< ⲒⲰⲀⲚⲚⲎⲤ Ⲁ ̅ 1 >

1 ⲁ̅ ⲪⲎ ⲈⲦϢⲞⲠ ⲒⲤϪⲈⲚ ϨⲎ ⲪⲎ ⲈⲦⲀⲚⲤⲞⲐⲘⲈϤ ⲪⲎ ⲈⲦⲀⲚⲚⲀⲨ ⲈⲢⲞϤ ⲚⲚⲈⲚⲂⲀⲖ ⲪⲎ ⲈⲦⲀⲚⲤⲞⲘⲤ ⲈⲢⲞϤ ⲞⲨⲞϨ ⲀⲚⲈⲚϪⲒϪ ϪⲈⲘϪⲰⲘϤ ⲈⲐⲂⲈ ⲠⲒⲤⲀϪⲒ ⲚⲦⲈⲠⲰⲚϦ
ရှေ့ဦးစွာကပင်ဖြစ်၍၊ ငါတို့သည် ကိုယ်တိုင်ကြားလျက်၊ ကိုယ်မျက်စိနှင့်မြင်လျက်၊ စေ့စေ့ကြည့်ရှု၍ လက်နှင့် စမ်းသပ်ခဲ့ပြီးသောအရာတည်းဟူသော အသက်ရှင်သောနှုတ်ကပတ်တော်နှင့်ဆိုင်သောအရာကို သင်တို့အားပြသကြ၏။
2 ⲃ̅ ⲞⲨⲞϨ ⲠⲒⲰⲚϦ ⲀϤⲞⲨⲞⲚϨ ⲈⲂⲞⲖ ⲞⲨⲞϨ ⲀⲚⲚⲀⲨ ⲈⲢⲞϤ ⲞⲨⲞϨ ⲦⲈⲚⲈⲢⲘⲈⲐⲢⲈ ⲞⲨⲞϨ ⲦⲈⲚⲦⲀⲘⲞ ⲘⲘⲰⲦⲈⲚ ⲈⲠⲒⲰⲚϦ ⲚⲈⲚⲈϨ ⲪⲎ ⲈⲦϢⲞⲠ ϨⲀ ⲪⲒⲰⲦ ⲞⲨⲞϨ ⲀϤⲞⲨⲞⲚϨ ⲈⲢⲞⲚ (aiōnios g166)
ထိုအသက်သည်ထင်ရှားခဲ့ပြီ။ ငါတို့လည်း မြင်ရကြပြီ။ ခမည်းတော်နှင့်အတူရှိဘူး၍၊ ငါတို့အား ထင်ရှားခဲ့ပြီးသော ထိုထာဝရအသက်ကို၊ ငါတို့သည် သင်တို့အား သက်သေခံ၍ပြသကြ၏။ (aiōnios g166)
3 ⲅ̅ ⲪⲎ ⲈⲦⲀⲚⲚⲀⲨ ⲈⲢⲞϤ ⲞⲨⲞϨ ⲀⲚⲤⲞⲐⲘⲈϤ ⲦⲈⲚϨⲒⲰⲒϢ ⲘⲘⲞ ⲚⲰⲦⲈⲚ ϨⲒⲚⲀ ⲚⲐⲰⲦⲈⲚ ϨⲰⲦⲈⲚ ⲚⲦⲈⲞⲨⲘⲈⲦϢⲪⲎⲢ ϢⲰⲠⲒ ⲚⲰⲦⲈⲚ ⲚⲈⲘⲀⲚ ⲦⲈⲚⲘⲈⲦϢⲪⲎⲢ ⲆⲈ ⲤⲬⲎ ⲚⲈⲘ ⲪⲒⲰⲦ ⲚⲈⲘ ⲠⲈϤϢⲎⲢⲒ ⲒⲎⲤⲞⲨⲤ ⲠⲬⲤ
ငါတို့သည် ခမည်းတော်နှင့်၎င်း၊ သားတော်ယေရှုခရစ်နှင့်၎င်း၊ မိဿဟာယဖွဲ့ရသည်ဖြစ်၍၊ သင်တို့သည် ငါတို့နှင့် မိဿဟာယဖွဲ့စေခြင်းငှါ၊ ငါတို့ကြားမြင်ရသောအရာကို သင်တို့အားပြသကြ၏။
4 ⲇ̅ ⲞⲨⲞϨ ⲚⲀⲒ ⲦⲈⲚⲤϦⲀⲒ ⲘⲘⲰⲞⲨ ⲚⲰⲦⲈⲚ ϨⲒⲚⲀ ⲚⲦⲈⲠⲈⲦⲈⲚⲢⲀϢⲒ ϢⲰⲠⲒ ⲈϤϪⲎⲔ ⲈⲂⲞⲖ
သင်တို့၏ ဝမ်းမြောက်စရာအကြောင်း စုံလင်စေခြင်းငှါလည်း၊ ဤအရာများကို ငါတို့သည် ရေးလိုက်ကြ၏။
5 ⲉ̅ ⲞⲨⲞϨ ⲪⲀⲒ ⲠⲈ ⲠⲒⲰϢ ⲈⲦⲀⲚⲤⲞⲐⲘⲈϤ ⲦⲈⲚϨⲒⲰⲒϢ ⲘⲘⲞϤ ⲚⲰⲦⲈⲚ ϪⲈ ⲪⲚⲞⲨϮ ⲞⲨⲞⲨⲰⲒⲚⲒ ⲠⲈ ⲞⲨⲞϨ ⲘⲘⲞⲚ ϨⲖⲒ ⲚⲬⲀⲔⲒ ⲚϦⲎⲦϤ
ထိုနှုတ်ကပတ်တော်ထံ၌ ငါတို့သည်ကြားရ၍၊ သင်တို့အား ပြသသောတရားစကားဟူမူကား၊ ဘုရား သခင်သည်အလင်း ဖြစ်တော်မူ၏။ ဘုရားသခင်၌ မှောင်မိုက်အလျှင်းမရှိ။
6 ⲋ̅ ⲈϢⲰⲠ ⲀⲚϢⲀⲚϪⲞⲤ ϪⲈ ⲞⲨⲞⲚⲦⲀⲚ ⲚⲞⲨⲘⲈⲦϢⲪⲎ ⲢⲚⲈⲘⲀϤ ⲞⲨⲞϨ ⲈⲚⲘⲞϢⲒ ϦⲈⲚⲠⲒⲬⲀⲔⲒ ⲈⲚϪⲈⲘⲈⲐⲚⲞⲨϪ ⲞⲨⲞϨ ⲦⲈⲚⲒⲢⲒ ⲚⲐⲘⲎⲒ ⲀⲚ
ငါတို့သည် ဘုရားသခင်နှင့် မိဿဟာယဖွဲ့ပြီဟုဆိုလျက်ပင်၊ မှောင်မိုက်၌ကျင်လည်လျှင်၊ သစ္စာတရား ကိုမကျင့်။ မုသာကိုသုံးသောသူ ဖြစ်ကြ၏။
7 ⲍ̅ ⲈϢⲰⲠ ⲀⲚϢⲀⲚⲘⲞϢⲒ ϦⲈⲚⲠⲒⲞⲨⲰⲒⲚⲒ ⲘⲪⲢⲎϮ ϨⲰϤ ⲈⲦⲈϤⲘⲞϢⲒ ϦⲈⲚⲠⲒⲞⲨⲰⲒⲚⲒ ⲞⲨⲞⲚⲦⲀⲚ ⲚⲞⲨⲘⲈⲦϢⲪⲎⲢ ⲚⲈⲘ ⲚⲈⲚⲈⲢⲎⲞⲨ ⲞⲨⲞϨ ⲠⲤⲚⲞϤ ⲚⲒⲎⲤⲞⲨⲤ ⲠⲈϤϢⲎⲢⲒ ϤⲚⲀⲦⲞⲨⲂⲞⲚ ⲈⲂⲞⲖ ϨⲀ ⲚⲞⲂⲒ ⲚⲒⲂⲈⲚ
ဘုရားသခင်သည်အလင်း၌ရှိတော်မူသကဲ့သို့၊ ငါတို့သည်အလင်း၌ကျင်လည်လျှင်၊ အချင်းချင်း မိဿဟာယဖွဲ့ခြင်း ရှိကြသည်ဖြစ်၍၊ ဘုရားသခင်၏သားတော် ယေရှုခရစ်၏အသွေးတော်သည်၊ ငါတို့အပြစ် ရှိသမျှကို ဆေးကြောတော်မူ၏။
8 ⲏ̅ ⲈϢⲰⲠ ⲀⲚϢⲀⲚϪⲞⲤ ϪⲈ ⲘⲘⲞⲚⲦⲈⲚ ⲚⲞⲂⲒ ⲘⲘⲀⲨ ⲦⲈⲚⲈⲢϨⲀⲖ ⲘⲘⲞⲚ ⲘⲘⲀⲨⲀⲦⲈⲚ ⲞⲨⲞϨ ⲐⲘⲎⲒ ϢⲞⲠ ⲚϦⲎⲦⲈⲚ ⲀⲚ
ကိုယ်အပြစ်မရှိဟု ငါတို့သည်ဆိုလျှင်၊ ကိုယ်ကိုကိုယ်လှည့်ဖြားကြ၏။ ငါတို့၌သစ္စာတရားမရှိ။
9 ⲑ̅ ⲈϢⲰⲠ ⲀⲚϢⲀⲚⲞⲨⲰⲚϨ ⲚⲚⲈⲚⲚⲞⲂⲒ ⲈⲂⲞⲖ ϤⲈⲚϨⲞⲦ ⲞⲨⲞϨ ⲞⲨⲐⲘⲎⲒ ⲠⲈ ϨⲒⲚⲀ ⲚⲦⲈϤⲬⲀ ⲚⲈⲚⲚⲞⲂⲒ ⲚⲀⲚ ⲈⲂⲞⲖ ⲞⲨⲞϨ ϤⲚⲀⲦⲞⲨⲂⲞⲚ ⲤⲀⲂⲞⲖ ⲚϬⲒⲚϪⲞⲚⲤ ⲚⲒⲂⲈⲚ
ကိုယ်အပြစ်တို့ကို ဘော်ပြတောင်းပန်လျှင်၊ ငါတို့အပြစ်များကိုလွှတ်၍ ဒုစရိုက်ရှိသမျှနှင့် ကင်းစင်စေခြင်းငှါ ဘုရားသခင်သည် သစ္စာတရားနှင့်၎င်း၊ ဖြောင့်မတ်ခြင်းတရားနှင့်၎င်း ပြည့်စုံတော်မူ၏။
10 ⲓ̅ ⲈϢⲰⲠ ⲀⲚϢⲀⲚϪⲞⲤ ϪⲈ ⲘⲠⲈⲚⲈⲢⲚⲞⲂⲒ ⲦⲈⲚⲒⲢⲒ ⲘⲘⲞϤ ⲚⲤⲀⲘⲈⲐⲚⲞⲨϪ ⲞⲨⲞϨ ⲠⲈϤⲤⲀϪⲒ ϢⲞⲠ ⲚϦⲎⲦⲈⲚ ⲀⲚ.
၁၀ဒုစရိုက်ကိုမပြုပြီဟု ငါတို့သည်ဆိုလျှင်၊ ဘုရားသခင်ကို မုသာအပြစ်တင်ကြ၏။ နှုတ်ကပတ်တော် လည်း ငါတို့၌မရှိ။

< ⲒⲰⲀⲚⲚⲎⲤ Ⲁ ̅ 1 >