< Jošua 1 >
1 Poslije smrti Mojsija, sluge Jahvina, reče Jahve Jošui, sinu Nunovu, pomoćniku Mojsijevu:
၁ထာဝရဘုရား၏အစေခံမောရှေ အနိစ္စ ရောက်ပြီးနောက်ထာဝရဘုရားကမောရှေ ၏လက်ထောက်၊ နုန်၏သားယောရှုအား၊-
2 “Moj je sluga Mojsije umro; zato sada ustani, prijeđi preko toga Jordana, ti i sav taj narod, u zemlju koju dajem sinovima Izraelovim.
၂``ငါ၏အစေခံမောရှေအနိစ္စရောက်ပြီ။ သင် နှင့်ဣသရေလအမျိုးသားအပေါင်းတို့သည် ယော်ဒန်မြစ်ကိုဖြတ်ကူး၍ ငါပေးသနားတော် မူမည့်ပြည်တွင်းသို့ဝင်ရောက်ရန်ယခုအသင့် ပြင်ဆင်လော့။-
3 Svako mjesto na koje stupi vaša noga dajem vam, kao što obećah Mojsiju.
၃မောရှေအားငါကတိထားတော်မူခဲ့သည် အတိုင်း သင်တို့ချီတက်သိမ်းယူမည့်နယ် မြေအားလုံးကိုသင်တို့အားငါပေး မည်။-
4 Od pustinje i od Libanona pa do Velike rijeke, rijeke Eufrata, i sve do Velikog mora na sunčanom zapadu - sve će to biti vaše područje.
၄သင်တို့၏ပြည်သည်တောင်ဘက်သဲကန္တာရ မှ မြောက်ဘက်လေဗနုန်တောင်အထိလည်း ကောင်း၊ အရှေ့ဘက်ဥဖရတ်မြစ်မှဟိတ္တိ ပြည်ကိုဖြတ်၍ အနောက်ဘက်မြေထဲ ပင်လယ်အထိလည်းကောင်းကျယ်ပြန့်မည်။-
5 Nitko neće odoljeti pred tobom u sve dane tvog života; ja ću biti s tobom, kao što sam bio s Mojsijem, i nikada te neću napustiti niti ću te ostaviti.
၅ယောရှု၊ သင်အသက်ရှင်သမျှကာလပတ်လုံး မည်သူမျှသင့်အားခုခံနိုင်လိမ့်မည်မဟုတ်။ ငါသည်မောရှေနှင့်အတူရှိတော်မူသည့်နည်း တူပင် သင်နှင့်လည်းအတူရှိမည်။ သင့်ကိုမည် သည့်အခါမျှစွန့်ပစ်ထားမည်မဟုတ်။ သင် နှင့်အတူအစဉ်ရှိတော်မူမည်။-
6 Budi odvažan i hrabar jer ćeš ti uvesti narod ovaj da primi u baštinu zemlju za koju se zakleh ocima njihovim da ću im je dati.
၆သင်သည်အားမာန်တင်း၍ရဲရင့်ခြင်းရှိလော့။ သင်သည်ဤသူတို့ကိုခေါင်းဆောင်၍သူတို့ ၏ဘိုးဘေးတို့အား ငါပေးမည်ဟုကတိ ထားသောပြည်ကိုဝင်ရောက်သိမ်းယူရ မည်။-
7 Samo budi odvažan i hrabar da sve učiniš vjerno prema naredbama koje ti je dao Mojsije, sluga moj. Ne skreći od toga ni desno ni lijevo da bi ti bilo sretno sve što poduzmeš.
၇အားမာန်တင်း၍ရဲရင့်ခြင်းရှိလော့။ ငါ၏ အစေခံမောရှေပေးသောပညတ်အားလုံး ကိုတစ်သဝေမတိမ်းစောင့်ထိန်းလော့။ ပညတ် ရှိသမျှကိုတစ်ခုမကျန်စောင့်ထိန်းလျှင် သင်သည်ကြံတိုင်းအောင်လိမ့်မည်။-
8 Neka knjiga Zakona bude na ustima tvojim: razmišljaj o njoj danju i noću, kako bi vjerno držao sve što je u njoj napisano: samo ćeš tada biti sretan i uspjet ćeš u pothvatima. Nisam li ti zapovjedio:
၈ဘုရားဝတ်ပြုရာ၌ပညတ်တရားရေး ထားသောကျမ်းစာအုပ်ကို အမြဲဖတ်ရမည်။ ထိုကျမ်းစာအုပ်ကိုနေ့ညမပြတ်လေ့လာ၍ ပါရှိသမျှသောပညတ်တို့ကိုစောင့်ထိန်း ရမည်။ သို့ပြုလျှင်သင်သည်ကြီးပွားအောင် မြင်လိမ့်မည်။-
9 odvaži se i budi hrabar? Ne boj se i ne strahuj, jer kuda god pođeš, s tobom je Jahve, Bog tvoj.”
၉သို့ဖြစ်၍ငါမိန့်မှာသည့်အတိုင်းရဲရင့်ခြင်း ရှိလော့။ ကြောက်ရွံ့ခြင်းမရှိနှင့်။ စိတ်မပျက်နှင့်။ သင်၏ဘုရားသခင်ငါထာဝရဘုရားသည် သင်သွားလေရာရာ၌သင်နှင့်အတူရှိတော် မူ၏'' ဟုမိန့်တော်မူ၏။
10 Tada zapovijedi Jošua glavarima narodnim:
၁၀ထိုအခါယောရှုသည်ခေါင်းဆောင်များ ကိုဆင့်ခေါ်၍၊
11 “Prođite kroz tabor i proglasite puku ovu zapovijed: 'Spremite sebi brašnenice jer ćete za tri dana prijeći preko Jordana da biste primili u posjed zemlju koju vam Jahve, Bog vaš, daje u baštinu.'”
၁၁စခန်းတစ်ခုလုံးရှိလူတို့ထံသို့သွားစေပြီး လျှင်``သုံးရက်အတွင်းသင်တို့၏ဘုရားသခင် ထာဝရဘုရား ပေးသနားတော်မူမည့်ပြည် ကိုသိမ်းယူရန် ယော်ဒန်မြစ်ကိုဖြတ်ကူးရ မည်ဖြစ်၍လိုအပ်သောရိက္ခာကိုစုဆောင်း ထားကြလော့'' ဟူ၍ကြေညာစေ၏။
12 Zatim reče Jošua plemenu Rubenovu i Gadovu i polovini plemena Manašeova:
၁၂ထိုနောက်ယောရှုသည်ရုဗင်အနွယ်၊ ဂဒ်အနွယ် နှင့်မနာရှေအနွယ်တစ်ဝက်တို့အား၊-
13 “Sjetite se onoga što vam je zapovjedio Mojsije, sluga Jahvin, kada vam je rekao: 'Jahve, Bog vaš, hoće da počinete i daje vam ovu zemlju.
၁၃``ယော်ဒန်မြစ်အရှေ့ဘက်ရှိနယ်မြေကိုသင် တို့နေထိုင်ရန်အတွက် သင်တို့၏ဘုရားသခင် ထာဝရဘုရားပေးမည်ဟုထာဝရဘုရား ၏အစေခံမောရှေမိန့်မှာခဲ့သည်ကိုသတိ ရကြလော့။-
14 Vaše žene, djeca i stada mogu ostati u zemlji koju vam je dao Mojsije s onu stranu Jordana. Vi pak ratnici, za boj spremni, morate naoružani poći pred svojom braćom da im pomognete,
၁၄သင်တို့၏သားမယား၊ သိုး၊ နွား၊ ဆိတ်စသော တိရစ္ဆာန်များသည်ဤအရပ်တွင်နေရစ်၍၊ သူ တို့အနက်လက်နက်ကိုင်နိုင်သူအမျိုးသား မှန်သမျှသည် အခြားဣသရေလအမျိုး သားချင်းတို့၏တပ်ဦးအဖြစ်မြစ်ကို အလျင်အမြန်ဖြတ်ကူးရမည်။-
15 sve dok Jahve ne dade da počinu i vaša braća, kao i vi, i dok ne zaposjednu zemlju koju im daje Jahve, Bog vaš. Tada se možete vratiti u zemlju koja vam pripada i koju vam je dao Jahvin sluga Mojsije, na drugoj strani Jordana, prema istoku sunca.'”
၁၅သင်တို့၏ဘုရားသခင်ထာဝရဘုရား ပေးတော်မူသောယော်ဒန်မြစ်အနောက်ဘက် ရှိပြည်ကိုသိမ်းပိုက်နိုင်သည်အထိ သူတို့ အားကူညီတိုက်ခိုက်ရမည်။ ဣသရေလအနွယ် တို့ငြိမ်းချမ်းစွာနေထိုင်ရသောအခါ၌ သင် တို့သည်ထာဝရဘုရား၏အစေခံမောရှေပေး သောယော်ဒန်မြစ်အရှေ့ဘက်ရှိပြည်သို့ပြန် နိုင်သည်'' ဟုဆို၏။
16 Oni odgovore Jošui: “Sve što nam zapovjediš, učinit ćemo, i kuda nas god pošalješ, poći ćemo.
၁၆ထိုသူတို့က``အကျွန်ုပ်တို့သည်ကိုယ်တော် မှာကြားသမျှကိုလိုက်နာ၍ ကိုယ်တော် စေလွှတ်ရာအရပ်သို့သွားပါမည်။-
17 Kao što smo slušali Mojsija, tako ćemo se pokoravati i tebi. Samo neka Jahve, Bog tvoj, bude s tobom kao što bijaše s Mojsijem!
၁၇မောရှေ၏စကားကိုနားထောင်သကဲ့သို့ ကိုယ်တော်၏စကားကိုနားထောင်ပါမည်။ ထာဝရအရှင်ဘုရားသခင်သည်မောရှေ နှင့်အတူရှိသကဲ့သို့ ကိုယ်တော်နှင့်အတူ ရှိတော်မူပါစေသော။-
18 Tko se god usprotivi tvome glasu i ne posluša tvojih riječi u svemu što mu zapovjediš neka bude pogubljen. Samo ti budi odvažan i hrabar!”
၁၈ကိုယ်တော်၏အာဏာကိုဖီဆန်၍အမိန့် ကိုမနာခံသောသူအား သေဒဏ်ခံစေ ပါမည်။ သို့ဖြစ်၍အားမာန်တင်း၍ ရဲရင့် ခြင်းရှိတော်မူပါ'' ဟု ဖြေကြားကြ၏။