< Caeltueih 3 >

1 Pako kah thangthuinah tue ah Peter neh Johan tah bawkim la cet rhoi.
တစ်​နေ့​သ​၌​ဝတ်​ပြု​ကိုး​ကွယ်​ချိန်​မွန်း​လွဲ သုံး​နာ​ရီ​တွင် ပေ​တ​ရု​နှင့်​ယော​ဟန်​တို့​သည် ဗိ​မာန်​တော်​သို့​သွား​ကြ​၏။-
2 Te vaengah a manu bung khui lamloh aka khawn hlang pakhat te a khuen uh te om tih, bawkim khuila aka kun rhoek taengah doedannah bih sak ham sawtthen la a khue bawkim thohka ah hnin takuem a khueh uh.
တင့်​တယ်​ဟု​ခေါ်​သော​တံ​ခါး​အ​နီး​တွင်​ဝမ်း တွင်း​ပါ​ခြေ​မ​စွမ်း​မ​သန်​သူ​လူ​တစ်​ယောက် ထိုင်​လျက်​ရှိ​၏။ ဗိ​မာန်​တော်​ထဲ​သို့​လာ​ကြ သော​သူ​များ​ထံ​မှ​ကြေး​ငွေ​တောင်း​ခံ​နိုင်​ရန် နေ့​စဉ်​နေ့​တိုင်း​ထို​သူ​ကို​တံ​ခါး​အ​နီး​တွင် ချ​ထား​လေ့​ရှိ​ကြ​၏။-
3 Anih loh doedannah dang hamla a bih te bawkim khuila kun ham a cai rhoi vaengah Peter neh Johan loh a hmuh.
သူ​သည်​ပေ​တ​ရု​နှင့်​ယော​ဟန်​တို့​ဗိ​မာန်​တော် ထဲ​သို့​ဝင်​မည်​ပြု​သည်​ကို​မြင်​လျှင် ကြေး​ငွေ တစ်​စုံ​တစ်​ရာ​ပေး​ကမ်း​စွန့်​ကြဲ​ရန်​တောင်း ခံ​လေ​၏။-
4 Tedae anih te Peter neh Johan loh a hmaitang tih, “Kaimih rhoi he n'so lah,” a ti nah.
ထို​သူ​နှစ်​ယောက်​သည်​သူ့​ကို​စေ့​စေ့​ကြည့် ကြ​၏။ ထို​နောက်​ပေ​တ​ရု​က``ငါ​တို့​ကို ကြည့်​လော့'' ဟု​ဆို​၏။-
5 Te dongah amih taengkah khat khat dang hamla a lamtawn tih amih te a laehdawn.
ထို​အ​ခါ​သူ​သည်​တ​မန်​တော်​တို့​ထံ​မှ ကြေး​ငွေ​တစ်​စုံ​တစ်​ရာ​ရ​ရှိ​မည်​အ​ထင် နှင့်​သူ​တို့​ကို​အာ​ရုံ​စိုက်​၍​ကြည့်​လေ​၏။-
6 Te vaengah Peter loh, “Tangka neh sui khaw ka khueh moenih. Tedae nang kam paek ham te he ni ka khueh. Nazareth Jesuh Khrih ming neh thoo lamtah cet laeh,” a ti nah.
သို့​ရာ​တွင်​ပေ​တ​ရု​က``ငါ့​မှာ​ရွှေ​ငွေ​မ​ရှိ။ သို့​သော်​ရှိ​သည့်​အ​ရာ​ကို​သင့်​အား​ငါ​ပေး မည်။ နာ​ဇ​ရက်​မြို့​သား​ယေ​ရှု​၏​နာ​မ​တော် အား​ဖြင့်​ထ​၍​လှမ်း​သွား​လော့'' ဟု​ဆို​၏။-
7 Te phoeiah bantang kut neh a tuuk tih anih te a thoh hatah a kho neh a khocin khaw pahoi caang.
ထို​နောက်​သူ​၏​လက်ယာ​ဘက်​ကို​ဆွဲ​ကိုင်​ထူ​မ လိုက်​၏။ ထို​ခ​ဏ​၌​သူ​၏​ခြေ​နှင့်​ခြေ​ဖ​ဝါး များ​သည်​သန်​မာ​လာ​သ​ဖြင့်၊-
8 Te dongah cangpet tih, pai tih cet. Te phoeiah amih neh bawkim khuila kun tih a caeh doela soi tih Pathen a thangthen.
သူ​သည်​ခုန်​ပေါက်​ကာ​ဘု​ရား​သ​ခင်​၏​ဂုဏ် တော်​ကို​ချီး​ကူး​လျက်​ဗိ​မာန်​တော်​ထဲ​သို့ လိုက်​သွား​၏။-
9 Cet tih Pathen a thangthen te pilnam pum loh a hmuh vaengah,
ထို​သူ​ဤ​သို့​ဘု​ရား​သ​ခင်​၏​ဂုဏ်​တော် ကို​ချီး​ကူး​လျက် လှမ်း​သွား​သည်​ကို​လူ အ​ပေါင်း​တို့​တွေ့​မြင်​ကြ​၏။-
10 anih te, bawkim kah sawtthen thohka ah doedannah lamtawn ham aka ngol ni tila a ming uh. Te dongah anih soah aka thoeng te ngaihmangnah neh mueimang bangla om uh.
၁၀ထို​သူ​သည်​ဗိ​မာန်​တော်​တင့်​တယ်​တံ​ခါး​ဝ တွင် ထိုင်​နေ​လေ့​ရှိ​သည့်​သူ​တောင်း​စား​ဖြစ် ကြောင်း​ကို​မှတ်​မိ​ကြ​သ​ဖြင့် သူ​တို့​သည် ထို​သူ​၌​ဖြစ်​ပျက်​သည့်​အ​မှု​အ​ရာ​ကို များ​စွာ​အံ့​သြ​မိန်း​မော​ကြ​၏။
11 Te vaengah anih loh Peter neh Johan te a tuuk. Pilnam boeih loh Solomon impup la a khue kah amih taengah pawk ha capit uh.
၁၁ထို​သူ​သည်​ပေ​တ​ရု​နှင့်​ယော​ဟန်​တို့​ကို​တွယ် ကပ်​လျက်​နေ​စဉ် လူ​အ​ပေါင်း​တို့​သည်​များ​စွာ အံ့​သြ​လျက် ပေ​တ​ရု​တို့​ရှိ​ရာ​ရှော​လ​မုန်​ဟု နာ​မည်​တွင်​သော​မုခ်​ဆောင်​သို့​ပြေး​၍​လာ ကြ​၏။-
12 A hmuh vaengah Peter loh pilnam te, “Israel hlang rhoek, balae tih he dongah na ngai a hmanguh. Anih a caeh thai ham he amah thaomnah neh hingcimnah lamloh a saii bangla balae tih kaimih nan hmaitang uh.
၁၂ပေ​တ​ရု​သည်​လူ​တို့​ကို​မြင်​လျှင်``ဣ​သ​ရေ​လ အ​မျိုး​သား​တို့၊ အ​ဘယ်​ကြောင့်​ငါ​တို့​ကို​စူး စိုက်​၍​ကြည့်​နေ​ကြ​သ​နည်း။ ငါ​တို့​၏​တန်​ခိုး၊ ငါ​တို့​၏​အ​ကျင့်​သီ​လ​အား​ဖြင့် ဤ​သူ​ကို လမ်း​လျှောက်​စေ​နိုင်​သည်​ဟု​ထင်​မှတ်​ကြ​သ​လော။-
13 Abraham Pathen, Isaak Pathen, Jakob Pathen, a pa rhoek kah Pathen loh, a ca Jesuh te a thangpom coeng. Anih te Pilat mikhmuh ah na voeih uh tih hlah hamla lai a tloek lalah na aal uh.
၁၃အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​၏​ဘု​ရား၊ ငါ​တို့ ဘိုး​ဘေး​များ​၏​ဘု​ရား​သည်​ဤ​အ​မှု​အ​ရာ အား​ဖြင့် မိ​မိ​၏​အ​စေ​ခံ​ယေ​ရှု​ကို​ဘုန်း​အ​သ ရေ​ထွန်း​တောက်​စေ​တော်​မူ​ပြီ။ သင်​တို့​သည်​ထို အ​ရှင်​ကို​ရန်​သူ့​လက်​သို့​အပ်​နှံ​၍ ပိ​လတ်​မင်း ၏​ရှေ့​တော်​တွင်​ပစ်​ပယ်​ခဲ့​ကြ​၏။ ပိ​လတ်​မင်း သည်​ထို​အ​ရှင်​ကို​လွတ်​ငြိမ်း​ချမ်း​သာ​ခွင့်​ပေး ရန်​ဆုံး​ဖြတ်​သော်​လည်း၊-
14 Tedae nangmih loh hlang cim hlang dueng te na hnawt uh tih hlang aka ngawn hlang vik te khodawkngai ham na bih uh.
၁၄သင်​တို့​က​မူ​သန့်​ရှင်း​ကောင်း​မြတ်​တော်​မူ​သော အ​ရှင်​ကို​ပစ်​ပယ်​ခဲ့​ကြ​၏။ သင်​တို့​သည်​လူ သတ်​သ​မား​အား​လွတ်​ငြိမ်း​ချမ်း​သာ​ခွင့်​ပေး ရန်​တောင်း​ခံ​ပြီး​လျှင်၊-
15 Te dongah hingnah a rhuihnun ni na ngawn uh. Tedae anih te Pathen loh duek khui lamkah a thoh coeng dongah a laipai la ka om uh.
၁၅အ​သက်​ပိုင်​ရှင်​ကို​မူ​သတ်​ဖြတ်​စေ​ခဲ့​ကြ​၏။ သို့​သော်​လည်း​ဘု​ရား​သ​ခင်​သည် ထို​အ​ရှင် ကို​သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​စေ​တော်​မူ ကြောင်း​ကို ငါ​တို့​ကိုယ်​တိုင်​တွေ့​မြင်​ခဲ့​ကြ​၏။-
16 A ming neh tangnah dongah aka hoeih te na hmuh uh coeng. Te dongah a ming loh a hoeih sak te miing uh. Amah lamkah tangnah loh anih he nangmih boeih hmaiah hing soepnah a paek.
၁၆ထို​အ​ရှင်​၏​နာ​မ​တော်​တန်​ခိုး​အား​ဖြင့် ဤ ခြေ​မ​စွမ်း​မ​သန်​သူ​သည်​စွမ်း​သန်​၍​လာ​၏။ ထို​အ​ရှင်​၏​နာ​မ​တော်​ကို​ယုံ​ကြည်​ခြင်း အား​ဖြင့် ယ​ခု​သင်​တို့​တွေ့​မြင်​ကြ​ရ​သည့် အ​မှု​အ​ရာ​သည်​ဖြစ်​ပွား​ခဲ့​၏။ သင်​တို့​တွေ့ မြင်​သည့်​အ​တိုင်း​သ​ခင်​ယေ​ရှု​ကို​ယုံ​ကြည် ခြင်း​က​သာ​လျှင် ထို​သူ​အား​ကျန်း​မာ​လာ စေ​ခြင်း​ဖြစ်​၏။''
17 Tedae manuca rhoek, na boei rhoek bangla kotalhnah neh kho na boe bal te ka ming coeng.
၁၇``ညီ​အစ်​ကို​တို့၊ သင်​တို့​သည်​မိ​မိ​တို့​၏​ခေါင်း ဆောင်​များ​နည်း​တူ မိ​မိ​တို့​ပြု​သော​အ​မှု​ကို မ​သိ​နား​မ​လည်​ဘဲ​ပြု​ကြ​ကြောင်း​ကို​ငါ သိ​၏။-
18 Tedae Pathen loh tonghma boeih kah ka neh a thui taengtae amah kah Khrih a patang ham te ni aka soep tangloeng coeng.
၁၈မေ​ရှိ​ယ​သည်​အ​သေ​ခံ​တော်​မူ​ရ​မည်​ဖြစ် ကြောင်း ပ​ရော​ဖက်​အ​ပေါင်း​တို့​အား​ဖြင့်၊ ဘု​ရား သ​ခင်​ဗျာ​ဒိတ်​ထား​တော်​မူ​ခဲ့​၏။ ဤ​သို့​ဖြစ် ပျက်​ရ​ခြင်း​ကား​ထို​ဗျာ​ဒိတ်​တော်​ကို​အ​ကောင် အ​ထည်​ဖော်​ခြင်း​ပင်​တည်း။-
19 Te dongah yut uh lamtah ha mael uh laeh. Te daengah ni na tholhnah te hang huih eh.
၁၉သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​သည်​သင်​တို့​၏​အ​ပြစ် များ​ကို​ဖြေ​လွှတ်​တော်​မူ​စေ​ရန် နောင်​တ​ရ​၍ ပြောင်း​လဲ​ကြ​လော့။ သို့​မှ​သာ၊-
20 Boeipa mikhmuh kah caihnah tue loh ha pai van saeh tila Khrih Jesuh te nangmih ham a coelh tih han tueih coeng.
၂၀ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ​ဝိ​ညာဉ်​ခွန်​အား သက်​ရောက်​ရာ​အ​ချိန်​ကာ​လ​ရောက်​လာ​လျက် သင်​တို့​အ​ဖို့​ရွေး​ချယ်​ခန့်​ထား​တော်​မူ​သော မေ​ရှိ​ယ​အ​ရှင်​တည်း​ဟူ​သော​သ​ခင်​ယေ​ရှု ကို သင်​တို့​ထံ​သို့​စေ​လွှတ်​တော်​မူ​လိမ့်​မည်။-
21 Khosuen lamloh a tonghma rhoek, hlangcim rhoek kah a ka dongah Pathen loh a thui boeih te hlinsainah tue a pha duela vaan loh anih a doe ham a kuek. (aiōn g165)
၂၁ရှေး​သန့်​ရှင်း​မြင့်​မြတ်​သော​ပ​ရော​ဖက်​များ မှ​တစ်​ဆင့် ပေး​တော်​မူ​ခဲ့​သော​ဘု​ရား​သ​ခင် ၏​ဗျာ​ဒိတ်​တော်​နှင့်​အ​ညီ အ​ရာ​ခပ်​သိမ်း​တို့ ကို​အ​သစ်​ပြု​ပြင်​ပြောင်း​လဲ​တော်​မူ​ရာ​ကာ​လ မ​တိုင်​မီ ထို​အ​ရှင်​သည်​ကောင်း​ကင်​ဘုံ​တွင်​ရှိ နေ​တော်​မူ​ပေ​မည်။- (aiōn g165)
22 Moses long khaw, “Kai bang tonghma te Boeipa na Pathen loh na manuca khui lamkah nangmih ham a phoe sak bitni. Anih loh nangmih taengah a thui atah a thui te tah a pum la hnatun uh.
၂၂မော​ရှေ​က`သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​သည် ငါ့​ကို​စေ​လွှတ်​တော်​မူ​သည့်​နည်း တူ ပ​ရော​ဖက်​တစ်​ပါး​ကို​လည်း​သင်​တို့​ထံ သို့​စေ​လွှတ်​တော်​မူ​လိမ့်​မည်။ ထို​အ​ရှင်​သည် သင်​တို့​အ​မျိုး​သား​ထဲ​မှ​ဖြစ်​လိမ့်​မည်။ ထို အ​ရှင်​ဟော​ပြော​သ​မျှ​သော​စ​ကား​တို့​ကို သင်​တို့​သည်​နာ​ယူ​ကြ​ရ​မည်။-
23 Ana om saeh, te tonghma ol aka ya pawh hinglu boeih te tah pilnam lamloh a thup ni,” a ti.
၂၃ထို​ပ​ရော​ဖက်​၏​စ​ကား​ကို​မ​နာ​မ​ယူ​ဘဲ နေ​သော​သူ​သည် ဘု​ရား​သ​ခင်​၏​လူ​စု​တော် ဝင်​အ​ဖြစ်​မှ​လုံး​ဝ​ပယ်​ရှား​ခြင်း​ကို​ခံ​ရ​လိမ့် မည်' ဟု​မိန့်​မြွက်​ခဲ့​၏။-
24 Te dongah Samuel lamloh tonghma rhoek boeih neh a hnukthoi boeih long khaw a thui tih tihnin ah a doek uh.
၂၄ရှ​မွေ​လ​မှ​စ​၍​ဗျာ​ဒိတ်​တော်​အား​ဖြင့်​ဟော ပြော​ကြ​သည့်​အ​ခြား​ပ​ရော​ဖက်​အ​ပေါင်း တို့​က ယ​ခု​နေ့​ရက်​ကာ​လ​တွင်​ဖြစ်​ပျက်​မည့် အ​ကြောင်း​အ​ရာ​များ​ကို​ဟော​ပြော​ကြေ​ညာ ခဲ့​ကြ​၏။-
25 Nangmih tah tonghma rhoek neh paipi kah a ca rhoek la na om uh. Te te Pathen loh na pa rhoek taengah a hal coeng. Te dongah Abraham te, “Na tiingan dongah, diklai nurhui parhui boeih te a yoethen ni,” a ti nah.
၂၅ထို​ပ​ရော​ဖက်​များ​ဖြင့်​ဘု​ရား​သ​ခင်​ပေး​တော် မူ​သော​က​တိ​များ​သည် သင်​တို့​နှင့်​ဆိုင်​၏။ သင်​တို့ ဘိုး​ဘေး​များ​နှင့်​ဘု​ရား​သ​ခင်​ပြု​တော်​မူ​သော ပ​ဋိ​ညာဉ်​တော်​သည်​လည်း​သင်​တို့​နှင့်​ဆိုင်​၏။ ဘု​ရား သ​ခင်​က​အာ​ဗြ​ဟံ​အား`သင်​၏​အ​မျိုး​အ​နွယ် အား​ဖြင့်​ကမ္ဘာ​သူ​ကမ္ဘာ​သား​အ​ပေါင်း​တို့​သည် ကောင်း​ချီး​မင်္ဂ​လာ​ကို​ခံ​စား​ကြ​ရ​လိမ့်​မည်' ဟု​မိန့်​တော်​မူ​ခဲ့​သ​တည်း။-
26 Na halangnah te rhip na mael tak tih nangmih yoethen sak ham ni Pathen loh a ca te nangmih taengah lamhma la han tueih tih a thoh sak,” a ti nah.
၂၆သို့​ဖြစ်​၍​သင်​တို့​သည်​ဆိုး​ညစ်​သော​အ​မှု​တို့ ကို​စွန့်​ပယ်​ခြင်း​အား​ဖြင့် ကောင်း​ချီး​ခံ​စား​ကြ​ရ စေ​ရန်​ဘု​ရား​သ​ခင်​သည် မိ​မိ​၏​အ​စေ​ခံ​ကို သင်​တို့​ထံ​သို့​ဦး​စွာ​စေ​လွှတ်​တော်​မူ​၏'' ဟု ပေ​တ​ရု​ဟော​ပြော​လေ​သည်။

< Caeltueih 3 >