< Olphong 20 >
1 Puencawn pakhat vaan lamkah ha rhum te ka hmuh. Te vaengah a kut ah tangrhomdung kah cabi neh thirhui a len a pom. (Abyssos )
၁ထိုနောက်ကောင်းကင်တမန်တစ်ပါးသည်တွင်း နက်ကြီး၏သော့ကိုလည်းကောင်း၊ သံကြိုးကြီး ကိုလည်းကောင်း ကိုင်လျက်ကောင်းကင်မှဆင်း လာသည်ကိုငါမြင်ရ၏။- (Abyssos )
2 Te phoeiah rhaithae neh Satan la aka om rhul rhuem tuihnam te a tuuk tih kum thawngkhat a khoh.
၂သူသည်ရှေးမြွေနဂါးကြီးကိုဖမ်းဆီးပြီးလျှင် သံကြိုးဖြင့်အနှစ်တစ်ထောင်ချည်နှောင်၍ထား ၏။ ထိုနဂါးကားနတ်မိစ္ဆာဘုရင်သို့မဟုတ် စာတန်ပင်ဖြစ်၏။-
3 Te vaengah anih te tangrhom dung ah a hlak tih a tlaeng phoeiah kutnoek a daeng thil. Te dongah kum thawngkhat a cup hlandue namtom rhoek te rhaithi voel mahpawh. Te phoeiah tah anih te a tue kolkalh tah hlah ham a kuek. (Abyssos )
၃ကောင်းကင်တမန်သည်နဂါးကိုတွင်းနက်ကြီး ထဲသို့ပစ်ချကာတွင်းကိုပိတ်ပြီးနောက် အနှစ် တစ်ထောင်ကုန်ဆုံးသည့်တိုင်အောင်လူမျိုးတကာ တို့အားမှောက်မှားလမ်းလွဲမှုမပြုနိုင်စေရန် တံဆိပ်ခတ်နှိပ်၍ထား၏။ အနှစ်တစ်ထောင် ကုန်ဆုံးချိန်၌သူ့အားခေတ္တလွှတ်ပေးရမည်။ (Abyssos )
4 Te phoeiah ngolkhoel rhoek neh a soah aka ngol rhoek te ka hmuh tih amih taengah laitloeknah te a paek. Jesuh kah olphong neh Pathen kah olka kongah a rhaih kah hinglu te khaw, satlung neh a muei aka bawk pawt tih a tal neh a kut ah kutnoek aka dang pawt rhoek te khaw, ka hmuh. Amih te hing uh tih Khrih taengah kum thawngkhat a poeng uh.
၄ထိုနောက်ငါသည်ပလ္လင်များကိုမြင်ရ၏။ ယင်း ပလ္လင်များပေါ်တွင်ထိုင်နေသူများမှာတရား စီရင်ရန် အာဏာအပ်နှင်းခြင်းခံရသူများ ဖြစ်၏။ ထို့ပြင်သခင်ယေရှုဖော်ပြတော်မူ သောသမ္မာတရားကိုလည်းကောင်း၊ ဘုရား သခင်၏နှုတ်ကပတ်တော်ကိုလည်းကောင်း ဟောပြောကြေညာခဲ့သည့်အတွက်ကွပ်မျက် ခြင်းခံရကြသူတို့၏ဝိညာဉ်များကိုလည်း ငါမြင်ရ၏။ သူတို့သည်သားရဲနှင့်သားရဲ ၏ရုပ်တုကိုရှိမခိုးခဲ့ကြ။ မိမိတို့၏နဖူး နှင့်လက်များတွင်လည်းသားရဲ၏အမှတ် တံဆိပ်ကိုမခံယူခဲ့ကြ။ သူတို့သည်အသက် ပြန်၍ရှင်လာကြပြီးလျှင်ခရစ်တော်နှင့် အတူဘုရင်များအဖြစ်ဖြင့်အနှစ်တစ် ထောင်စိုးစံကြရ၏။-
5 A tloe aka duek rhoek tah kum thawngkhat a bawt duela hing uh mahpawh. He tah lamhmacuek thohkoepnah ni.
၅(ကျန်သေလွန်သူတို့မူကားအနှစ်တစ်ထောင် ကုန်လွန်ပြီးမှအသက်ပြန်၍ရှင်ကြရ၏။) ဤ ကားပထမအကြိမ်သူသေတို့အားဘုရား သခင်ရှင်ပြန်ထမြောက်စေတော်မူခြင်း ဖြစ်သတည်း။-
6 Lamhma thohkoepnah khuiah cutnah aka khueh tah a yoethen tih cim. Amih soah pabae dueknah loh saithainah khueh pawh. Tedae Pathen neh Khrih kah khosoih la om uh vetih amah taengah kum thawngkhat a poeng uh ni.
၆ယင်းသို့ပထမအကြိမ်ရှင်ပြန်ထမြောက်ခြင်း တွင်ပါဝင်သူတို့သည်မင်္ဂလာရှိ၍ကောင်းချီး ကြွယ်ဝစွာခံစားရကြ၏။ ဒုတိယသေခြင်း သည်သူတို့အားအစိုးမရနိုင်ရာ။ သူတို့သည် ဘုရားသခင်နှင့်ခရစ်တော်၏ယဇ်ပုရော ဟိတ်များဖြစ်၍ခရစ်တော်နှင့်အတူအနှစ် တစ်ထောင်စိုးစံကြရလိမ့်မည်။
7 Kum thawngkhat a cup vaengah tah Satan te thongim lamkah loeih ni.
၇ထိုနောက်အနှစ်တစ်ထောင်ကုန်လွန်သောအခါ စာတန်သည်အကျဉ်းကျရာမှလွတ်ပြီးလျှင်၊-
8 Te vaengah Gog neh Magog tah diklai kil pali ah namtom rhoek te rhaithi ham cet uh vetih caem la amamih tingtun uh ni. A hlangmi tah tuitunli kah laivin bangla om ni.
၈ဂေါဂနှင့်မာဂေါဂဟုခေါ်သောကမ္ဘာအရပ်လေး မျက်နှာရှိလူမျိုးအပေါင်းတို့အား မှောက်မှား လမ်းလွဲစေလျက်စစ်တိုက်ရန်စုဝေးစေလိမ့်မည်။ သူတို့သည်အရေအတွက်အားဖြင့် သမုဒ္ဒရာ သဲလုံးနှင့်အမျှများသတည်း။-
9 Te phoeiah diklai hman ah khong uh tih hlangcim rhoek kah rhalkapim neh a lungnah kho te a dum uh. Tedae vaan lamkah hmai ha suntla tih amih te a hlawp.
၉သူတို့သည်ကမ္ဘာအနှံ့အပြားသို့ချီတက်လာ ပြီးလျှင် ဘုရားသခင်၏တပ်စခန်းနှင့်ကိုယ်တော် နှစ်သက်မြတ်နိုးတော်မူသောမြို့ကြီးကိုဝိုင်း ကြ၏။ သို့ရာတွင်ကောင်းကင်မှမီးကျသဖြင့် သူတို့သည်ကျွမ်းလောင်ဖျက်ဆီးခြင်းခံရ ကြ၏။-
10 Amih aka rhaithi rhaithae te khaw satlung neh laithae tonghma loh a om nah te khaw, kat hmai tuili ah a voeih tih kumhal kah kumhal la khoyin khothaih a phaep uh ni. (aiōn , Limnē Pyr )
၁၀သူတို့အားမှောက်မှားလမ်းလွဲစေသူစာတန် သည်လည်း ကန့်မီးအိုင်ထဲသို့ပစ်ချခြင်းကို ခံရလေ၏။ ထိုအိုင်ထဲသို့သားရဲနှင့်မိစ္ဆာပရော ဖက်တို့ပစ်ချခြင်းခံရပြီးဖြစ်သည်။ သူတို့ သည်ကမ္ဘာအဆက်ဆက်နေ့ရောညဥ့်ပါ ညှဉ်းပန်းနှိပ်စက်ခြင်းကိုခံရကြလတ္တံ့။ (aiōn , Limnē Pyr )
11 Te phoeiah ngolkhoel bok a len neh a soah aka ngol te ka hmuh. Diklai neh vaan tah a mikhmuh lamloh rhaelrham coeng tih, amih ham hmuen hmu pawh.
၁၁ထိုနောက်ပလ္လင်ဖြူကြီးကိုလည်းကောင်း၊ ယင်း ပလ္လင်ပေါ်တွင်စံနေတော်မူသောအရှင်ကို လည်းကောင်းငါမြင်ရ၏။ ထိုအရှင်၏ရှေ့ တော်မှောက်မှာကမ္ဘာမြေကြီးနှင့်မိုးကောင်း ကင်သည်လျင်မြန်စွာရွေ့လျားပျောက်လွင့် ၍သွားကြကုန်၏။-
12 Tanoe kangham aka duek rhoek te ngolkhoel hmaiah a pai uh te khaw ka hmuh. Cayol rhoek khaw a ong tih a tloe cayol hingnah la aka om te a ong. Te vaengah cabu ah a daek khuikah aka duek rhoek te amamih kah khoboe tarhing la lai a tloek.
၁၂သေလွန်သူအကြီးအငယ်တို့သည်ပလ္လင် တော်ရှေ့၌ရပ်လျက်နေကြသည်ကိုလည်း ကောင်း၊ စာစောင်များကိုဖွင့်သည်ကိုလည်း ကောင်းငါမြင်ရ၏။ ထိုနောက်အသက်စာ စောင်တည်းဟူသောအခြားစာစောင်ကို ဖွင့်လိုက်၏။ သေလွန်သူတို့သည်ထိုစာ စောင်များတွင်မှတ်တမ်းတင်ထားသည့် မိမိတို့အကျင့်များနှင့်အညီတရား စီရင်ခြင်းကိုခံရကြ၏။-
13 Tuitunli long khaw amah khuiah aka duek rhoek te a paek tih dueknah neh Saelkhui long khaw a khuiah aka duek rhoek te a paek. Te phoeiah amamih kah khoboe vanbangla rhip lai a tloek. (Hadēs )
၁၃သမုဒ္ဒရာသည်မိမိ၌ရှိသောသေသူတို့ကို ပေးအပ်ကြ၏။ သေမင်းနှင့်မရဏာနိုင်ငံ သည်လည်း မိမိတို့၌ရှိသောသေသူတို့ကို ပေးအပ်ကြ၏။ လူအပေါင်းတို့သည် မိမိတို့ အကျင့်အလျောက်တရားစီရင်ခြင်းကို ခံရကြ၏။- (Hadēs )
14 Te phoeiah dueknah neh Saelkhui te hmai tuili la a hlak. Te hmai tuili te a pabae dueknah ni. (Hadēs , Limnē Pyr )
၁၄ထိုနောက်သေမင်းနှင့်မရဏာနိုင်ငံသည် မီး အိုင်ထဲသို့ပစ်ချခြင်းကိုခံရကြ၏။- (Hadēs , Limnē Pyr )
15 Te dongah khat khat loh hingnah cabu dongah ming a daek te a hmuh pawt atah hmai tuili ah a hlak. (Limnē Pyr )
၁၅(ထိုမီးအိုင်ကားဒုတိယသေခြင်းတည်း။) အသက် စာစောင်တွင်စာရင်းမဝင်သူရှိသမျှတို့သည် မီးအိုင်ထဲသို့ပစ်ချခြင်းကိုခံရကြ၏။ (Limnē Pyr )