< 1 Thusimbu 28 >

1 David in alenggam sung’a sepai jalamkai, vaipo le vaibol jouse, phung lamkai hihen gou ching hihen, hetthei a panmun la jouse chuleh gaalhang jouse Jerusalem a akou sohkei un.
တဖန်ဒါဝိဒ်မင်းသည် ဣသရေလမင်းများတည်း ဟူသော အမျိုးအသီးအသီးကို အုပ်သောမင်း၊ အလှည့် လှည့်အမှုတော်ကို စောင့်သော တပ်မှူးဗိုလ်မင်း၊ လူ တထောင်အုပ်၊ တရာအုပ်၊ ရှင်ဘုရင်၏ဘဏ္ဍာစိုး၊ သား တော်၏ဘဏ္ဍာစိုး၊ ခွန်အားရှိသောသူရဲ အကြီးအကဲ အရာရှိ အပေါင်းတို့ကို ယေရုရှလင်မြို့မှာ စုဝေးစေတော် မူ၏။
2 Akipatdoh in hity hin aseitai, “Ka sopi le Ka miteho, keiman Pathen kitepna thingkong a itih a aum jing nading, Pathen houin theng sahdoh ding ka ngaiton, kigotnan thil le lo angaicha tampi jong kakoitai.
ထိုအခါဒါဝိဒ်မင်းကြီးသည်ရပ်၍၊ ငါ့ညီအစ်ကို၊ ငါ့လူတို့ နားထောင်ကြလော့။ ထာဝရဘုရား၏ ပဋိညာဉ် သေတ္တာတော်ငြိမ်ဝပ်ရာ အိမ်တည်းဟူသော ဘုရားသခင် ၏ ခြေတော်တင်ရာခုံကို တည်လုပ်မည်ဟု ငါအကြံရှိ၍ တည်လုပ်ခြင်းငှါ ပြင်ဆင်နှင့်ပြီ။
3 Ahinlah, Pakai Pathenin keima gaal-hat tah chuleh mi tampi that kahi jeh in eiphal pon ahi.
သို့ရာတွင် ဘုရားသခင်က သင်သည် စစ်တိုက် သောသူ၊ လူအသက်ကို သတ်သောသူဖြစ်၍၊ ငါ့နာမ အဘို့အိမ်တော်ကို မတည်မဆောက်ရဟု မိန့်တော်မူ၏။
4 Hijeng jongle, Israel Pathenin Judahte lah a konna, ka insung uva pat keimatah, a itih hijongle Israel leng dia ei thaonu ahitai.
ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား သည် ငါ့အဆွေအမျိုးများထဲက ငါ့ကိုရွေးကောက်၍ ဣသရေလရှင်ဘုရင်အရာ၌ အမြဲချီးမြှောက်တော်မူ၏။ ယုဒအမျိုးကို ရွေးကောက်၍ အခြားသော အမျိုး တို့ကို အုပ်စိုးရသောအခွင့်ကို ပေးတော်မူ၏။ ယုဒအမျိုးတွင် ငါ့အဘ၏ အိမ်ထောင်ကို၎င်း၊ ငါ့အဘ၏သားတို့တွင် ငါ့ကို၎င်း၊ နှစ်သက်၍ဣသရေ လနိုင်ငံလုံးကို စိုးစံရသော အခွင့်ကို ပေးတော်မူ၏။
5 Chutahle, chapa tamtah phatthei eiboh ho lah a konna ka chapa Solomon in ka lengtou namun ei khel ding ahi” ati.
ထာဝရဘုရားသည် ငါ့အားများစွာသော သား တို့ကို ပေးတော်မူသည်ဖြစ်၍၊ ငါ့သားအပေါင်းတို့တွင် သားရှောလမုန်ကို ရွေးကောက်၍ ဣသရေလအမျိုးကို အုပ်စိုးလျက်၊ ထာဝရဘုရား၏ နိုင်ငံတော်ရာဇပလ္လင် ပေါ်မှာထိုင်စေခြင်းငှါ ခန့်ထားတော်မူပြီ။
6 Pathenin kajah a aseiye, “Nachapa Solomon in Ka houin theng le akimvel asahdoh dia kalhendoh ahitan, keiman angaichat ijakai kapeh jing ding ahi” ati.
ငါ့အားလည်း သင့်သားရှောလမုန်သည် ငါ့အိမ် နှင့်ငါ့တန်တိုင်းတို့ကို တည်ရမည်။ ငါသည်ထိုသူကို သား အရာ၌ခန့်ထားခြင်းငှါ ရွေးကောက်ပြီ။ ငါသည် သူ၏ အဘဖြစ်မည်။
7 Chutahle, “Ka thupeh chengse anit jing’a ahile, Keiman a lenggam a itih a ka umpi jing ding ahi” ati.
သူသည် ငါစီရင်ချက်ပညတ် တရားတို့ကို ယနေ့ ကဲ့သို့ အမြဲကျင့်လျှင် သူ၏နိုင်ငံကို ငါတည်စေမည်ဟု မိန့်တော်မူ၏။
8 “Hijeh chun, Pakai le houbung pumpi angsung chuleh, Israel mite mitmun chingtheiyun lang na pakai na Pathen thupeh chengse nit jing un, chutileh lungmong a gampha lai na lo uva, nachateu le na tuteu khang geiya Pakai phatthei na nachan jing diu ahi,” ati.
သို့ဖြစ်၍ သင်တို့သည် ဤကောင်းသော ပြည်ကို ပိုင်၍ သင်တို့၏ သားမြေးအစဉ်အဆက် အမွေခံရာဘို့ ချဉ်ထားလိုသောငှါ၊ ထာဝရဘုရား၏ပရိသတ်တည်း ဟူသော ဣသရေလအမျိုးသားအပေါင်းတို့ရှေ့၌၎င်း၊ ငါတို့ဘုရားသခင့်အထံတော်၌၎င်း၊ သင်တို့ဘုရားသခင် ထာဝရဘုရား၏ ပညတ်တော်ရှိသမျှတို့ကိုရှာ၍ စောင့် ရှောက်ကြလော့။
9 “Chujongle, Solomon kachapa, na Pu le na Pa phattheiboh jing na Pathen chu haimil lou jen’in. Nalungthim pumpin choi’an jing inlang athun umjingin, ajehchu thil ijakai amun, ahe sohkeiyin, bel jing lechun, na lhaso lou ding ahi,” ati.
ငါ့သားရှောလမုန်၊ သင့်အဘ၏ဘုရားသခင်ကို သိလော့။ စုံလင်သောနှလုံး၊ ကြည်ညိုသော စိတ်သဘော နှင့် ဝတ်ပြုလော့။ ထာဝရဘုရားသည် ခပ်သိမ်းသော စိတ်နှလုံးတို့ကို စစ်၍အကြံအစည်ရှိလေသမျှတို့ကို သိတော်မူ၏။ ကိုယ်တော်ကို ရှာလျှင်အတွေ့ခံတော်မူမည်။ ကိုယ်တော်ကိုစွန့်လျှင် သင့်ကို အစဉ်အမြဲ စွန့်တော်မူမည်။
10 “Hijeh chun, nalung gil in ngaiton. Pakai Pathen in a houin theng sa dia nalhendoh ahitan. Hat jing in lang natohdoh tei ding ahi,” ati.
၁၀သတိပြုလော့။ သန့်ရှင်းရာဌာနအဘို့ အိမ် တော်ကို တည်ဆောက်စေခြင်းငှါ သင့်ကို ထာဝရဘုရား ရွေးကောက်တော်မူသောကြောင့်၊ အားယူ၍ တည် ဆောက်လော့ဟုမှာထားတော်မူ၏။
11 Chuin, David in athilgon ejakai, thil kholna indan ho chule chonset kingaidam na munho umdol jouse Solomon apetan ahi.
၁၁ထိုအခါအိမ်တော်ဦး၊ အဆောင်ကြီး၊ ဘဏ္ဍာ တိုက်၊ အထက်ခန်း၊ အတွင်းခန်း၊ သေတ္တာတော်အဖုံး ထားရာ အခန်း၏ ပုံကို၎င်း၊
12 David in alunggil a agontohsa, Houin lim asung apo, indan dang dang chule Maicham kibolna Muntheng dia agon ho jouse achapa Solomon aseipeh tai.
၁၂ထာဝရဘုရား၏အိမ်တော်တန်တိုင်းများ၊ ပတ် လည်၌ ကာသောအခန်းများ၊ ဘုရားသခင်၏ အိမ်တော် ဘဏ္ဍာတိုက်များ၊ ပူဇော်သောအရာသိုထားရာ တိုက်များ တို့၏ပုံကို၎င်း၊ မိမိကြံစည်သမျှအတိုင်း၊ ဒါဝိဒ်သည် သားတောရှောလမုန်အား အပ်တော်မူ၏။
13 Chujongle, Houin sunga Themgao hole Levi mite panmun hihen, Pathen hou nadia thil le lo kimang ding jouse jong ahiltan ahi.
၁၃ယဇ်ပုရောဟိတ်၊ လေဝိသားသင်းဖွဲ့ခြင်း၊ ထာဝရဘုရား၏အိမ်တော်၌ အမှုတော်ကို ဆောင်ရွက် ခြင်း၊ ဆောင်ရွက်စရာ တန်ဆာရှိသမျှတို့ကိုလည်း စီရင် တော်မူ၏။
14 David in Pathen Hou na a Sana le Sum eng man dia lom jat jong ahiltoh in,
၁၄အမှုတော်အမျိုးမျိုးကို ဆောင်ရွက်စရာ ရွှေ တန်ဆာရှိသမျှတို့အဘို့ ရွှေကို၎င်း၊ ငွေတန်ဆာရှိသမျှတို့ အဘို့ ငွေကို၎င်းချိန်၍ အပ်တော်မူ၏။
15 Solomon jah a Sana thaomei semna ding le sum eng thaomei semna ding chuleh sana le sum eng alut ding jat jong ahilthem in ahi.
၁၅ရွှေမီးခုံနှင့်ရွှေမီးခွက်အသီးအသီးအဘို့၊ ငွေမီးခုံ နှင့် ငွေမီးခွက်အသီးအသီး သုံးစရာရှိသည်အတိုင်း ရွှေငွေကို ချိန်၍ အပ်တော်မူ၏။
16 Changlhah hung kitohdoh ho koina ding Sana theng a kisem Dokhang chule, sum eng a kisem dokhang ho jong akisem na a sana angaicha ding jat jong ahilthem e.
၁၆ရှေ့တော်မုန့်တင်စရာရွှေစားပွဲနှင့် ငွေစားပွဲ အသီးအသီးအဘို့ ရွှေငွေကိုချိန်၍ အပ်တော်မူ၏။
17 Thih-khe sana thengsel ijat a sem a, khon, Kong, Sil kong ho jouse sana ijat cheh a sem ding aboncha a atetoh peh soh e.
၁၇အမဲသားချိတ်၊ အင်တုံ၊ ဖလားများအဘို့ ရွှေစင် ကို၎င်း၊ ရွှေလင်ပန်းနှင့် ငွေလင်ပန်းအသီးအသီးအဘို့ ရွှေငွေကို၎င်း၊ ချိန်၍အပ်တော်မူ၏။
18 Chujongle, gim namtwi hal nading maicham phung semna dia sana thengsel man ding jat, chule Kangtalai sung a Cherubium vantil in a lhaving teni a akhu khum, Pakai kitepna thingkong sem ding dan jong ahiltan ahi.
၁၈နံ့သာပေါင်းမီးရှို့ရာ ယဇ်ပလ္လင်အဘို့ ရွှေစင်ကို ၎င်း၊ အတောင်တို့ကို ဖြန့်၍ ထာဝရဘုရား၏ ပဋိညာဉ် သေတ္တာတော်ကို လွှမ်းမိုးသော ခေရုဗိမ်ရထားတော်ပုံ အဘို့ရွှေကို၎င်း၊ ချိန်၍အပ်တော်မူ၏။
19 “Thilgon hichengse hi”, tin David in Solomon jah a, “Pathenin akhut tah a asut eimudohsah akon kahet ahi” ati.
၁၉ထိုပုံများရှိသမျှတို့ကို ရေးထားသည်အတိုင်း၊ နားလည်နိုင်သော ဥာဏ်ပညာကို ထာဝရဘုရားသည် ပေးတော်မူ၏။
20 David in abanjom in, “hat in lang hang jingin, natohdoh ding ahi. Kichat le lunglhah daina neihih hel in. Pakai Pathenin na umpi jing’e. Nanganse nabang’a nachai theng tokah a Pakai Pathen in na lhonpi jing ding ahi”.
၂၀သားတော်ရှောလမုန်အားလည်း၊ သင်သည် အားယူ၍ ရဲရင့်သော စိတ်နှင့်လုပ်ဆောင်လော့။ မစိုးရိမ် နှင့်။ စိတ်မပျက်နှင့်။ ငါ၏ဘုရားသခင် ထာဝရအရှင် ဘုရားသခင်သည် သင်နှင့်အတူရှိတော်မူလိမ့်မည်။ ထာဝရဘုရား၏အိမ်တော်မှုကို ဆောင်ရွက်ရာဘို့ လုပ် ဆောင်၍ လက်စမသတ်မှီတိုင်အောင် သင့်ကို စွန့်တော် မမူ။ ပစ်ထားတော်မမူ။
21 “Themgao ho le Levi mite akinganse na banga pakai kin abol diu, adangse injong akipeh nathei chan uva pan alah uva, gamsung vaipo ho jouse le thuneina aboncha a nangma thunoi a umding ahi” ati.
၂၁သင်းဖွဲ့သောယဇ်ပုရောဟိတ်၊ လေဝိသားတို့ သည်လည်း ဘုရားသခင်၏အိမ်တော်မှုကို ဆောင်ရွက် ရာဘို့ရှိကြ၏။ လိမ္မာသော ဆရာသမားအမျိုးမျိုးတို့ သည်လည်း အရာရာတို့ကို လုပ်ဆောင်စေဘို့ရှိကြ၏။ မင်းများနှင့် ပြည်သူပြည်သားများအပေါင်းတို့သည်လည်း သင့်လက်၌ရှိကြသည်ဟု မိန့်တော်မူ၏။

< 1 Thusimbu 28 >