< Postanak 9 >

1 Tada Bog blagoslovi Nou i njegove sinove i reče im: “Plodite se i množite i zemlju napunite.
ဘုရား သခင်သည်လည်း ၊ နောဧ နှင့် သူ ၏သား တို့ကိုကောင်းကြီး ပေးတော်မူ၍ ၊ သင်တို့သည်များပြား စွာ မွေးဘွား လျက် မြေကြီး ပြည့် စေကြလော့။
2 Neka vas se boje i od vas strahuju sve životinje na zemlji, sve ptice u zraku, sve što se po zemlji kreće i sve ribe u moru: u vaše su ruke predane.
မြေ တိရစ္ဆာန် ၊ မိုဃ်းကောင်းကင် ငှက် အစ ရှိသော၊ မြေ ပေါ်မှာ လှုပ်ရှား တတ်သမျှ နှင့် ၊ ပင်လယ် ငါး အပေါင်း တို့သည်၊ သင် တို့ရှေ့မှာကြောက်ရွံ့ တုန်လှုပ် ခြင်းသဘောရှိ ကြလိမ့်မည်။ ထိုတိရိစ္ဆာန်တို့ကို သင် တို့လက် ၌ ငါ အပ် ၏။
3 Sve što se kreće i živi neka vam bude za hranu: sve vam dajem, kao što vam dadoh zeleno bilje.
အသက် ရှင်၍ လှုပ်ရှား တတ်သမျှ သည်၊ အသီး အရွက်ကဲ့သို့ ၊ သင် တို့စားစရာ ဘို့ ဖြစ် ရမည်။ ခပ်သိမ်း သောအရာတို့ကို သင် တို့၌ ငါအပ်ပေး ၏။
4 Samo ne smijete jesti mesa u kojem je još duša, to jest njegova krv.
သို့သော်လည်း အသက် တည်းဟူသောအသွေးနှင့်တကွ အသား ကို မ စား ရ။
5 A za vašu krv, za vaš život, tražit ću obračun: tražit ću ga od svake životinje; i od čovjeka za njegova druga tražit ću obračun za ljudski život.
အကယ်၍ သင် တို့အသက် တည်းဟူသော၊ သင် တို့အသွေး ကို ငါတောင်း မည်။ လူ ၊ တိရစ္ဆာန် အပေါင်း တို့၌ ငါတောင်း မည်။ ခပ်သိမ်းသော လူ တို့၏ ညီအစ်ကို ၌ လူ ၏အသက် ကို ငါတောင်း မည်။
6 Tko prolije krv čovjekovu, njegovu će krv čovjek proliti! Jer na sliku Božju stvoren je čovjek!
အကြင်သူသည် လူ ၏အသွေး ကိုသွန်း ၏။ ထိုသူ ၏အသွေး ကို လူ လက်ဖြင့် သွန်း ရမည်။ အကြောင်းမူကား ဘုရား သခင်သည် မိမိပုံသဏ္ဍာန် နှင့်အညီ လူ ကို ဖန်ဆင်း တော်မူ၏။
7 A vi, plodite se, i množite i zemlju napunite, i podložite je sebi!”
သင် တို့သည် သားကိုဘွား ၍ များပြား ကြလော့။ မြေ ပေါ် မှာ အလွန်မွေးဘွား ၍ များပြား ကြလော့ဟု မိန့် တော်မူ၏။
8 Još reče Bog Noi i njegovim sinovima s njim:
တဖန် ဘုရား သခင်သည်၊ နောဧ နှင့် သူ ၏သား တို့ကို မိန့် တော်မူသည်ကား၊
9 “A ja, evo, sklapam svoj Savez s vama i s vašim potomstvom poslije vas
သင် တို့နှင့် ၎င်း၊ နောက် ဖြစ်လတံ့သော အမျိုး အနွယ်နှင့်၎င်း၊
10 i sa svim živim stvorovima što su s vama: s pticama, sa stokom, sa zvijerima - sa svime što je s vama izišlo iz korablje - sa svim živim stvorovima na zemlji.
၁၀သင် တို့ထံမှာ အသက် ရှင်သော တိရစ္ဆာန် တည်းဟူသော ငှက် ၊ သားယဉ် ၊ သားရဲ ရှိသမျှ သင်္ဘော ထဲက ထွက် ဆင်းသမျှ မှစ၍ ၊ မြေ တိရစ္ဆာန် အပေါင်း တို့နှင့် ၎င်း၊ ငါ သည်ကိုယ်တိုင်ပဋိညာဉ် ပြု ၏။
11 Držat ću se ja svog Saveza s vama te nikada više vode potopne neće uništiti živa bića niti će ikad više potop zemlju opustošiti.”
၁၁သင် တို့နှင့် ငါ ပြု သော ပိဋိညာဉ် ဟူမူကား ၊ ရေ လွှမ်းမိုး ခြင်းအားဖြင့် ၊ ခပ်သိမ်း သော သတ္တဝါ တို့သည် နောက် တဖန်မ ဆုံး ရကြ။ မြေကြီး ကို ဖျက်ဆီး ဘို့ ရာနောက် တဖန်ရေ လွှမ်းမိုးခြင်း မ ရှိ ရ။
12 I reče Bog: “A ovo znamen je Saveza koji stavljam između sebe i vas i svih živih bića što su s vama, za naraštaje buduće:
၁၂ထိုမှတပါး ငါ တဘက်၊ သင် တို့နှင့် သင် တို့ထံမှာ အသက် ရှင်သမျှ သောတိရစ္ဆာန် တို့ တစ်ဖက်၌ သား မြေး အစဉ် အဆက်မပြတ်၊ ငါ ပြု သော ပဋိညာဉ် ၏ လက္ခဏာ သက်သေဟူမူကား၊
13 Dugu svoju u oblak stavljam, da zalogom bude Savezu između mene i zemlje.
၁၃ငါ ၏ သက်တံ့ ကို မိုဃ်း တိမ်၌ ငါထား ၏။ ထိုသက်တံ့သည် မြေကြီး နှင့် ငါ ပြုသော ပဋိညာဉ် ၏ သက်သေ ဖြစ် လိမ့်မည်။
14 Kad oblake nad zemlju navučem i duga se u oblaku pokaže,
၁၄ငါ သည် မိုဃ်း ကို အုံ့စေသောအခါ ၊ မိုဃ်းတိမ် ၌ သက်တံ့ သည် ထင်ရှား လိမ့်မည်။
15 spomenut ću se Saveza svoga, Saveza između mene i vas i stvorenja svakoga živog: potopa više neće biti da uništi svako biće.
၁၅ထိုအခါငါ တဘက်၊ သင် တို့မှစ၍ ၊ အသက် ရှင်သောသတ္တဝါ ၊ တိရစ္ဆာန်ရှိသမျှ တို့ တစ်ဖက်၌ရှိသော ၊ ငါ ၏ ပဋိညာဉ် ကိုငါ အောက်မေ့ သဖြင့် ခပ်သိမ်း သော သတ္တဝါ တို့ကို ဖျက်ဆီး ခြင်းငှါ နောက် တဖန်ရေ လွှမ်းမိုးခြင်းမ ရှိ ရ။
16 U oblaku kad se pojavi duga, ja ću je vidjeti i vjekovnog ću se sjećati Saveza između Boga i svake žive duše, svakog tijela na zemlji.”
၁၆မိုဃ်းတိမ် ၌ သက်တံ့ ရှိ သည်ကို ငါကြည့်ရှု သဖြင့် ၊ ဘုရား သခင်နှင့် မြေကြီး ပေါ် မှာ အသက် ရှင်သော သတ္တဝါ တိရစ္ဆာန်အပေါင်း တို့ စပ်ကြား မှာရှိသော ထာဝရ ပဋိညာဉ် ကို ငါအောက်မေ့ မည်။
17 I reče Bog Noi: “To neka je znak Saveza koji sam postavio između sebe i svih živih bića što su na zemlji.”
၁၇ဤ သည်ကား ငါ နှင့် မြေကြီး ပေါ် မှာရှိသော သတ္တဝါ အပေါင်း တို့၏ စပ်ကြား မှာ၊ ငါအမြဲဖွဲ့ သော ပဋိညာဉ် ၏ လက္ခဏာ သက်သေဖြစ်သတည်းဟု နောဧ ကို ဘုရား သခင်မိန့် တော်မူ၏။
18 Sinovi Noini, koji su iz korablje izišli, bijahu: Šem, Ham i Jafet. Ham je praotac Kanaanaca.
၁၈သင်္ဘော ထဲက ထွက် ဆင်းသော နောဧ သား တို့၏အမည်ကား ရှေမ ၊ ဟာမ ၊ ယာဖက် တည်း၊ ဟာမ သည် ခါနာန် ၏ အဘ ဖြစ် ၏။
19 Ovo su trojica Noinih sinova i od njih se sav svijet razgranao.
၁၉ဤ သူတို့သည် နောဧ ၏ သား သုံး ယောက်ဖြစ်၍ မြေကြီး တပြင်လုံး ၌ နှံ့ပြား ကြ၏။
20 Noa, zemljoradnik, zasadio vinograd.
၂၀နောဧ သည် လယ် လုပ်သောအတတ်ကို ပြုစု ၍ ၊ စပျစ် ဥယျာဉ်ကို စိုက် လေ၏။
21 Napio se vina i opio, pa se otkrio nasred šatora.
၂၁စပျစ် ရည်ကိုလည်း သောက် ၍ ယစ်မူး သဖြင့် ၊ မိမိ ထဲ ၌ အဝတ် မခြုံဘဲနေလေ၏။
22 Ham, praotac Kanaanaca, opazi oca gola pa to kaza dvojici svoje braće vani.
၂၂ခါနာန် ၏ အဘ ဟာမ သည်၊ မိမိ အဘ ၌ အဝတ်အချည်းစည်း ရှိသည်ကိုမြင် လျှင် ပြင် မှာ ရှိသော အစ်ကို နှစ် ယောက်ကို ပြော လေ၏။
23 Šem i Jafet uzmu ogrtač, obojica ga prebace sebi preko ramena pa njime, idući natraške, pokriju očevu golotinju. Lica im bijahu okrenuta na drugu stranu, tako te ne vidješe oca gola.
၂၃ရှေမ နှင့် ယာဖက် တို့သည် အဝတ် ကိုယူ ၍ ပခုံး ပေါ် မှာ တင် ပြီးလျှင် ၊ နောက် သို့ဆုတ်သွား ၍ မိမိ အဘ ၌၊ အဝတ်အချည်းစည်း ရှိသည်ကို ဖုံး ကြ၏။ သူ တို့သည် အပြင်သို့မျက်နှာ ပြုသောကြောင့် ၊ မိမိ အဘ ၌ အဝတ် အချည်းစည်း ရှိသည်ကို မ မြင် ရ။
24 Kad se Noa otrijeznio od vina i saznao što mu je učinio najmlađi sin, reče:
၂၄နောဧ သည် ယစ်မူးခြင်းပျောက်၍ နိုး သောအခါ ၊ မိမိ ၌သား ငယ် ပြု သည်ကို သိ လျှင်၊
25 “Neka je proklet Kanaanac, braći svojoj najniži sluga nek' bude!”
၂၅ခါနာန် သည် ကျိန် ခြင်းကိုခံ ပါစေ။ အစ်ကို တို့၏ကျွန် တို့၌ ကျွန် ဖြစ် ပါစေဟုဆို ၏။
26 Onda nastavi: “Blagoslovljen Jahve, Šemov Bog, Kanaanac nek' mu je sluga!
၂၆တဖန် ရှေမ ၏ ဘုရား သခင်ထာဝရဘုရား သည် မင်္ဂလာ ရှိတော်မူစေသတည်း။ ခါနာန် သည် ရှေမ ၏ကျွန် ဖြစ် ပါစေ။
27 Nek Bog raširi Jafeta da prebiva pod šatorima Šemovim, Kanaanac nek' mu je sluga!”
၂၇ဘုရား သခင်သည် ယာဖက် ကို ကျယ် စေတော်မူသဖြင့် ၊ ရှေမ ၏ တဲ တို့တွင် နေ ပါစေ။ ခါနာန် မူကား ၊ သူ ၏ကျွန် ဖြစ် ပါစေဟု ဆို လေ၏။
28 Poslije Potopa Noa poživje trista pedeset godina.
၂၈နောဧ သည် ရေ လွှမ်းမိုးသောနောက် ၊ အနှစ် သုံး ရာ ငါး ဆယ် အသက် ရှင်၍၊
29 U svemu poživje Noa devet stotina pedeset godina; potom umrije.
၂၉အသက် ပေါင်း ကိုး ရာ ငါး ဆယ်စေ့ သော် အနိစ္စ ရောက်လေ၏

< Postanak 9 >