< Mudre Izreke 7 >

1 Čuvaj, sine, riječi moje i pohrani moje zapovijedi kod sebe.
ငါ့သား၊ ငါ့စကားကို စေ့စေ့နားထောင်၍၊ ငါ့ပညတ်တို့ကို သင်၌ သိုထားလော့။
2 Čuvaj moje zapovijedi, i bit ćeš živ, i nauk moj kao zjenicu oka svoga.
ငါ့ပညတ်တို့ကို စောင့်ရှောက်၍ အသက်ရှင် လော့။ ငါပေးသောတရားကို ကိုယ်မျက်ဆန်ကဲ့သို့ စောင့်လော့။
3 Priveži ih sebi na prste, upiši ih na ploči srca svoga;
သင်၏လက်ချောင်းတို့၌ ချည်ထား၍၊ သင်၏ နှလုံးအင်းစာရင်း၌ ရေးမှတ်လော့။
4 reci mudrosti: “Moja si sestra” i razboritost nazovi “sestričnom”,
ပညာကိုကိုယ်နှမဟူ၍၎င်း၊ ဥာဏ်ကို ကိုယ် ပေါက်ဘော်ဟူ၍၎င်း ခေါ်လော့။
5 da te čuva od žene preljubnice, od tuđinke koja laskavo govori.
သို့ပြုလျှင်သူတို့သည် အမျိုးပျက်သောမိန်းမ၊ နှုတ်နှင့် ချော့မော့တတ်သော ပြည်တန်ဆာမိန်းမလက်မှ သင့်ကို ကယ်တင်ကြလိမ့်မည်။
6 Kad bijah jednom na prozoru svoje kuće i gledah van kroz rešetku,
ငါ့အိမ်ပြတင်းရွက်ကြားမှ ငါကြည့်၍မြင်ရသော အမှုဟူမူကား၊
7 vidjeh među lakovjernima, opazih među momcima nerazumna mladića:
ဥာဏ်တိမ်သော အမျိုးသားချင်းစုကို ငါကြည့်ရှုစဉ်တွင်၊ ဥာဏ်မရှိသော လူပျိုတယောက်သည်၊
8 prolazio je ulicom kraj njezina ugla i koracao putem k njezinoj kući
ထိုသို့သော မိန်းမနေရာလမ်းထောင့် အနားသို့ ရှောက်သွားသဖြင့်၊
9 u sumraku između dana i večeri kad se hvata noćna tmina;
မိုဃ်းချုပ်၍ ညဦးအချိန်၊ ညဉ့်နက်သော အချိန် ရောက်သောအခါ၊ ထိုမိန်းမနေရာ လမ်းသို့ လိုက်လေ၏။
10 i gle, susrete ga žena, bludno odjevena i s prijevarom u srcu.
၁၀ပြည်တန်ဆာ အဝတ်ကိုဝတ်၍၊ ဆန်းပြားသော မိန်းမသည် ထိုသူကို ကြိုဆို၏။
11 Jogunasta bijaše i razuzdana, noge joj se nisu mogle u kući zadržati;
၁၁ထိုမိန်းမသည် ကျယ်သောအသံနှင့် ခိုင်မာသော စိတ်သဘောရှိ၏။ ကိုယ်အိမ်၌မနေ၊ လည်တတ်၏။
12 bila je čas na ulici, čas na trgovima i vrebala kod svakog ugla;
၁၂ခဏအိမ်ပြင်၊ ခဏလမ်းထဲမှာနေလျက်၊ လမ်း ထောင့်အရပ်ရပ်၌ ချောင်းမြောင်း၍ကြည့်တတ်၏။
13 i uhvati ga i poljubi i reče mu bezobrazna lica:
၁၃ထိုလူပျိုကိုတွေ့သောအခါ၊ ရဲသောမျက်နှာနှင့် ဘမ်းဘက်နမ်းရှုပ်လျက်၊
14 “Bila sam dužna žrtvu pričesnicu, i danas izvrših svoj zavjet;
၁၄ငါ၌ မိဿဟာယပူဇော်သက္ကာရှိ၏။ ယနေ့ ငါ့ဂတိဝတ်ကို ငါဖြေပြီ။
15 zato sam ti izašla u susret, da te tražim, i nađoh te.
၁၅ထိုကြောင့်သင့်ကို ကြိုဆိုအံ့သောငှါ ငါထွက် လာပြီ။ သင့်မျက်နှာကို ကြိုးစားရှာ၍တွေ့ပြီ။
16 Svoju sam postelju nastrla sagovima, vezenim pokrivačima misirskim;
၁၆ငါ့ခုတင်ကိုချယ်လှယ်သော အိပ်ရာခင်းနှင့်၎င်း၊ အဲဂုတ္တုပိတ်ချောနှင့်၎င်း ပြင်ဆင်ပြီ။
17 svoj sam krevet namirisala smirnom, alojem i cimetom.
၁၇ငါ့မွေ့ရာကို မုရန်၊ အကျော်၊ သစ်ကြံပိုးနှင့်ထုံပြီ။
18 Hajde da se opijamo nasladom do jutra i da se radujemo užicima ljubavi.
၁၈လာပါ၊ မိုဃ်းလင်းသည်တိုင်အောင် ကာမရာဂ စိတ်ကို ဖြေကြကုန်အံ့။ မေထုန်ပြု၍ မွေ့လျော်ကြကုန်အံ့။
19 Jer muža mi nema kod kuće: otišao je na dalek put;
၁၉ငါ့အရှင်သည် အိမ်မှာမရှိ။ ငွေအိတ်ကို ဆောင် လျက်ဝေးသော အရပ်သို့သွားပြီ။
20 uzeo je sa sobom novčani tobolac; a vratit će se kući tek o uštapu.”
၂၀ပွဲနေ့ရောက်မှသာ ပြန်လာလိမ့်မည်ဟု၊
21 Tako ga zavede svojim vičnim nagovorom, odvuče ga svojim glatkim usnama.
၂၁ချစ်ဘွယ်သော စကားနှင့် ထိုသူကို သွေးဆောင် ၍ ချော့မော့တတ်သောနှုတ်ခမ်းနှင့်နိုင်သဖြင့်၊
22 I ludo on pođe za njom, kao što vol ide na klaonicu i kao što jelen zapleten u mrežu čeka
၂၂နွားသည်အသေခံရာသို့ လိုက်သကဲ့သို့၎င်း၊ သမင်ဒရယ်သည် မိမိအသည်း၌ မြှားမထိုးမှီတိုင်အောင်၊ ဘမ်းမိရာထဲသို့ ဝင်သကဲ့သို့၎င်း၊
23 dok mu strijela ne probije jetra, i kao ptica što ulijeće u zamku, i ne znajući da će ga to života stajati.
၂၃ငှက်သည် မိမိအသက်ဆုံးစေခြင်းငှါ ထောင် မှန်းကိုမရိပ်မိဘဲ၊ ကျော့ကွင်းထဲသို့ အလျင်အမြန် ဝင်သကဲ့သို့၎င်း၊ လူပျိုသည် ထိုမိန်းမနောက်သို့ ချက်ခြင်း လိုက်သွားတတ်၏။
24 Zato me, sine moj, poslušaj i čuj riječi mojih usta.
၂၄သို့ဖြစ်၍ ငါ့သားတို့၊ ငါ့စကားကိုနားထောင်၍ ငါဟောပြောချက်တို့ကို မှတ်ကျုံးကြလော့။
25 Nek' ti srce ne zastranjuje na njezine putove i ne lutaj po njezinim stazama.
၂၅ထိုသို့သော မိန်းမနေရာလမ်းကို စိတ်မငဲ့ကွက် နှင့်။ သူကျင်လည်သော လမ်းခရီးသို့ လွှဲ၍မလိုက်နှင့်။
26 Jer je mnoge smrtno ranila i oborila, i mnogo je onih što ih je pobila.
၂၆အကြောင်းမူကား၊ သူသည်စစ်သူရဲအများတို့ကို လှဲလေပြီ။ ခွန်အားကြီးသော သူအများတို့ကို သတ်လေပြီ။
27 U Podzemlje vode putovi kroz njenu kuću, dolje u odaje smrti. (Sheol h7585)
၂၇သူ၏အိမ်သည် သေမင်း၏ဘုံဗိမာန်သို့ဆင်း၍၊ မရဏနိုင်ငံသို့ ရောက်သောလမ်းဖြစ်၏။ (Sheol h7585)

< Mudre Izreke 7 >