< 1 Kraljevima 5 >

1 Tirski kralj Hiram posla svoje sluge Salomonu, jer bijaše čuo da su ga pomazali za kralja na mjesto njegova oca, a Hiram je svagda bio prijatelj Davidov.
ရှောလမုန် ကို ခမည်းတော် အရာ ၌ ဘိသိက် ပေး ကြောင်း ကို တုရု မင်းကြီး ဟိရံ သည် ကြား လျှင် ၊ ဒါဝိဒ် နှင့် အစဉ် မိတ်ဆွေ ဖွဲ့သောသူဖြစ်၍ ၊ မိမိ ကျွန် တို့ကို စေလွှတ် လေ၏။
2 Tada Salomon poruči Hiramu:
တဖန် ရှောလမုန် သည်လည်း၊ ဟိရံ ထံသို့ စေလွှတ် လျက်၊
3 “Ti znaš dobro da moj otac David nije mogao sagraditi Doma imenu Jahve, svoga Boga, zbog ratova kojima su ga okružili neprijatelji sa svih strana, sve dok ih Jahve nije položio pod stopala nogu njegovih.
ငါ့ အဘ ဒါဝိဒ် သည် အရပ်ရပ်၌ စစ်တိုက် ရ သောကြောင့် ၊ ထာဝရဘုရား သည် ရန်သူတို့ကို အဘခြေဘဝါး တော်အောက် သို့ နှိမ့်ချ တော်မမူမှီတိုင်အောင် ၊ မိမိ ဘုရား သခင်ထာဝရဘုရား ၏ နာမ တော်အဘို့ အိမ် တော်ကို မ တည် မဆောက်ရဟု မင်းကြီးသိ ၏။
4 Sada mi je Jahve, Bog moj, dao mir posvuda unaokolo: nemam neprijatelja ni zlih udesa.
ယခု မူကား ၊ ငါ ၏ဘုရား သခင်ထာဝရဘုရား သည် အရပ်ရပ် ၌ ငြိမ်ဝပ် မည်အကြောင်းစီရင်တော်မူသဖြင့်၊ ရန်ဘက် ပြုသောသူ၊ ဆီးတား သောသူ မ ရှိသည် ဖြစ်၍၊
5 Namjeravam, dakle, sagraditi Dom imenu Jahve, Boga svoga, kako je Jahve rekao mome ocu Davidu: 'Tvoj sin koga ću mjesto tebe postaviti na tvoje prijestolje, on će sagraditi Dom mome Imenu.'
ထာဝရဘုရား က၊ ငါ့ အဘ ဒါဝိဒ် အား သင့် ကိုယ်စား သင် ၏ရာဇ ပလ္လင်ပေါ် မှာ ငါတင် သော သင် ၏ သား သည် ငါ့ နာမ အဘို့ အိမ် ကို တည်ဆောက် ရမည်ဟု မိန့် တော်မူသည်အတိုင်း ၊ ငါ ၏ဘုရား သခင်ထာဝရဘုရား ၏ နာမ တော်အဘို့ အိမ် တော်ကို တည်ဆောက် မည်ဟု ငါ အကြံ ရှိ၏။
6 Stoga sada zapovjedi da mi nasijeku cedrova na Libanonu; moje će sluge biti sa slugama tvojim, i ja ću platiti nadnicu tvojim slugama prema svemu kako mi odrediš. Ti znaš dobro da u nas nema ljudi koji umiju sjeći drva kao Sidonci.”
မင်းကြီး၏ ကျွန်တို့သည် ငါ့ အဘို့ လေဗနုန် တောင်ပေါ် မှာ အာရဇ် ပင်တို့ကို ခုတ်လှဲ စေခြင်းငှါ စီရင် ပါ။ ငါ့ ကျွန် တို့သည် မင်းကြီး ကျွန် တို့နှင့် ဝိုင်း၍ လုပ်ကိုင် ကြလိမ့်မည်။ မင်းကြီးစီရင် သည်အတိုင်း ၊ မင်းကြီး ၏ ကျွန် တို့အား အခ ကိုပေး ပါမည်။ ဇိဒုန် အမျိုးသားတို့သည် သစ် ခုတ် တတ် သကဲ့သို့ ငါ တို့တွင် အဘယ်သူ မျှမခုတ်တတ် သည်ကို မင်းကြီး သိ သည်ဟု မှာလိုက်လေ၏။
7 Kada je Hiram primio Salomonovu poruku, veoma se obradova i reče: “Neka je blagoslovljen danas Jahve koji je dao mudra sina Davidu, koji upravlja ovim velikim narodom.”
ရှောလမုန် မင်း၏စကား ကို ဟိရံ မင်းသည် ကြား လျှင် အလွန် ဝမ်းမြောက် ၍ ၊ ထို လူမျိုး ကြီး ကို အစိုးရသောသား ကို ဒါဝိဒ် အား ပေး တော်မူသော ထာဝရဘုရား သည် ယနေ့ မင်္ဂလာ ရှိတော်မူစေသတည်းဟု ဆို လျက်၊
8 I Hiram javi Salomonu: “Primio sam tvoju poruku. Ispunit ću u svemu tvoju želju glede drva cedrova i drva čempresova.
မင်းကြီးမှာ လိုက်သော အမှု ကို ငါဆင်ခြင် ပြီ။ အာရဇ် သစ်သား ၊ ထင်ရူး သစ်သား လို သမျှ ကို ပေး ပါမည်။
9 Moje će ih sluge dopremiti s Libanona na more, složit ću ih u splavi i pustiti ih morem do mjesta koje ćeš mi označiti; ondje ću ih razložiti i ti ćeš ih uzeti. Ti ćeš pak ispuniti moju želju i dati hranu mojoj čeljadi.”
ငါ့ ကျွန် တို့သည် လေဗနုန် တောင်မှ ပင်လယ် သို့ ချ ပြီးလျှင် ၊ ဘောင် လုပ်၍ မင်းကြီးစီရင် သော အရပ် သို့ ပင်လယ် လမ်းဖြင့် ဆောင် ခဲ့၍ ၊ ထို အရပ်၌အပ် သဖြင့် မင်းကြီး ခံယူ ရမည်။ မင်းကြီး သည်လည်း ၊ ငါ ၏နန်းတော် သားစားစရာ ရိက္ခါကိုပေး ၍ ငါ့ အလို ကိုလည်း ပြည့်စုံ စေရမည်ဟု ရှောလမုန် ထံသို့ လူကိုစေလွှတ် ၍ ပြန်ပြော ၏။
10 Hiram je davao Salomonu drva cedrova i čempresova koliko je htio,
၁၀ထိုသို့ ဟိရံ သည် ရှောလမုန် အလို ရှိသမျှ သော အာရဇ် သစ်သား ၊ ထင်းရူး သစ်သား ကိုပေး ၏။
11 a Salomon je davao Hiramu dvadeset tisuća kora pšenice za hranu ljudstvu, i dvadeset tisuća kora ulja od tiještenih maslina. Toliko je Salomon davao Hiramu godinu za godinom.
၁၁ရှောလမုန် သည်လည်း ၊ ဟိရံ ၏နန်းတော် သား များ စားစရာ ဘို့ တနှစ် တနှစ်လျှင် ဂျုံ ဆန်ကောရ နှစ် သောင်း၊ စစ် ပြီးသော ဆီ ကောရ နှစ် ဆယ်ကိုပေး ၏။
12 Jahve je dao mudrost Salomonu, kako mu bijaše obećao; između Hirama i Salomona vladao je mir te oni sklopiše savez.
၁၂ထာဝရဘုရား သည်လည်း ၊ ဂတိ တော်ရှိသည် အတိုင်း ၊ ရှောလမုန် အား ပညာ ကိုပေး တော်မူ၏။ ဟိရံ မင်းနှင့် ရှောလမုန် မင်းနှစ် ပါးတို့သည် စစ်တိုက် ခြင်း မရှိ။ မိဿဟာယ ဖွဲ့ ကြ၏။
13 Tada diže kralj Salomon kulučare iz svega Izraela; kulučara je bilo u svemu trideset tisuća ljudi.
၁၃ရှောလမုန် မင်းကြီး သည်လည်း ၊ ဣသရေလ လူ အပေါင်း တို့တွင် လူ သုံး သောင်းတို့ကို ခွဲခန့် ၍၊
14 Slao ih je naizmjence na Libanon, svakog mjeseca deset tisuća ljudi: bili su mjesec dana na Libanonu, a dva mjeseca kod kuće. Adoniram je bio nad svim kulučarima.
၁၄အလှည့် အလှည့်တလ လျှင်တသောင်း စီ၊ လေဗနုန် တောင်သို့ စေလွှတ် သဖြင့် ၊ ထိုလူတို့သည် လေဗနုန် တောင် ပေါ် မှာတလ ၊ ကိုယ် နေရာ အရပ်၌ နှစ် လ နေ ရကြ၏။ ထိုလူ တို့ကို အဒေါနိရံ အုပ်ရ၏။
15 Salomon je imao i sedamdeset tisuća nosača tereta, osamdeset tisuća kamenorezaca u gori,
၁၅ထမ်းရွက် သောသူခုနစ် သောင်း၊ တောင်ရိုး ပေါ် မှာ သစ်ခုတ် သောသူရှစ် သောင်းတို့ကိုလည်း စေခိုင်းတော်မူ ၍၊
16 ne računajući glavara službeničkih koji su upravljali poslovima; njih je bilo tri tisuće i tri stotine, a upravljali su narodom zaposlenim na radovima.
၁၆အုပ်ချုပ် သောမင်း အရာရှိမှတပါး လုပ်ဆောင် သောသူတို့ ကို စီရင် သောသူ သုံး ထောင် သုံး ရာ ရှိ၏။
17 Kralj je zapovjedio da lome gromade biranog kamena i da ih klešu za temelje Hrama.
၁၇ရှင်ဘုရင် ၏ အမိန့် တော်အတိုင်း အိမ် တော် တိုက်မြစ် အဘို့ ကြီး သောကျောက် ၊ အဘိုး ထိုက်သော ကျောက် ၊ ဆစ် ပြီးသောကျောက် တို့ကို ဆောင် ခဲ့ကြ၏။
18 Graditelji Salomonovi i Hiramovi, i oni iz Gibela, tesali su i pripremali drvo i klesali za gradnju Hrama.
၁၈ထိုသို့ ရှောလမုန် မင်း၏ လက်သမား တို့နှင့် ဟိရံ မင်း၏လက်သမား တို့သည် ဂေဗာလ အမျိုးသားတို့ နှင့်တကွ ၊ အိမ် တော်ကို တည်ဆောက် စရာဘို့ သစ်သား များ၊ ကျောက် များတို့ကို ပြင်ဆင် ကြ၏။

< 1 Kraljevima 5 >