< Levitski zakonik 19 >

1 Jahve reče Mojsiju:
တဖန် မောရှေ အား ထာဝရဘုရား က၊
2 “Govori svoj zajednici Izraelaca i reci im: 'Sveti budite! Jer sam svet ja, Jahve, Bog vaš!
သင်သည် ဣသရေလ အမျိုးသား ပရိသတ် အပေါင်း တို့အား ဆင့်ဆို ရမည်မှာ ၊ သင် တို့၏ ဘုရား သခင်ငါ ထာဝရဘုရား သည် သန့်ရှင်း သောကြောင့် ၊ သင်တို့လည်း သန့်ရှင်း ခြင်းရှိ ကြလော့။
3 Svoje se majke i svoga oca svaki bojte! Subote moje držite! Ja sam Jahve, Bog vaš!
လူတိုင်း ကိုယ် မိဘ ကို ရိုသေ ရမည်။ ငါ့ ဥပုသ် နေ့တို့ကိုလည်း စောင့် ရမည်။ ငါ သည် သင် တို့၏ ဘုရား သခင်ထာဝရဘုရား ဖြစ်၏။
4 Ne obraćajte se na ništavila! Ne pravite sebi lijevanih kumira! Ja sam Jahve, Bog vaš!
ရုပ်တု ဆင်းတုကိုလည်း မ ချဉ်း မကပ်ရ။ ကိုယ် အဘို့ သွန်း သော ဘုရား တို့ကို မ လုပ် ရ။ ငါ သည် သင် တို့၏ ဘုရား သခင်ထာဝရဘုရား ဖြစ်၏။
5 Kad prinosite Jahvi žrtvu pričesnicu, prinesite je tako da budete primljeni.
မိဿဟာယ ယဇ်ကို ထာဝရဘုရား အား ပူဇော် လျှင် ၊ စိတ် တော်နှင့်တွေ့အောင် ပူဇော် ရမည်။
6 Neka se pojede na dan kad je prinosite ili sutradan. Što preostane za prekosutra neka se spali na vatri.
ပူဇော် သောနေ့ နှင့် နက်ဖြန် နေ့၌ စား ရမည်။ သန်ဘက် နေ့ တိုင်အောင် ကျန် ကြွင်းလျှင် မီး ရှို့ ရမည်။
7 Kad bi se jelo od toga jela treći dan, bilo bi odvratno i žrtva ne bi bila primljena.
သန်ဘက် နေ့ ၌ အနည်းငယ်ကိုမျှစား လျှင် ရွံရှာ ဘွယ်ဖြစ်၏။ စိတ် တော်နှင့်မ တွေ့။
8 A onaj koji je ipak jede neka snosi posljedice svoje krivnje. Budući da je oskvrnuo ono što je Jahvi posvećeno, neka se takav odstrani iz svoga naroda.
စား သောသူသည် ထာဝရဘုရား ၏ သန့်ရှင်း သောအရာကို ရှုတ်ချ သောကြောင့် မိမိ အပြစ် ကိုခံရ မည်။ ထို သူ ကို သူ ၏အမျိုး မှ ပယ်ရှင်း ရမည်။
9 Kad žetvu žanjete po svojoj zemlji, ne žanjite dokraja svoje njive; niti pabirčite ostatke poslije svoje žetve.
ကိုယ် မြေ ၌ဖြစ်သော စပါးကိုရိတ် သောအခါ ၊ လယ် ထောင့် တို့ကို အကုန် အစင်မ ရိတ် ရ။ သိမ်းရာတွင် ကျန်ကြွင်းသော အရာကို ပြန်၍ မကောက်မသိမ်းရ။
10 Ne paljetkuj svoga vinograda; ne kupi po svom vinogradu palih boba nego ih ostavljaj sirotinji i strancu! Ja sam Jahve, Bog vaš.
၁၀ကိုယ် စပျစ်သီး ကိုလည်း အကုန်အစင်မ သိမ်း ရ။ ကျန်ကြွင်းသော အသီးကို ပြန်၍ မ ဆွတ် ရ။ ထိုအသီးကို ဆင်းရဲ သောသူ ဧည့်သည် အာဂန္တုအဘို့ ချန်ခြွင်းရမည်။ ငါ သည် သင် တို့၏ ဘုရား သခင်ထာဝရဘုရား ဖြစ်၏။
11 Nemojte krasti; nemojte lagati i varati svoga bližnjega.
၁၁သူ့ဥစ္စာကို မ ခိုး ရ။ သူတပါး ကို မ လှည့်စား ရ။ တယောက်ကိုတယောက်မုသာ စကားမ ပြောရ။
12 Nemojte se krivo kleti mojim imenom i tako oskvrnjivati ime svoga Boga. Ja sam Jahve!
၁၂ငါ့ နာမ ကို တိုင်တည်၍ မ ဟုတ်မမှန်ဘဲ ကျိန်ဆို ခြင်းကို မ ပြုရ။ သင် ၏ ဘုရား သခင်နာမ ကို မရှုတ် မချရ။ ငါ သည် ထာဝရဘုရား ဖြစ်၏။
13 Ne iskorišćuj svoga bližnjega niti ga pljačkaj! Radnikova zarada neka ne ostane pri tebi do jutra.
၁၃ကိုယ် နှင့်စပ်ဆိုင်သောသူ ၏ဥစ္စာကို မ တရားသဖြင့် မ သိမ်းရ။ အနိုင် အထက်ပြု၍ မ ယူရ။ သူငှါး ခံ ထိုက်သော အခ ကို တညဉ့်လုံးနံနက် တိုင်အောင် မ ထား ရ။
14 Nemoj psovati gluhoga niti pred slijepca stavljaj zapreku. Svoga se Boga boj! Ja sam Jahve!
၁၄နားပင်း သောသူကို မ ကျိန်ဆဲ ရ။ မျက်စိ မမြင်သောသူရှေ့ မှာ ထိမိ ၍ လဲစရာကို မ ထား ရ။ သင် ၏ ဘုရား သခင်ကို ကြောက်ရွံ့ ရမည်။ ငါ သည် ထာဝရဘုရား ဖြစ်၏။
15 Ne počinjajte nepravde u osudama! Ne budi pristran prema neznatnome, niti popuštaj pred velikima; po pravdi sudi svome bližnjemu!
၁၅တရား တွေ့သည်အမှုမှာ မ တရားသဖြင့် မ စီရင် ရ။ ဆင်းရဲ သောသူဘက် ၌ မ ငဲ့ကွက် ၊ ကြီး သောသူ၏ မျက်နှာ ကို မ ထောက် ဘဲ၊ ကိုယ်အမျိုးသားချင်းကို တရား သဖြင့် စီရင် ရမည်။
16 Ne raznosi klevete među svojim narodom; ne izvrgavaj pogibli krv svoga bližnjega. Ja sam Jahve!
၁၆သူ့အသရေ ပျက်သော သိတင်းကို ကြားပြောခြင်းငှါ၊ ကိုယ် အမျိုးသား ချင်းတို့တွင် မ လှည့်လည် ရ။ ကိုယ် နှင့်စပ်ဆိုင်သောသူကို သေစေခြင်းငှါ မကြံစည်ရ။ ငါ သည် ထာဝရဘုရား ဖြစ်၏။
17 Ne mrzi svoga brata u svom srcu! Dužnost ti je koriti svoga sunarodnjaka. Tako nećeš pasti u grijeh zbog njega.
၁၇သင် ၏ ညီအစ်ကို ကို စိတ်အခုအခံမရှိရ။ ကိုယ် နှင့် စပ်ဆိုင်သောသူ ၌ရှိသောအပြစ် ကို တတ်တိုင်း မရှိစေဘဲ၊ သူ့ကို အမှန်ဆုံးမ ရမည်။
18 Ne osvećuj se! Ne gaji srdžbe prema sinovima svoga naroda. Ljubi bližnjega svoga kao samoga sebe. Ja sam Jahve!
၁၈သင့် အမျိုးသား ချင်းသည် သင့်ကို ပြစ်မှားလျှင်၊ ကိုယ်တိုင်အပြစ်ပြန်၍ မ တုံ့ ရ။ အငြိုး မ ထားရ။ ကိုယ် နှင့်စပ်ဆိုင်သောသူကို ကိုယ် နှင့် အမျှ ချစ် ရမည်။ ငါ သည် ထာဝရဘုရား ဖြစ်၏။
19 Držite moje zapovijedi! Ne daj svome blagu da se pari s drugom vrstom. Svoga polja ne zasijavaj dvjema vrstama sjemena. Ne stavljaj na se odjeće od dvije vrste tkanine.
၁၉ငါ ၏ ပညတ် တရားကို သင်တို့သည် စောင့် ရကြမည်။ အမျိုး ခြားသော တိရစ္ဆာန် အထီးအမတို့ကို မ ရှက် မတင်စေရ။ ခြားနား သော မျိုးစေ့ကို ရောနှော၍ လယ် ၌ မ ကြဲ ရ။ ဝါ နှင့်သိုးမွေးရော၍ ရက်သောအဝတ် ကို မ ဝတ် ရ။
20 Ako bi tko legao s ropkinjom koja je zaručena za drugoga, a ona ne bude ni otkupljena ni oslobođena, treba ga kazniti, ali ne smrću, jer ona nije slobodna.
၂၀ထိမ်းမြား ဆောင်နှင်းလျက်၊ မ ရွေး မ လွှတ် သေးသော ကျွန် မိန်းမ နှင့် သင့် နေသောသူသည် ရိုက်နှက် ခြင်းကိုခံရ မည်။ ထိုမိန်းမသည် သူ့ကျွန်ဖြစ်သောကြောင့်သေ ပြစ်နှင့် လွတ် ရမည်။
21 Neka on na ulazu u Šator sastanka prinese Jahvi žrtvu naknadnicu, to jest jednoga ovna kao žrtvu naknadnicu.
၂၁ယောက်ျားသည်လည်း၊ ဒုစရိုက် ဖြေရာယဇ်ဘို့ သိုး ထီးတကောင်ကို ပရိသတ်စည်းဝေး ရာ တဲ တော် တံခါး နား ထာဝရဘုရား ထံ တော်သို့ ဆောင် ခဲ့ရမည်။
22 Neka svećenik tim ovnom žrtve naknadnice izvrši nad tim čovjekom obred pomirenja pred Jahvom za počinjeni grijeh. I grijeh koji je počinio bit će mu oprošten.
၂၂ထိုယောက်ျားပြု မိသော အပြစ် ကို ဖြေခြင်းငှါ၊ ဒုစရိုက် ဖြေရာယဇ် သိုး ကို၊ ယဇ် ပုရောဟိတ်သည် ထာဝရဘုရား ရှေ့ မှာ ပူဇော်ရမည်။ ထိုယောက်ျားသည် အပြစ် လွတ်ခြင်းသို့ ရောက်လိမ့်မည်။
23 Kad uđete u zemlju i zasadite bilo kakvu voćku, smatrajte njezine plodove za neobrezane. Tri godine neka vam budu neobrezani: neka se ne jedu.
၂၃သင်တို့သည် ငါပေးသောပြည် သို့ ရောက် ၍ ၊ စားအပ်သော အပင် အမျိုးမျိုး ကို စိုက် ပြီးမှ ၊ သုံး နှစ် ပတ်လုံး သီးသော အသီး ကို၊ အရေဖျား လှီးခြင်းကို မခံသော အသီးဟူ၍မှတ်ရမည်။ ထိုအသီးကို မ စား ရ။
24 Četvrte godine neka se svi njezini plodovi posvete na svetkovinu zahvale Jahvi.
၂၄စတုတ္ထ နှစ် တွင် သီးသောအသီး ရှိသမျှ သည် သန့်ရှင်း ၍ ၊ ထာဝရ ဘုရား၏ ကျေးဇူး တော်ကို ချီးမွမ်းဘို့ရာဖြစ် ရမည်။
25 Istom pete godine jedite njezin plod i ubirite sebi njezin urod. Ja sam Jahve, Bog vaš!
၂၅ပဉ္စမ နှစ် တွင် သီးသောအသီး ကို စား ရမည်။ ထိုသို့ပြုလျှင် အပင်တို့သည် သာ၍ သီးကြလိမ့်မည်။ ငါ သည် သင် တို့၏ဘုရား သခင်ထာဝရဘုရား ဖြစ်၏။
26 Ništa s krvlju nemojte jesti! Ne gatajte! Ne čarajte!
၂၆အသွေး ပါသောအသေကောင်ကို မ စား ရ။ မကောင်းသော အတတ်ကို မပြုစုရ။ ကာလဗေဒင်ကို မကြည့်ရ။
27 Ne zaokružujte kose na svojim sljepoočnicama; ne šišajte okrajka svoje brade.
၂၇ဦးခေါင်း အနား ပတ်လည်၌ ဆံပင်ကိုဝန်း၍ မ ရိတ် ရ။ ပါးမုန်း ကိုလည်း မ ရိတ် ရ။
28 Ne urezujte zareza na svome tijelu za pokojnika; niti na sebi usijecajte kakvih biljega. Ja sam Jahve!
၂၈သေ သောသူအတွက် ကိုယ် အသား ကို မ ခုတ် မရှရ။ သံပူ မ ထိုး ရ။ ငါ သည် ထာဝရဘုရား ဖြစ်၏။
29 Ne obeščašćuj svoje kćeri dajući je za javnu bludnicu. Tako se zemlja neće podati bludnosti niti će se napuniti pokvarenošću.
၂၉ကိုယ် သမီး ကို ပြည်တန်ဆာ ဖြစ်စေခြင်းငှါ မ ရှုတ် မချရ။ သို့ပြုလျှင် တပြည်လုံး သည် မ တရားသောမေထုန် သို့လိုက်၍ အဓမ္မ အမှုနှင့် ပြည့် လိမ့်မည်။
30 Držite moje subote; štujte moje Svetište. Ja sam Jahve!
၃၀ငါ့ ဥပုသ် နေ့တို့ကို စောင့် ၍ ၊ ငါ့ သန့်ရှင်း ရာဌာနတော်ကို ရိုသေ ရမည်။ ငါ သည် ထာဝရဘုရား ဖြစ်၏။
31 Ne obraćajte se na zazivače duhova i vračare; ne pitajte ih za savjet. Oni bi vas opoganili. Ja sam Jahve, Bog vaš!
၃၁ကိုယ်ကိုကိုယ်ညစ်ညူး စေခြင်းငှါ ၊ နတ်ဝင် သူကို မ မှီဝဲ ရ။ စုန်း လုပ်သူကိုလည်း မ ရှာဖွေ ရ။ ငါ သည် သင် တို့၏ ဘုရား သခင်ထာဝရဘုရား ဖြစ်၏။
32 Ustani pred sijedom glavom; poštuj lice starca; boj se svoga Boga. Ja sam Jahve!
၃၂ဆံပင် ဖြူသောသူရှေ့ မှာ ထ ရမည်။ အသက် ကြီးသောသူ၏ မျက်နှာ ကို ရိုသေ ရမည်။ သင် ၏ ဘုရား သခင်ကို ကြောက်ရွံ ရမည်။ ငါ သည် ထာဝရဘုရား ဖြစ်၏။
33 Ako se stranac nastani u vašoj zemlji, nemojte ga ugnjetavati.
၃၃သင် ၏ ပြည် ၌ တည်း နေသောဧည့်သည် ကို မ ညှဉ်းဆဲ ရ။
34 Stranac koji s vama boravi neka vam bude kao sunarodnjak; ljubi ga kao sebe samoga. TÓa i vi ste bili stranci u egipatskoj zemlji. Ja sam Jahve, Bog vaš.
၃၄သင် နှင့်အတူ နေ သောဧည့်သည် ကို ကိုယ် အမျိုးသား ချင်းကဲ့သို့ မှတ် ရမည်။ ကိုယ် နှင့် အမျှ ချစ် ရမည်။ သင်တို့သည် အဲဂုတ္တု ပြည် ၌ ဧည့်သည် ဖြစ် ကြဘူးပြီ။ ငါ သည် သင် တို့၏ ဘုရား သခင်ထာဝရဘုရား ဖြစ်၏။
35 Ne počinjajte nepravde u osudama, u mjerama za duljinu, težinu i obujam.
၃၅တိုင်းထွာ သောအမှု၊ ချိန်တွယ် သောအမှု၊ ခြင်တွက် သောအမှု၌ မ တရားစွာ မ ပြု ရ။
36 Neka su vam mjerila točna; utezi jednaki; efa prava; prav hin. Ja sam Jahve, Bog vaš, koji sam vas izveo iz zemlje egipatske.
၃၆မှန် သောချိန်ခွင် ၊ မှန် သောအလေး ၊ မှန် သောဧဖာ ၊ မှန် သောဟိန် တို့ကို သုံး ရမည်။ ငါသည်သင် တို့ကို အဲဂုတ္တု ပြည် မှ နှုတ်ဆောင် သော သင် တို့၏ ဘုရား သခင်ထာဝရဘုရား ဖြစ်၏။
37 Držite sve moje zakone i sve moje naredbe; vršite ih. Ja sam Jahve!'”
၃၇သင်တို့သည် ငါ့ စီရင် ထုံးဖွဲ့ချက် အလုံးစုံ တို့ကို စောင့်ရှောက် ရကြမည်။ ငါ သည် ထာဝရဘုရား ဖြစ်သည်ဟု မိန့် တော်မူ၏။

< Levitski zakonik 19 >