< 2 Ljetopisa 15 >

1 Tada duh Božji dođe na Odedova sina Azarju.
ဘုရားသခင် ၏ဝိညာဉ် တော်သည် ဩဒက် သား အာဇရိ အပေါ် သို့ သက်ရောက် ၍၊
2 On je izišao pred Asu i rekao mu: “Čujte me, Asa i sve Judino i Benjaminovo pleme! Jahve je s vama jer ste vi s njime; i ako ga budete tražili, naći ćete ga; ako li ga ostavite, i on će ostaviti vas.
အာဇရိသည် အာသ မင်းကို ကြိုဆိုခြင်းငှါသွားလျက်၊ အိုအာသ မင်း၊ အိုယုဒ အမျိုးနှင့် ဗင်္ယာမိန် အမျိုးသားအပေါင်း တို့၊ ငါ့ စကားကို နားထောင် ကြလော့။ သင် တို့သည် ထာဝရဘုရား ဘက် ၌ နေလျှင်၊ နေစဉ် ကာလ၊ ထာဝရ ဘုရားသည် သင် တို့နှင့်အတူ ရှိ တော်မူမည်။ ထာဝရ ဘုရားကိုရှာ လျှင် အတွေ့ ခံတော်မူမည်။ စွန့် လျှင် သင် တို့ကို စွန့် တော်မူမည်။
3 Dugo su Izraelci bili bez pravoga Boga i bez svećenika-učitelja i bez Zakona.
ကြာမြင့်သောကာလပတ်လုံး၊ ဣသရေလ အမျိုး၌ မှန် သော ဘုရား မ ရှိ။ ဩဝါဒပေးတတ်သော ယဇ် ပုရောဟိတ် မရှိ။ တရားလည်းမရှိဘဲ နေ၍၊
4 Kad su se u nevolji obratili Jahvi, Bogu Izraelovu, i stali ga tražiti, našli su ga.
ဘေး ရောက်သဖြင့် ၊ သူတို့သည် ဣသရေလ အမျိုး၏ဘုရားသခင် ထာဝရဘုရား ထံတော်သို့ ပြန်လာ ၍ ၊ ရှာ ကြသောအခါ အတွေ့ ခံတော်မူ၏။
5 U ona vremena nitko nije mogao na miru ni izlaziti ni dolaziti, jer su veliki nemiri vladali među svim zemaljskim stanovnicima.
ရှေးကာလ ၌ ထွက် သောသူ၊ ဝင် သောသူသည် ချမ်းသာ မ ရ။ အတိုင်းတိုင်း အပြည်ပြည်သား အပေါင်းတို့သည် အလွန် ဆင်းရဲခြင်းကိုခံရကြ၏။
6 Udarao je narod na narod, grad na grad, jer ih je Jahve smeo svakojakom nevoljom.
တ နိုင်ငံနှင့် တ နိုင်ငံ၊ တမြို့ နှင့် တမြို့ ထ ကြ၍ ၊ ဘေး အမျိုးမျိုး အားဖြင့် ၊ ဘုရားသခင် ဆုံးမ တော်မူ၏။
7 Ali vi budite hrabri i neka vam ne klonu ruke, jer ima nagrada za vaša djela.”
သင် တို့မူကား အားယူ ကြလော့။ လက် အား မ လျော့ စေနှင့်။ သင် တို့ကျင့် သည် အတိုင်းအကျိုး ကိုခံရ ကြမည်ဟု မြွက်ဆို၏။
8 Čuvši te riječi i proročku besjedu proroka Odeda, Asa se ohrabri i ukloni idolske gadove iz cijele Judine i Benjaminove zemlje i iz gradova koje je bio osvojio u Efrajimovoj gori. Obnovio je i Jahvin žrtvenik koji je bio pred Jahvinim trijemom.
ထို စကား နှင့် ပရောဖက် ဩဒက် ၏ အနာဂတ္တိ စကားကို အာသ မင်းသည် ကြား သောအခါ ၊ ရဲရင့်ခြင်းသို့ ရောက်၍၊ ယုဒ ပြည် နှင့် ဗင်္ယာမိန် ပြည်အရပ်ရပ် တို့၌ ၎င်း၊ ဧဖရိမ် တောင် ပေါ် မှာ တိုက်ယူ သော မြို့ တို့၌ ၎င်း ၊ စက်ဆုပ် ဘွယ်သောအရာရှိသမျှတို့ကို ပယ်ရှား ၍ ၊ ဗိမာန်တော်ဦး ရှေ့ တွင်ရှိသော ထာဝရဘုရား ၏ ယဇ် ပလ္လင်ကို ပြုပြင် လေ၏။
9 Onda je skupio sve Judino i Benjaminovo pleme i došljake koji su bili kod njih od Efrajimova, Manašeova i Šimunova plemena, jer ih je mnogo prebjeglo k njemu od Izraelaca kad su vidjeli da je s njim Jahve, njegov Bog.
ယုဒ အမျိုးနှင့် ဗင်္ယာမိန် အမျိုးသားအပေါင်း တို့ကို၎င်း၊ ဧဖရိမ် ခရိုင်၊ မနာရှေ ခရိုင်၊ ရှိမောင် ခရိုင်ထဲက ထွက်သော တပါးအမျိုးသားတို့ကို၎င်းစုဝေးစေ၏။ အာသ မင်း၏ ဘုရားသခင် ထာဝရဘုရား သည်၊ သူ နှင့်အတူ ရှိတော်မူကြောင်း ကို၊ ဣသရေလ အမျိုးသားအများ တို့သည် သိမြင် လျှင် ၊ ထို မင်းဘက်သို့ ဝင်စား ကြ၏။
10 I skupili su se u Jeruzalemu trećega mjeseca petnaeste godine Asina kraljevanja.
၁၀အာသ မင်းနန်းစံ ဆယ် ငါး နှစ် ၊ တတိယ လ တွင် ယေရုရှလင် မြို့၌ စုဝေး ၍၊
11 Onoga su dana prinijeli Jahvi žrtve od plijena koji su dognali, sedam stotina goveda i sedam tisuća sitne stoke.
၁၁ဆောင် ခဲ့သော လက်ရ ဥစ္စာထဲက နွား ခုနစ် ရာ ၊ သိုး ခုနစ် ထောင် တို့ကို ထာဝရဘုရား အား ပူဇော် ကြ၏။
12 Zavjetovaše se da će tražiti Jahvu, Boga svojih otaca, svim srcem i svom dušom.
၁၂ဘိုးဘေး တို့၏ ဘုရားသခင် ထာဝရဘုရား ကို စိတ်နှလုံး အကြွင်းမဲ့ ရှာ ပါမည်ဟူ၍၎င်း၊
13 A tko god ne bi tražio Jahvu, Izraelova Boga, da se pogubi, bio malen ili velik, čovjek ili žena.
၁၃ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား ကို မ ရှာ သောသူ ၊ ယောက်ျား မိန်းမ အကြီး အငယ် မည်သည်ကား၊ အသေ သတ်ခြင်းကိုခံရမည်ဟူ၍၎င်း၊
14 Zakleli su se Jahvi iza glasa i uz gromki poklik, uz trube i rogove.
၁၄ကြွေးကြော် သံ၊ တံပိုး နှဲခရာ မှုတ်သံနှင့်တကွ ၊ ကြီး သောအသံ ဗလံပြုလျက်၊ ထာဝရဘုရား အား ကျိန်ဆို ၍ ဝန်ခံခြင်းပဋိညာဉ်ဖွဲ့ကြ၏။
15 Svi su se Judejci radovali zbog te zakletve jer su se iz svega srca zakleli i od sve su ga svoje volje tražili i našli ga. Jahve im je dao mir odasvud uokolo.
၁၅ယုဒ လူအပေါင်း သည် ထိုသို့ကျိန်ဆို ခြင်းကို ပြုသောအခါ ဝမ်းမြောက် ကြ၏။ အကြောင်း မူကား၊ စိတ်နှလုံး အကြွင်းမဲ့ ကျိန်ဆို ၍ ၊ အလိုဆန္ဒ အားကြီးသည်နှင့် ၊ ထာဝရဘုရား ကိုရှာ သောကြောင့် အတွေ့ ခံတော်မူ၏။ အရပ်ရပ် ၌ ငြိမ်သက် ခြင်းအခွင့်ကိုပေး တော်မူ၏။
16 I svoju mater Maaku ukloni kralj Asa s vlasti jer je bila načinila gada Ašeri. Asa je sasjekao njezina gada, satro ga i spalio u potoku Kidronu.
၁၆အာသ မင်းကြီး ၏ အဘွား တော်မာခါ သည်၊ အာရှရ ပင်အောက်မှာ ရုပ်တု ကိုလုပ် သောကြောင့် ၊ မိဖုရား အရာကို နှုတ် ၍ ၊ ရုပ်တု ကိုဖျက်ဆီး ကျော်နင်းပြီးလျှင် ၊ ကေဒြုန် ချောင်း နား မှာ မီးရှို့ တော်မူ၏။
17 Ali uzvišice nisu bile uklonjene iz Izraela. Ipak je Asino srce bilo privrženo Jahvi svega njegova života.
၁၇မြင့် သောအရပ်တို့ကို ဣသရေလ ပြည်၌ မ ပယ်ရှား သော်လည်း ၊ လက်ထက် တော်ကာလပတ်လုံး အာသ စိတ်နှလုံး သည် စုံလင် ခြင်းရှိ ၏။
18 Unio je u Dom Božji posvećene darove svoga oca i svoje: srebro i zlato i posuđe.
၁၈ခမည်းတော် လှူ သောဥစ္စာ၊ ကိုယ်တိုင် လှူ သော ဥစ္စာ၊ ရွှေ ၊ ငွေ တန်ဆာ များကို ဗိမာန် တော်ထဲသို့ သွင်း ထား တော်မူ၏။
19 Nije bilo rata sve do trideset i pete godine Asina kraljevanja.
၁၉နောက်တဖန် နန်းစံ သုံးဆယ် ငါး နှစ် တိုင်အောင် စစ်တိုက် ခြင်းမ ရှိ။

< 2 Ljetopisa 15 >