< Mudre Izreke 23 >

1 Kad sjedneš blagovati s moćnikom. dobro pazi što je pred tobom;
မင်းနှင့်အတူထိုင်၍ စားသောက်သောအခါ သင့်ရှေ့မှာ အဘယ်သူရှိသည်ကို စေ့စေ့ဆင်ခြင်လော့။
2 stavljaš nož sebi pod grlo ako si proždrljivac;
သင်သည် စားကြူးတတ်သောသူဖြစ်လျှင်၊ သင်၏လည်ချောင်းကို ထားနှင့်ရွယ်လော့။
3 ne poželi slastica njegovih jer su jelo prijevarno.
ထိုမင်း၏ခဲဘွယ်စားဘွယ်တို့ကို အလိုမရှိနှင့်။ လှည့်စားတတ်သောအစာဖြစ်၏။
4 Ne trudi se stjecati bogatstvo; okani se takve misli;
ငွေရတတ် ခြင်းငှါ မကြိုးစားနှင့်။ ကိုယ်ဥာဏ်ကို အမှီမပြုနှင့်။
5 usmjeriš li oči prema njemu, njega već nema jer načini sebi krila kao orao i odleti u nebo.
ပျောက်တတ်သောအရာကို စေ့စေ့မျက်မှောက် ပြုသင့်သလော။ အကယ်စင်စစ် ရွှေလင်းတသည် မိုဃ်းကောင်းကင်သို့ ပျံတတ်သကဲ့သို့၊ ထိုအရာသည် အတောင်တို့ကို လုပ်၍ပျံသွားတတ်၏။
6 Ne jedi jela zavidnikova, ne čezni za slasticama njegovim,
မနာလိုသောသူ၏ အစာကိုမစားနှင့်။ သူ၏ ခဲဘွယ်စားဘွယ်ကို အလိုမရှိနှင့်။
7 jer on je onakav kako u sebi misli: “Jedi i pij”, veli ti, ali mu srce nije s tobom.
သူသည် စိတ်ထင်သည်အတိုင်းဖြစ်၏။ စား သောက်တော့ဟု ဆိုသော်လည်း စေတနာစိတ်မရှိ။
8 Zalogaj koji si pojeo izbljuvat ćeš, uzalud ćeš prosut' svoje ljupke riječi.
သင်သည် စားသောအစာကို တဖန်အန်ရ လိမ့်မည်။ သင်ချိုသော စကားလည်းယိုယွင်းလိမ့်မည်။
9 Pred bezumnikom nemoj govoriti jer prezire tvoje umne riječi.
မိုက်သောသူကြားအောင် စကားမပြောနှင့်။ သင်၏စကား၌ ပါသောပညာကို မထီမဲ့မြင်ပြုလိမ့်မည်။
10 Ne pomiči prastare međe i ne prodiri u polje siročadi,
၁၀အရိပ်စိုက်သော မြေမှတ်တိုင်ကိုမရွှေ့နှင့်။ မိဘမရှိသော သူတို့၏ လယ်ကိုမသိမ်းနှင့်။
11 jer je moćan njihov osvetnik: branit će njihovo pravo protiv tebe.
၁၁အကြောင်းမူကား၊ ထိုသူတို့ကို ရွေးတော်မူသော သူသည် တန်ခိုးကြီး၍၊ သင့်တဘက်၌ သူတို့အမှုကို စောင့်တော်မူလိမ့်မည်။
12 Obrati pouci srce svoje i uho svoje riječima mudrim.
၁၂ဆုံးမဩဝါဒ၌ စိတ်နှလုံးစွဲလမ်း၍၊ ပညာ အတတ် စကားကို နာခံလော့။
13 Ne uskraćuj djetetu opomene, jer, udariš li ga šibom, neće umrijeti:
၁၃သူငယ်ကို မဆုံးမဘဲမနေနှင့်။ ကြိမ်လုံးနှင့်ရိုက် သော်လည်း သူသည် မသေ။
14 biješ ga šibom, ali mu dušu iz Podzemlja izbavljaš. (Sheol h7585)
၁၄ကြိမ်လုံးနှင့်ရိုက်၍ သူ၏အသက်ဝိညာဉ်ကို မရဏနိုင်ငံမှ ကယ်နှုတ်ရမည်။ (Sheol h7585)
15 Sine moj, kad ti je mudro srce, i ja se od srca veselim;
၁၅ငါ့သား၊ သင့်နှလုံး၌ပညာရှိလျှင် ငါ့နှလုံးနှင့် ငါ့ကိုယ်တိုင်သည် ဝမ်းမြောက်လိမ့်မည်။
16 i kliče sva nutrina moja kad ti usne govore što je pravo.
၁၆သင့်နှုတ်သည် မှန်သောစကားကို ပြောသော အခါ၊ ငါ့ကျောက်ကပ်ရွှင်လန်းလိမ့်မည်။
17 Neka ti srce ne zavidi grešnicima, nego neka ti uvijek bude u strahu Gospodnjem,
၁၇အပြစ်ထင်ရှားသော သူတို့ကို ငြူစူသော စိတ်မရှိစေနှင့်။ တနေ့လုံးထာဝရဘုရားကို ကြောက်ရွံ့ သောသဘော ရှိစေလော့။
18 jer imat ćeš budućnost i tvoja nada neće propasti.
၁၈အကယ်စင်စစ် အမှုဆုံးဖြတ်ချိန်သည် ရောက် လိမ့်မည်။ သင့်မြော်လင့်ခြင်းအကြောင်း မပျက်ရာ။
19 Slušaj, sine moj, i mudar budi i ravnim putem vodi srce svoje.
၁၉ငါ့သား၊ ငါ့စကားကို နားထောင်၍ ပညာရှိသ ဖြင့်၊ ကိုယ်စိတ်နှလုံးကို လမ်းမ၌ပဲ့ပြင်လော့။
20 Ne druži se s vinopijama ni sa žderačima mesa,
၂၀စပျစ်ရည်သောက်ကြူးသောသူ၊ အမဲသားစား ကြူးသော သူတို့ကို အပေါင်းအဘော်မလုပ်နှင့်။
21 jer pijanica i izjelica osiromaše i pospanac se oblači u krpe.
၂၁သောက်ကြူးသောသူနှင့် စားကြူးသောသူသည် ဆင်းရဲခြင်းသို့ ရောက်လိမ့်မည်။ အိပ်ကြူးသော သဘော သည် လူကိုအဝတ်စုတ်နှင့် ခြုံတတ်၏။
22 Slušaj svoga oca, svoga roditelja, i ne prezri majku kad ostari.
၂၂သင့်ကိုဖြစ်ဘွားစေသောအဘ၏ စကားကို နားထောင်လော့။ အသက်ကြီးသော အမိကို မထီမဲ့မြင် မပြုနှင့်။
23 Pribavi istinu i ne prodaji je, steci mudrost, pouku i razbor.
၂၃သမ္မာတရားကို ဝယ်လော့။ မရောင်းနှင့်။ ပညာ ကို၎င်း၊ ဆုံးမဩဝါဒကို၎င်း၊ ဥာဏ်သတ္တိကို၎င်း ထိုအတူ ပြုလော့။
24 Radovat će se otac pravednikov, i roditelj će se mudroga veseliti.
၂၄ဖြောင့်မတ်သောသူ၏အဘသည် အလွန်ဝမ်း မြောက်လိမ့်မည်။ ပညာရှိသော သားကို ဖြစ်ဘွားစေသော သူသည် ထိုသား၌ အားရဝမ်းမြောက်လိမ့်မည်။
25 Neka se veseli otac tvoj i majka tvoja, i neka se raduje roditeljka tvoja.
၂၅သင်၏မိဘတို့သည်ဝမ်းမြောက်၍၊ သင့်ကို မွေးဘွားသောသူသည် ရွှင်လန်းလိမ့်မည်။
26 Daj mi, sine moj, srce svoje, i neka oči tvoje raduju putovi moji.
၂၆ငါ့သား၊ သင့်နှလုံးကို ငါ့အားပေးလော့။ သင့် မျက်စိတို့သည် ငါသွားသောလမ်းကို ကြည့်မှတ်ပါစေ။
27 Jer bludnica je jama duboka i tuđinka tijesan zdenac.
၂၇ပြည်တန်ဆာမသည် နက်သောကျုံးကဲ့သို့၎င်း၊ အမျိုးပျက်သော မိန်းမသည် ကျဉ်းသော မြေတွင်းကဲ့သို့ ၎င်း ဖြစ်၏။
28 Ona i vreba u zasjedi kao lupež i uvećava broj bezbožnika među ljudima.
၂၈သူသည် ထားပြကဲ့သို့ ချောင်းကြည့်တတ်၏။ လွန်ကျူးသော ယောက်ျားများပြားစေခြင်းငှါ ပြုတတ်၏။
29 Komu: ah? komu: jao? komu: svađe? komu: uzdasi? komu: rane nizašto? komu: zamućene oči?
၂၉အဘယ်သူသည် ဝမ်းနည်းခြင်းရှိသနည်း။ အဘယ်သူသည် ညည်းတွားခြင်းရှိသနည်း။ အဘယ် သူသည် ရန်တွေ့ခြင်းရှိသနည်း။ အဘယ်သည် မြည် တမ်းခြင်းရှိသနည်း။ အဘယ်သူသည် အကျိုးအကြောင်း မရှိ၊ ထိခိုက်၍ နာခြင်းရှိသနည်း။ အဘယ်သူသည် မျက်စိနီခြင်းရှိသနည်း ဟူမူကား၊
30 Onima što kasno sjede kod vina, koji su došli kušati vino začinjeno.
၃၀စပျစ်ရည်ကို ကြာမြင့်စွာ သောက်လျက်နေ သောသူ၊ ဆေးနှင့်ရောသော စပျစ်ရည်ကို ရှာတတ်သော သူတို့သည် ထိုသို့သော လက္ခဏာရှိကြ၏။
31 Ne gledaj na vino kad rujno iskri, kad se u čaši svjetlucavo prelijeva: pije se tako glatko,
၃၁ဖလား၌နီလျက်၊ အရောင်တောက်လျက်၊ အချိုအမြိန်ဝင်လျက်ရှိသော စပျစ်ရည်ကို မကြည့်မရှုနှင့်။
32 a na kraju ujeda kao zmija i žaca kao guja ljutica.
၃၂နောက်ဆုံး၌ မြွေကဲ့သို့ကိုက်တတ်၏။ မြွေဆိုး ကဲ့သို့ နာစေတတ်၏။
33 Oči će ti gledati tlapnje i srce govoriti ludosti.
၃၃သင့်မျက်စိတို့သည် အမျိုးပျက်သောမိန်းမတို့ကို ကြည့်ရှု၍၊ သင့်နှလုံးသည်လည်း ကောက်သော စကားကို မြွက်ဆိုလိမ့်မည်။
34 I bit će ti kao da ležiš na pučini morskoj ili kao da ležiš navrh jarbola.
၃၄အကယ်စင်စစ် သင်သည် ပင်လယ်အလယ်၌ အိပ်သောသူ၊ သင်္ဘောရွက်တိုင်ဖျားပေါ်မှာ အိပ်သော သူကဲ့သို့ ဖြစ်လိမ့်မည်။
35 “Izbiše me, ali me ne zabolje; istukoše me, ali ne osjetih; kad se otrijeznim, još ću tražiti.”
၃၅သူတို့သည် ငါ့ကိုရိုက်ကြပြီ။ သို့သော်လည်း ငါမနာ။ ငါ့ကိုထိုးကြသော်လည်း ငါမသိ။ အဘယ်အချိန် မှ ငါနိုးရမည်နည်း။ တဖန်ငါရှာ ဦးမည်ဟု သင်ဆိုလိမ့် သတည်း။

< Mudre Izreke 23 >