< Postanak 21 >

1 Jahve se sjeti Sare kako je rekao i učini joj kako je obećao:
ထာဝရဘုရား သည်၊ အမိန့်တော်ရှိသည်အတိုင်း ၊ စာရာ ကို အကြည့် အရှုကြွတော်မူ၍ ၊ ဂတိတော် ရှိသည်နှင့် လျော်စွာ သူ ၌ ပြု တော်မူသဖြင့်၊
2 Sara zače i rodi Abrahamu sina u njegovoj starosti - u vrijeme koje je Bog označio.
စာရာ သည် ပဋိသန္ဓေစွဲ ယူ၍ ၊ ဘုရားသခင် အမိန့် တော်နှင့် ချိန်းချက် သောအချိန်၌ ၊ အာဗြဟံ အသက်ကြီး သောအခါ၊ သူ့ အားသား ကို ဘွား လေ၏။
3 Abraham nadjene ime Izak svome sinu što mu ga Sara rodi.
အာဗြဟံ သည်လည်း ၊ မိမိ ရ သောသားတည်းဟူသော၊ စာရာ ဘွား သောသား ကို ဣဇာက် အမည် ဖြင့် မှည့် လေ၏။
4 I poslije osam dana obreza Abraham svoga sina Izaka, kako mu je Bog naredio.
ဘုရားသခင် မှာ ထားတော်မူသည်အတိုင်း ၊ အာဗြဟံ သည်ရှစ် ရက် မြောက်သောနေ့၌ ၊ သား ဣဇာက် ကို အရေဖျား လှီးမင်္ဂလာပေးလေ၏။
5 Abrahamu bijaše stotinu godina kad mu se rodio sin Izak.
သား ဣဇာက် ကို မြင် ရသောအခါ အာဗြဟံ သည် အသက် တ ရာ ရှိသတည်း။
6 Sara reče: “Dade mi Bog da se nasmijem, i tko god to čuje nasmijat će mi se.”
စာရာ ကလည်း ၊ ငါ ရယ် ရသောအခွင့်ကို ဘုရားသခင် ပေး တော်မူပြီ။ ဤသိတင်းကို ကြား သောသူ အပေါင်း တို့သည်လည်း၊ ငါ နှင့်အတူ ရယ် ကြလိမ့်မည်ဟူ၍၎င်း၊
7 Još doda: “Tko bi ikad rekao Abrahamu: djecu će ti Sara dojiti! Ipak sina mu rodih u starosti”.
စာရာ သည် သား ကို နို့တိုက် လိမ့်မည်ဟု အာဗြဟံ အား အဘယ်သူ ပြော နှင့်ရသနည်း။ သူ သည် အသက် ကြီးသောအခါ၊ ငါသည် သား ကို ဘွား ပြီးဟူ၍ ၎င်း ဆို လေ၏။
8 Dijete je raslo i bilo od sise odbijeno. A u dan u koji Izak bijaše od sise odbijen Abraham priredi veliku gozbu.
ထိုသူငယ် ဣဇာတ် သည် ကြီးပွား ၍ နို့ နှင့် ကွာလေ၏။ နို့ ကွာသောနေ့ ၌ အာဗြံဟံ သည် ပွဲ ကြီး လုပ် လေ၏။
9 Jednom opazi Sara gdje se sin koga je Egipćanka Hagara Abrahamu rodila igra s njezinim sinom Izakom,
အဲဂုတ္တ အမျိုးသားဟာဂရ တွင် အာဗြဟံ ရ သော သား သည် ဆဲရေး သည်ကို စာရာ သိ မြင်လျှင်၊
10 pa reče Abrahamu: “Otjeraj tu sluškinju i njezina sina, jer sin sluškinje ne smije biti baštinik s mojim sinom - s Izakom!”
၁၀ဤ ကျွန်မ ၏သား သည် အကျွန်ုပ် ၏သား ဣဇာက် နှင့်အတူ အမွေ မ ခံရဟု အာဗြံဟံ အား ဆို လေ၏။
11 To je Abrahamu bilo nemilo, jer je i Jišmael bio njegov sin.
၁၁အာဗြဟံ လည်း ၊ မိမိ သား ဖြစ် သောကြောင့် ၊ ထိုအမှု အလွန် ခက် သည်ဟု ထင် လေ၏။
12 Ali Bog reče Abrahamu: “Nemoj se uznemirivati zbog dječaka i zbog svoje sluškinje; sve što ti kaže Sara poslušaj, jer će Izakovo potomstvo tebi ovjekovječiti ime.
၁၂သို့ရာတွင် ဘုရားသခင် က၊ ထိုသူငယ် နှင့် သင် ၏ ကျွန်မ ကြောင့် ၊ ဤအမှုခက် သည်ဟု မ ထင် နှင့်။ စာရာ ပြော လေရာရာ ၌ သူ ၏စကား ကို နားထောင် လော့။ အကြောင်းမူကား ၊ ဣဇာက် ၌ သာ သင် ၏ အမျိုး တည် လိမ့်မည်။
13 I od sina tvoje sluškinje podići ću velik narod, jer je tvoj potomak.”
၁၃ကျွန်မ ၏သား သည် သင် ၏အမျိုး ဖြစ်သောကြောင့် ၊ သူ့ ကိုလည်း လူမျိုး ဖြစ် စေမည်ဟု အာဗြံဟံ အား မိန့် တော်မူ၏။
14 Rano ujutro Abraham uze kruha i mješinicu vode pa dade Hagari; stavi to na njezina ramena, zajedno s dječakom, te je otpusti. Vrludala je amo-tamo po pustinji Beer Šebe.
၁၄အာဗြဟံ သည် နံနက် စောစောထ ၍ ၊ မုန့် နှင့် ရေ ဘူး ကိုယူ သဖြင့် ၊ ဟာဂရ ပခုံး ၌ တင် ပြီးလျှင် ၊ သူငယ် ကို အပ် ၍ ကျွန်မ ကို လွှတ် လိုက်လေ၏။ သူသည်လည်း သွား ၍ ဗေရရှေဘ တော ၌ လှည့်လည် လျက် နေ၏။
15 Potrošivši vodu iz mješinice, ostavi dijete pod jednim grmom,
၁၅ဘူး ၌ ရေ ကုန် သောအခါ ၊ သူငယ် ကို ချုံဖုတ် အောက် ၌ ထား ၍၊
16 a sama ode i sjede nasuprot, daleko koliko luk može dobaciti. Govorila je u sebi: “Neću da vidim kako dijete umire.” Sjedeći tako, udari u jecanje.
၁၆ငါသည်သူငယ်သေ သည်ကို မ မြင် လိုဟုဆို လျက် ၊ ခပ်ဝေးဝေး လေး တ ပစ်ခန့် လောက် သွားပြီးလျှင်၊ သူ ငယ်ရှေ့ မှာ ထိုင် ၍ နေလေ၏။ ထို သို့ထိုင် ၍ နေစဉ် သူ သည်အသံ ကို လွှင့် ၍ ငိုကြွေး လေ၏။
17 Bog ču plač dječaka te anđeo Božji zovne s neba Hagaru i reče joj: “Što ti je, Hagaro? Ne boj se! Jer je Bog čuo plač dječaka u njegovoj nevolji.
၁၇ဘုရားသခင် သည် လုလင် ၏အသံ ကို ကြား တော်မူ ၍ ဘုရားသခင် ၏၊ ကောင်းကင် တမန်က၊ ဟာဂရ ၊ သင် ၌ အဘယ် အမှုရှိသနည်း။ မ စိုးရိမ် နှင့်။ လုလင် နေ သောအရပ်ထဲက သူ ၏အသံ ကို ဘုရားသခင် ကြား တော်မူပြီ။
18 Na noge! Digni dječaka i utješi ga, jer od njega ću podići velik narod.”
၁၈ထ လော့။ လုလင် ကိုကြွ ၍ လက် နှင့်မ လော့။ ငါသည်သူ့ ကို လူမျိုး ကြီး ဖြစ် စေမည်ဟု ကောင်းကင် ထဲက ခေါ် ၍ ဟာဂရ အား မြွက်ဆို ၏။
19 Tada joj Bog otvori oči pa ona opazi studenac. Ode i napuni vodom mješinicu pa napoji dječaka.
၁၉ထိုအခါ ဘုရားသခင် သည် ဟာဂရ ၏ မျက်စိ ကို ဖွင့် တော်မူသဖြင့် ၊ သူသည်ရေ တွင်း ကို မြင် လေသော် ၊ သွား ၍ ဘူး ကို ရေ ဖြည့်ပြီးလျှင် ၊ လုလင် အား ရေ ကို တိုက် လေ၏။
20 Bog je bio s dječakom te je rastao i odrastao. Živio je u pustinji te postao vješt u strijeljanju iz luka.
၂၀ထိုလုလင် ဘက် ၌လည်း ၊ ဘုရားသခင် ရှိ တော်မူ ၏။ သူသည် ကြီးပွား ၍ တော ၌ နေ သဖြင့် ၊ လေး သမား ဖြစ် လေ၏။
21 Dom mu bijaše u pustinji Paranu; a njegova mu majka dobavi ženu iz zemlje egipatske.
၂၁ပါရန် တော ၌ နေ သည်ဖြစ်၍ သူ့ အမိ သည် အဲဂုတ္တု ပြည် မှ မိန်းမ တယောက်ကိုခေါ်၍ သူ နှင့် စုံဘက် စေ၏။
22 U to vrijeme Abimelek - koga je pratio Fikol, zapovjednik njegove vojske - reče Abrahamu: “Bog je s tobom u svemu što radiš.
၂၂ထို ရောအခါ၊ အဘိမလက် မင်းနှင့် ဗိုလ်ချုပ် မင်းဖိကောလ တို့သည် အာဗြဟံ ကို ခေါ်၍၊ သင်သည် ပြု လေရာရာ ၌ သင့် ဘက် မှာ ဘုရားသခင် ရှိ တော်မူ၏။
23 Stoga mi se ovdje i sada zakuni Bogom da nećeš varati ni mene ni moju rodbinu i prijatelje nego da ćeš se prema meni i prema zemlji u kojoj sad boraviš ponašati pošteno, kao što sam se ja prema tebi ponio.”
၂၃သို့ဖြစ်၍ သင်သည်ငါ့ ကို၎င်း၊ ငါ့ သား ကို၎င်း ၊ ငါ့ မြေး ကို၎င်း ၊ မ လှည့်စား၊ ငါသည် သင် ၌ ကျေးဇူးပြု သကဲ့သို့ ငါ ၌ ၎င်း ၊ သင်တည်း နေရာ ငါ့ပြည် ၌ ၎င်း၊ ကျေးဇူး ပြုမည်ဟု ဘုရားသခင် ကို တိုင်တည်၍ ငါ့ အား ကျိန် ဆိုပါလော့ဟုပြောဆို ၏။
24 “Kunem se”, odgovori Abraham.
၂၄အာဗြဟံ ကလည်း ၊ ထိုအတိုင်းငါ ကျိန် ဆိုပါမည်ဟု ပြန်ပြော လေ၏။
25 Onda Abraham prekori Abimeleka zbog zdenca vode što su ga Abimelekove sluge bile prisvojile.
၂၅အဘိမလက် မင်း၏ ကျွန် တို့သည် အနိုင် အထက်လုယူသော ရေ တွင်း အကြောင်းကြောင့် ၊ အာဗြဟံ သည် လည်း အဘိမလက် မင်းကို အပြစ်တင် လေ၏။
26 A Abimelek reče: “Ne znam tko je to učinio; ni ti me nisi o tome obavijestio, niti sam ja o tome čuo, osim danas.”
၂၆အဘိမလက် မင်းကလည်း ၊ ဤ အမှု ကို အဘယ်သူ ပြု သည်ကို ငါမ သိ။ သင် သည်ငါ့ ကို မ ပြော။ ငါ လည်း ယနေ့ တိုင်အောင် မ ကြား ရဟု ဆို ၏။
27 Abraham uzme ovaca i goveda pa ih dade Abimeleku te njih dvojica sklope savez.
၂၇အာဗြဟံ သည်လည်း သိုး ၊ နွား တို့ကို ယူ ပြီးလျှင် ၊ အဘိမလက် အား ပေး ၍ ထို နှစ် ပါးတို့သည် ပဋိညာဉ် ပြု ကြ ၏။
28 Potom Abraham razluči napose sedam janjaca od stada.
၂၈အာဗြဟံ သည်လည်း သိုးသငယ် မ ခုနစ် ကောင် တို့ကို သိုး စုနှင့်ခွဲ ထားလေ၏။
29 Nato Abimelek zapita Abrahama: “Što znači ovih sedam janjaca koje si na stranu stavio?”
၂၉အဘိမလက် ကလည်း ၊ ခွဲ ထားသော ဤ သိုးသငယ် မခုနစ် ကောင်တို့သည်၊ အဘယ်သို့ နည်းဟုမေး သော်၊
30 A on odgovori: “Primi ovih sedam janjaca iz moje ruke da mi bude dokazom da sam ja iskopao ovaj zdenac.”
၃၀အာဗြဟံ က၊ ဤ ရေ တွင်းကို ငါတူး ပြီးဟု ဤသိုးသငယ် မခုနစ် ကောင်တို့သည် ငါ့ ဘက် ၌ သက်သေ ဖြစ် မည် အကြောင်း သူတို့ကို သင်သည်ငါ့ လက် မှ ခံ ယူရမည်ဟု ဆို လေ၏။
31 Zato se ono mjesto nazvalo Beer Šeba; jer se njih dvojica ondje zakleše.
၃၁သို့ဖြစ်၍ ထို အရပ်၌ ထို နှစ် ပါးတို့သည် ကျိန်ဆို သောကြောင့် ၊ ထို အရပ် ကို ဗေရရှေဘ ဟု တွင် ကြ၏။
32 Pošto su sklopili savez kod Beer Šebe, Abimelek i zapovjednik njegove vojske Fikol odu i vrate se u zemlju Filistejaca.
၃၂ထိုသို့ ဗေရရှေဘ အရပ်၌ ပဋိညာဉ် ပြု ကြ၏။ အဘိမလက် နှင့် ဗိုလ်ချုပ် မင်း ဖိကောလ တို့သည်ထ ၍ ဖိလိတ္တိ ပြည် သို့ ပြန် ကြ၏။
33 Abraham zasadi kod Beer Šebe tamarisku i ondje zazove ime Jahve - Boga Vječnoga.
၃၃အာဗြဟံ သည် ဗေရရှေဘ အရပ်၌ မန်ကျည်း ပင်ကိုစိုက် ၍ ၊ အစဉ် အမြဲတည်တော်မူသောဘုရား သခင်တည်းဟူသော၊ ထာဝရဘုရား ၏ နာမတော် ကို ပဌနာ ပြု လေ၏။
34 Dugo je vremena Abraham proveo u zemlji filistejskoj kao pridošlica.
၃၄ဖိလိတ္တ ပြည် မှာ ကာလ ရှည် ကြာစွာ တည်း နေ သတည်း။

< Postanak 21 >