< Jonah 4 >

1 Pathen in atohgon akhel chun Jonah alungnopmo sahlheh jengin hatah in alung hangin ahi.
ယောနသည် အလွန်စိတ်ညစ်၍ အမျက်ထွက် သဖြင့်၊ အို ထာဝရဘုရား၊ အကျွန်ုပ်တောင်းပန်ပါ၏။ အကျွန်ုပ်သည် ကိုယ်ပြည်၌ရှိစဉ်၊ ဤသို့ပြောပါပြီမဟုတ် လော။ ထိုကြောင့်၊ ကိုယ်တော်ထံမှ တာရှုမြို့သို့ ကြိုးစား၍ ပြေးပါ၏။
2 Hijeh chun aman Pathen henga alungnop mona aphongin Pakai in a ka kipat doh masanga kana sei hilou ham? Hiche jeh'a hi Tarshish lamma kache hilou ham, ijeh-inem itileh Pathen nangma hi lungset them, hepi them, lunghangvah lou, longlouva lungsetna nei jing Pathen thilsebol louva lunghei kit ji Pathen na hiti kahet jing sa nahi, ati.
ကိုယ်တော်သည် သနားစုံမက်တတ်သော ဘုရား ဖြစ်၍ စိတ်ရှည်သောသဘော၊ ကျေးဇူးပြုချင်သောသ ဘော၊ အပြစ်ဒဏ်ပေးမည့်အမှုကို နောင်တရတတ်သော သဘောရှိတော်မူကြောင်းကို အကျွန်ုပ်သိပါ၏။
3 Hijeh chun Pakai ka hinkho hi keija konin lamang tan, kei dingin hin sangin thi aphajo tai.
သို့ဖြစ်၍၊ အိုထာဝရဘုရား၊ အကျွန်ုပ်အသက်ကို နှုတ်ယူတော်မူပါ။ အကျွန်ုပ်အသက်ရှင်ခြင်းထက် သေ ခြင်းသည် သာ၍ကောင်းပါသည်ဟု တောင်းလျှောက်လေ ၏။
4 Chujou chun Pakaiyin “Hitia na lunghang jengpi hi dih na kisah hinam atin ahi”.
ထာဝရဘုရားကလည်း၊ သင်သည် အမျက်ထွက် ကောင်းသလောဟု မေးတော်မူ၏။
5 Hijeh chun Jonah chu khopi a konin solam’a apotdohin lhambuh akisonin hiche limnoija chun atou in khopi chu epi hungsoh mong am tin atouvin ave tan ahi.
ယောနသည် မြို့၌ အဘယ်သို့ဖြစ်မည်ကို သိမြင် ခြင်းငှါ၊ မြို့ပြင်သို့ထွက်၍ မြို့အရှေ့မျက်နှာ၌ တဲမိုးကို လုပ်ပြီးလျှင်၊ အမိုးအရိပ်တွင် ထိုင်၍နေ၏။
6 Hichun Pakai Pathen in umphung khat akedoh sahin Jonah umna chu akhukhum sah in lim in ason peh tai, hitia hi bolphatna alung hesoh chu lungmonsah ding agon ahi. Hichun Jonah jong um-phungkhat in ajam khum chu akipah beseh jengin ahi.
အရှင်ထာဝရဘုရားသည်လည်း ကြက်ဆူပင်ကို ပြင်ဆင်ပြီးလျှင်၊ ယောန၏စိတ်ကို ပြေစေခြင်းငှါ သူ့ ခေါင်းပေါ်မှာ လွှမ်း၍ မိုးစေတော်မူ၏။ ထိုအပင်ကြောင့် ယောနသည် အလွန်အားရဝမ်းမြောက်၏။
7 Ahinlah ajing nikhoa kho ahungvah phat in Pathen in lung alhalut in umgui chu aneuvin ahileh um-phung chu anechaijun umphung jong chu agot lhahsah tai.
နက်ဖြန်မိုဃ်းလင်းသောအခါ ဘုရားသခင် ခန့် ထားတော်မူသော ပိုးကောင်သည် ကြက်ဆူပင်ကို ကိုက်၍ ညှိုးနွမ်းစေ၏။
8 Nisa ahung so doh phat in Pathen in nisa aveven asat sah jing in, nisa chun Jonah lujang asal a ahileh amajong alhalhop jeng in athinom leo jeng in ahi. “Kei dingin hitia hin sangin thima apha joi” ati.
နေထွက်သောအခါ ဘုရားသခင်သည် အလွန်ပူ သောအရှေ့လေကို ပြင်ဆင်တော်မူ၍၊ ယောန၏ခေါင်းကို နေထိခိုက်သဖြင့် သူသည် မော၍ သေချင်သောစိတ်ရှိ လျက်၊ ငါ့အသက်သေခြင်းသည် ရှင်ခြင်းထက် သာ၍ ကောင်းသည်ဟု မြည်တမ်းလေ၏။
9 Hichun Pathenn in Jonah jah’a, um-gui athia na lunghan jeng chu dih nakisah hinam? ati leh Jonah in adonbut nin “Heng’e thina changei ja lunghang ka hitai” ati.
ဘုရားသခင်ကလည်း၊ သင်သည် ကြက်ဆူပင် အတွက် အမျက်ထွက်ကောင်းသလောဟု မေးတော်မူ လျှင်၊ ယောနက၊ အကျွန်ုပ်သည် အသက်သေသည်တိုင် အောင် အမျက်ထွက်ကောင်းပါသည်ဟု လျှောက်ဆို၏။
10 Hichun Pakaiyin, “Nangin natu louhel hiche um-gui hi khan jong na khansah theilou jankah khatna mang thah kit ahi tai.
၁၀ထာဝရဘုရားကလည်း၊ သင်သည် ပင်ပန်းစွာ မလုပ်၊ ကြီးပွားစေခြင်းငှါလည်း မပြုစု၊ တညဉ့်ခြင်းတွင် ပေါက်၍ တညဉ့်ခြင်းတွင် သေသော ကြက်ဆူပင်ကို နှမြောသည်တကား။
11 Achutileh hiche Ninevah khopi lentah, akhosunga mihem sang jakhat le sang somni jen lhagao, muthim noija umnalai ho leh ganhing tamtah um hohi ka lainatpi lou ding ham?” ati.
၁၁ငါသည် များစွာသော တိရစ္ဆာန်တို့ကိုမဆို၊ ကိုယ်လက်ျာလက်နှင့် လက်ဝဲလက်ကိုမျှ ပိုင်းခြား၍ မသိ သော သူတသိန်းနှစ်သောင်းမက၊ လူများသော နိနေဝေ မြို့ကြီးကို ငါနှမြောသင့်သည်မဟုတ်လောဟု မိန့်တော် မူ၏။

< Jonah 4 >