< Ponovljeni zakon 26 >

1 Kad stigneš u zemlju koju ti Jahve, Bog tvoj, daje u baštinu, kad je zaposjedneš i u njoj se nastaniš,
သင် ၏ဘုရားသခင် ထာဝရဘုရား သည်၊ သင့် အမွေခံ စရာဘို့ ပေး တော်မူသောပြည် သို့ သင်သည် ဝင်စား ၍ နေသောအခါ၊
2 uzmi nešto prvina od svakoga ploda što ga budeš dobivao od zemlje koju ti Jahve, Bog tvoj, daje: stavi ih u košaru, otiđi u mjesto što ga Jahve, Bog tvoj, odabere da u njemu nastani svoje ime.
သင် ၏ဘုရားသခင် ထာဝရဘုရား ပေး တော်မူသောပြည် ၌ အဦးသီး သော အသီး အမျိုးမျိုး ကိုယူ ၍ ခြင်တောင်း ၌ ထည့် ပြီးမှ သင် ၏ဘုရားသခင် ထာဝရဘုရား ၏ နာမ တော်တည် စရာဘို့ ရွေးကောက် တော်မူသော အရပ် သို့ သွား ၍၊
3 Stupi k svećeniku koji bude tada vršio službu i reci: 'Priznajem danas pred Jahvom, Bogom svojim, da sam stigao u zemlju za koju se Jahve zakleo našim ocima da će je nama dati.'
ထိုကာလ ၌ ယဇ် ပုရောဟိတ်လုပ်သော သူ ထံ သို့ချဉ်း လျက် ၊ ထာဝရဘုရား သည် ငါ့ အား ပေး ခြင်းငှာ ၊ ဘိုးဘေး တို့အား ကျိန်ဆို တော်မူသော ပြည် သို့ အကျွန်ုပ် ရောက် ပါပြီဟု ကိုယ်တော် ၏ဘုရားသခင် ထာဝရဘုရား အား ယနေ့ အကျွန်ုပ်ဝန်ခံ ပါသည်ဟု ယဇ် ပုရောဟိတ်အား ပြောဆို ရမည်။
4 Zatim će svećenik uzeti iz tvoje ruke košaru i položiti je pred žrtvenik Jahve, Boga tvoga.
ယဇ် ပုရောဟိတ်သည်လည်း ခြင်တောင်း ကို သင့် လက် မှ ယူ ၍ သင် ၏ဘုရားသခင် ထာဝရဘုရား ၏ ယဇ် ပလ္လင်ရှေ့ မှာ ချ ထားရမည်။
5 Ti onda nastavi i reci pred Jahvom, Bogom svojim: 'Moj je otac bio aramejski lutalac koji je sa malo čeljadi sišao u Egipat da se skloni. Ali je ondje postao velikim, brojnim i moćnim narodom.
သင်ကလည်း၊ အရပ်ရပ်သို့ လှည့်လည် သော ရှုရိ အမျိုးသားသည် အကျွန်ုပ် အဘ ဖြစ်ပါ၏။ သူသည် အဲဂုတ္တု ပြည်သို့ သွား ၍ လူ အနည်းငယ် နှင့်တကွ တည်းခို စဉ်တွင် ကြီးမား များပြား သော လူမျိုး ဖြစ် ပါ၏။
6 Egipćani su s nama postupali loše; tlačili su nas i nametnuli nam teško ropstvo.
အဲဂုတ္တု လူတို့သည် အကျွန်ုပ် တို့ကို ညှဉ်းဆဲ နှိပ်စက်၍ ကျပ်တည်း စွာ ကျွန် ခံ စေကြ၏။
7 Vapili smo Jahvi, Bogu otaca svojih. Jahve je čuo vapaj naš; vidje naš jad, našu nevolju i našu muku.
ဘိုးဘေး တို့ကိုးကွယ်သော ဘုရားသခင် ထာဝရဘုရား ကို အော်ဟစ် ၍ လျှောက်ကြသောအခါ၊ ထာဝရဘုရား သည် နားထောင် တော်မူသဖြင့် ၊ အကျွန်ုပ် တို့ ခံရသောညှဉ်းဆဲ နှိပ်စက်ခြင်း၊ ပင်ပန်း ခြင်းတို့ကို ကြည့်ရှု တော်မူ၏။
8 Iz Egipta nas izvede Jahve moćnom rukom i ispruženom mišicom, velikom strahotom, znakovima i čudesima.
ထိုအခါ ထာဝရဘုရား သည် တန်ခိုး ကြီးသော လက်ရုံး တော်ကို ဆန့် ၍ ကြောက်မက် ဘွယ်သော နိမိတ် လက္ခဏာ အံ့ဘွယ် သောအမှုတို့ဖြင့် အကျွန်ုပ် တို့ကို အဲဂုတ္တု ပြည်မှ နှုတ် ပြီးလျှင်၊
9 I dovede nas na ovo mjesto i dade nam ovu zemlju, zemlju kojom teče med i mlijeko.
နို့ နှင့် ပျားရည် စီး သော ဤ ပြည် သို့ ပို့ဆောင် ၍ ပေး သနားတော်မူ၏။
10 I sad, evo, donosim prvine plodova sa tla što si mi ga, Jahve, dao.' Stavi ih pred Jahvu, Boga svoga, i pred Jahvom, Bogom svojim, duboko se nakloni.
၁၀ယခုမှာ အိုထာဝရဘုရား ၊ ကိုယ်တော်ပေး သနား တော်မူသော ပြည် ၌ အဦး သီးသော အသီး ကို အကျွန်ုပ် ဆောင် ခဲ့ပါပြီဟု သင်၏ဘုရားသခင်ထာဝရဘုရားအား လျှောက်ဆိုလျက်၊ ထိုအသီးကို သင် ၏ဘုရားသခင် ထာဝရဘုရား ရှေ့ တော်၌ ထား ရမည်။ ရှေ့ တော်၌လည်း ကိုးကွယ် ခြင်းကို ပြုရမည်။
11 A onda zajedno s levitom i došljakom koji bude kod tebe uživaj sva dobra kojima je Jahve, Bog tvoj, obasuo tebe i dom tvoj.
၁၁သင် ၏ဘုရားသခင် ထာဝရဘုရား သည်၊ သင် နှင့် သင် ၏အိမ်သူ အိမ်သားတို့အား ပြု တော်မူသမျှ သော ကျေးဇူး ၌ ၊ သင် သည် သင် နှင့်အတူ တည်းခိုသော လေဝိ သားမှစ၍ တပါး အမျိုးသားတို့နှင့်တကွ ပျော်မွေ့ ခြင်းကို ပြုရမည်။
12 A kad treće godine - godine desetine - završiš odjeljivanje sve desetine od svoga prihoda i dadeš levitu, došljaku, siroti i udovici po tvojim gradovima da jedu do sitosti,
၁၂သုံး နှစ် တွင် ဆယ်ဘို့ တဘို့ပေး ရသောတတိယ နှစ် ရောက်သောအခါ၊ အစီးအပွား ရှိသမျှ တို့ကို ဆယ်ဘို့ တဘို့ ကောက်ယူ၍ ၊ လေဝိ သား၊ တပါး အမျိုးသား၊ မိဘ မရှိ သောသူ၊ မုတ်ဆိုးမ တို့ကို သင့် နေရာ မြို့များ၌ ဝ စွာကျွေးမွေး ပြီးမှ၊
13 tada pred Jahvom, Bogom svojim, izjavi: 'Iz kuće sam uklonio ono što je bilo posvećeno. Dao sam još i levitu, došljaku, siroti i udovici, prema svim tvojim zapovijedima koje si mi izdao. Ni jedne tvoje zapovijedi nisam prekršio ni zaboravio.
၁၃သင် ၏ဘုရားသခင် ထာဝရ ဘုရားအား၊ ကိုယ်တော် သည် အကျွန်ုပ် ကို မှာထား တော်မူသမျှ အတိုင်း ၊ သန့်ရှင်း သောဥစ္စာတို့ကို အိမ် မှ ထုတ် ၍ လေဝိ သား၊ တပါး အမျိုးသား၊ မိဘ မရှိသောသူ၊ မုတ်ဆိုးမ တို့အား ပေး ပါပြီ။ ပညတ် တော်တို့ကို မ လွန်ကျူး ၊ မ မေ့လျော့ ပါ။
14 Od toga nisam ništa jeo u žalosti; od toga nisam ništa žrtvovao u nečistoći, niti sam od toga što dao mrtvacu; slušao sam glas Jahve, Boga svoga; u svemu sam učinio kako si mi naredio.
၁၄မသာအမှုကို ဆောင်စဉ်အခါ ထိုဥစ္စာကို အကျွန်ုပ်မ စား ပါ။ မ စင်ကြယ်သော အသုံးအဆောင်ဘို့ အနည်းငယ်ကိုမျှ မယူပါ။ သေ သောသူတို့အဘို့ အနည်းငယ် ကိုမျှ မ ပေး ပါ။ အကျွန်ုပ် ဘုရားသခင် ထာဝရဘုရား ၏ စကား တော်ကို နားထောင် ပါပြီ။ ကိုယ်တော်မှာထား တော်မူသမျှအတိုင်း ပြုပါပြီ။
15 Pogledaj s nebesa, iz svoga svetog prebivališta, i blagoslovi narod svoj izraelski i zemlju koju si nam dao, zemlju kojom teče med i mlijeko - kako si se zakleo ocima našim.'
၁၅ကိုယ်တော် ၏ သန့်ရှင်း သော နေရာ ကောင်းကင်ဘုံ မှ ငုံ့ကြည့် ၍ ၊ ကိုယ်တော် ၏ လူ ဣသရေလ အမျိုးကို၎င်း ၊ ဘိုးဘေး တို့အား ကျိန်ဆို တော်မူသည်အတိုင်း ၊ အကျွန်ုပ် တို့ အား ပေး တော်မူသော ပြည် ၊ နို့ နှင့် ပျားရည် စီး သော ပြည် ကို၎င်းကောင်းကြီး ပေးတော်မူပါဟု လျှောက်ဆိုရမည်။
16 Jahve, Bog tvoj, naređuje ti danas da vršiš ove zakone i uredbe. Drži ih, dakle, i vrši svim srcem svojim i svom dušom svojom.
၁၆ယခု စီရင် ထုံးဖွဲ့ သမျှအတိုင်း ကျင့် ရမည်ဟု သင် ၏ဘုရားသခင် ထာဝရဘုရား မှာ ထားတော်မူသည် ဖြစ်၍စိတ်နှလုံး အကြွင်းမဲ့ ကျင့် စောင့်ရမည်။
17 Danas si ugovorio s Jahvom da će ti on biti Bog, a ti da ćeš ići njegovim putovima, držati njegove zakone, njegove zapovijedi i njegove uredbe i slušati njegov glas.
၁၇ထာဝရဘုရား သည် သင် ၏ဘုရားသခင် ဖြစ် တော်မူသည်ဟူ၍၎င်း၊ လမ်း တော်သို့ လိုက် ပါမည်၊ စီရင် ထုံးဖွဲ့တော်မူသောပညတ် တရားတော်ကို စောင့်ရှောက် ပါမည်၊ စကား တော်ကို နားထောင် ပါမည်ဟူ၍၎င်း၊ ယနေ့ သင်သည် ဝန်ခံ ပြီ။
18 Danas je Jahve ugovorio s tobom da ćeš ti biti njegov narod, njegova predraga svojina, kako ti je obećao, i da ćeš držati sve njegove zapovijedi.
၁၈ထာဝရဘုရား သည်လည်း ဂတိ ထားတော်မူသမျှ အတိုင်း ၊ သင် သည် ပညတ် တော် အလုံးစုံ တို့ကို စောင့်ရှောက် စေခြင်းငှာ ၊ အထူးသဖြင့်ကိုယ်တော် ၏ လူမျိုး ဖြစ် သည်ဟူ၍၎င်း၊
19 On će te uzvisiti čašću, imenom i slavom nad sve narode koje je stvorio; i ti ćeš biti narod posvećen Jahvi, Bogu svome, kako ti je rekao.”
၁၉ဖန်ဆင်း တော်မူသော လူမျိုး တကာ တို့ထက် သင် ၏ဂုဏ် အသရေကျော်စော ကိတ္တိကို လွန်ကဲ စေတော်မူမည်ဟူ၍၎င်း ဂတိ တော်ရှိသည်အတိုင်း ၊ သင် ၏ဘုရားသခင် ထာဝရဘုရား အဘို့ သန့်ရှင်း သောလူမျိုး ဖြစ် စေခြင်းငှာ ၎င်း ယနေ့ ဝန်ခံ တော်မူပြီဟု ဣသရေလအမျိုးသားတို့အား ဟောပြောလေ၏။

< Ponovljeni zakon 26 >