< Matthai 23 >
1 Te phoeiah Jesuh loh hlangping rhoek neh a hnukbang rhoek te a voek tih,
၁ထိုနောက်သခင်ယေရှုသည်လူပရိသတ်နှင့် တပည့်တော်တို့အား၊
2 “Cadaek rhoek neh Pharisee rhoek tah Moses kah ngoltlang dongah ngol uh.
၂``ကျမ်းတတ်ဆရာနှင့်ဖာရိရှဲများသည်မောရှေ ၏ပညတ်ကျမ်းကိုအဋ္ဌိပ္ပါယ်ဖွင့်ပြရန်အခွင့် အာဏာရရှိထားသူများဖြစ်ကြ၏။-
3 Te dongah nangmih taengah a thui uh sarhui te boeih vai uh lamtah tuem uh. Tedae amih kah khoboe bangla saii uh boeh, a thui uh tih a vai uh haew moenih.
၃သို့ဖြစ်၍ထိုသူတို့ပြောဆိုသွန်သင်သမျှ အတိုင်းလိုက်နာပြုကျင့်ကြလော့။ သို့သော် သူတို့သည်မိမိတို့ဟောသည့်အတိုင်းမကျင့် ကြသဖြင့်သူတို့ကျင့်သကဲ့သို့မကျင့်ကြနှင့်။-
4 Te phoeiah hno te a rhih la a boep uh tih phueihtloel la hlang kah laengpang dongah a tloeng uh dae amamih tah a kutdawn nen khaw tat sak ham ngaih uh pawh.
၄သူတို့သည်လေးလံ၍အထမ်းရခက်သည့်ဝန်ထုပ် များကိုသူတစ်ပါးတို့အားထမ်းစေကြ၏။ မိမိ တို့ကိုယ်တိုင်မူထိုဝန်ထုပ်များကိုလက်ဖျားနှင့် မျှမတို့လိုကြ။-
5 A khoboe te khaw hlang kah a hmuh la boeih a saii uh. A cacimbu te a kaa uh tih salaw te oep uh.
၅မိမိတို့ပြုလုပ်သမျှသောအရာတို့ကိုလူမြင် သာအောင်ပြုလုပ်တတ်ကြ၏။ မိမိတို့နဖူးနှင့် လက်မောင်းများပေါ်တွင်ကျမ်းစာလက်ဖွဲ့များကို အပြားကြီးပြုလုပ်၍ဝတ်ဆင်တတ်ကြ၏။ ဝတ်လုံ အမြိတ်များကိုရှည်လျားစွာချုပ်ထားတတ်ကြ၏။-
6 Buhkung ah hmuensang, tunim ah ngolhmuen then neh,
၆ပွဲသဘင်များတွင်အကောင်းဆုံးသောနေရာ ထိုင်ခင်းများ၊ တရားဇရပ်များတွင်သီးသန့် ထားသောနေရာများကိုနှစ်သက်ကြ၏။-
7 Hnoyoih hmuen kah toidalnah uh neh hlang loh Rhabbi la a khue te a lungnah uh.
၇စျေးရပ်ကွက်တွင်အလေးပြုခြင်းကိုခံလို ကြ၏။ ဆရာတော်ဟုအခေါ်ခံလိုကြ၏။-
8 Tedae nangmih tah Rhabbi la n'khue boel saeh. Nangmih kah saya tah pakhat ni aka om tih nangmih boeih te boeinaphung la na om uh.
၈သို့ရာတွင်သင်တို့အားလုံးသည်ညီအစ်ကို များဖြစ်လျက် သင်တို့မှာဆရာတော်တစ်ပါး တည်းသာရှိသည်ဖြစ်၍ဆရာတော်ဟု အခေါ်မခံကြနှင့်။-
9 Te dongah diklai hmankah he pa la na khue uh mahpawh, vaan kah pa pakhat ni nangmih ham a om.
၉ဤလောကတွင်အဘယ်သူကိုမျှ `အဖ' ဟုမခေါ် ကြနှင့်။ သင်တို့တွင်ကောင်းကင်ဘုံရှင်အဖတစ်ပါး တည်းသာရှိ၏။-
10 Mawtkung la n'khue uh boel saeh, Khrih tah nangmih mawtkung la rhenten om coeng.
၁၀သင်တို့သည်ခေါင်းဆောင်ဟူ၍လည်းအခေါ်မခံ ကြနှင့်။ သင်တို့တွင်မေရှိယတည်းဟူသောခေါင်း ဆောင်တစ်ပါးတည်းသာရှိ၏။-
11 Nangmih khuikah aka tanglue tah nangmih kah tueihyoeih la om ni.
၁၁သင်တို့အနက်အကြီးမြတ်ဆုံးဖြစ်သူသည် သင်တို့၏အစေခံဖြစ်ရမည်။-
12 Tedae amah aka pomsang te tah tlarhoel vetih amah aka tlarhoel te tah a pomsang ni.
၁၂မိမိကိုယ်ကိုချီးမြှောက်သူသည်နိမ့်ကျရလိမ့် မည်။ မိမိကိုယ်ကိုနှိမ့်ချသူသည်ချီးမြှောက်ခြင်း ကိုခံရလိမ့်မည်။
13 Anunae nangmih cadaek rhoek neh Pharisee hlangthai palat rhoek, hlang kah hmaiah vaan ram te na khaih uh tih, namamih khaw na kun uh pawh, aka kun rhoek te khaw kun ham na hlah pa uh pawh.
၁၃``ကြောင်သူတော်ဖာရိရှဲနှင့်ကျမ်းတတ်ဆရာတို့၊ သင်တို့သည်အမင်္ဂလာရှိကြ၏။ လူတို့ကောင်းကင် နိုင်ငံတော်သို့ဝင်မည်ပြုသောအခါသင်တို့သည် တံခါးပိတ်လိုက်ကြ၏။ သင်တို့ကိုယ်တိုင်လည်းမဝင်၊ ဝင်ရန်ကြိုးစားသူများကိုလည်းဝင်ခွင့်မပြုကြ။
14 Nuhmai kah imlo te na yoop uh phoeiah a hmanhu ah puet na thangthui uh. Te dongah nangmih kah laitloekkung la om uh ni.
၁၄(``ကြောင်သူတော်ဖာရိရှဲနှင့်ကျမ်းတတ်ဆရာတို့၊ သင်တို့သည်အမင်္ဂလာရှိကြ၏။ သင်တို့သည် မုဆိုးမများ၏အိမ်ရာပစ္စည်းများကိုမတရား သိမ်းယူကြပြီးနောက် လူအမြင်ကောင်းစေရန် ရှည်လျားစွာဆုတောင်းပတ္ထနာပြုတတ်ကြ၏။ ဤအကြောင်းကြောင့်သင်တို့သည်သာ၍ကြီး လေးသောအပြစ်ဒဏ်ကိုခံရလိမ့်မည်။'')
15 Anunae nangmih cadaek rhoek neh Pharisee hlangthai palat rhoek, pakhat te poehlip sak ham tuili neh rhamrhae na hil uh. Tedae a om tanglai vaengah tah anih te namamih laklah rhaepnit la hell kah a ca la na poeh sak uh. (Geenna )
၁၅``ကြောင်သူတော်ဖာရိရှဲနှင့်ကျမ်းတတ်ဆရာတို့၊ သင်တို့သည်အမင်္ဂလာရှိကြ၏။ လူတစ်ယောက် ကိုဘာသာသွင်းနိုင်ရန်သင်တို့သည်ရေကြောင်း၊ ကုန်းကြောင်းခရီးပြုကြ၏။ ဘာသာသွင်းပြီး သောအခါ၌လည်းထိုသူအားသင်တို့ထက် နှစ်ဆပို၍ငရဲသို့လားထိုက်သူဖြစ်စေကြ ၏။'' (Geenna )
16 Anunae nangmih mawtkung mikdael rhoek, ' Bawkim neh aka toemngam te tah a toemngam phu om pawh, tedae bawkim kah sui neh a toemngam te man a kuek nah mako,’ aka ti rhoek
၁၆``လမ်းပြသည့်မျက်မမြင်တို့၊ သင်တို့သည်အမင်္ဂလာ ရှိကြ၏။ `လူတစ်စုံတစ်ယောက်သည်ဗိမာန်တော်ကို တိုင်တည်၍ကျိန်ဆိုလျှင် ထိုကျိန်ဆိုချက်သည် အတည်မဖြစ်။ သို့သော်ဗိမာန်တော်၏ရွှေကို တိုင်တည်၍ကျိန်ဆိုလျှင်မူကားအတည်ဖြစ်၏' ဟုသင်တို့ဆိုကြ၏။-
17 Mikdael neh hlang ang rhoek, melae tanglue la aka om? Sui a? Sui aka ciim bawkim a?
၁၇လူမိုက်တို့၊ သင်တို့၏မျက်စိသည်ကန်းလှသည် တကား။ အဘယ်အရာကပို၍အရေးကြီးပါ သနည်း။ ရွှေလော။ သို့မဟုတ်ရွှေကိုမြင့်မြတ် သန့်ရှင်းစေသည့်ဗိမာန်တော်လော။-
18 Te phoeiah, ' Hmueihtuk neh aka toemngam te tah a phu om pawh, tedae hmueihtuk dongkah hmueih neh aka toemngam te aaitlaeng nah mako aka ti, rhoek.
၁၈လူတစ်စုံတစ်ယောက်သည်ယဇ်ပလ္လင်ကိုတိုင်တည် ၍ကျိန်ဆိုလျှင်ထိုကျိန်ဆိုချက်သည်အတည် မဖြစ်။ ယဇ်ပလ္လင်ပေါ်ရှိပူဇော်သကာကိုတိုင်တည် ၍ကျိန်ဆိုလျှင်မူကားအတည်ဖြစ်၏' ဟုသင် တို့ဆိုကြ၏။-
19 Mikdael rhoek aw melae a tanglue? Kutdoe a? Kutdoe aka ciim hmueihtuk a?
၁၉သင်တို့၏မျက်စိသည်ကန်းလှသည်တကား။ အဘယ်အရာကပို၍အရေးကြီးပါသနည်း။ ပူဇော်သကာလော။ သို့မဟုတ်ပူဇော်သကာကို မြင့်မြတ်သန့်ရှင်းစေသည့်ယဇ်ပလ္လင်လော။-
20 Te dongah hmueihtuk neh aka toemngam tah hmueihtuk neh a sokah boeih boeih neh a toemngam coeng.
၂၀ယဇ်ပလ္လင်ကိုတိုင်တည်၍ကျိန်ဆိုသူသည်ယဇ်ပလ္လင် နှင့်တကွယဇ်ပလ္လင်ပေါ်မှာရှိသမျှတို့ကိုပါ တိုင်တည်၍ကျိန်ဆိုသတည်း။-
21 Te phoeiah Bawkim neh aka toemngam tah Bawkim neh a tolvael te a toemngam coeng.
၂၁ဗိမာန်တော်ကိုတိုင်တည်၍ကျိန်ဆိုသူသည်ဗိမာန် တော်နှင့်တကွဗိမာန်တော်တွင်ကျိန်းဝပ်တော်မူ သောအရှင်ကိုပါတိုင်တည်၍ကျိန်ဆိုသတည်း။-
22 Te phoeiah vaan neh aka toemngam tah Pathen kah ngolkhoel neh te dongah aka ngol neh a toemngam coeng.
၂၂ကောင်းကင်ဘုံကိုတိုင်တည်၍ကျိန်ဆိုသူသည် ဘုရားသခင်၏ပလ္လင်တော်နှင့်တကွ ထိုပလ္လင် ပေါ်မှာစံနေတော်မူသောအရှင်ကိုပါကျိန် ဆိုသတည်း။''
23 Anunae nangmih cadaek rhoek neh Pharisee hlangthai palat rhoek aw, sungii, sungsing neh sungkueng te na paek uh. Tedae olkhueng khuikah olpuei la aka om tiktamnah, rhennah, tangnah te na hlahpham uh. Tedae he rhoek he saii ham a kuek atah te rhoek khaw hlahpham boeh.
၂၃``ကြောင်သူတော်ဖာရိရှဲနှင့်ကျမ်းတတ်ဆရာတို့၊ သင်တို့သည်အမင်္ဂလာရှိကြ၏။ သင်တို့သည် ပင်စိမ်း၊စမွတ်နှင့်ဇီယာတို့ကိုဆယ်ဖို့တစ်ဖို့ ပေးလှူကြသော်လည်းတရားမျှတမှု၊ သနား ကြင်နာမှု၊ ရိုးသားဖြောင့်မတ်မှုစသည့်ပညတ် ကျမ်းမှအကယ်ပင်အရေးကြီးသောသွန်သင် ချက်များကိုမူကားလျစ်လူပြုကြ၏။-
24 Mawtkung mikdael rhoek, pildik pataeng na soih u dae kalauk na dolh uh.
၂၄လမ်းပြသည့်မျက်မမြင်တို့၊ သင်တို့သည်ခြင် ကောင်မမျိုမိစေရန်သောက်ရေကိုစစ်၍သောက် ကြ၏။ သို့ရာတွင်ကုလားအုတ်ကိုကားမျိုချ ကြပါသည်တကား။''
25 Anunae nangmih cadaek rhoek neh Pharisee hlangthai palat rhoek, boengloeng neh baelphaih te a hmanhu ah na silh uh dae a khuikah halhkanah dongah khoeihveetnah neh na bae uh.
၂၅``ကြောင်သူတော်ကျမ်းတတ်ဆရာနှင့်ဖာရိရှဲတို့၊ သင်တို့သည်အမင်္ဂလာရှိကြ၏။ သင်တို့သည် ပန်းကန်ခွက်ယောက်များ၏ပြင်ပကိုစင်ကြယ် အောင်ဆေးကြောကြသော်လည်း သင်တို့၏စိတ် အတွင်းမှာကားလောဘလွန်ကူးမှုနှင့် အကြမ်းဖက်မှုတို့ဖြင့်ပြည့်လျက်နေ၏။-
26 Pharisee mikdael rhoek boengloeng kah a khui te lamhma la cilpoe dae. Te daengah ni poeng ben khaw a caih la a om eh.
၂၆မျက်မမြင်ဖာရိရှဲတို့၊ ပန်းကန်ခွက်ယောက်များ အတွင်းဘက်ကိုဦးစွာဆေးကြောကြလော့။ သို့ ပြုလျှင်ပြင်ပသည်လည်းသန့်ရှင်းစင်ကြယ် လာလိမ့်မည်။''
27 Anunae nangmih cadaek rhoek neh Pharisee hlangthai palat rhoek, hlan a bok neh na loo uh. Te te ahmanhu ah sawtthen la tueng dae aka duek kah a rhuh neh rhongingnah boeih neh bae.
၂၇``ကြောင်သူတော်ကျမ်းတတ်ဆရာနှင့်ဖာရိရှဲတို့၊ သင်တို့သည်ထုံးဖြူသုတ်သောသင်္ချိုင်းဂူများနှင့် တူကြ၏။ ထိုဂူတို့သည်ပြင်ပသဏ္ဌာန်အားဖြင့် လှသော်လည်း အတွင်း၌မူကားလူသေအရိုး နှင့်ပုပ်နေသောအလောင်းကောင်တို့ဖြင့်ပြည့် နှက်နေတော့၏။-
28 Nangmih khaw a hmanhu ah tah hlang dueng la na phoe uh tangloeng ngawn, tedae a khuiah thailatnah neh olaeknah a bae la om.
၂၈ထိုနည်းတူသင်တို့သည်လည်းပြင်ပသဏ္ဌာန်အား ဖြင့် လူတို့ရှေ့တွင်သူတော်ကောင်းများဟုထင်ရ သော်လည်း စိတ်အတွင်း၌ကားသူတော်ကောင်း ယောင်ဆောင်မှုနှင့်ဆိုးညစ်မှုများဖြင့်ပြည့် လျက်နေတော့၏။''
29 Anunae nangmih cadaek rhoek neh Pharisee hlangthai palat rhoek, tonghma rhoek kah hlan te na saii uh tih hlang dueng rhoek kah phuel te na thoeihcam uh.
၂၉``ကြောင်သူတော်ကျမ်းတတ်ဆရာနှင့်ဖာရိရှဲတို့၊ သင်တို့သည်အမင်္ဂလာရှိကြ၏။ သင်တို့သည် ပရောဖက်များ၏သင်္ချိုင်းဂူများကိုတည်ဆောက် ပေးကြ၏။ သူတော်ကောင်းတို့၏သင်္ချိုင်းဂူများကို မွမ်းမံခြယ်လှယ်ပေးကြ၏။-
30 Te phoeiah, ' A pa rhoek kah a tue vaengah ng'om uh koinih tonghma rhoek kah a thii dongah amih kah pueipo la ng'om pawt sue,’ na ti uh.
၃၀ထိုနောက်သင်တို့က `ငါတို့သာဘိုးဘေးတို့၏ခေတ် ကအသက်ရှင်ခဲ့မည်ဆိုပါက၊ ပရောဖက်များကို သတ်ဖြတ်သည့်အမှုတွင်ပါဝင်ခဲ့ကြမည်မဟုတ်' ဟုဆိုကြ၏။-
31 Te dongah tonghma rhoek aka ngawn kah a ca rhoek la na om uh te na oep uh.
၃၁သို့ဖြစ်၍သင်တို့သည်ပရောဖက်များကိုသတ် ဖြတ်သူတို့၏သားမြေးများဖြစ်ကြောင်းဝန်ခံ ကြလေပြီတကား။-
32 Nangmih long khaw na pa rhoek kah a hmatoeng ni na koei uh.
၃၂သင်တို့၏ဘိုးဘေးများစတင်ကူးလွန်ခဲ့သည့် အပြစ်ကိုအပြီးတိုင်အောင်ဆက်လက်ကူးလွန် ကြလော့။-
33 Rhul rhoek, rhulthae cadil rhoek, laitloeknah hell lamkah metlam na rhaelrham uh eh? (Geenna )
၃၃အချင်းမြွေဆိုးများနှင့်မြွေဆိုး၏သားမြေး တို့၊ သင်တို့သည်ငရဲသို့လားရမည့်ဘေးဒဏ် မှအဘယ်သို့လွတ်နိုင်ကြပါမည်နည်း။- (Geenna )
34 He dongah ni kai loh tonghma rhoek, hlangcueih rhoek neh cadaek rhoek te nangmih taengah kan tueih he. Amih te na ngawn uh vetih na tai uh bal veh. Amih te namamih kah tunim ah na boh uh vetih khopuei lamkah khopuei la na hnaemtaek uh veh.
၃၄သင်တို့အားငါဆိုသည်ကား၊ သင်တို့ထံသို့ ပရောဖက်များ၊ ပညာရှိများ၊ ကျမ်းတတ်ဆရာ များကိုငါစေလွှတ်မည်။ သင်တို့သည်ထိုသူ အချို့တို့ကိုသတ်ဖြတ်ကြ၍အချို့ကိုလက် ဝါးကပ်တိုင်တွင်တင်ကြလိမ့်မည်။ အချို့ကိုမူ တရားဇရပ်များတွင်ကြိမ်ဒဏ်ပေး၍အချို့ ကိုမူတစ်မြို့ပြီးတစ်မြို့လိုက်လံဖမ်းဆီးကြ လိမ့်မည်။-
35 Te dongah hlang dueng Abel kah thii lamloh bawkim neh hmueihtuk lakloah na ngawn uh Berikhiah kah capa Zekhriah kah thii duela, diklai hmanah hlang dueng rhoek kah thii a hawk te nangmih soah boeih thoeng.
၃၅ထို့ကြောင့်အပြစ်ကင်းသူအာဗေလမှစ၍ သန့် ရှင်းရာဌာနတော်နှင့်ယဇ်ပလ္လင်အကြားတွင် အသတ်ခံရသည့်ဗာရခိ၏သား၊ ဇာခရိတိုင် အောင်အပြစ်ကင်းသူများကိုသတ်ဖြတ်ခဲ့သည့် အတွက်သင်တို့သည်အပြစ်ဒဏ်ခံရပေအံ့။-
36 Nangmih taengah rhep kan thui, he rhoek tah tahae kah cadil soah boeih thoeng ni.
၃၆ဤအမှုအရာအပေါင်းတို့အတွက်ဤခေတ် လူတို့သည်အပြစ်ဒဏ်ခံရကြလိမ့်မည်ဟု အမှန်အကန်သင်တို့အားငါဆို၏။''
37 “Jerusalem, Jerusalem, tonghma rhoek aka ngawn neh a taengla a tueih rhoek te aka dae, ainu loh aicahui ke a phae hmuiah a hluembael vaengkah a longim bangla na ca rhoek te hluembael ham ka ngaih taitu dae na ngaih uh pawh.
၃၇``အို ယေရုရှလင်မြို့၊ ယေရုရှလင်မြို့၊ ပရောဖက် များကိုသတ်သည့်မြို့၊ ဘုရားသခင်စေလွှတ်တော် မူသောစေတမန်များကိုခဲနှင့်ပေါက်သည့်မြို့၊ ကြက်မကြီးသည်ကြက်ကလေးများကိုမိမိ ၏အတောင်အောက်တွင်စုသိမ်းထားသကဲ့သို့ ငါသည်သင့်ကိုယုယပိုက်ထွေးနိုင်ရန်ကြိမ် ဖန်များစွာကြိုးစားခဲ့လေပြီ။ သို့ရာတွင်သင် သည်ငါ့ကိုအခွင့်မပေးခဲ့။-
38 Na im tah namamih taengah khosoek la a hlahpham coeng he.
၃၈ထို့ကြောင့်သင်၏ဗိမာန်တော်ကိုဘုရားသခင် သည်စွန့်ပစ်တော်မူလိမ့်မည်။-
39 Te dongah nangmih taengah kan thui, ' Boeipa ming neh aka pawk tah a yoethen pai, 'tila na ti uh hlan atah tahae lamkah loh kai muei na hmuh uh loeng loeng mahpawh,” a ti nah.
၃၉`ဘုရားသခင်၏နာမတော်ဖြင့်ကြွလာတော် မူသောအရှင်သည်မင်္ဂလာရှိစေသတည်း' ဟု သင်မြွက်ဆိုမည့်နေ့မတိုင်မီသင်သည်ယခု မှစ၍ငါ့ကိုမြင်ရလိမ့်မည်မဟုတ်ဟုသင့် အားငါဆို၏'' ဟူ၍မိန့်တော်မူသည်။