< Jošua 10 >

1 A kad ču jeruzalemski kralj Adoni-Sedek da je Jošua zauzeo Aj i da ga je izručio “heremu”, kletom uništenju, kao što je učinio s Jerihonom i njegovim kraljem, i da su stanovnici Gibeona učinili mir s Izraelom i uključili se među njih,
ယေရိခေါ မြို့နှင့် မင်းကြီး ကို ပြု သကဲ့သို့ ၊ အာဣ မြို့နှင့် မင်းကြီး ကို တိုက် ယူ၍ ရှင်းရှင်းဖျက်ဆီး ကြောင်းကို ၎င်း၊ ဂိဗောင် မြို့သားတို့သည် ဣသရေလ အမျိုးသားတို့နှင့် မိဿဟာယ ဖွဲ့၍ အတူနေ ကြောင်းကို၎င်း၊ ယေရုရှလင် မင်းကြီး အဒေါနိဇေဒက် သည် ကြား သောအခါ၊
2 vrlo se uplaši, jer je Gibeon bio značajan kao kakav kraljevski grad, veći od Aja, a svi žitelji njegovi bijahu ratnici.
ဂိဗောင် မြို့သည် မြို့တော် ကဲ့သို့ ကြီးစွာသောမြို့၊ အာဣ မြို့ထက် ကြီး ၍ မြို့သားယောက်ျား အပေါင်း တို့ သည် ခွန်အား နှင့်ပြည့်စုံသောကြောင့် အလွန် ကြောက်ရွံ့ ကြ၏။
3 Zato jeruzalemski kralj Adoni-Sedek poruči Hohamu, kralju hebronskom, Piramu, kralju jarmutskom, Jafiji, kralju lakiškom, i Debiru, kralju eglonskom:
ထိုအခါ ယေရုရှလင် မင်းကြီး အဒေါနိဇေဒက် သည်၊ ဟေဗြုန် မင်းကြီး ဟောဟံ ၊ ယာမုတ် မင်းကြီး ပိရံ ၊ လာခိရှ မင်းကြီး ယာဖျာ ၊ ဧဂလုန် မင်းကြီး ဒေပိရ တို့ထံ သို့စေလွှတ် ၍၊
4 “Dođite k meni i pomozite mi da udarimo na Gibeon, jer je učinio mir s Jošuom i Izraelcima!”
ဂိဗောင် မြို့သည် ယောရှု မှစ၍ဣသရေလ အမျိုးသားတို့နှင့် မိဿဟာယ ဖွဲ့သောကြောင့် ၊ ထိုမြို့ကို လုပ်ကြံ ခြင်းငှါငါ့ ထံ သို့လာ ၍ ငါ နှင့်အတူကူညီ ကြပါဟု နှိုးဆော် သည်အတိုင်း၊
5 Udruži se tada pet kraljeva amorejskih: kralj jeruzalemski, kralj hebronski, kralj jarmutski, kralj lakiški i kralj eglonski; krenu oni i sva njihova vojska, opsjednu grad Gibeon i počnu ga napadati.
ယေရုရှလင် မင်းကြီး ၊ ဟေဗြုန် မင်းကြီး ၊ ယာမုတ် မင်းကြီး ၊ လာခိရှ မင်းကြီး ၊ ဧဂလုန် မင်းကြီး တည်း ဟူသောအာမောရိ မင်းကြီး ငါး ပါးတို့သည် စည်းဝေး ၍ မိမိ တို့ဗိုလ်ပါ စစ်သည်အပေါင်း တို့နှင့်တကွ စစ်ချီ ၍ ၊ ဂိဗောင် မြို့ရှေ့ မှာ တပ်ချ လျက် စစ်တိုက် ကြ၏။
6 Tada Gibeonci poručiše Jošui u tabor u Gilgalu: “Ne napuštaj svojih slugu, nego se požuri k nama da nas izbaviš i da nam pomogneš, jer su se protiv nas udružili svi amorejski kraljevi koji žive u Gorju.”
ဂိဗောင် မြို့သား တို့သည် ယောရှု ရှိရာ ဂိလဂါလ မြို့သို့ စေလွှတ် ၍ ၊ ကိုယ်တော် ၏ ကျွန် တို့ကို ကြည့်ရှုလျက် နေတော်မမူပါနှင့်။ အလျင်အမြန် ကြွ ၍ မစ ကယ်တင် တော်မူပါ။ တောင် ပေါ်မှာနေ သောအာမောရိ မင်းကြီး အပေါင်း တို့သည် ကျွန်တော် တို့ကို တိုက် ခြင်းငှါစည်းဝေး ကြပါပြီဟု လျှောက်ကြ၏။
7 I pođe Jošua iz Gilgala, a s njim i svi ratnici, sve vrsni junaci.
ယောရှု သည်လည်း ၊ စစ်မှု ၌ ကျင်လည်သောသူ၊ ခွန်အားကြီးသော သူရဲ အပေါင်း တို့နှင့်တကွ ၊ ဂိလဂါလ မြို့မှ တက် သွားလေ၏။
8 A Jahve reče Jošui: “Ne boj se! Ja sam ih predao u tvoje ruke i nijedan od njih neće se održati pred tobom.”
ထာဝရဘုရား ကလည်း ၊ သူ တို့ကို မ ကြောက် နှင့်။ သင် ၏လက် ၌ ငါအပ် မည်။ သင့် ရှေ့ မှာ လူတစုံတယောက် မျှ မ ခံ မရပ်နိုင်ရာဟု ယောရှု အား မိန့် တော်မူ၏။
9 I udari na njih Jošua iznenadno, pošto je svu noć išao od Gilgala.
ယောရှု သည် ဂိလဂါလ မြို့မှ တညဉ့်လုံး ချီ သွား ၍၊ ရန်သူတို့ကို အမှတ်တမဲ့ တိုက် လာ သဖြင့်၊
10 I smete ih Jahve pred Izraelcima, koji ih teško poraziše kod Gibeona i potjeraše prema strmini kojom se uzlazi u Bet-Horon. Tukli su ih sve do Azeke i do Makede.
၁၀ထာဝရဘုရား သည် သူ တို့ကို ဣသရေလ အမျိုးသားရှေ့ မှာ ရှုံး စေ၍ ၊ ဂိဗောင် မြို့အနား မှာ ကြီးစွာ သော လုပ်ကြံ ခြင်းအားဖြင့်သတ် ၍ ၊ ဗေသောရုံ မြို့သို့ သွား သော လမ်း ၌ လိုက် လျက်၊ အဇေကာ မြို့၊ မက္ကဒါ မြို့တိုင်အောင် လုပ်ကြံ တော်မူ၏။
11 A dok su bježali pred Izraelom uz bethoronsku strminu, bacao je Jahve s neba na njih tuču kamenja sve do Azeke te su ginuli. I poginulo ih je više od tuče kamene nego što su ih pobili sinovi Izraelovi svojim mačevima.
၁၁ထိုသူ တို့သည် ဣသရေလ လူတို့ရှေ့ မှာ ပြေး ၍ ဗေသောရုန် မြို့သို့ ဆင်း သွားရာတွင် ၊ ထာဝရဘုရား သည် မိုဃ်းကောင်းကင် မှ ကြီးစွာ သော မိုဃ်းသီး ကို အဇေကာ မြို့တိုင်အောင် သူ တို့အပေါ် ၌ ချ တော်မူ၍၊ သူတို့သည် ဣသရေလ လူတို့၏ ထား ကြောင့် သေ သည်ထက် မိုဃ်းသီး ကြောင့် သာ ၍သေ ကြ၏။
12 Onoga dana kada Jahve predade Amorejce sinovima Izraelovim, obrati se Jošua Jahvi i poviče pred Izraelcima: “Stani, sunce, iznad Gibeona, i mjeseče, iznad dola Ajalona!”
၁၂ထိုသို့ အာမောရိ လူတို့ကို ဣသရေလ အမျိုးသားတို့၌ အပ် တော်မူသောနေ့ မှာ ၊ ယောရှု သည် ထာဝရဘုရား ကို ဆုတောင်း ပြီးလျှင် ၊ အိုနေ ၊ သင်သည် ဂိဗောင် မြို့၌ ၎င်း ၊ အိုလ ၊ သင်သည် အာယလုန် ချိုင့် ၌ ၎င်း ငြိမ်ဝပ် စွာ နေလော့ဟု ဣသရေလ အမျိုးသားများရှေ့ တွင် မြွက်ဆို သည် အတိုင်း၊
13 I stade sunce i zaustavi se mjesec sve dok se nije narod osvetio neprijateljima svojim. Ne piše li to u knjizi Pravednika? I stade sunce nasred neba i nije se nagnulo k zapadu gotovo cio dan.
၁၃ဣသရေလလူတို့သည် ရန်သူ တို့အားအပြစ်ဒဏ် မပေးမှီတိုင်အောင် နေ သည် ငြိမ်ဝပ် စွာနေ၍ လ သည် ရပ် လေ၏။ ယာရှာ ၏စာ ၌ ပါ သည်ကား၊ မိုဃ်း ကောင်းကင် အလယ် ၌ နေ သည် ရပ် နေ၏။ ဝင် မြဲဝင်အံ့သောငှါ တနေ့လုံး အလျင် မ ပြုဟု ပါသည်မ ဟုတ်လော။
14 Nije bilo takva dana ni prije ni poslije da bi se Jahve odazvao glasu čovječjem. Tako je Jahve vojevao za Izraela.
၁၄ထာဝရဘုရား သည် လူ စကား ကို နားထောင် ၍၊ ထိုသို့ သော နေ့ တနေ့မျှ မ ဖြစ် စဖူး။ နောက်ဖန်လည်းဖြစ် မဖြစ်။ အကြောင်းမူကား၊ ထာဝရဘုရား သည် ဣသရေလ အမျိုးဘက်မှာ စစ်တိုက် တော်မူ၏။
15 Potom se vrati Jošua i sav Izrael s njim u tabor gilgalski.
၁၅ထိုနောက် ၊ ယောရှု သည်၊ ဣသရေလ လူအပေါင်း တို့နှင့်တကွ ၊ ဂိလဂါလ တပ် သို့ ပြန် သွား၏။
16 A onih pet kraljeva uteče i sakri se u pećinu kod Makede.
၁၆မင်းကြီး ငါး ပါးတို့သည် ပြေး ၍ မက္ကဒါ လိုင်ခေါင်း ၌ ပုန်း လျက်နေကြ၏။
17 Javiše Jošui: “Otkriveno je pet kraljeva sakrivenih u pećini kod Makede.”
၁၇မက္ကဒါ လိုင်ခေါင်း ၌ ပုန်း လျက်နေသောမင်းကြီး ငါး ပါးကို တွေ့ ပါပြီဟု ယောရှု အား ကြား လျှောက်လျှင်၊
18 A Jošua reče: “Navalite veliko kamenje pećini na otvor i postavite ljude pred nju da je čuvaju.
၁၈ယောရှု က၊ လိုင်ခေါင်းဝ ပေါ် မှာ ကြီးစွာ သော ကျောက် တို့ကို လှိမ့် ပုံ၍ လူ စောင့် တို့ကို ထား ကြလော့။
19 A vi se drugi ne zadržavajte, nego tjerajte svoje neprijatelje i tucite ih s leđa; ne dajte im da uđu u svoje gradove, jer ih Jahve, Bog vaš, predade u vaše ruke.”
၁၉သင်တို့မူကား မ ဆိုင်း မလင့်။ ရန်သူ တို့ကို လိုက် ၍ မှီသမျှသောသူ တို့ကို ကွပ်မျက် ကြ။ မြို့ ထဲ သို့ မ ဝင် စေ ကြနှင့်။ သင် တို့ဘုရား သခင်ထာဝရဘုရား သည် သူ တို့ကို သင် တို့လက် ၌ အပ် တော်မူပြီဟု မှာ ထားလေ၏။
20 A kad Jošua i sinovi Izraelovi okončaše bitku teškim pokoljem - utekla im je samo nekolicina preživjelih u tvrde gradove -
၂၀ယောရှု နှင့် ဣသရေလ လူတို့သည် ရန်သူ တို့ကို ကြီးစွာ သော လုပ်ကြံ ခြင်းအားဖြင့်သုတ်သင် ပယ်ရှင်းပြီး မှ၊ ကျန် ကြွင်းသောသူအချို့တို့သည် ခိုင်ခံ့ သောမြို့ သို့ ဝင် ၍ နေ ကြ၏။
21 vrati se narod zdrav i čitav k Jošui u tabor u Makedi. I nitko više ni da pisne protiv sinova Izraelovih.
၂၁လူ အပေါင်း တို့သည် ယောရှု ရှိရာ မက္ကဒါ တပ် သို့ ငြိမ်ဝပ် စွာ ပြန် လာကြ၏။ ဣသရေလ လူ တစုံတယောက်ကို အဘယ်သူ မျှအပြစ် မတင်ရ။
22 Tada reče Jošua: “Otvorite ulaz u pećinu i odande mi izvedite onih pet kraljeva.”
၂၂ယောရှု ကလည်း၊ လိုင်ခေါင်း ကို ဖွင့် ပြီးလျှင် ၊ ထို မင်းကြီး ငါး ပါးတို့ကို လိုင်ခေါင်း ထဲက ထုတ်၍ ငါ့ ထံ သို့ဆောင် ခဲ့ကြဟု မှာ လိုက်သည်အတိုင်း၊
23 I učine tako, izvedu k njemu iz pećine onih pet kraljeva: kralja jeruzalemskoga, kralja hebronskoga, kralja jarmutskoga, kralja lakiškog i kralja eglonskog.
၂၃သူတို့သည် ပြု ၍ ၊ ယေရုရှလင် မင်းကြီး ၊ ဟေဗြုန် မင်းကြီး ၊ ယာမုတ် မင်းကြီး ၊ လာခိရှ မင်းကြီး ၊ ဧဂလုန် မင်းကြီး ငါး ပါးတို့ကို လိုင်ခေါင်း ထဲက ဆောင် ခဲ့၍၊
24 A kad ih izvedoše, pozva Jošua sve Izraelce i reče vojskovođama koji su ga pratili: “Priđite i stanite svojim nogama na vratove ovih kraljeva.” Oni pristupe i stanu im svojim nogama na vratove.
၂၄ယောရှု ထံ သို့ ရောက်ပြီးမှ၊ ယောရှုသည် မိမိ နှင့်အတူ စစ်ချီ သော ဗိုလ်မင်းတို့နှင့် ဣသရေလ လူ အပေါင်း တို့ကို ခေါ် လျှင် ၊ ချဉ်း လာကြ။ ဤ မင်းကြီး တို့၏ လည်ကုပ် အပေါ် ၌ ခြေ ကို တင် ကြဟု ဗိုလ်မင်း တို့အား ဆို သည် အတိုင်း ၊ သူတို့သည် ချဉ်း လာ၍ ထိုမင်းကြီး တို့၏ လည်ကုပ် အပေါ် ၌ ခြေ ကို တင် ကြ၏။
25 Reče Jošua: “Ne bojte se i ne plašite se! Hrabri budite i odlučni, jer će tako Jahve učiniti sa svim vašim neprijateljima s kojima se budete borili.”
၂၅ယောရှု ကလည်း သင် တို့တိုက် ရသောရန်သူ အပေါင်း တို့ကို ထာဝရဘုရား သည် ဤ ကဲ့သို့ပြု တော်မူမည် ဖြစ်၍ မ ကြောက် ကြနှင့်၊ စိတ် မ ပျက်ကြနှင့်။ အားယူ ၍ ရဲရင့် ခြင်းရှိကြလော့ဟု ဆို ပြီးမှ၊
26 Potom Jošua naredi da ih pogube i objese na pet stabala; i visjeli su ondje do večeri.
၂၆ထို မင်းကြီးတို့ကို ထားနှင့်ကွပ်မျက် ၍ သစ်ပင် ငါး ပင်တို့၌ ဆွဲ ထားလေ၏။ ညဦး တိုင်အောင် သစ်ပင် ၌ ဆွဲ ထားပြီးမှ၊
27 A o zalasku sunčanom zapovjedi Jošua te ih skidoše s drveća i baciše u istu onu pećinu u koju se bijahu sklonili te na otvor navališe golemo kamenje, koje je i danas ondje.
၂၇နေဝင် ချိန် ရောက် သောအခါ ၊ ယောရှု စီရင် သည် အတိုင်း သစ်ပင် မှ ချ ပြီးလျှင် ၊ သူတို့ပုန်း လျက်နေရာ လိုင်ခေါင်း ၌ ပစ် ထား၍ ၊ လိုင်ခေါင်းဝ ပေါ် မှာ ကြီးစွာ သော ကျောက် တို့ကို စုပုံ ကြ၏။ ထိုကျောက်ပုံသည် ယနေ့ တိုင်အောင် ရှိ၏။
28 Istoga dana zauze Jošua Makedu: udari na grad oštricom mača i pogubi kralja njegova i sve živo u gradu izruči “heremu”, kletom uništenju, ne puštajući da itko utekne. I učini s kraljem makedskim kao što je učinio s kraljem jerihonskim.
၂၈ထို နေ့ ၌ ယောရှု သည် မက္ကဒါ မြို့ကို တိုက် ယူ၍ မြို့နှင့် မင်းကြီး ကို ထား နှင့် လုပ်ကြံ ပြီးလျှင် ၊ မင်းကြီးနှင့်တကွ မြို့သားအပေါင်း တို့ကို တယောက်မျှ မ ကျန် ကြွင်းရ ဘဲ ရှင်းရှင်းဖျက်ဆီး လေ၏။ ယေရိခေါ မင်းကြီး ကို ပြု သကဲ့သို့ မက္ကဒါ မင်းကြီး ကို ပြု သတည်း။
29 Ode zatim Jošua i sav Izrael iz Makede u Libnu i udari na nju.
၂၉ထိုနောက် ယောရှု သည် ဣသရေလ လူအပေါင်း တို့နှင့်တကွ ၊ မက္ကဒါ မြို့မှ လိဗန မြို့သို့ချီ သွား၍ တိုက် သဖြင့်၊
30 I nju Jahve i njena kralja predade u ruke Izraelu, koji oštricom mača pobi sve živo u njoj; ne poštedje nikoga, a s kraljem Libne učini što i s kraljem jerihonskim.
၃၀ထာဝရဘုရား သည် ထိုမြို့ နှင့် မင်းကြီး ကို ဣသရေလ လူတို့လက် ၌ အပ် တော်မူ၍ ၊ မြို့နှင့် မြို့ သား အပေါင်း တို့ကို တယောက်မျှမ ကျန် ကြွင်းရဘဲ ထား နှင့် လုပ်ကြံ ၍ ၊ ယေရိခေါ မင်းကြီး ကို ပြု သကဲ့သို့ ထိုမင်းကြီး ကို ပြု ကြ၏။
31 Potom ode Jošua i svi Izraelci iz Libne u Lakiš, opsjede ga i napade.
၃၁ယောရှု သည် ဣသရေလ လူအပေါင်း တို့နှင့်တကွ ၊ လိဗန မြို့မှ လာခိရှ မြို့သို့ ချီ သွား၍ တပ်ချ လျက် တိုက် ကြ၏။
32 Jahve predade Lakiš u ruke Izraela, koji ga osvoji sutradan: pobiše oštricom mača sve živo u njemu, onako kao što su učinili s Libnom.
၃၂ထာဝရဘုရား သည် ထို မြို့ကို ဣသရေလ လူတို့ လက် ၌ အပ် တော်မူသဖြင့် ၊ ဒုတိယ နေ့ ၌ ရ ၍ လိဗန မြို့ကို ပြု သကဲ့သို့ ထိုမြို့နှင့် မြို့သူ မြို့သားအပေါင်း တို့ကို ထား နှင့် လုပ်ကြံ ကြ၏။
33 Tada ustade Horam, kralj Gezera, da pomogne Lakišu, ali Jošua porazi njega i njegov narod tako te nitko ne preživje.
၃၃ထိုအခါ ဂေဇာ မင်းကြီး ဟောရံ သည်၊ လာခိရှ မြို့ ကို ကူညီ မည်ဟု လာ သောကြောင့်၊ ယောရှု သည် ထို မင်းကြီး နှင့် သူ ၏လူ အပေါင်းတို့ကို တယောက်မျှမ ကျန် ကြွင်း ရဘဲ ရှင်းရှင်းလုပ်ကြံ လေ၏။
34 Jošua krenu zatim sa svim Izraelcima od Lakiša na Eglon. Opsjedoše grad i napadoše ga.
၃၄တဖန် ယောရှု သည် ဣသရေလ လူအပေါင်း တို့ နှင့်တကွ ၊ လာခိရှ မြို့မှ ဧဂလုန် မြို့သို့ ချီ သွား၍ တပ်ချ လျက် တိုက် ကြ၏။
35 Osvojiše ga još istoga dana i pobiše sve oštricom mača. Sve živo izručiše kletom uništenju, kako su učinili s Lakišem.
၃၅ထိုနေ့ ခြင်းတွင် ရ ၍ လာခိရှ မြို့ကို ပြု သကဲ့သို့ ၊ ထိုမြို့ နှင့် မြို့သူ မြို့သားအပေါင်း တို့ကို ထား နှင့် လုပ်ကြံ ၍ တနေ့ ခြင်းတွင် ရှင်းရှင်းဖျက်ဆီးကြ၏။
36 Onda Jošua sa svim Izraelom krenu od Eglona na Hebron i napade ga.
၃၆တဖန် ယောရှု သည် ဣသရေလ လူအပေါင်း တို့ နှင့်တကွ ၊ ဧဂလုန် မြို့မှ ဟေဗြုန် မြို့သို့ ချီ သွား၍ တိုက် ကြ ၏။
37 Osvojiše ga i pobiše sve oštricom mača, kralja i stanovništvo u svim mjestima koja mu pripadaju, ne poštedjevši nikoga. Učini s njime kao s Eglonom. Grad sa svim svojim stanovništvom bi izručen kletom uništenju.
၃၇ရ သောအခါ ၊ ဧဂလုန် မြို့ကို ပြု သကဲ့သို့ ထိုမြို့ နှင့် မင်းကြီး ကို၎င်း၊ ထိုမြို့ နှင့်ဆိုင်သော မြို့ ရှိသမျှ တို့ကို၎င်း၊ မြို့သူ မြို့သားအပေါင်း တို့ကို၎င်း၊ တယောက်မျှ မ ကျန် ကြွင်းရဘဲ ထား နှင့် လုပ်ကြံ ၍ မြို့နှင့်မြို့သားအပေါင်းတို့ ကို ရှင်းရှင်းဖျက်ဆီး ကြ၏။
38 Napokon krenu Jošua i sav Izrael s njim na Debir i napadoše ga.
၃၈တဖန် ယောရှု သည် ဣသရေလ လူအပေါင်း တို့ နှင့်တကွ ၊ ဒေဗိရ မြို့သို့ ပြန် လာ၍ တိုက် ကြ၏။
39 Osvojiše ga i razoriše; kralja njegova i žitelje okolnih mjesta pobiše oštricom mača. Kletom uništenju izručiše sve njegovo stanovništvo. Ne poštedješe nikoga. I učini Jošua s Debirom i njegovim kraljem kao što je učinio s Hebronom i njegovim kraljem, s Libnom i njezinim kraljem.
၃၉ထိုမြို့ နှင့် မင်းကြီး ကို၎င်း၊ ထိုမြို့နှင့်ဆိုင်သော မြို့ ရှိသမျှ တို့ကို၎င်းရ ၍ ၊ ထား နှင့် လုပ်ကြံ သဖြင့် မြို့သား အပေါင်း တို့ကို တယောက်မျှမ ကျန် ကြွင်းရဘဲ ရှင်းရှင်းဖျက်ဆီး လေ၏။ ဟေဗြုန် မြို့၊ လိဗန မြို့နှင့် မင်းကြီး ကို ပြု သကဲ့သို့ ဒေဗိရ မြို့နှင့် မင်းကြီး ကို ပြု သတည်း။
40 Tako je Jošua zauzeo sav onaj kraj: Gorje i Negeb, Šefelu i Visočje - i sve njihove kraljeve. Ne ostavi preživjelih, već izruči kletom uništenju sve što je disalo, kako je zapovjedio Jahve, Bog Izraelov.
၄၀ထိုသို့ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း ၊ ယောရှု သည် တောင် ပေါ်အရပ် ၊ တောင် မျက်နှာအရပ်၊ ချိုင့် ထဲအရပ်၊ စမ်းရေတွင်း အရပ်ရှိသမျှ တို့နှင့်တကွ ၊ မင်းကြီး အပေါင်း တို့ကို လုပ်ကြံ ၍၊ အသက် ရှင်သောသူတယောက်မျှ မ ကျန် ကြွင်း ရဘဲ ရှင်းရှင်းဖျက်ဆီး လေ၏။
41 I pobi ih Jošua sve od Kadeš Barnee do Gaze i sav kraj Gošen do Gibeona.
၄၁ကာဒေရှဗာနာ မြို့မှစ၍ ဂါဇ မြို့တိုင်အောင် ၎င်း၊ ဂေါရှင် ပြည် တရှောက်လုံး နှင့်တကွ ၊ ဂိဗောင် မြို့တိုင်အောင် ၎င်း လုပ်ကြံ ၍၊
42 Sve tamošnje kraljeve i zemlje njihove zauze Jošua ujedanput, jer se za Izraela borio Jahve, Bog Izraelov.
၄၂ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား သည်၊ ဣသရေလ အမျိုးဘက်မှာ စစ်တိုက် တော်မူသောကြောင့် ၊ ထို ပြည် များနှင့်တကွ မင်းကြီး အပေါင်း တို့ကို တခါတည်း အောင် လေ၏။
43 Naposljetku se Jošua i sav Izrael vratiše u tabor u Gilgalu.
၄၃ထိုနောက် ယောရှု သည်၊ ဣသရေလ လူအပေါင်း တို့နှင့်တကွ ဂိလဂါလ တပ် သို့ ပြန် သွား၏။

< Jošua 10 >