< Jeremija 10 >

1 Slušajte riječ koju vam govori Jahve, dome Izraelov.
အို ဣသရေလ အမျိုးသား တို့၊ သင် တို့အား ထာဝရဘုရား မိန့် တော်မူသော စကား ကို နားထောင် ကြလော့။
2 Ovako govori Jahve: “Ne privikavajte se putu bezbožnom i ne dršćite pred znacima nebeskim, jer pred njima dršću samo bezbošci.
ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သာသနာပ လူတို့၏ ဘာသာ ဓလေ့၌ မ ကျင်လည် ကြနှင့်။ သာသနာပ လူတို့ ထိတ်လန့် ကြောက်တတ်သော မိုဃ်း ကောင်းကင်နိမိတ် တို့မှ မ ထိတ်လန့် မကြောက်ကြနှင့်။
3 Jer su strašila tih naroda puka ništavnost, samo drvo posječeno u šumi, djelo ruku tesarovih,
လူ အမျိုးမျိုးကျင့်သောအကျင့် ဓလေ့တို့သည် အချည်းနှီး ဖြစ်ကြ၏။ အဘယ်သို့နည်းဟူမူကား၊ သူတို့ သည် တော ၌ သစ်ပင် ကို ခုတ်လှဲ ၍၊ ပုဆိန် နှင့် လုပ်တတ် သော လက်သမား ၏ လက် လုပ် ရာဖြစ်သောအရာကို၊
4 ukrašeno srebrom i zlatom, pričvršćeno čavlima i čekićima da se ne klima.
ရွှေ ငွေ နှင့် လှပစွာ ချယ်လှယ် ပြီးလျှင်၊ မ လှုပ်ရှား စေခြင်းငှါ သံချွန် ကို တူ နှင့်ရိုက် ထားကြ၏။
5 Nalik su na ptičja strašila u vrtu: ne znaju govoriti. Treba ih nositi, jer ne umiju hodati. Njih se ne bojte, jer ne mogu zla činiti, ali ni dobra učiniti ne mogu.”
သူသည် စွန်ပလွံ ပင်ကဲ့သို့ ခိုင်မာ၍ စကား မ ပြော တတ်။ မိမိအလိုအလျောက်မ သွား နိုင်သောကြောင့် ၊ ထမ်း ၍သွား ရ၏။ ထို အရာတို့ကို မ ကြောက် ကြနှင့် ။ အန္တရာယ် ကိုမ ပြုနိုင်။ ကျေးဇူး ကိုလည်း မ ပြုနိုင်။
6 Nitko nije kao ti, Jahve, ti si velik i silno je ime tvoje.
အိုထာဝရဘုရား ၊ ကိုယ်တော် နှင့် အဘယ်သူ မျှမတူ ပါ။ ကိုယ်တော် သည် ကြီးမြတ် တော်မူ၏။ နာမ တော်သည်လည်း ၊ တန်ခိုး တော်အားဖြင့် ကြီးမြတ် တော်မူ၏။
7 Tko da se tebe ne boji, kralju naroda? Zaista, tebi to pripada, jer među svim mudracima naroda i u svim njihovim kraljevstvima tebi nema ravna!
အိုလူ အမျိုးမျိုးတို့၏ ဘုရင် ၊ ကိုယ်တော်ကို ကြောက်သင့်သည် ဖြစ်၍၊ အဘယ်သူ သည် မ ကြောက် ဘဲ နေရပါမည်နည်း။ အမျိုးမျိုးသော ပညာရှိ အပေါင်း တို့၌ ၎င်း ၊ ခပ်သိမ်း သော တိုင်း နိုင်ငံတို့၌ ၎င်း ကိုယ်တော် နှင့် တူသောသူတစုံတယောက်မျှ မ ရှိပါ။
8 Čime vatru lože, to ih zaluđuje! Zakon im isprazan - obično drvo,
သူတို့သည် တလုံးတဝ တည်းတိရစ္ဆာန်သဘောနှင့် မိုက် သော သဘောရှိကြ၏။ သစ်သား သော်လည်းမိုက်သောအယူကို ဆုံးမ တတ်၏။
9 tankolisto srebro dovezeno iz Taršiša, zlato iz Ofira, rad kipara i rukotvorina zlatara, sva djela umješna, ogrnuta ljubičastim i crvenim grimizom.
ထု လုပ်တတ်သောသူ၊ သွန်း တတ်သောသူ၏ လက် လုပ်ရာ ငွေ ပြားကို တာရှု မြို့မှ ၎င်း ၊ ရွှေ ကိုလည်း ဥဖတ် မြို့မှ၎င်း ဆောင် ခဲ့တတ်၏။ ပြာ သောအထည်၊ မောင်း သောအထည် နှင့်ခြုံတတ်၏။ လိမ္မာ သောသူ လုပ် ရာသက်သက် ဖြစ်သတည်း။
10 A Jahve je pravi Bog. Živi je on Bog i Kralj vječni. Od njegova gnjeva zemlja se trese. Narodi ne mogu podnijeti jarosti njegove.
၁၀ထာဝရဘုရား မူကား ၊ မှန် သောဘုရား ၊ အသက်ရှင် သောဘုရား ၊ နိစ္စ ထာဝရဘုရင် ဖြစ်တော်မူ၏။ အမျက် တော်ထွက်လျှင် မြေကြီး တုန်လှုပ် ရ၏။ လူ အမျိုးမျိုးတို့သည် အမျက် တော်ကို မ ခံ နိုင်ကြ။
11 Evo što ćete o kipovima reći: “Bogovi koji nisu stvorili neba ni zemlje moraju nestati s lica zemlje i ispod neba.”
၁၁သာသနာပ လူတို့အား ပြောရသော စကားဟူမူကား၊ ကောင်းကင် နှင့်မြေကြီး ကို မ ဖန်ဆင်း သော ဘုရား တို့သည် ဤ ကောင်းကင် အောက် ၊ ဤမြေကြီး ပြင်မှ ကွယ်ပျောက် ကြလိမ့်မည်။
12 On stvori zemlju snagom svojom, mudrošću svojom uspostavi krug zemaljski i umom svojim razape nebesa.
၁၂ထာဝရဘုရားသည် တန်ခိုး တော်အားဖြင့် မြေကြီး ကို ဖန်ဆင်း တော်မူပြီ။ ပညာ တော်အားဖြင့် လောကဓါတ် ကို တည် တော်မူပြီ။ ဉာဏ် တော်အားဖြင့် မိုဃ်းကောင်းကင် ကို ကြက် တော်မူပြီ။
13 Kad mu glas zaori, huče vode na nebesima, oblake diže s kraja zemlje; stvara kiši munje, vjetar izvodi iz skrovišta njegovih.
၁၃အသံ တော်ကို လွှတ် တော်မူသောအခါ ၊ မိုဃ်းရေ အသံ ဗလံဖြစ်တတ်၏။ မြေကြီး စွန်း မှ မိုဃ်းတိမ် ကို တက် စေတော်မူ၏။ မိုဃ်း ရွာသည်နှင့် လျှပ်စစ် ပြက် စေတော်မူ ၏။ လေ ကိုလည်း ၊ ဘဏ္ဍာ တော်တိုက်ထဲက ထုတ် တော်မူ ၏။
14 Svakom čovjeku pamet stane, svaki se zlatar zastidi svoga kipa, jer svi su mu kipovi samo varka, nema u njima duha!
၁၄လူမည်သည်ကား၊ မိမိဉာဏ်အားဖြင့်တိရစ္ဆာန် ကဲ့သို့ဖြစ်၏။ ရုပ်တု ကို သွန်း သောသူတိုင်း မိမိလုပ်သော ရုပ်တုအားဖြင့် မှောက်မှားလျက် ရှိ၏။ အကြောင်းမူကား၊ သွန်းသောရုပ်တု သည် မုသာ ဖြစ်၏။ သူ ၌ လည်း ထွက် သက်ဝင်သက်မ ရှိ။
15 Isprazni su oni, smiješne tvorevine, propast će u dan kazne.
၁၅ထို သို့သောအရာ တို့သည် အချည်းနှီး သက်သက်ဖြစ်ကြ၏။ လှည့်စား သောအရာလည်းဖြစ်ကြ၏။ စစ်ကြော ခြင်းကိုခံရသည်ကာလ ၌ ကွယ် ပျောက်ကြ လိမ့်မည်။
16 'Jakovljev dio' nije kao oni: jer je on sve stvorio, Izrael pleme je baštine njegove, Jahve nad Vojskama ime je njegovo.”
၁၆ယာကုပ် အမျိုး၏အဘို့ သည် ထိုသို့သောအရာ နှင့် တူ တော်မ မူ။ ခပ်သိမ်း သောအရာတို့ကို ဖန်ဆင်း သော ဘုရားဖြစ်တော်မူ၏။ ဣသရေလ အမျိုးသည် အမွေ ခံတော်မူရာဖြစ်၏။ နာမ တော်သည် ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရ ဘုရားပေတည်း။
17 Skupi prnje svoje sa zemlje, ti koja stanuješ u utvrdi!
၁၇အိုရဲတိုက် ၌ နေ သောသူ၊ မြေ ပေါ်မှာ ရှိသောသင် ၏ဥစ္စာ ပရိကံများကို စုသိမ်း လော့။
18 Jer ovako govori Gospod: “Gle, ovaj put daleko ću odbaciti stanovnike ove zemlje, pritijesniti ih da me nađu.”
၁၈ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ယခုပင် ငါ သည်လောက်လွှဲစာကိုပစ်သကဲ့သို့၊ ပြည်သား များကို လောက်လွှဲထဲကပစ် ၍၊ ရန်သူတို့ လက်သို့ရောက် စေ ခြင်းငှါ ညှဉ်းဆဲ မည်ဟု မိန့်တော်မူ၏။
19 “Jao meni zbog ozljede moje, rana je moja neiscjeljiva.” A ja rekoh: “Ipak, bolest je moja, nosit ću je!
၁၉ငါ သည် ချိုးဖျက် ခြင်းကိုခံရသောကြောင့် အမင်္ဂလာ ရှိ၏။ ငါ့ အနာ ပြင်းလှ၏။ သို့ သော်လည်း၊ ငါတွေ့သော ဤ ဒုက္ခ ဝေဒနာကို ဆက်ဆက် ခံရ မည်ဟု ငါ ဆို ၏။
20 Šator je moj obÄaljen, sva užeta pokidana. Djeca me ostaviše: nema ih. Nema ga tko bi opet razapeo šator moj i podigao krila šatorska.”
၂၀ငါ့ တဲ လည်းပျက် ၏။ ငါ့ ကြိုး ရှိသမျှ တို့လည်း ပြတ် ကြ၏။ ငါ့ သား တို့လည်း ငါ့ ထံမှထွက် သွား၍ ပျောက် ကြ၏။ နောက်တဖန်ငါ့ တဲ ကို ဆောက် ရသောသူ၊ ငါ့ ကုလားကာ တို့ကို ဆွဲကာ ရသောသူမ ရှိ။
21 Da, pastiri pamet izgubiše: ne tražiše Jahve. Zato ih sreća ne prati i sva se stada raspršiše.
၂၁အကြောင်း မူကား၊ သိုးထိန်း တို့သည် တိရစ္ဆာန် သဘော ရှိ၍ ၊ ထာဝရဘုရား ကို မ ရှာဖွေ သောကြောင့် အကြံ မမြောက်ရကြ။ သိုးစု အပေါင်း တို့သည် အရပ်ရပ်သို့ ကွဲပြား ရကြ၏။
22 Čujte vijest! Primiče se, evo, buka strašna iz zemlje sjeverne, da gradove judejske pretvori u pustinju, u brlog čagalja.
၂၂အသံ ကိုကြားရ၏။ အနီးသို့လာ၏။ ယုဒ မြို့ တို့ကို ဖျက်ဆီး ၍၊ မြေခွေး နေရာ တွင်း ဖြစ် စေခြင်းငှါ ၊ ကြီး သော အသံ ဗလံသည် မြောက် မျက်နှာ က လာ ၏။
23 Znam, Jahve, da put čovjeka nije u njegovoj vlasti, da čovjek koji hodi ne može upravljati korake svoje!
၂၃အိုထာဝရဘုရား ၊ လူ သည် မိမိ သွားရာလမ်း ကို အစိုးမ ရ။ သွား စဉ်အခါမိမိ ခြေရာ တို့ကို မ စီရင် တတ်သည် ကို အကျွန်ုပ်သိ ပါ၏။
24 Kazni me, Jahve, ali po pravici, ne u gnjevu, da nas ne zatreš.
၂၄အို ထာဝရဘုရား ၊ အကျွန်ုပ် ကို ဆုံးမတော်မူလျှင် ၊ အကျိုးနည်း စေခြင်းငှါ အမျက် ထွက်တော်မ မူပါနှင့်။ တရား တော်အတိုင်း သာ ဆုံးမ တော်မူပါ။
25 Izlij gnjev na narode koji te ne priznaju i na plemena koja ne zazivlju imena tvoga! Jer oni su proždrli Jakova, izjeli ga, opustošili naselje njegovo.
၂၅ကိုယ်တော် ကိုမ သိ သော တပါးအမျိုးသား တို့ အပေါ် သို့၎င်း ၊ နာမ တော်ကို ပဌနာ မ ပြုသော အမျိုးအနွယ် တို့အပေါ် သို့၎င်း အမျက် တော်ကို သွန်းလောင်း တော်မူပါ။ အကြောင်း မူကား၊ သူတို့သည် ယာကုပ် အမျိုး ကို အကုန်အစင်ကိုက်စား ၍ ၊ သူ ၏နေရာ ကို သုတ်သင်ပယ်ရှင်း ကြပါပြီ။

< Jeremija 10 >