< ⲪⲒⲖⲒⲠⲠⲞⲒⲤ 4 >

1 ⲁ̅ ϩⲱⲥⲧⲉ ⲛⲁⲥⲛⲏⲩ ⲙⲙⲉⲣⲓⲧ ⲁⲩⲱ ⲉϯⲟⲩⲁϣⲟⲩ ⲡⲁⲣⲁϣⲉ ⲁⲩⲱ ⲡⲁⲕⲗⲟⲙ ⲁϩⲉⲣⲁⲧ ⲧⲏⲩⲧⲛ ⲛⲧⲉⲉⲓϩⲉ ϩⲙ ⲡϫⲟⲉⲓⲥ ⲛⲁⲙⲉⲣⲁⲧⲉ
ထိုကြောင့် ငါဝမ်းမြောက်ခြင်းအကြောင်း၊ ငါ့ဦးရစ်သရဖူတည်းဟူသော၊ ငါချစ်၍ အလွန်လွမ်းသော ညီအစ်ကိုတို့၊ ငါဆိုခဲ့ပြီးသည်အတိုင်း သခင်ဘုရား၌ တည်နေကြလော့၊ ငါ့ချစ်သူတို့။
2 ⲃ̅ ϯⲡⲁⲣⲁⲕⲁⲗⲉⲓ ⲛⲉⲩϩⲟⲇⲓⲁ ϯⲡⲁⲣⲁⲕⲁⲗⲉⲓ ⲛⲥⲩⲛⲧⲩⲭⲏ ⲙⲉⲉⲩⲉ ⲉⲟⲩⲁ ⲛⲟⲩⲱⲧ ϩⲙ ⲡϫⲟⲉⲓⲥ
ဧဝေါဒိနှင့်သုန္တုတ်တို့သည် သခင်ဘုရား၌ သဘော တညီတညွတ်တည်း ဖြစ်ရကြမည်အကြောင်းကို ငါတောင်းပန် သွေးဆောင်ပါ၏။
3 ⲅ̅ ⲁⲓⲟ ϯⲥⲟⲡⲥ ⲙⲙⲟⲕ ϩⲱⲱⲕ ⲥⲩⲍⲩⲅⲉ ⲡϩⲁⲕ ϯⲧⲟⲟⲧⲕ ⲛⲙⲙⲁⲩ ⲛⲁⲓ ⲉⲛⲧⲁⲩϣⲙϣⲉ ⲛⲙⲙⲁⲓ ϩⲙ ⲡⲉⲩⲁⲅⲅⲉⲗⲓⲟⲛ ⲙⲛ ⲡⲕⲉⲕⲗⲏⲙⲏⲥ ⲁⲩⲱ ⲡⲁⲕⲉⲥⲉⲉⲡⲉ ⲛϣⲃⲣⲣϩⲱⲃ ⲛⲁⲓ ⲉⲣⲉⲡⲉⲩⲣⲁⲛ ϩⲙ ⲡϫⲱⲱⲙⲉ ⲙⲡⲱⲛϩ
အချင်း ငါ့လုပ်ဘော်ဆောင်ဘက်စစ်၊ သင်တို့ကိုလည်း ငါတောင်းပန်၏။ ငါနှင့်ကလေမင်မှစ၍ အသက်စာရင်းဝင်သော အခြားသောငါ၏လုပ်ဘော်ဆောင်ဘက်တို့နှင့်အတူ၊ ဧဝံဂေလိတရားကို ဟောပြောသောအမှု၌ ကူညီ၍ ကြိုးစားအားထုတ်သော မိန်းမတို့ကို မစ ထောက်ပံ့ပါလော့။
4 ⲇ̅ ⲣⲁϣⲉ ϩⲙ ⲡϫⲟⲉⲓⲥ ϯϫⲱ ⲟⲛ ⲙⲙⲟⲥ ϫⲉ ⲣⲁϣⲉ
သခင်ဘုရား၌ အစဉ်မပြတ် ဝမ်းမြောက်ခြင်း ရှိကြလော့။ တဖန် ငါဆိုသည်ကား ဝမ်းမြောက်ကြလော့။
5 ⲉ̅ ⲧⲉⲧⲛⲙⲛⲧϩⲁⲕ ⲙⲁⲣⲉⲥⲟⲩⲱⲛϩ ⲉⲃⲟⲗ ⲛⲣⲱⲙⲉ ⲛⲓⲙ ⲁⲡϫⲟⲉⲓⲥ ϩⲱⲛ ⲉϩⲟⲩⲛ
လူအပေါင်းတို့ရှေ့၌ သင်တို့၏ ဖြည့်ညှင်းခြင်း သဘောကို ထင်ရှားစေကြလော့။ သခင်ဘုရားသည် အနီးအပါး၌ ရှိတော်မူ၏။
6 ⲋ̅ ⲙⲡⲣϥⲓⲣⲟⲟⲩϣ ⲗⲁⲁⲩ ⲁⲗⲗⲁ ⲛⲟⲩⲟⲉⲓϣ ⲛⲓⲙ ϩⲙ ⲡⲉϣⲗⲏⲗ ⲙⲛ ⲡⲥⲟⲡⲥ ⲛⲉⲧⲛⲁⲓⲧⲏⲙⲁ ⲙⲁⲣⲟⲩⲟⲩⲱⲛϩ ⲉⲃⲟⲗ ⲙⲡⲛⲟⲩⲧⲉ ϩⲛ ⲟⲩϣⲡϩⲙⲟⲧ
အဘယ်အမှုကိုမျှ စိုးရိမ်ခြင်းမရှိဘဲ အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းခြင်းနှင့်တကွ ဆုတောင်းပဌနာ ပြုသောအားဖြင့်၊ သင်တို့တောင်း ပန်လိုသောအရာများတို့ကို ဘုရားသခင်အား ကြားလျှောက်ကြလော့။
7 ⲍ̅ ⲁⲩⲱ ϯⲣⲏⲛⲏ ⲙⲡⲛⲟⲩⲧⲉ ⲉⲧϫⲟⲥⲉ ⲉⲙⲉⲉⲩⲉ ⲛⲓⲙ ⲛⲁϩⲁⲣⲉϩ ⲉⲛⲉⲧⲛϩⲏⲧ ⲁⲩⲱ ⲛⲉⲧⲛⲙⲉⲉⲩⲉ ϩⲙ ⲡⲉⲭⲥ ⲓⲏⲥ
ထိုသို့ပြုလျှင် အဘယ်သူမျှကြုံ၍ မမှီနိုင်သော ဘုရားသခင်၏ ငြိမ်သက်ခြင်းသည် ယေရှုခရစ်အားဖြင့် သင်တို့၏စိတ်နှလုံးတို့ကို စောင့်မလိမ့်မည်။
8 ⲏ̅ ⲧⲉⲛⲟⲩ ϭⲉ ⲛⲉⲥⲛⲏⲩ ϩⲱⲃ ⲛⲓⲙ ⲙⲙⲉ ϩⲱⲃ ⲛⲓⲙ ⲛⲥⲉⲙⲛⲟⲛ ϩⲱⲃ ⲛⲓⲙ ⲛⲇⲓⲕⲁⲓⲟⲛ ϩⲱⲃ ⲛⲓⲙ ⲉⲧⲟⲩⲁⲁⲃ ϩⲱⲃ ⲛⲓⲙ ⲉⲧⲛⲁⲛⲟⲩϥ ⲥⲙⲟⲩ ⲛⲓⲙ ⲁⲣⲉⲧⲏ ⲛⲓⲙ ⲧⲁⲓⲟ ⲛⲓⲙ ⲛⲁⲓ ⲙⲉⲉⲩⲉ ⲉⲣⲟⲟⲩ
ကြွင်းသေးသော စကားဟူမူကား၊ ညီအစ်ကိုတို့၊ သမ္မာတရားနှင့် ဆိုင်သောအကျင့်၊ လျောက်ပတ်သော အကျင့်၊ ဖြောင့်မတ်သောအကျင့်၊ စင်ကြယ်သောအကျင့်၊ သူတပါးနှစ်သက်ဘွယ်သောအကျင့်၊ ချီးမွမ်းဘွယ်သောအကျင့် ရှိသမျှတို့ကို၎င်း၊ ပါရမီတပါးပါး၊ ကောင်းသော သိတင်းတပါးပါးနှင့် ဆိုင်သောအကျင့်တို့ကို၎င်း၊ နှလုံးသွင်းကြလော့။
9 ⲑ̅ ⲉⲧⲉ ⲛⲁⲓ ⲛⲉ ⲉⲛⲧⲁⲧⲉⲧⲛⲥⲃⲟ ⲉⲣⲟⲟⲩ ⲁⲩⲱ ⲁⲧⲉⲧⲛϫⲓⲧⲟⲩ ⲁⲧⲉⲧⲛⲥⲟⲧⲙⲟⲩ ⲁⲩⲱ ⲁⲧⲉⲧⲛⲛⲁⲩ ⲉⲣⲟⲟⲩ ⲛϩⲏⲧ ⲛⲁⲓ ⲁⲣⲓⲥⲟⲩ ⲁⲩⲱ ⲡⲛⲟⲩⲧⲉ ⲛϯⲣⲏⲛⲏ ⲛⲁϣⲱⲡⲉ ⲛⲙⲙⲏⲧⲛ
သင်တို့သည် အထက်ကသင်ယူ၍ ငါ၌ကြားမြင် ခဲ့ပြီးသမျှတို့ကို ကျင့်ကြလော့။ ထိုသို့ကျင့်လျှင်၊ ငြိမ်သက် ခြင်း၏ အရှင်ဘုရားသခင်သည် သင်တို့နှင့်အတူ ရှိတော်မူလိမ့်မည်။
10 ⲓ̅ ⲁⲓⲣⲁϣⲉ ⲇⲉ ϩⲙ ⲡϫⲟⲉⲓⲥ ⲉⲙⲁⲧⲉ ϫⲉ ⲁⲧⲉⲧⲛⲟⲩⲣⲟⲧ ⲉⲣⲡⲁⲙⲉⲉⲩⲉ ⲛⲑⲉ ⲟⲛ ⲉⲧⲉⲧⲛⲉⲓⲣⲉ ⲙⲙⲟϥ ⲙⲡⲉⲧⲛϭⲙ ⲡⲟⲩⲟⲉⲓϣ ⲇⲉ
၁၀ယခု၌လည်း သင်တို့သည် ငါ့ကို ကြည့်ရှုပြုစုချင်သော စေတနာစိတ်နှင့် ပြည့်စုံပြန်သည်ဖြစ်၍၊ ငါသည် သခင်ဘုရား၌ အလွန်ဝမ်းမြောက်ခြင်းရှိ၏။ ထိုစေတနာစိတ်သည် အထက်ကရှိသော်လည်း ပြုစုရသောအခွင့် မရှိပြီ။
11 ⲓ̅ⲁ̅ ⲛⲛⲉⲓϫⲱ ⲙⲙⲟⲥ ⲁⲛ ϫⲉ ⲁⲧⲉⲧⲛϣⲱⲱⲧ ⲁⲛⲟⲕ ⲅⲁⲣ ⲁⲓⲉⲓⲙⲉ ϩⲛ ⲛⲉϯⲛϩⲏⲧⲟⲩ ⲉⲧⲣⲁⲣⲱϣⲉ
၁၁ထိုသို့ငါဆိုသော်၊ ကိုယ်တိုင်ဆင်းရဲခြင်းကို ရည်မှတ်၍ ဆိုသည်မဟုတ်။ အကြောင်းမူကား၊ ငါသည် တွေ့ကြုံသမျှသော အခြင်းအရာတို့၌ ရောင့်ရဲသောစိတ် ရှိအံ့သောငှါ သင်မိပြီ။
12 ⲓ̅ⲃ̅ ϯⲥⲟⲟⲩⲛ ⲛⲑⲃⲃⲓⲟ ϯⲥⲟⲟⲩⲛ ⲛⲣϩⲟⲩⲟ ϩⲛ ϩⲱⲃ ⲛⲓⲙ ϯϫⲟⲛⲧ ⲛϩⲏⲧⲟⲩ ⲧⲏⲣⲟⲩ ⲉⲥⲉⲓ ⲉϩⲕⲟ ⲉⲣϩⲟⲩⲟ ⲉϣⲱⲱⲧ
၁၂ရှုတ်ချခြင်းကို၎င်း၊ ကြွယ်ဝခြင်းကို၎င်း၊ ခံတတ်၏။ ဝစွာစားခြင်း၊ မွတ်သိပ်ခြင်း၊ စည်းစိမ်ရှိခြင်း၊ ဆင်းရဲ ခြင်းတို့ကို ခံရအံ့သောငှါ၊ အရပ်ရပ်တို့တွင် အရာရာ၌ သင်မိပြီ။
13 ⲓ̅ⲅ̅ ϯϭⲙϭⲟⲙ ϩⲛ ϩⲱⲃ ⲛⲓⲙ ϩⲙ ⲡⲉⲧϯ ϭⲟⲙ ⲛⲁⲓ
၁၃ငါ့ကို ခွန်အားနှင့်ပြည့်စုံစေတော်မူသော ခရစ်တော်အားဖြင့် ခပ်သိမ်းသောအမှုတို့ကို ငါတတ်စွမ်း နိုင်၏။
14 ⲓ̅ⲇ̅ ⲡⲗⲏⲛ ⲕⲁⲗⲱⲥ ⲁⲧⲉⲧⲛⲁⲁⲥ ⲉⲁⲧⲉⲧⲛⲕⲟⲓⲛⲱⲛⲉⲓ ⲛⲙⲙⲁⲓ ⲉⲧⲁⲑⲗⲓⲯⲓⲥ
၁၄သို့သော်လည်း ဆင်းရဲဒုက္ခကိုငါ ခံရစဉ်အခါ၊ သင်တို့သည် ငါနှင့်ဆက်ဆံသောအားဖြင့် ကောင်းမွန်စွာ ပြုကြပြီ။
15 ⲓ̅ⲉ̅ ⲧⲉⲧⲛⲥⲟⲟⲩⲛ ⲇⲉ ϩⲱⲧ ⲧⲏⲩⲧⲛ ⲛⲉⲫⲓⲗⲓⲡⲡⲏⲥⲓⲟⲥ ϫⲉ ϩⲛ ⲧⲁⲣⲭⲏ ⲙⲡⲧⲁϣⲉⲟⲓϣ ⲛⲧⲉⲣⲓⲉⲓ ⲉⲃⲟⲗ ϩⲛ ⲧⲙⲁⲕⲉⲇⲟⲛⲓⲁ ⲙⲡⲉ ⲗⲁⲁⲩ ⲛⲉⲕⲕⲗⲏⲥⲓⲁ ⲕⲟⲓⲛⲱⲛⲉⲓ ⲛⲙⲙⲁⲓ ⲉⲡϣⲁϫⲉ ⲛϯ ϩⲓϫⲓ ⲉⲓ ⲙⲏⲧⲓ ⲛⲧⲱⲧⲛ ⲟⲩⲁⲁⲧ ⲧⲏⲩⲧⲛ
၁၅အချင်းဖိလိပ္ပိမြို့သားတို့၊ ဧဝံဂေလိတရားကို ဟောစပြု၍၊ မာကေဒေါနိပြည်မှ ငါထွက်ဆဲရှိသောအခါ အလှူလှူခြင်း၊ အလှူခံခြင်းအမှု၌၊ သင်တို့မှတပါး အဘယ်အသင်းတော်မျှငါနှင့်မဆက်ဆံကြ။
16 ⲓ̅ⲋ̅ ϫⲉ ϩⲣⲁⲓ ⲟⲛ ϩⲛ ⲑⲉⲥⲥⲁⲗⲟⲛⲓⲕⲏ ⲁⲧⲉⲧⲛⲧⲛⲛⲟⲟⲩ ⲛⲁⲓ ⲛⲟⲩⲥⲟⲡ ⲁⲩⲱ ⲥⲛⲁⲩ ⲉⲧⲁⲭⲣⲓⲁ
၁၆သက်သာလောနိတ်မြို့၌ ငါရှိစဉ်ပင်၊ ငါလိုသောအရာကို သင်တို့သည် နှစ်ကြိမ်တိုင်အောင် ပေးလိုက် ကြ၏။
17 ⲓ̅ⲍ̅ ⲟⲩⲭ ⲟⲧⲉⲓ ϫⲉ ⲉⲓϣⲓⲛⲉ ⲛⲥⲁ ⲡϯ ⲁⲗⲗⲁ ⲉⲓϣⲓⲛⲉ ⲛⲥⲁ ⲡⲕⲁⲣⲡⲟⲥ ⲉⲧⲟϣ ⲉϩⲟⲩⲛ ⲉⲡⲉⲧⲛϣⲁϫⲉ
၁၇ထိုသို့ငါဆိုသော်၊ အလှူကို ရှာသည်မဟုတ်၊ သင်တို့၌ ကြွယ်ဝသောအကျိုးကို ရှာ၏။
18 ⲓ̅ⲏ̅ ϯⲙⲉϩ ⲇⲉ ⲛⲛⲕⲁ ⲛⲓⲙ ⲁⲩⲱ ϯⲣϩⲟⲩⲟ ⲁⲓϫⲱⲕ ⲉⲃⲟⲗ ⲉⲁⲓϫⲓ ⲉⲃⲟⲗ ϩⲓⲧⲛ ⲉⲡⲁⲫⲣⲟⲇⲓⲧⲟⲥ ⲛⲛⲉⲛⲧⲁⲧⲉⲧⲛⲧⲛⲛⲟⲟⲩⲥⲟⲩ ⲟⲩⲥϯ ⲛⲟⲩϥⲉ ⲟⲩⲑⲩⲥⲓⲁ ⲉⲥϣⲏⲡ ⲉⲥⲣⲁⲛⲁϥ ⲙⲡⲛⲟⲩⲧⲉ
၁၈ယခုအခါ အရာရာ၌ငါရတတ်၏။ ဥစ္စာကြွယ်ဝ၏။ မွှေးကြိုင်သောအနံ့နှင့် ပြည့်စုံ၍၊ ဘုရားသခင် နှစ်သက်အားရတော်မူသော ယဇ်တည်းဟူသော သင်တို့ ပေးလိုက်သောအရာတို့ကို ဧပဖြောဒိတ်လက်မှ ငါခံရ သည်ဖြစ်၍ ကြွယ်ဝလျက်ရှိ၏။
19 ⲓ̅ⲑ̅ ⲡⲁⲛⲟⲩⲧⲉ ⲇⲉ ⲉϥⲉϫⲱⲕ ⲉⲃⲟⲗ ⲛⲧⲉⲧⲛⲭⲣⲓⲁ ⲧⲏⲣⲥ ⲕⲁⲧⲁ ⲧⲉⲩⲙⲛⲧⲣⲙⲙⲁⲟ ϩⲛ ⲟⲩⲉⲟⲟⲩ ϩⲙ ⲡⲉⲭⲥ ⲓⲏⲥ
၁၉ငါ၏ဘုရားသခင်သည် ဘုန်းအာနုဘော်၌ စံပယ်တော်မူသော စည်းစိမ်ရှိသည်အတိုင်း၊ သင်တို့အလို ရှိသမျှတို့ကို ယေရှုခရစ်အားဖြင့် ပြည့်စုံစေတော်မူလိမ့် မည်။
20 ⲕ̅ ⲡⲉⲟⲟⲩ ⲇⲉ ⲙⲡⲛⲟⲩⲧⲉ ⲡⲉⲛⲉⲓⲱⲧ ϣⲁ ⲉⲛⲉϩ ⲛⲛⲓⲉⲛⲉϩ ϩⲁⲙⲏⲛ (aiōn g165)
၂၀ငါတို့အဘတည်းဟူသော ဘုရားသခင်သည် ကမ္ဘာအဆက်ဆက် ဘုန်းကြီးတော်မူစေသတည်း။ အာမင်။ (aiōn g165)
21 ⲕ̅ⲁ̅ ϣⲓⲛⲉ ⲉⲛⲉⲧⲟⲩⲁⲁⲃ ⲧⲏⲣⲟⲩ ϩⲙ ⲡⲉⲭⲥ ⲓⲏⲥ ⲥⲉϣⲓⲛⲉ ⲉⲣⲱⲧⲛ ⲛϭⲓ ⲛⲉⲥⲛⲏⲩ ⲉⲧⲛⲙⲙⲁⲓ
၂၁ယေရှုခရစ်၌ရှိသော သန့်ရှင်းသူအပေါင်းတို့ကို နှုတ်ဆက်ကြလော့။
22 ⲕ̅ⲃ̅ ⲥⲉϣⲓⲛⲉ ⲉⲣⲱⲧⲛ ⲛϭⲓ ⲛⲉⲧⲟⲩⲁⲁⲃ ⲧⲏⲣⲟⲩ ⲛϩⲟⲩⲟ ⲇⲉ ⲛⲉⲃⲟⲗ ϩⲙ ⲡⲏⲉⲓ ⲙⲡⲣⲣⲟ
၂၂ငါနှင့်အတူရှိသော ညီအစ်ကိုမှစ၍ သန့်ရှင်းသော သူအပေါင်းတို့သည် သင်တို့ကို နှုတ်ဆက်ကြ၏။ ကဲသာဘုရင်၏ နန်းတော်၌နေသော သန့်ရှင်းသူတို့သည် အထူးသဖြင့် နှုတ်ဆက်ကြ၏။
23 ⲕ̅ⲅ̅ ⲧⲉⲭⲁⲣⲓⲥ ⲙⲡⲉⲛϫⲟⲉⲓⲥ ⲓⲏⲥ ⲡⲉⲭⲥ ⲙⲛ ⲡⲉⲧⲛⲡⲛⲁ
၂၃ငါတို့သခင်ယေရှုခရစ်၏ ကျေးဇူးတော်သည် သင်တို့အပေါင်း၌ရှိစေသတည်း။ အာမင်။

< ⲪⲒⲖⲒⲠⲠⲞⲒⲤ 4 >