< 2 Timothy 4 >
1 Pathen neh Khrih Jesuh hmaiah kang uen. A phoenah, a ram neh aka duek aka hing laitloek ham cai.
၁ဘုရားသခင်၏ရှေ့တော်မှောက်၌လည်းကောင်း သေသူရှင်သူတို့ကိုတရားစီရင်တော်မူမည့် ခရစ်တော်ယေရှု၏ရှေ့တော်မှောက်၌လည်း ကောင်း ကိုယ်တော်သည်အုပ်စိုးရန်ဘုရင်အဖြစ် ကြွလာမည်ဖြစ်၍သင့်အားငါသစ္စာပေး၏။-
2 Ol te hoe pah. Na bihoep tamto akhaw pai thil laeh. Thinsennah thuituennah cungkuem neh toeltham lamtah, sim lamtah, hloep laeh.
၂(အချိန်အခါသင့်သည်ဖြစ်စေ၊ မသင့်သည် ဖြစ်စေ) တရားတော်ကိုဟောပြောကြေညာ လော့။ ကြားနာသူတို့အားနားလည်သဘော ပေါက်စေလော့။ ဆုံးမလော့။ အားပေးတိုက်တွန်း လော့။ စိတ်ရှည်စွာသွန်သင်လော့။-
3 Aka cuem thuituennah neh a yaknaem uh pawt vaengah ni a tue a pai eh. Tedae a hoehhamnah bangla amamih kah hnavue aka thak saya rhoek te a kuk uh ni.
၃လူတို့သည်မှန်ကန်သည့်သြဝါဒကိုနားမ ထောင်ဘဲကိုယ့်အလိုဆန္ဒများကိုလိုက်၍ မိမိ တို့ကြားနာလိုသည့်စကားများပြောဆိုမည့် ဆရာသမားများကိုရှာဖွေကြမည့်အချိန် ကာလရောက်လိမ့်မည်။-
4 Te phoeiah oltak lamkah a hna te a khong uh vetih cil taengla mael uh ni.
၄သူတို့သည်သမ္မာတရားကိုနားမထောင်ဘဲဒဏ္ဍာ ရီစကားများကိုသာနားထောင်ကြလိမ့်မည်။-
5 Tedae nang tah a cungkuem ah cue uh lamtah olthangthen bibi te patang doeah saii. Na bibi te khaw ming lah.
၅သင်မူကားအဘယ်အမှုမျိုးနှင့်ကြုံတွေ့ရ သည်မဆိုသမ္မာသတိရှိစေလော့။ ဆင်းရဲဒုက္ခခံ လော့။ သတင်းကောင်းကိုကြေညာသည့်အလုပ် ကိုဆောင်ရွက်လော့။ ဘုရားသခင်၏အစေခံ အနေဖြင့်သင်၏တာဝန်ရှိသမျှကိုထမ်း ဆောင်လော့။
6 Ka phum uh coeng tih ka voeinah tue khaw ha pai coeng.
၆ငါသည်မိမိအသက်ကိုပူဇော်ရမည့်အချိန် ကျရောက်လာပြီ။ ဤလောကမှထွက်ခွာရမည့် အချိန်နီးကပ်လာပြီ။-
7 Aka then thingthuelnah te ka thingthuel coeng. Hma te ka khah coeng. Tangnah te ka kuem coeng.
၇ငါသည်ပြေးပွဲတွင်အစွမ်းကုန်ကြိုးစားခဲ့ပြီ။ တာအဆုံးတိုင်အောင်ပြေးခဲ့ပြီ။ ယုံကြည်ခြင်း တရားကိုစောင့်ထိန်းခဲ့ပြီ။-
8 Tahae lamkah kai ham duengnah rhuisam te a khueh coeng. Te te aka dueng laitloekkung boeipa loh tekah khohnin ah kai n'thuung ni. Te phoeiah kai bueng pawt tih a phoenah aka lungnah rhoek boeih te khaw a paek ni.
၈ယခုအခါ၌ဘုရားသခင်နှင့်မှန်ကန်စွာ ဆက်ဆံသူအားပေးအပ်သည့်အောင်ဆုသည် ငါ့အတွက်အသင့်ရှိနေပြီ။ ဖြောင့်မတ်စွာ တရားစီရင်တော်မူသောတရားသူကြီး တည်းဟူသောသခင်ဘုရားသည် ထိုဆုကို တရားစီရင်တော်မူရာနေ့၌ငါ့အားပေး အပ်တော်မူလိမ့်မည်။ ငါ့ကိုသာမကဤ လောကသို့နောက်တစ်ဖန်ကိုယ်တော်ပေါ် ထွန်းတော်မူမည်ကိုတောင့်တစောင့်မျှော်သူ အပေါင်းတို့အားလည်းပေးတော်မူလိမ့်မည်။
9 Kai taengah koe aka pawk la na haam mako.
၉ငါ့ထံသို့အမြန်လာရန်အစွမ်းကုန်ကြိုးစားလော့။-
10 Demas loh kai n'phap tih ta kumhal kah he a lungnah. Te dongah Thessalonika la, Kresens te Galati la, Titu te Dalmatia la vik cet. (aiōn )
၁၀ဒေမသည်ဤလောကကိုစွဲလမ်းသဖြင့်ငါ့ကို စွန့်ခွာ၍သက်သာလောနိတ်မြို့သို့ထွက်ခွာသွား လေသည်။ ကရက္ကေသည်ဂလာတိပြည်သို့လည်း ကောင်း၊ တိတုသည်ဒါလမာတိပြည်သို့လည်း ကောင်းသွားပြီ။- (aiōn )
11 Ka taengah Luka bueng ni aka om. Marku te lo lamtah namah neh ha puei uh. Kai ham tah bibi dongah congpang koila om.
၁၁လုကာတစ်ဦးတည်းသာလျှင်ငါနှင့်အတူရှိ တော့၏။ မာကုကိုရှာ၍သင်နှင့်အတူခေါ်ခဲ့ လော့။ သူသည်ငါ၏လုပ်ငန်းတွင်ကူညီနိုင်သူ ဖြစ်ပေသည်။-
12 Tedae Tukhiko te Ephisa la ka tueih coeng.
၁၂ငါသည်တုခိတ်ကိုဧဖက်မြို့သို့စေလွှတ်လိုက်၏။-
13 Na lo vaengah Troas kah Karpuh taengah himbai neh cayol olpuei la maehpho ka khueh te hang khuen.
၁၃သင်လာသောအခါတရောမြို့တွင်ကာပုလက်၌ ငါအပ်ထားခဲ့သည့်ဝတ်လုံနှင့်စာစောင်များ၊ အထူးသဖြင့်သားရေစာစောင်များကိုယူခဲ့ လော့။
14 Rhohum aka bi Alexander loh kai soah thae muep a tueng sak. Boeipa loh anih te amah khoboe bangla a thuung bitni.
၁၄ကြေးပန်းထိမ်ဆရာအာလေဇန္ဒြုသည်ငါ့အား များစွာမကောင်းကျိုးပေးခဲ့၏။ သူပြုသည့်အမှု အတွက်သခင်ဘုရားသည်သူ့အားအပြစ်ဒဏ် စီရင်တော်မူလိမ့်မည်။-
15 Mamih kah olka te bahoeng a kamkaih dongah nang khaw anih te ngaithuen.
၁၅သင်ကိုယ်တိုင်သူ့ကိုသတိပြုလော့။ သူသည်ငါတို့ ဟောပြောသောတရားတော်ကိုပြင်းပြင်းထန်ထန် ဆန့်ကျင်ပြောဆိုသူဖြစ်သည်။
16 Kai kah olthungnah lamhma vaengah kai taengla ha pawk uh pawh. Hlang boeih loh kai n'phap cakhaw amih te ngaiyaknah boel sih.
၁၆ငါ၏အမှုကိုပထမအကြိမ်စစ်ဆေးရာတွင် ငါ့ ကိုထောက်ခံရန်အဘယ်သူမျှမလာကြ။ လူတိုင်း ပင်ငါ့ကိုစွန့်ပစ်သွားကြ၏။ ထိုသူတို့ဤသို့ပြု ကြသည်ကိုသခင်ဘုရားသည်သူတို့၏အပြစ် ကိုမှတ်တော်မမူပါစေနှင့်။-
17 Tedae Boeipa loh kai m'pai puei tih kai n'thaphoh. Te daengah ni kai lamkah olhoe te a soep sak vetih namtom loh boeih a yaak eh. Te tlam ni sathueng ka lamloh n'hlawt.
၁၇သခင်ဘုရားသည်ငါနှင့်အတူရှိတော်မူ၍ငါ့ကို ခွန်အားပေးတော်မူသဖြင့် ငါသည်လူမျိုးခြား အပေါင်းတို့အားတရားတော်ကိုအကုန်အစင် ဟောပြောနိုင်၏။ ကိုယ်တော်ကယ်တော်မူသဖြင့် ငါသည်သေဒဏ်ခံရခြင်းမှကင်းလွတ်ခွင့်ကို လည်းရရှိ၏။-
18 Boeipa loh khoboe thae boeih lamkah kai n'hlawt vetih vaan kah amah ram khuila n'daem sak ni. Amah te kumhal ah kumhal duela thangpomnah om saeh. Amen. (aiōn )
၁၈သခင်ဘုရားသည်ငါ့အားဘေးအန္တရာယ် အပေါင်းတို့မှကယ်နုတ်တော်မူ၍မိမိ၏ ကောင်းကင်နိုင်ငံတော်သို့လုံခြုံစွာပို့ဆောင် တော်မူလိမ့်မည်။ ကိုယ်တော်သည်ကမ္ဘာအဆက် ဆက်ဘုန်းအသရေထွန်းတောက်တော်မူပါ စေသတည်း။ အာမင်။ (aiōn )
19 Priska neh Aquila, Onesiphor imkhuikho te toidal ne.
၁၉ပြစ်ကိလနှင့်အာကုလမှစ၍သြနေသိဖော် ၏အိမ်ထောင်စုအားနှုတ်ဆက်လိုက်၏။-
20 Erastu te Kawrin ah om tih Trophimu te a tloh dongah Miletu ah ka khueh.
၂၀ဧရတ္တုသည်ကောရိန္သုမြို့တွင်နေရစ်၏။ တရောဖိမ် သည်ဖျားနာနေသဖြင့်သူ့အားမိလက်မြို့တွင် ငါထားခဲ့၏။-
21 Sikca hlanah pawk hamla na haam mako. Ubuluh, Puden, Linu, Kalaudia neh manuca rhoek boeih loh nang kutn'tuuk uh.
၂၁ဆောင်းဥတုမကျမီသင်လာနိုင်ရန်အစွမ်းကုန် ကြိုးစားလော့။ ဥဗုလု၊ ပုဒေ၊ လိနု၊ ကလောဒိမှစ၍ခရစ်ယာန် ညီအစ်ကိုအပေါင်းတို့ကနှုတ်ဆက်လိုက်ကြ၏။
22 Boeipa loh na mueihla te om puei saeh. Lungvatnah tah nangmih taengah om saeh.
၂၂သခင်ဘုရားသည်သင်နှင့်အတူရှိတော်မူ ပါစေသော။ သင်တို့အပေါင်းသည်ဘုရားသခင် ၏ကျေးဇူးတော်ကိုခံစားရကြပါစေသော။ တိမောသေသြဝါဒစာဒုတိယစောင်ပြီး၏။