< Esther 7 >

1 Hiti chun lengpa le Haman chu lengnu Esther golvahna ankong a dingin ache lhontai.
တဖန်ရှင်ဘုရင်နှင့် ဟာမန်သည်၊ မိဖုရား ဧသတာနှင့်အတူ စပျစ်ရည်သောက်အံ့သောငှါ သွားကြ ၏။
2 Anivei channa kin ahin ankong aum uva ju adonpet uhin lengpan lengnu Esther koma asei kittai, “Lengnu Esther ipi nadei ham neiseipeh tan, ipiham nathum nom chu? Kalenggam akehkhat hijongleh kapeh ding nahi!” ati.
ဒုတိယနေ့ရက်၌ စပျစ်ရည်သောက်ပွဲခံစဉ်၊ ရှင်ဘုရင်က မိဖုရားဧသတာ၊ သင်သည် အဘယ်အလို ရှိသနည်း။ အလိုရှိသည်အတိုင်း ငါပေးမည်။ အဘယ်ဆု ကို တောင်းချင်သနည်း။ တောင်းသမျှကို နိုင်ငံတော် တဝက်တိုင်အောင် ငါပေးမည်ဟု မိန့်တော်မူလျှင်၊
3 Lengnu Esther in adonbut nin, “Lengpa na mikhoto nahi kachanna chuleh lengpan kathil thum hi neipeh inghy nalung lhaina ahileh, kei hinkho leh kamite hinkhohi hoidoh teijin.
မိဖုရား ဧသတာက၊ အရှင်မင်းကြီး၊ ကျွန်တော်မ ကို စိတ်နှင့်တွေ့တော်မူလျှင်၎င်း၊ အလိုတော်ရှိလျှင်၎င်း၊ ကျွန်တော်မအလိုအတိုင်း ကျွန်တော်မအသက်နှင့် ကျွန်တော်မတောင်းပန်သည်အတိုင်း၊ အမျိုးသား ချင်းအသက်ကို ချမ်းသာပေးတော်မူပါ။
4 Ajehchu kamite le keima hi eithatgo ho kom’a suhmang dingleh thagam dingin eikijohdoh taove. Keihohi sohding maimaija eikijoh doh uva hileh thipbeh a kaumdiu ahi, ajehchu hiti themma chu lengpa kasuhboi nomlou ahi.” Ati
ကျွန်တော်မနှင့် ကျွန်တော်မအမျိုးသားချင်း တို့ကို သတ်ဖြတ် သုတ်သင်ပယ်ရှင်းခြင်းငှါ ရောင်းပါပြီ။ ကျွန်ယောက်ျား ကျွန်မိန်းမဖြစ်စေခြင်းငှါ ရောင်းလျှင်၊ ရန်သူသည် ရှင်ဘုရင် အကျိုးနည်းခြင်းအတွက် အဘိုးကို ပေးနိုင်သော်လည်း၊ ကျွန်တော်မတိတ်ဆိတ်စွာ နေပါမည် ဟု လျှောက်လေ၏။
5 “Koipen ham hitobang bolla chu? Nangma tongkhaleu va hitobang bolla chu koi ham?” tin Leng Xerxes in adongtai.
ရှင်ဘုရင်အာရွှေရုကလည်း၊ ထိုသို့ပြုမည်ဟု ကြံဝံ့သောသူကား အဘယ်သူနည်း။ အဘယ်မှာရှိသနည်း ဟု မိဖုရားဧသတာအား မေးတော်မူလျှင်၊
6 Esther in adonbut in, “Hiche miphaloupa Haman eidouvu le kagalmi paohi hijahime!” Haman chun lengpa le lengnu kom’a chun amai adangleo jengtan ahi.
ဧသတာက၊ ရန်ဘက်ပြုသော ရန်သူသည် ဤဆိုးညစ်သော ဟာမန်ဖြစ်ပါ၏ဟု လျှောက်သော်၊ ဟာမန်သည် ရှင်ဘုရင်နှင့်မိဖုရားရှေ့မှာ ကြောက်ရွံ့ခြင်း သို့ ရောက်လေ၏။
7 Hiche jouchun lengpa chu lunghang tah in adingdoh in khopi honlei langa chun apotdoh tan ahi. Haman vangchu lengnu Esther in ahinkho ahuhdohna dinga tao dingin aumden tan ahi, ajehchu lengpan amachu ahinghoi louding akihet ahitai.
ထိုအခါ ရှင်ဘုရင်သည် အမျက်ထွက်သဖြင့်၊ စပျစ်ရည် သောက်ပွဲမှထ၍ ဥယျာဉ်တော်သို့ သွားတော် မူ၏။ အပြစ်ပေးတော်မူမည်ဟု ဟာမန်သည်ရိပ်မိ၍ အသက်ချမ်းသာရမည်အကြောင်း မိဖုရားဧသတာရှေ့ မှာ တောင်းပန်ခြင်းငှါထ၏။
8 Alungkham man’in lengnu lupna chunga chun abohkhup jengtan ahileh lengpa khopi honlei langa konna ahung kilekit langtoh akitoh khan ahi. Lengpan asamjah jengin, “Amahin kamaikoh tah jenga jong lengnu hi hitia hi adelkhum jeng ding hitam? Lengpa agah paodoh jouchun alhacha hon Haman chu amanthah nading vetsahnan amai pon in akhu taove.
ရှင်ဘုရင်သည် ဥယျာဉ်တော်မှ စပျစ်ရည် သောက်ပွဲခံရာအရပ် သို့ ဝင်ပြန်သောအခါ၊ ဧသတာထိုင် သော သာလွန်နားမှာ ဟာမန်သည် ပြပ်ဝပ်လျက်နေ သည်ကို မြင်လျှင်၊ ဤသူသည် နန်းတော်၌ ငါ့ရှေ့မှာ မိဖုရားကို အဓမ္မပြုရမည်လောဟု မိန့်တော်မူစဉ်တွင်၊ အခြံအရံတို့သည် ဟာမန်၏ မျက်နှာကိုဖုံးကြ၏။
9 Hiche jou chu lengpa dinga nukiso khat Harbona atiuchun ahin seijin, “Haman hin thinglhon amuh hemkhat feet sam sagi le nga a sao aleitolla akoije ati. Hiche chu aman lengpa min athana dinga ana huhdohpa Mordecai chu thana dinga anagon chu ahi. “Hichu ahileh hichea chun Haman chu khailih taovin,” tin lengpan thupeh aneitai.
မိန်းမစိုးဟာဗောနကလည်း၊ အရှင်မင်းကြီး၏ အကျိုးတော်ကို စောင့်၍ လျှောက်ထားသော မော်ဒကဲ အဘို့ ဟာမန်လုပ်၍ အတောင်ငါးဆယ်မြင့်သော လည်ဆွဲချတိုင်သည်၊ ဟာမန်အိမ်၌ စိုက်ထားလျက် ရှိပါ၏ဟု နားတော်လျှောက်သော်၊ ထိုတိုင်၌ လည်ဆွဲ ချစေဟု ရှင်ဘုရင်မိန့်တော်မူ၏။
10 Hiti chun Haman in Mordecai khailih na dinga anasem thinglhon achun amajoh achu akhailih taove.
၁၀ထိုသို့မော်ဒကဲအဘို့လုပ်သော လည်ဆွဲချတိုင်၌ ဟာမန်ကို ဆွဲချကြ၏။ ရှင်ဘုရင်လည်း စိတ်ပြေတော် မူ၏။

< Esther 7 >