ရောက်စေလိမ့်မည် တကားဟု ဆိုပြီးမှ၊
11 Så bød Abimelek alt Folket: "Hver den, der rører denne Mand eller hans Hustru, skal lide Døden."
၁၁ဤလင်မယားကို ပြစ်မှားသောသူသည် ဆက်ဆက်အသေခံရမည်ဟု မိမိလူအပေါင်းတို့ကို မှာထားသနည်း။
12 Isak såede der i Landet og fik samme År 100 Fold; og HERREN velsignede ham,
၁၂ထိုပြည်၌ ဣဇာက်သည် မျိုးစေ့ကိုကြဲ၍၊ တနှစ် ခြင်းတွင် အဆတရာသော အသီးအနှံကို ရလေ၏။ ထာဝရဘုရားသည်လည်း၊ ကောင်းကြီးပေးတော်မူသဖြင့်၊
13 så han blev en mægtig Mand og stadig gik frem, indtil han blev såre mægtig,
၁၃သူသည်ကြီးပွါး၍၊ အလွန်စည်းစိမ်းကြီးသည် တိုင်အောင် တိုးတက်လျက်၊ စီးပွါးဥစ္စာများပြားစွာ ဖြစ်လေ၏။
14 og han havde Småkvæg og Hornkvæg og Trælle i Mængde. Derover blev Filisterne skinsyge på ham.
၁၄သိုးစု၊ နွားစုများ၊ ကျွန်များနှင့်ပြည့်စုံ ကြွယ်ဝ၏။ ထိုကြောင့်၊ ဖိလိတ္တိလူတို့သည် သူ့ကိုငြူစူကြ၏။
15 Alle de Brønde, hans Faders Trælle havde gravet i hans Fader Abrahams Dage, kastede Filisterne til. og fyldte dem med Jord;
၁၅အဘအာဗြဟံလက်ထက်၌၊ အဘ၏ကျွန်တို့ တူးသော ရေတွင်းရှိသမျှတို့ကို မြေနှင့်ဖို့ပိတ်ကြ၏။
16 og Abimelek sagde til Isak: "Drag bort fra os, thi du er blevet os for stærk!"
၁၆အဘိမလက်မင်းကလည်း၊ သင်သည် ငါ့တို့ထက် တန်ခိုးကြီး၏။ ငါတို့ထံမှထွက်သွားလော့ဟု၊ ဣဇာက်ကို အမိန့်ရှိသောကြောင့်၊
17 Så drog Isak bort og slog Lejr i Gerars Dal og bosatte sig der.
၁၇ဣဇာက်သည် ထိုမြို့မှ ထွက်သွားပြီးလျှင်၊ ဂေရာချိုင့်၌တဲကို ဆောက်၍နေလေ၏။
18 Men Isak lod atter de Brønde udgrave, som hans Fader Abrahams Trælle havde gravet, og som Filisterne havde tilkastet efter Abrahams Død, og gav dem de samme Navne, som hans Fader havde givet dem.
၁၈ထိုအခါ ဣဇာက်သည်၊ အဘအာဗြဟံ ကျွန်တို့ တူး၍၊ အဘသေသောနောက်၊ ဖိလိတ္တိလူတို့ဖို့သော ရေတွင်းတို့ကို တူးဘော်ပြန်၍၊ အထက်က အဘသမုတ် သော အမည်ဖြင့် သမုတ်လေ၏။
19 Da nu Isaks Trælle gravede i Dalen, stødte de på en Brønd med rindende Vand;
၁၉ဣဇာက်ကျွန်တို့လည်း၊ ချိုင့်ထဲ၌တူး၍ စမ်း ရေတွင်းကို တွေ့ကြ၏။
20 men Gerars Hyrder yppede Kiv med Isaks og sagde: "Dette Vand tilhører os!" Derfor kaldte han Brønden Esek, thi der stredes de med ham.
၂၀ဂေရာအမျိုးသား နွားကျောင်းတို့ကလည်း၊ ဤရေသည် ငါတို့ရေဖြစ်၏ဟု၊ ဣဇာက်၏နွားကျောင်းတို့ နှင့် လုယက်ပြောဆိုကြ၏။ ထိုသို့အချင်းချင်းလုယက် ကြသောကြောင့်၊ ထိုရေတွင်းကို ဧသက်အမည်ဖြင့်မှည့် လေ၏။
21 Så flyttede han derfra og lod grave en ny Brønd; og da de også yppede Kiv om den, kaldte han den Sitna.
၂၁နောက်တဖန် အခြားသောရေတွင်းကို တူးပြန် ကြ၏။ ထိုရေတွင်းကိုလည်း တဖန်လုကြသောကြောင့်၊ သိတနအမည်ဖြင့် မှည့်လေ၏။
22 Så flyttede han derfra og lod grave en ny Brønd; og da de ikke yppede Kiv om den, kaldte han den Rehobot, idet han sagde: "Nu har HERREN skaffet os Plads, så vi kan blive talrige i Landet"
၂၂ထိုအရပ်မှ နေရာပြောင်း၍၊ အခြားသော ရေတွင်းကို တူးကြ၏။ ထိုရေတွင်းကို အဘယ်သူမျှ မလုယက်သောကြောင့်၊ ငါတို့ နေစရာအခွင့်ကို ယခု ထာဝရဘုရားပေးတော်မူပြီ ဖြစ်၍၊ ဤပြည်၌ ငါတို့သည် စီးပွါးများကြလိမ့်မည်ဟုဆိုလျက်၊ ထိုရေတွင်းကို ရဟော ဘုတ်အမည်ဖြင့် မှည့်သတည်း။
23 Så drog han derfra til Be'ersjeba.
၂၃တဖန် ထိုအရပ်မှ ဗေရရှေဘအရပ်သို့ ပြောင်း လေ၏။
24 Samme Nat åbenbarede HERREN sig for ham og sagde: "Jeg er din Fader Abrahams Gud; frygt ikke, thi jeg er med dig, og jeg vil velsigne dig og gøre dit Afkom talrigt for min Tjener Abrahams, Skyld!"
၂၄ထိုနေ့ညမှာ ထာဝရဘုရားသည် ထင်ရှား၍၊ ငါသည် သင်၏အဘ အာဗြဟံ၏ ဘုရားဖြစ်၏။ မစိုးရိမ် နျင့်။ ငါသည်သင့်ဘက်မှာရှိ၏။ ငါသည်ကောင်းကြီးပေး မည်။ ငါ၏ကျွန်အာဗြဟံအတွက်၊ သင်၏အမျိုးအနွယ်ကို ငါများပြားစေမည်ဟု မိန့်တော်မူ၏။
25 Da byggede Isak et Alter der og påkaldte HERRENs Navn; og der opslog han sit Telt, og hans Trælle gravede der en Brønd.
၂၅ထိုအရပ်၌ ယဇ်ပုလ္လင်ကို တည်၍၊ ထာဝရ ဘုရား၏ နာမတော်ကို မဌာနာပြု၏။ တဲကိုလည်း တည်ဆောက်၍၊ ကျွန်တို့သည် ရေတွင်းကို တူးကြ၏။
26 Imidlertid kom Abimelek til ham fra Gerar med sin Ven Ahuzzat og sin Hærfører Pikol.
၂၆ထိုအခါ အဘိမလက်မင်းသည်၊ အဆွေတော် အဟုဇာတ်နှင့် ဗိုလ်ချုပ်မင်းဖိကောလတို့ကို ခေါ်၍၊ ဂေရာမြို့မှ ဣဇာက်ရှိရာသို့သွား၏။
27 Isak sagde til dem: "Hvorfor kommer I til mig, når I dog hader mig og har jaget mig bort fra eder?"
၂၇ဣဇာက်ကလည်း၊ သင်တို့သည် ငါ့ကို မြင်ပျင်း၍ နှင်ထုတ်ပြီးမှ၊ အဘယ်ကြောင့် လာကြသနည်းဟု မေးလျှင်၊
28 Men de svarede: "Vi ser tydeligt, at HERREN er med dig, derfor har vi tænkt: Lad der blive et Edsforbund mellem os og dig, og lad os slutte en Pagt med dig,
၂၈ထိုသူတို့က၊ ထာဝရဘုရားသည် သင့်ဘက်မှာ ရှိတော်မူကြောင်းကို၊ ငါတို့အမှန် သိမြင်သည်ဖြစ်၍၊
29 at du ikke vil gøre os noget ondt, ligesom vi ikke har voldet dig Men, men kun handlet vel imod dig og ladet dig fare i Fred; du er og bliver jo HERRENs velsignede!"
၂၉ငါတို့သည် သင့်ကိုမထိမခိုက်၊ ကျေးဇူးကိုသာပြု၍၊ ငြိမ်ဝပ်စွာလွှတ် လိုက်သည်နည်းတူ၊ သင်သည်ငါတို့ကို အပြစ်မပြုရဟု၊ ငါတို့တဘက်၊ သင့်တဘက်၊ နှစ်ဘက်သား တို့သည်၊ သစ္စာဂတိထား၍ မိဿဟာယဖွဲ့ကြစို့။ သင် သည် ထာဝရဘုရားကောင်းကြီးပေးတော်မူသောသူ ဖြစ်ပါ၏ဟု ဆိုကြလေသော်၊
30 Så gjorde han et Gæstebud for dem, og de spiste og drak.
၃၀ဣဇာက်သည်၊ သူတို့အဘို့ စားသောက်ပွဲကို လုပ်၍၊ အတူစားသောက်ကြ၏။
31 Næste Morgen svor de hinanden Eder, og derefter tog Isak Afsked med dem, og de drog bort i Fred.
၃၁နံနက်စောစောထ၍၊ အချင်းချင်းတဦးနှင့် တဦး သစ္စာပြုလိုက်ပြီးမှ၊ ဣဇက်သည်။ ဣဇာက်သည် သူ့တို့ကို လွှတ်လိုက်၍၊ သူတို့သည် ငြိမ်ဝပ်စွာသွားရကြ၏။
32 Samme Dag kom Isaks Trælle og bragte ham Melding om den Brønd, de havde gravet, og sagde: "Vi har fundet Vand!"
၃၂ထိုနေ့၌ပင် ဣဇာက်ကျွန်တို့သည် လာ၍၊ မိမိတို့ တူးသောတွင်း၌ ရေတွေ့ကြောင်းကို ပြောဆိုကြလျှင်၊
33 Så kaldte han den Sjib'a; og derfor hedder Byen den Dag i Dag Be'ersjeba.
၃၃ထိုရေတွင်းကို ရေဘအမည်ဖြင့် မှည့်လေ၏။ ထိုကြောင့် ထိုအရပ်၌ တည်သောမြို့ကို ဗေရရှေဘမြို့ဟု ယနေ့တိုင်အောင်တွင်လေသတည်း။
34 Da Esau var fyrretyve År gammel, tog han Judit, en Datter af Hetiten Be'eri, og Basemat, en Datter af Hetiten Elon, til Ægte.
၃၄ဧသောသည် အသက်လေးဆယ်ရှိသောအခါ၊ ဟိတ္တိအမျိုးသား ဗေရိ၏သမီးယုဒိတ်၊ ဟိတ္တိအမျိုးသား ဧလုန်၏သမီး ဗာရှမတ်တို့နှင့် အိမ်ထောင်လေ၏။
35 Det var Isak og Rebekka en Hjertesorg.
၃၅ထိုမိန်းမတို့သည် ဣဇာက်နှင့်ရေဗက္က၌ စိတ် နှလုံးပူပန်စရာအကြောင်းဖြစ်သတည်း။

< 1 Mosebog 26 >