< Psalmi 71 >

1 Tebi si, Jahve, utječem, ne daj da se ikada postidim!
အိုထာဝရဘုရား ၊ ကိုယ်တော် ကို အကျွန်ုပ်ခိုလှုံ ပါ၏။ အရှက် ကွဲခြင်းနှင့် အစဉ် ကင်းလွတ် ပါစေသော။
2 U pravdi me svojoj spasi i izbavi, prikloni uho k meni i spasi me!
တရား တော်နှင့်အညီ အကျွန်ုပ် ကို နှုတ်ယူ ၍ လွှတ် တော်မူပါ။ နား တော်ကို အကျွန်ုပ် ဘက်သို့ လှည့် ၍ ကယ်တင် တော်မူပါ။
3 Budi mi hrid utočišta i čvrsta utvrda spasenja: jer ti si stijena i utvrda moja.
အကျွန်ုပ် အစဉ် ရောက် ၍ နေရာ ကျသော ကျောက် ဖြစ် တော်မူပါ။ အကျွန်ုပ် ကို ကယ်တင် မည် အကြောင်း အမိန့် တော်ရှိ၍ ၊ အကျွန်ုပ် ၏ ကျောက် ၊ အကျွန်ုပ် ၏ ရဲတိုက် ဖြစ်တော်မူ၏။
4 Bože moj, istrgni me iz ruke zlotvora, iz šake silnika i tlačitelja:
အကျွန်ုပ် ၏ဘုရား သခင်၊ ဆိုး သောသူ ၏လက် မှ ၎င်း၊ မ တရားသောသူနှင့် ကြမ်းတမ်း သောသူ ၏လက် မှ ၎င်း အကျွန်ုပ် ကို ကယ်နှုတ် တော်မူပါ။
5 jer ti si, o Gospode, ufanje moje, Jahve, uzdanje od moje mladosti!
အရှင် ထာဝရဘုရား ၊ ကိုယ်တော် သည် အကျွန်ုပ် မြော်လင့် ရာဖြစ်တော်မူ၏။ အကျွန်ုပ် ငယ် သောအရွယ် မှစ၍ အကျွန်ုပ် ကိုးစား ရာ ဖြစ်တော်မူ၏။
6 Na te se oslanjam od utrobe; ti si mi zaštitnik od majčina krila: u te se svagda uzdam.
အကျွန်ုပ်သည် ဘွား ကတည်း ကပင် ကိုယ်တော် ကို မှီဝဲ ပါပြီ။ အမိ ဝမ်း တွင်းမှစ၍ ကျေးဇူးတော်ကိုခံရပါပြီ။ ကိုယ်တော် ကို အစဉ် ချီးမွမ်း ပါမည်။
7 Mnogima postadoh čudo, jer ti si mi bio silna pomoć.
အကျွန်ုပ်သည် များစွာ သောသူတို့ ၌ အံ့ဘွယ် သော အရာကဲ့ သို့ ဖြစ် သော်လည်း ၊ ကိုယ်တော် သည် အကျွန်ုပ် ၌ ခိုင်ခံ့ သော ခိုလှုံ ရာဖြစ်တော်မူ၏။
8 Usta mi bijahu puna tvoje hvale, slaviše te svaki dan!
ဂုဏ် အသရေတော်နှင့် ယှဉ်သော ထောမနာ စကားကို အကျွန်ုပ် သည် နေ့တိုင်း အစဉ်မြွက်ဆို ပါစေသော။
9 Ne zabaci me u starosti: kad mi malakšu sile, ne zapusti me!
အကျွန်ုပ် ကို အို သောအခါ ပယ် တော်မ မူပါနှင့်။ အား လျော့ သောအခါ စွန့်ပစ် တော်မ မူပါနှင့်။
10 Jer govore o meni moji dušmani, i koji me vrebaju složno se svjetuju:
၁၀ရန်သူ တို့သည် အကျွန်ုပ် တဘက် ၌ ပြော ဆိုကြပါ၏။ အကျွန်ုပ် အသက် ကို ချောင်း ကြည့်သောသူတို့ က၊
11 “Bog ga je napustio; progonite ga i uhvatite jer nema tko da ga spasi!”
၁၁ဘုရား သခင်သည် သူ့ ကို စွန့်ပစ် တော်မူ၏။ လိုက် ၍ ဘမ်း ကြကုန်အံ့။ ကယ်လွှတ် သော သူမ ရှိဟု တိုင်ပင်ပြော ဆိုကြပါ၏။
12 O Bože, ne stoj daleko od mene, Bože moj, pohitaj mi u pomoć!
၁၂အိုဘုရား သခင်၊ အကျွန်ုပ် နှင့် ဝေးဝေး နေတော်မ မူပါနှင့်။ အကျွန်ုပ် ၏ ဘုရား သခင်၊ အကျွန်ုပ် ကို မစ ခြင်းငှါ အလျင် အမြန်ပြုတော်မူပါ။
13 Neka se postide i propadnu koji traže moj život; nek' se sramotom i stidom pokriju koji mi žele nesreću!
၁၃အကျွန်ုပ် အသက် ကို ရန်ဘက် ပြုသောသူတို့ သည် အရှက်ကွဲ ၍ ဆုံးရှုံး ခြင်းသို့ ရောက်ကြပါစေသော။ အကျွန်ုပ် ၌ အပြစ် ပြုခြင်းအခွင့်ကို ရှာ သောသူတို့သည် ကဲ့ရဲ့ ခြင်း၊ အသရေ ပျက်ခြင်းနှင့် မွန်း ကြ ပါစေသော။
14 A ja ću se uvijek uzdati, iz dana u dan hvaleć' te sve više.
၁၄အကျွန်ုပ် မူကား ၊ အစဉ် မြော်လင့် ၍ ကိုယ်တော် ကို ချီးမွမ်း သမျှ ထက် သာ၍ချီးမွမ်းပါမည်။
15 Ustima ću naviještati pravednost tvoju, povazdan pomoć tvoju: jer im ne znam broja.
၁၅ဖြောင့်မတ် တော်မူခြင်းနှင့် ကယ်တင် တော်မူခြင်းကျေးဇူးကို အကျွန်ုပ်သည် နေ့တိုင်း အစဉ် ညွှန် ကြား ပါမည်။ ကျေးဇူးတော်တို့ကို ရေတွက် ၍ မ ကုန်နိုင်ပါ။
16 Kazivat ću silu Jahvinu, Gospode, slavit ću samo tvoju pravednost.
၁၆အရှင် ထာဝရဘုရား ၏ ဘုန်း တန်ခိုးတော်များကို အမှီပြု ၍ ကိုယ်တော် ၏ ဖြောင့်မတ် ခြင်းတရားကိုသာ ပြသ ပါမည်။
17 Bože, ti mi bijaše učitelj od mladosti moje, i sve do sada naviještam čudesa tvoja.
၁၇အိုဘုရား သခင်၊ ကိုယ်တော်သည် အကျွန်ုပ် ကို ငယ် သောအရွယ်မှစ၍ သွန်သင် တော်မူပါပြီ။ ယခု တိုင်အောင် အံ့ဘွယ် သော အမှုတော်တို့ကို အကျွန်ုပ်ပြ ပါပြီ။
18 Ni u starosti, kad posijedim, Bože, ne zapusti me, da kazujem mišicu tvoju naraštaju novom i svima budućima silu tvoju,
၁၈တဖန်တုံ အိုဘုရား သခင်၊ အကျွန်ုပ်အသက်ကြီး ၍ ဆံပင် ဖြူသည်ကာလတိုင်အောင် ၊ ယခုလူ များတို့အား ကိုယ်တော် ၏ အစွမ်း သတ္တိကို၎င်း၊ နောက်ဖြစ် လတံ့သော သူအပေါင်း တို့အား တန်ခိုး တော်ကို၎င်း၊ အကျွန်ုပ်မ ပြ မှီတွင်၊ အကျွန်ုပ်ကို စွန့်ပစ် တော်မ မူပါနှင့်။
19 i pravednost tvoju, Bože, koja seže do neba, kojom učini velika djela. Bože, tko je kao ti!
၁၉အိုဘုရား သခင်၊ ဖြောင့်မတ် တော်မူခြင်းတရားသည် အလွန်မြင့် ရာသို့ မှီသည်ဖြစ်၍ ၊ ကိုယ်တော်သည် ကြီးစွာ သော အမှုတို့ကို ပြု တော်မူ၏။ အိုဘုရား သခင်၊ ကိုယ်တော် နှင့်အဘယ် သူတူ ပါသနည်း။
20 Trpljenja mnoga i velika bacio si na me: ali ti ćeš me opet oživiti i opet me podići iz dubine zemlje.
၂၀ကြီးမား ကြမ်းတမ်းသော ဘေး များ ကို အကျွန်ုပ် အားပြ တော်မူပြီ။ တဖန် အသက် ကို ချမ်းသာပေး၍ ၊ မြေကြီး နက်နဲ ရာထဲက တဖန် ထမြောက် စေတော်မူမည်။
21 Povećaj dostojanstvo moje i opet me utješi:
၂၁အကျွန်ုပ် ကို စည်းစိမ် တိုးပွား စေ၍ ၊ တဖန် သက်သာ စေတော်မူမည်။
22 A ja ću uz harfu slaviti tvoju vjernost, o Bože, svirat ću ti u citaru, Sveče Izraelov!
၂၂သို့ဖြစ်၍ ၊ အကျွန်ုပ် ၏ဘုရား သခင်၊ ကိုယ်တော် နှင့် သစ္စာ တော်ကို တယော ထိုး၍ ချီးမွမ်း ပါမည်။ ဣသရေလ အမျိုး၏ သန့်ရှင်း တော်မူသောဘုရား၊ ရှေ့ တော်၌ စောင်း တီး၍ သီချင်း ဆိုပါမည်။
23 Moje će usne klicati pjevajuć' tebi i moja duša koju si spasio.
၂၃ရှေ့ တော်၌ သီချင်း ဆိုသောအခါ ၊ ရွှင်လန်း သော နှုတ် ရှိပါလိမ့်မည်။ ရွေး တော်မူသောအကျွန်ုပ် ၏ ဝိညာဉ် လည်း ရွှင်လန်းပါလိမ့်မည်။
24 I moj će jezik svagda slaviti pravdu tvoju, jer su postiđeni i posramljeni oni što traže moju nesreću.
၂၄အကျွန်ုပ် ၏လျှာ သည်လည်း ဖြောင့်မတ် တော်မူခြင်းတရားကို အစဉ် မြွက် ဆိုပါလိမ့်မည်။ အကြောင်း မူကား၊ အကျွန်ုပ် ၌ အပြစ် ပြုခြင်း အခွင့်ကို ရှာ သောသူတို့သည် မျက်နှာ ပျက်၍ အရှက် ကွဲခြင်းသို့ ရောက်ကြပါ၏။

< Psalmi 71 >