< 1 Samuel 28 >

1 På den Tid samlede Filisterne deres Hær til Kamp for at angribe Israel. Da sagde Akisj til David: "Det må du vide, at du og dine Mænd skal følge med mig i Hæren!"
ထို ကာလ ၌ ဖိလိတ္တိ လူတို့သည်၊ ဣသရေလ အမျိုးကို စစ်တိုက် အံ့သောငှါ ဗိုလ်ခြေ များကို စုဝေး ကြ၏။ အာခိတ် မင်းကလည်း ၊ သင် သည် လူ များပါလျက် ငါ နှင့် လိုက်၍စစ်တိုက်သွား ရမည်ကို ဆက်ဆက်သဘောကျ လော့ဟု ဒါဝိဒ် အား ဆို လျှင်၊
2 David svarede Akisj: "Godt, så skal du også få at se, hvad din Træl kan udrette!" Da sagde Akisj til David: "Godt, så sætter jeg dig til hele Tiden at vogte mit Liv!"
ဒါဝိဒ် က၊ အကယ်စင်စစ် ကိုယ်တော် ကျွန် သည် အဘယ်သို့ ပြု နိုင်သည်ကို ကိုယ်တော် သည် သိ တော်မူလိမ့်မည်ဟု လျှောက် သော် ၊ အာခိတ် မင်းက၊ သို့ဖြစ်၍သင့် ကို ငါ့အသက် စောင့် ဗိုလ်ချုပ်အရာ၌ ငါခန့် မည်ဟုပြန်ပြော ၏။
3 Samuel var død, og hele Israel havde holdt Klage over ham, og han var blevet jordet i Rama, hans By. Og Saul havde udryddet Dødemanerne og Besværgerne af Landet.
ထိုကာလ၌ ရှမွေလ မရှိသေ လွန်ပြီ။ ဣသရေလ အမျိုးသားအပေါင်း တို့သည် ငိုကြွေး မြည်တမ်းခြင်းကို ပြုလျက် ၊ သူ့ ကိုသူ နေရင်း ရာမ မြို့ ၌ သင်္ဂြိုဟ် ကြပြီ။ ရှောလု သည် စုန်း နှင့် နတ်ဝင် ပေါင်းတို့ကို တပြည်လုံး တွင် သုတ်သင် ပယ်ရှင်းနှင့်ပြီ။
4 Imidlertid samlede Filisterne sig og kom og slog Lejr i Sjunem, og Saul samlede hele Israel, og de slog Lejr på Gilboa.
ထိုအခါ ဖိလိတ္တိ လူတို့သည် စုဝေး ၍ ရှုနင် မြို့မှာ တပ်ချ ကြ၏။ ရှောလု သည်လည်း ဣသရလ အမျိုးသားအပေါင်း တို့ကို စုဝေး စေ၍ သူတို့သည် ဂိလဗော မြို့မှာ တပ်ချ ကြ၏။
5 Da Saul så Filisternes Hær, grebes han af Frygt og blev såre forfærdet.
ရှောလု သည် ဖိလိတ္တိ လူအလုံးအရင်း ကို မြင် သောအခါ ကြောက် ၍ အလွန် တုန်လှုပ် သော စိတ် နှလုံးရှိ၏။
6 Da rådspurgte Saul HERREN; men HERREN svarede ham ikke, hverken ved Drømme eller ved Urim eller ved Profeterne.
ထာဝရဘုရား ကို မေးလျှောက် သော်လည်း ထာဝရဘုရား သည် ထူး တော်မ မူ။ အိပ်မက် အားဖြင့် ၎င်း ၊ ဥရိမ် အားဖြင့် ၎င်း ၊ ပရောဖက် အားဖြင့် ၎င်း ထူးတော်မမူ။
7 Saul sagde derfor til sine Folk: "Opsøg mig en Kvinde, som kan mane; så vil jeg gå til hende, og rådspørge hende!" Hans Folk svarede ham: "I En-Dor er der en Kvinde, som kan mane!"
ထိုအခါ ရှောလု က၊ နတ်ဝင် မိန်းမ ကို ရှာ ကြလော့။ ငါသွား ၍ မေးမြန်း မည်ဟု ကျွန် တို့အား ဆို သည်အတိုင်း ၊ ကျွန် တို့က အင်္ဒေါရ မြို့မှာ နတ်ဝင် မိန်းမ တယောက်ရှိပါ၏ဟု လျှောက် သော်၊
8 Da gjorde Saul sig ukendelig og tog andre Klæder på og gav sig på Vej, fulgt af to Mænd. Da de om Natten kom til Kvinden, sagde han: "Spå mig ved en Genfærdsånd og man mig den, jeg siger dig, frem!"
ရှောလု သည် အဝတ် လဲ၍ ထူးခြားသော အယောင် ကို ဆောင်လျက် ၊ ညဉ့် အခါ လူ နှစ် ယောက်နှင့်တကွ ထိုမိန်းမ ဆီသို့ သွား ၍ ရောက် ပြီးလျှင် ၊ သင်ပေါင်းသော နတ် ကို အမှီပြု၍ သင့် အား ငါပြော မည့်သူ ကို ဘော် ပါလော့ဟု တောင်းပန် လေ၏။
9 Kvinden svarede ham: "Du ved jo, hvad Saul har gjort, hvorledes han har udryddet Dødemanerne og Besværgerne af Landet. Hvorfor vil du da lægge Snare for mit Liv og volde min Død?"
မိန်းမ ကလည်း ၊ ရှောလု ပြု သော အမှု၊ စုန်း နှင့် နတ်ဝင် တို့ကို တပြည်လုံး တွင် သုတ်သင် ဖယ်ရှင်းသော အမှုကို သင်သည် သိ လျက်နှင့် ငါ့ ကို သေ စေခြင်းငှါ အဘယ်ကြောင့် ငါ့ အသက် ကို ကျော့စမ်း သနည်းဟု ပြန်ပြော သော်၊
10 Da tilsvor Saul hende ved HERREN: "Så sandt HERREN lever, skal intet lægges dig til Last i denne Sag!"
၁၀ရှောလု က၊ ထာဝရဘုရား အသက် ရှင်တော်မူသည်အတိုင်း၊ ဤ အမှု ကြောင့် အဘယ်အပြစ် မျှ မ ရောက် ရဟု ထာဝရဘုရား ကို တိုင်တည် ၍ ကျိန်ဆိုလေ၏။
11 Så sagde Kvinden: "Hvem skal jeg da mane dig frem?" Han svarede: "Man mig Samuel frem!"
၁၁မိန်းမ ကလည်း ၊ အဘယ်သူ ကို ငါဘော် ရမည်နည်းဟုမေး လျှင် ၊ ရှောလုက၊ ရှမွေလ ကို ဘော် ပါဟု ဆို ၏။
12 Kvinden så da Samuel og udstødte et højt Skrig; og Kvinden sagde til Saul: "Hvorfor har du ført mig bag Lyset? Du er jo Saul!"
၁၂မိန်းမ သည် ရှမွေလ ကို မြင် သောအခါ ကြီး သောအသံ နှင့် အော်ဟစ် ၍ ၊ ကိုယ်တော်သည် ကျွန်မ ကို အဘယ်ကြောင့် လှည့်စား သနည်း။ ကိုယ်တော် သည် ရှောလု ဖြစ်ပါ၏ဟု ရှောလု အား ဆို လျှင်၊
13 Da sagde Kongen til hende: "Frygt ikke! Men hvad ser du?" Kvinden svarede Saul: "Jeg ser en Ånd stige op af Jorden!"
၁၃ရှင် ဘုရင်က မ စိုးရိမ် နှင့်။ အဘယ် အရာကို မြင် သနည်းဟုမေး သော် ၊ မိန်းမ က၊ မြေကြီး ထဲက ဘုရား တက်လာ သည်ကို ကျွန်မမြင် ပါသည်ဟု လျှောက် ၏။
14 Han sagde atter til hende: "Hvorledes ser han ud?" Hun svarede: "En gammel Mand stiger op, hyllet i en Kappe!" Da skønnede Saul, at det var Samuel, og han kastede sig med Ansigtet til Jorden og bøjede sig.
၁၄အဘယ်သို့ သော အယောင် ဆောင်သနည်းဟုမေး ပြန်သော် ၊ လူ အို တက်လာ ပါ၏။ ဝတ်လုံ ခြုံ လျက် ရှိပါ၏ဟု လျှောက် ပြန်လျှင် ၊ ရှမွေလ ဖြစ်ကြောင်း ကို ရှောလု သည် ရိပ်မိ လျှင် မြေ ပေါ် ၌ ဦးညွှတ် ပြပ်ဝပ်လျက် နေ၏။
15 Men Samuel sagde til Saul: "Hvorfor har du forstyrret min Ro og kaldt mig frem?" Saul svarede: "Jeg er i stor Vånde; Filisterne angriber mig, og Gud har forladt mig og svarer mig ikke mere, hverken ved Profeterne eller ved Drømme. Derfor lod jeg dig kalde, for at du skal sige mig, hvad jeg skal gribe til."
၁၅ရှမွေလ ကလည်း ၊ သင်သည် ငါ့ ကို နှောက်ရှက် လျက် အဘယ်ကြောင့် ဘော် သနည်းဟု ရှောလု ကို မေး သော် ၊ ရှောလု က၊ အကျွန်ုပ် သည် အလွန် ဆင်းရဲ ခြင်းသို့ရောက်ပါပြီ။ ဖိလိတ္တိ လူတို့သည် စစ်တိုက် ကြပါ၏။ ဘုရား သခင်သည် အကျွန်ုပ် ကို စွန့် တော်မူပြီ။ ပရောဖက် အားဖြင့် ထူး တော်မ မူ။ အိပ်မက် အားဖြင့် ထူးတော်မမူ။ အကျွန်ုပ် သည် အဘယ်သို့ ပြု ရမည်ကို၊ ကိုယ်တော် ပြ စေခြင်းငှါ ကိုယ်တော်ကို အကျွန်ုပ်ခေါ် ပါပြီဟု ပြောဆို ၏။
16 Da sagde Samuel: "Hvorfor spørger du mig, når HERREN har forladt dig og er blevet din Fjende?
၁၆ရှမွေလ ကလည်း ၊ ထာဝရဘုရား သည် သင့် ကို စွန့် ၍ သင့် ရန်ဘက် ဖြစ် တော်မူသည် မှန်လျှင် ၊ ငါ့ ကို အဘယ်ကြောင့် မေးမြန်း သေးသနည်း။
17 HERREN har handlet imod dig, som han kundgjorde ved mig, og HERREN har revet Kongedømmet ud af din Hånd og givet din Medbejler David det.
၁၇ထာဝရဘုရား သည် ငါ့ အားဖြင့် မိန့် တော်မူသည်အတိုင်း သင်၌ပြု တော်မူပြီ။ ထာဝရဘုရား သည် ဤနိုင်ငံ ကို သင့် လက် မှ နှုတ် ၍ ၊ သင့် အိမ်နီးချင်း ဒါဝိဒ် အား ပေး တော်မူပြီ။
18 Eftersom du ikke adlød HERREN og ikke lod hans glødende Vrede ramme Amalek, så har HERREN nu voldet dig dette;
၁၈အကြောင်းမူကား၊ သင်သည် ထာဝရဘုရား ၏ စကား တော်ကို နား မ ထောင်။ ပြင်းစွာ သော အမျက် တော်ကို အာမလက် အမျိုး၌ မ စီရင် သောကြောင့် ၊ ထာဝရဘုရား သည် ဤ အမှု ကို ယနေ့ သင် ၌ ရောက်စေတော်မူပြီ။
19 HERREN vil også give Israel i Filisternes Hånd sammen med dig! I Morgen skal både du og dine Sønner falde; også Israels Hær vil HERREN give i Filisternes Hånd!"
၁၉ထိုမှတပါး သင် နှင့် ဣသရေလ အမျိုးကို ဖိလိတ္တိ လူတို့လက် ၌ အပ် တော်မူမည်။ နက်ဖြန် နေ့ သင် နှင့် သင် ၏သား တို့သည် ငါ နှင့်အတူ ရှိလိမ့်မည်။ ထာဝရဘုရား သည် ဣသရေလ လူ အလုံးအရင်း ကို ဖိလိတ္တိ လူတို့လက် ၌ အပ် တော်မူမည်ဟု ဆို ၏။
20 Da faldt Saul bestyrtet til Jorden, så lang han var, rædselsslagen over Samuels Ord; han var også ganske afkræftet, da han Døgnet igennem intet havde spist.
၂၀ထိုအခါ ရှောလု သည် မြေ ပေါ် မှာ အလျား ပြပ်ဝပ် လဲနေ၍ ၊ ရှမွေလ စကား ကြောင့် အလွန် ကြောက်ရွံ့ ၏။ တနေ့ နှင့် တညဉ့်လုံး အဘယ်အစာ ကိုမျှ မ စား ဘဲနေသောကြောင့်အား ကုန်ပြီ။
21 Kvinden kom nu hen til Saul, og da hun så, at han var ude af sig selv af Skræk, sagde hun til ham: "Se, din Trælkvinde adlød dig; jeg satte mit Liv på Spil og adlød de Ord, du talte til mig.
၂၁ထိုမိန်းမ သည်လာ ၍ ရှောလု အလွန် စိတ်ညစ် သည်ကို မြင် လျှင် ၊ ကိုယ်တော် ကျွန် မသည် ကိုယ်တော် စကား ကို နားထောင် ပါပြီ။ ကိုယ် အသက် ကို မနှမြောဘဲ ကိုယ်တော် မိန့် တော်မူသော စကား ကို နားထောင် ပါပြီ။
22 Så adlyd du nu også din Trælkvinde; lad mig sætte et Stykke Brød frem for dig; spis det, for at du kan være ved Kræfter, når du går bort!"
၂၂သို့ဖြစ်၍ ယခု ကိုယ်တော် ကျွန် မ၏ စကား ကို နားထောင် တော်မူပါ။ စားစရာ အနည်းငယ် ကို ရှေ့ တော်၌ တင် ပါရစေ။ ကိုယ်တော်ကြွ သွားသောအခါ အား ပြည့်စေခြင်းငှါစား တော်ခေါ်ပါဟု လျှောက် သော်လည်း၊
23 Men han værgede sig og sagde: "Jeg kan ikke spise!" Men da både hans Mænd og Kvinden nødte ham, gav han efter for dem, rejste sig fra Jorden og satte sig på Lejet.
၂၃ရှောလုက ငါမ စား ဟု ငြင်းပယ် လေ၏။ သို့ရာတွင် ကျွန် တို့သည် မိန်းမ နှင့် ဝိုင်း၍ အနိုင် ပြုကြသဖြင့် ၊ ရှောလုသည် သူ တို့စကား ကို နားထောင် ၍ မြေ ပေါ်က ထ ပြီးလျှင် ခုတင် ပေါ် မှာ ထိုင် လေ၏။
24 Kvinden havde en Fedekalv i Huset, den skyndte hun sig at slagte; derpå tog hun Mel, æltede det og bagte usyret Brød deraf.
၂၄ထိုမိန်းမ သည် မိမိအိမ် ၌ ဆူ အောင်ကျွေးသော နွား ကလေးတကောင်ရှိသည်ဖြစ်၍ အလျင်အမြန် သတ် လေ၏။ မုန့်ညက် ကိုလည်း ယူ ၍ နယ် သဖြင့် ၊ တဆေးမဲ့ မုန့်ကို ဖုတ် ပြီးမှ၊
25 Så satte hun det frem for Saul og hans Mænd; og da de havde spist, stod de op og gik bort samme Nat.
၂၅ရှောလု နှင့် ကျွန် များတို့ ရှေ့ ၌ တင် လေ၏။ သူတို့သည် စား ၍ ထို ညဉ့် တွင် ထ သွား ကြ၏။

< 1 Samuel 28 >