< Første Krønikebog 5 >

1 Rubens, Israels førstefødtes, Sønner - han var nemlig den førstefødte, men da han vanærede sin Faders Leje, gaves hans Førstefødselsret til Israels Søn Josefs Sønner, dog ikke således, at de i Slægtebogen opføres som førstefødte;
ရု​ဗင်​၏​သား​မြေး​များ​ကား​အောက်​ပါ အ​တိုင်း​ဖြစ်​၏။ (ရု​ဗင်​သည်​ဣ​သ​ရေ​လ ၏​သား​ဦး​ဖြစ်​သော်​လည်း အ​ဖ​၏​မောင်း​မ တစ်​ယောက်​နှင့်​ပြစ်​မှား​သ​ဖြင့် သား​ဦး​၏ အ​ခွင့်​အ​ရေး​များ​ကို​ဆုံး​ရှုံး​ရ​လေ​သည်။ ထို​အ​ခွင့်​အ​ရေး​များ​သည်​ဣ​သ​ရေ​လ ၏​သား​ယော​သပ်​၏​လက်​သို့​ရောက်​ရှိ သွား​၏။ သို့​ဖြစ်​၍​သား​စဉ်​မြေး​ဆက် အ​လိုက်​ရေ​တွက်​သော​အ​ခါ သား​ဦး အ​ရာ​ကို​ရု​ဗင်​မ​ရ​ရှိ​ပေ။-
2 thi Juda herskede over sine Brødre, og af hans Midte skulde Fyrsten tages, men Førstefødselsretten blev Josefs
ယု​ဒ​အ​နွယ်​သည်​ခွန်​အား​အ​ကြီး​မား​ဆုံး ဖြစ်​လာ​၍ အ​နွယ်​စု​အ​ပေါင်း​တို့​အ​တွက် မင်း​ပေါ်​ထွန်း​ခဲ့​၏။)-
3 Rubens, Israels førstefødtes, Sønner: Hanok, Pallu, Hezron og Karmi.
ယာ​ကုပ်​၏​သား​ဦး​ဖြစ်​သူ​ရု​ဗင်​တွင်​ဟာ နုတ်၊ ဖာ​လု၊ ဟေ​ဇ​ရုံ​နှင့်​ကာ​မိ​ဟူ​၍​သား လေး​ယောက်​ရှိ​၏။-
4 Joels Sønner: Hans Søn Sjemaja, hans Søn Gog, hans Søn Sjim'i
အ​ဖ​နှင့်​သား​နာ​မည်​များ​အ​စဉ်​အ​လိုက် အ​တိုင်း ယော​လ​၏​သား​မြေး​စာ​ရင်း​မှာ​ရှေ မာ​ယ၊ ဂေါ​ဂ၊ ရှေ​မိ၊ မိက္ခ၊ ရာ​ယ၊ ဗာ​လ​နှင့် ဗေ​ရာ​ဟူ​၍​ဖြစ်​၏။ အာ​ရှု​ရိ​ပြည်​ကို​အ​စိုး ရ​သော​ဧ​က​ရာဇ်​ဘု​ရင်​တိ​ဂ​လတ်​ပိ​လေ သာ​သည် အ​နွယ်​ခေါင်း​ဆောင်​ဗေ​ရာ​ကို ဖမ်း​ဆီး​၍​ပြည်​နှင်​ဒဏ်​ပေး​လေ​သည်။
5 hans Søn Mika, hans Søn Reaja, hans Søn Ba'al
6 hans Søn Be'era, hvem Assyrerkongen Tillegat-Pilneser førte i Landflygtighed, da han var Rubeniternes Øverste.
7 Og hans Brødre efter deres Slægter, somde var optegnede i Slægtebogen efter deres Nedstamning Først Je'iel, dernæst Zekarja
အိမ်​ထောင်​စု​မှတ်​တမ်း​များ​အ​ရ​ရု​ဗင် အ​နွယ်​ဝင်​သား​ချင်း​စု​ခေါင်း​ဆောင်​များ မှာ ယေ​ယေ​လ၊ ဇာ​ခ​ရိ​နှင့်၊-
8 og Bela, en Søn af Azaz, en Søn af Sjema, en Søn af Joel, som boede i Aroer og hen til Nebo og Ba'al-Meon;
ဗေ​လ​တို့​ဖြစ်​၏။ ဗေ​လ​သည်​အာ​ဇတ်​၏​သား ရှေ​မ​၏​မြေး​ဖြစ်​၍ ယော​လ​၏​သား​ချင်း​စု ဝင်​ဖြစ်​ပေ​သည်။ ထို​သား​ချင်း​စု​သည်​အာ​ရော် မြို့​တွင်​လည်း​ကောင်း၊ ထို​မြို့​မြောက်​ဘက်​နေ ဗော​မြို့၊ ဗာ​လ​မောင်​မြို့​တို့​တိုင်​အောင်​ရောက် ရှိ​သည့်​နယ်​မြေ​ဒေ​သ​တွင်​လည်း​ကောင်း နေ​ထိုင်​ကြ​လေ​သည်။-
9 og mod Øst nåede det Område, hvor han boede, hen imod Ørkenegnene, der strækker sig over mod Eufratfloden; thi de havde talrige Hjorde i Gileads Land.
ဂိ​လဒ်​ပြည်​တွင်​သူ​တို့​၏​သိုး​အုပ်၊ နွား​အုပ် ကြီး​များ​ပွား​များ​၍​လာ​သ​ဖြင့် သူ​တို့​၏ နယ်​မြေ​သည်​အ​ရှေ့​ဘက်​သဲ​ကန္တာ​ရ​အ​ဆုံး ဥ​ဖ​ရတ်​မြစ်​သို့​တိုင်​အောင်​ကျယ်​ပြန့်​၏။
10 I Sauls Dage førte de Krig med Hagriterne, og disse faldt i deres Hånd; så bosatte de sig i deres Telte på hele Gileads Østside.
၁၀ရှော​လု​မင်း​လက်​ထက်​၌​ရု​ဗင်​အ​နွယ်​ဝင် တို့​သည် ဟာ​ဂ​ရ​အ​မျိုး​သား​တို့​ကို​တိုက် ခိုက်​သတ်​ဖြတ်​ကာ ဂိ​လဒ်​ပြည်​အ​ရှေ့​ဘက် ပိုင်း​ကို​သိမ်း​ယူ​လေ​သည်။
11 Gads Sønner, som boede lige over for dem i Basans Land indtil Salka:
၁၁ဂဒ်​အ​နွယ်​ဝင်​တို့​သည်​ရု​ဗင်​အ​နွယ်​ဝင်​တို့ နေ​ထိုင်​ရာ​အ​ရပ်​၏ မြောက်​ဘက်​ရှိ​ဗာ​ရှန် ပြည်​တွင်​နေ​ထိုင်​ကြ​၏။ သူ​တို့​၏​ဒေ​သ သည်​သ​လ​ကာ​မြို့​တိုင်​အောင်​ကျယ်​ပြန့်​၏။-
12 Først Joel, dernæst Sjafam, Ja'naj og Sjafat i Basan;
၁၂ယော​လ​သည်​အ​ရေး​အ​ကြီး​ဆုံး​သား​ချင်း စု​ကို​တည်​ထောင်​၍​ရှာ​ဖံ​ကား ဒု​တိ​ယ​အ​ရေး ကြီး​ဆုံး​သား​ချင်း​စု​ကို​တည်​ထောင်​သ​တည်း။ ဗာ​ရှန်​ပြည်​တွင်​အ​ခြား​သား​ချင်း​စု​တို့ ကို​တည်​ထောင်​သူ​များ​မှာ​ယာ​နဲ​နှင့်​ရှာ​ဖတ် တို့​ဖြစ်​၏။-
13 og deres Brødre efter deres Fædrenehuse: Mikael, Mesjullam, Sjeba, Joraj, Jakan, Zia og Eber, syv.
၁၃အ​ခြား​အ​နွယ်​ဝင်​တို့​သည်​အောက်​ပါ​သား ချင်း​စု​များ​ဖြစ်​ကြ​သော​မိက္ခေ​လ၊ မေ​ရှု​လံ၊ ရှေ​ဘ၊ ယော​ရဲ၊ ယာ​ခန်၊ ဇ​ယာ​နှင့်​ယေ​ဗာ တို့​တွင်​ပါ​ဝင်​ကြ​၏။-
14 De var Sønner af Abihajil, en Søn af Huri, en Søn af Jaroa, en Søn af Gilead, en Søn af Mikael, en Søn af Jesjisjaj, en Søn af Jado, en Søn af Buz.
၁၄သူ​တို့​သည်​ဟု​ရိ​၏​သား​အ​ဘိ​ဟဲ​လ​မှ ဆင်း​သက်​လာ​သူ​များ​ဖြစ်​ပေ​သည်။ အ​ဘိ ဟဲ​လ​၏​ဘိုး​ဘေး​များ​မှာ​ဟု​ရိ၊ ယာ​ရော်၊ ဂိ​လဒ်၊ မိက္ခေ​လ၊ ယေ​ရှိ​ရှဲ၊ ယာ​ဒေါ၊ ဗု​ဇာ​ဟိ တို့​ဖြစ်​သ​တည်း။-
15 Ahi, en Søn af Abdiel, en Søn af Guni, var Overhoved for deres Fædrenehuse.
၁၅အာ​ဗ​ဒျေ​လ​၏​သား​ဂု​နိ​၏​မြေး​အာ​ဟိ သည် ထို​သား​ချင်း​စု​တို့​၏​ဦး​စီး​ခေါင်း ဆောင်​ဖြစ်​သည်။-
16 De boede i Gilead, i Basan og Småbyerne det og i alle Sirjons Græsgange, så langt de strækker sig.
၁၆သူ​တို့​သည်​ဗာ​ရှန်​ပြည်​နှင့်​ဂိ​လဒ်​ပြည်​ရှိ မြို့​များ​တွင်​လည်း​ကောင်း၊ ရှာ​ရုန်​မြက်​ခင်း များ​တစ်​လျှောက်​တွင်​လည်း​ကောင်း​နေ​ထိုင် ကြ​၏။-
17 De indførtes alle i Slægtebog i Kong Jotam af Judas og Kong Jeroboam af Israels Dage.
၁၇(ဤ​စာ​ရင်း​မှတ်​တမ်း​များ​မှာ​ယု​ဒ​ဘု​ရင် ယော​သံ​မင်း​နှင့် ဣ​သ​ရေ​လ​ဘု​ရင်​ယေ​ရော ဗောင်​မင်း​တို့​၏​လက်​ထက်​၌​ပြု​စု​ရေး​သား သော​မှတ်​တမ်း​များ​ဖြစ်​သ​တည်း။)
18 Rubeniterne, Gaditerne og Manasses halve Stamme, alle de krigsdygtige Mænd, der har Skjold og Sværd, spændte Bue og var øvet i Kamp, 44760 Mand, der kunde drage i Kamp,
၁၈ရု​ဗင်၊ ဂဒ်​နှင့်​အ​ရှေ့​ပိုင်း​မ​နာ​ရှေ​တို့​တွင် လေး၊ ဋ္ဌား၊ ဒိုင်း​လွှား​ကိုင်​ဆောင်​မှု​တွင်​ကောင်း စွာ​ကျင်​လည်​သူ စစ်​သား​ပေါင်း​လေး​သောင်း လေး​ထောင်​ခု​နစ်​ရာ့​ခြောက်​ဆယ်​ရှိ​၏။-
19 førte Krig med Hagriterne, Jetur, Nafisj og Nodab;
၁၉သူ​တို့​သည်​ဟာ​ဂ​ရ​အ​နွယ်​များ​ဖြစ်​ကြ သော​ယေ​တု​ရ၊ နာ​ဖိ​ရှ၊ နော​ဒပ်​သား​ချင်း​စု တို့​နှင့်​စစ်​တိုက်​ကြ​၏။-
20 og de fik Hjælp imod dem, så at Hagriterne og alle deres Forbundsfæller overgaves i deres Hånd, thi de råbte til Gud i Kampen, og han bønhørte dem, fordi de slog deres Lid til ham.
၂၀ထို​အ​ခါ​သူ​တို့​သည်​ဘု​ရား​သ​ခင်​အား ယုံ​ကြည်​ကိုး​စား​လျက် ကူ​မ​တော်​မူ​ရန် ဆု​တောင်း​ပတ္ထ​နာ​ပြု​ကြ​၏။ ဘု​ရား​သ​ခင် သည်​လည်း​နား​ညောင်း​တော်​မူ​သ​ဖြင့် သူ​တို့ သည်​ဟာ​ဂ​ရ​အ​မျိုး​သား​နှင့်​၎င်း​၏​မ​ဟာ မိတ်​တို့​ကို​အ​နိုင်​ရ​ကြ​၏။-
21 Så tog de deres Hjorde, 50.000 Kameler, 250.000 Stykker Småkvæg, 2.000 Æsler og 100.000 Mennesker som Bytte.
၂၁သူ​တို့​သည်​ရန်​သူ​များ​ဘက်​မှ​ကု​လား​အုတ် ငါး​သောင်း၊ သိုး​နှစ်​သိန်း​ငါး​သောင်း​နှင့်​မြည်း နှစ်​ထောင်​ကို​လက်​ရ​ဖမ်း​မိ​ကြ​၏။ သုံ့​ပန်း တစ်​သိန်း​ကို​လည်း​ရ​ရှိ​ကြ​၏။-
22 Der skete nemlig et stort Mandefald, thi Gud havde villet Krigen; og de boede nu i Landet i deres Sted lige til Landflygtigheden.
၂၂ဤ​စစ်​ပွဲ​သည်​ဘု​ရား​သ​ခင်​၏​အ​လို​တော် အ​ရ​ဖြစ်​သ​ဖြင့် ရန်​သူ​အ​များ​အ​ပြား သေ​ကြ​ကုန်​၏။ ထို​နောက်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည်​ပြည်​နှင်​ဒဏ်​ခံ​ရ ချိန်​မ​တိုင်​မီ ထို​ပြည်​တွင်​ဆက်​လက်​နေ ထိုင်​ကြ​၏။
23 Manasses halve Stammes Sønner boede i Landet fra Basan til Ba'al-Hermon, Senir og Hermonbjerget; de var talrige.
၂၃အ​ရှေ့​ပိုင်း​မ​နာ​ရှေ​မှ​လူ​တို့​သည်​ဗာ​ရှန် ပြည်​တွင်​မြောက်​သို့​လား​သော်​ဗာ​လ​ဟေ​ရ မုန်​မြို့၊ စ​နိ​ရ​မြို့​နှင့်​ဟေ​ရ​မုန်​တောင်​ပိုင်း တိုင်​အောင်​ပြန့်​နှံ့​လျက်​အ​ခြေ​စိုက်​နေ​ထိုင် ကြ​လေ​သည်။ သူ​တို့​၏​လူ​ဦး​ရေ​သည် လည်း​များ​စွာ​တိုး​တက်​၍​လာ​၏။-
24 Overhovederne for deres Fædrenehuse var følgende: Efer, Jisj'i, Eliel, Azriel, Jirmeja, Hodavja og Jadiel, dygtige Krigere og navnkundige Mænd, Overhoveder for deres Fædrenehuse.
၂၄သူ​တို့​သား​ချင်း​စု​ခေါင်း​ဆောင်​များ​မှာ​ဧ​ဖာ၊ ဣ​ရှိ၊ ဧ​လျေ​လ၊ အာ​ဇ​ရေ​လ၊ ယေ​ရ​မိ၊ ဟော ဒ​ဝိ​နှင့်​ယာ​ဒျေ​လ​တို့​ဖြစ်​ကြ​၏။ ထို​သူ​တို့ အား​လုံး​သည်​ထူး​ချွန်​သော​စစ်​သူ​ရဲ​များ ဖြစ်​၍ မိ​မိ​တို့​၏​သား​ချင်း​စု​များ​ပေါ်​တွင် ထင်​ပေါ်​ကျော်​စော​သူ​များ​ဖြစ်​ကြ​၏။
25 Men de var deres Fædres Gud utro og bolede med de Guder, der dyrkedes af Landets Folkeslag, som Gud havde udryddet foran dem.
၂၅သို့​ရာ​တွင်​သူ​တို့​သည်​မိ​မိ​တို့​ဘိုး​ဘေး များ​၏​ဘု​ရား​ကို​သစ္စာ​ဖောက်​ကြ​၏။ သူ​တို့ သည်​မိ​မိ​တို့​၏​တိုင်း​ပြည်​မှ​ဘု​ရား​သ​ခင် နှင်​ထုတ်​ထား​တော်​မူ​သော​သူ​တို့​၏​ဘု​ရား ကို​ကိုး​ကွယ်​ဝတ်​ပြု​ရန်​ကိုယ်​တော်​ကို​စွန့် ပစ်​ကြ​၏။-
26 Da æggede Israels Gud Assyrerkongerne Puls og Tillegat-Pilnesers Sind, så han slæbte dem bort, Rubeniterne, Gaditerne og Manasses halve Stamme, og bragte dem til Hala, Habor, Hara og Gozan-floden, hvor de er den Dag i Dag.
၂၆သို့​ဖြစ်​၍​ကိုယ်​တော်​သည်(တိ​ဂ​လတ်​ပိ​လေ သာ​ဟု​လည်း​နာ​မည်​တွင်​သော) အာ​ရှု​ရိ ပြည်​ဧ​က​ရာဇ်​ဘု​ရင်​ပု​လ​အား​သူ​တို့ ၏​တိုင်း​ပြည်​ကို​ချင်း​နင်း​ဝင်​ရောက်​စေ တော်​မူ​၏။ ကိုယ်​တော်​သည်​ရုဗင်​အ​နွယ်​ဝင်၊ ဂဒ်​အ​နွယ်​ဝင်​နှင့် အ​ရှေ့​ပိုင်း​မ​နာ​ရှေ​အ​နွယ် ဝင်​တို့​အား​ပြည်​နှင်​ဒဏ်​ပေး​တော်​မူ​၍ ဟေ​လ၊ ဟာ​ဗော်​နှင့်​ဟာ​ရ​နယ်​များ​တွင် လည်း​ကောင်း၊ ဂေါ​ဇန်​မြစ်​အ​နီး​တွင်​လည်း ကောင်း၊ အ​မြဲ​တမ်း​အ​ခြေ​စိုက်​၍​နေ ထိုင်​စေ​တော်​မူ​၏။

< Første Krønikebog 5 >