< 1 Khokhuen 15 >

1 Amah ham im te David khopuei ah a sak. Pathen thingkawng ham hmuen a saelh tih te ham te dap a tuk pah.
ထိုနောက်ဒါဝိဒ်မြို့၌ အိမ်တော်တို့ကို ဆောက် တော်မူ၏။ ဘုရားသခင်၏ သေတ္တာတော်ဌာနကို ပြင်၍ တဲတော်ကိုလည်း တည်တော်မူပြီးမှ၊
2 David loh, “Levi bueng pawt atah Pathen kah thingkawng te koh ham moenih. Amih tah BOEIPA kah thingkawng aka kawt ham neh kumhal due amah taengah aka thotat ham BOEIPA loh a coelh coeng,” a ti.
ဒါဝိဒ်က၊ ဘုရားသခင်၏ သေတ္တာတော်ကို ထမ်း၍ ရှေ့တော်၌ အမှုတော်ကို အစဉ်စောင့်စေခြင်းငှါ ထာဝရဘုရားသည် လေဝိသားတို့ကို ရွေးချယ်တော်မူ သောကြောင့်၊ အခြားတပါးသော သူတို့သည် ဘုရားသခင် ၏ သေတ္တာတော်ကို မထမ်းရကြဟုဆိုလျက်၊
3 Te phoeiah BOEIPA thingkawng te a saelh pah a hmuen la khuen ham David loh Israel pum te Jerusalem ah a tingtun sak.
ထာဝရဘုရား၏ သေတ္တာတော်အဘို့ ပြင်ဆင် သော အရပ်ဌာနသို့ ဆောင်ခဲ့ခြင်းငှါ ဣသရေလအမျိုး သားအပေါင်းတို့ကို ယေရုရှလင်မြို့၌ စုဝေးစေသောအခါ၊
4 Te vaengah David loh Aaron neh Levi koca te a coi.
အာရုန်သားတို့နှင့် လေဝိသားတို့ကိုလည်း စုဝေး စေတော်မူ၍ ရောက်လာသောသူဟူမူကား၊
5 Kohath koca lamloh mangpa Uriel neh a manuca he ya pakul.
ကောဟတ်အမျိုးတွင် အကြီးဖြစ်သော ဥရေလ နှင့် သူ၏ညီအစ်ကိုတရာနှစ်ဆယ်၊
6 Merari koca lamloh mangpa Asaiah neh a manuca yahnih pakul.
မေရာရိအမျိုးတွင် အကြီးဖြစ်သော အသာယ နှင့်သူ၏ညီအစ်ကိုတရာနှစ်ဆယ်၊
7 Gershom koca lamloh mangpa Joel neh a manuca ya sawmthum.
ဂေရရှုံအမျိုးတွင် အကြီးဖြစ်သော ယောလနှင့် သူ၏ညီအစ်ကို တရာသုံးဆယ်၊
8 Elizaphan koca lamloh mangpa Shemaiah neh a manuca yahnih.
ဧလိဇဖန်အမျိုးတွင် အကြီးဖြစ်သော ရှေမာယ နှင့်သူ၏ညီအစ်ကိုနှစ်ရာ
9 Hebron koca lamloh mangpa Eliel neh a manuca sawmrhet.
ဟေဗြုန်အမျိုးတွင် အကြီးဖြစ်သော ဧလျေလ နှင့် သူ၏ညီအစ်ကိုရှစ်ဆယ်၊
10 Uzziel koca lamloh mangpa Amminadab neh a manuca ya hlai nit.
၁၀ဩဇေလအမျိုးတွင် အကြီးဖြစ်သော အမိနဒပ် နှင့်သူ၏ညီအစ်ကို တရာတဆယ်နှစ်ယောက်တည်း။
11 David loh khosoih Zadok neh Abiathar te khaw, Levi, Uriel, Asaiah, Joel, Shemaiah, Eliel, Amminadab te khaw a khue.
၁၁ဒါဝိဒ်သည်လည်း ယဇ်ပုရောဟိတ် ဇာဒုတ်နှင့် အဗျာသာ၊ လေဝိသား ဩရေလ၊ အသာယ၊ ယောလ၊ ရှေမာယ၊ ဧလျေလ၊ အမိနဒပ်တို့ကို ခေါ်၍၊
12 Te vaengah amih te, “Nangmih tah Levi napa rhoek kah a lu rhoek ni. Namamih neh na manuca rhoek khaw ciim uh lamtah Israel Pathen BOEIPA kah thingkawng te ka saelh nah la khuen uh.
၁၂သင်တို့သည် လေဝိသားအဆွေအမျိုးသူကြီး ဖြစ်ကြ၏။ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရ ဘုရား၏ သေတ္တာတော်အဘို့ ငါပြင်ဆင်သော အရပ် ဌာနသို့ ဆောင်ခဲ့ခြင်းငှါ ကိုယ်ကို၎င်း၊ ညီအစ်ကိုတို့ ကို၎င်း၊ သန့်ရှင်းစေကြလော့။
13 Balae tih lamhma vaengah na om uh pawh. Laitloeknah bangla amah te n'toem uh pawt dongah mamih kah Pathen BOEIPA tah mamih taeng lamloh pung coeng,” a ti nah.
၁၃အရင်ကမသန့်ရှင်း၊ တရားလမ်းသို့ မလိုက်ဘဲ ငါတို့ဘုရားသခင် ထာဝရဘုရားကို ရှာသောကြောင့် ဒဏ်ခတ်တော်မူသည်ဟု သတိပေး၏။
14 Te dongah Israel Pathen BOEIPA kah thingkawng koh ham te khosoih rhoek neh Levi rhoek tah ciim uh.
၁၄ထိုအခါ ယဇ်ပုရောဟိတ်တို့နှင့် လေဝိသား တို့သည်၊ ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား ၏သေတ္တာတော်ကို ဆောင်ခဲ့ခြင်းငှါ ကိုယ်ကိုသန့်ရှင်းစေ ကြ၏။
15 Te dongah Pathen thingkawng te Moses kah a uen bangla BOEIPA ol dongah Levi koca rhoek loh a laengpang dongah a hnokohcung neh a koh uh.
၁၅ထာဝရဘုရားအမိန့်တော်နှင့်အညီ မောရှေ မှာထားခဲ့သည်အတိုင်း၊ လေဝိသားတို့သည် ဘုရားသခင် ၏ သေတ္တာတော်ကို သေတ္တာတော်ထမ်းဘိုးဖြင့် ထမ်းကြ ၏။
16 David loh Levi mangpa rhoek taengah amah boeinaphung te lumlaa kah a tumbael neh thangpa neh, rhotoeng neh tlaklak neh aka hlai khaw, kohoenah ol neh pomsang ham aka yaak sak khaw a pai sak ham te a thui pah.
၁၆လေဝိသားအကြီးအကဲတို့သည် စောင်း၊ တယော၊ ခွက်ကွင်းအစရှိသော တုရိယာမျိုးနှင့် သီချင်းဆိုတတ် သော ညီအစ်ကိုတို့ကို ဝမ်းမြောက်စွာ အသံပြိုင် ဆိုစေခြင်းငှါ ခန့်ထားရမည်အကြောင်း အမိန့်တော်ရှိ သည်အတိုင်း၊
17 Te dongah Levi rhoek loh Joel capa Heman neh a manuca khui lamkah Berekiah capa Asaph, a manuca Merari koca lamkah Kushaiah capa Ethan a tuek uh.
၁၇ထိုလေဝိသားတို့သည် ယောလသားဟေမန်၊ သူ၏ညီစုထဲက ဗေရခိသားအာသပ်၊ မိမိတို့ညီစု၊ မေရာရိ အမျိုးထဲက ကုရှာယသားဧသန်တို့ကို၎င်း၊
18 Amih neh a manuca rhoek hmatoeng ah Zekhariah koca, Jaaziel, Shemiramoth, Jehiel, Unni, Eliab, Benaiah, Maaseiah, Mattithiah, Elipheleh, Mikneiah, Obededom neh thoh tawt Jeiel.
၁၈မိမိတို့ညီဒုတိယအရာရှိဖြစ်သော ဇာခရိ၊ ဗင်္ယာဇေလ၊ ရှေမိရာမုတ်၊ ယေဟေလ၊ ဥန္နိ၊ ဧလျာဘ၊ ဗေနာယ၊ မာသေယ၊ မတ္တိသိ၊ ဧလိဖလေ၊ မိတ်နေယ၊ တံခါးစောင့်ဩဗဒေဒုံ၊ ယေလ၊ အာဇဇိတို့ကို၎င်း ခန့်ထားကြ၏။
19 Laa neh aka hlai Heman, Asaph neh Ethan loh rhohum tlaklak neh a yaak sak.
၁၉သီချင်းဆရာဟေမန်၊ အာသပ်၊ ဧသန်တို့သည် ကြေးဝါခွက်ကွင်းကို တီးရကြ၏။
20 Zekhariah, Aziel, Shemiramoth, Jehiel, Unni, Eliab, Maaseiah, Benaiah loh Alamoth thangpa neh.
၂၀ဇာခရိ၊ ဗင်္ယာဇေလ၊ ရှေမိရာမုတ်၊ ယေဟေလ၊ ဥန္နိ၊ ဧလျာဘ၊ မာသေယ၊ ဗေနာယတို့သည် အာလမုတ် တယောကို ထိုးရကြ၏။
21 Rhotoeng neh parhet bangla aka mawt, Mattithiah, Elipheleh, Mikneiah, Obededom, Jeiel, Azaziah.
၂၁မတ္တိသိ၊ ဧလိဖလေ၊ မိတ်နေယ၊ ဩဗဒေဒုံ၊ ယေလ၊ အာဇဇိတို့သည် အသံစုံလင်စွာ ရှေမိနိတ်စောင်း ကို တီးရကြ၏။
22 Amah loh a yakming dongah olrhuh neh aka toel Levi kah olrhuh mangpa Kenaniah.
၂၂လေဝိသားအကြီးအကဲဖြစ်သော ခေနနိသည် သီချင်းအတတ်၌ လေ့ကျက်သောကြောင့် သီချင်း ဆရာကြီးဖြစ်၏။
23 Thingkawng hamla thoh tawt Berekiah neh Elkanah.
၂၃ဗေရခိနှင့် ဧလကာနသည် သေတ္တာတော်တံခါး စောင့်ဖြစ်၏။
24 Pathen thingkawng hmai ah olueng aka ueng khosoih Shebaniah, Joshaphat, Nethanel, Amasai, Zekhariah, Benaiah neh Eliezer. Thingkawng ham thoh tawt te Obededom neh Jehiah.
၂၄ယဇ်ပုရောဟိတ်ရှေဗနိ၊ ယောရှဖတ်၊ နာသ နေလ၊ အာမသဲ၊ ဇာခရိ၊ ဗေနာယ၊ ဧလျေဇာတို့သည် ဘုရားသခင်၏ သေတ္တာတော်ရှေ့မှာ တံပိုးမှုတ်ရကြ၏။ ဩဗဒေဒုံနှင့် ယေဟိသည်လည်း သေတ္တာတော်တံခါး စောင့်ဖြစ်၏ ။
25 Te phoeiah David khaw, Israel kah a hamca rhoek khaw, mangpa thawngkhat khaw, Obededom im lamkah BOEIPA kah paipi thingkawng te kohoenah neh khuen hamla cet uh.
၂၅ထိုသို့ဒါဝိဒ်မင်းနှင့် ဣသရေလအမျိုးအသက် ကြီးသူ၊ လူတထောင်အုပ်တို့သည် ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်ကို၊ ဩဗဒေဒုံအိမ်မှ ဝမ်းမြောက် သောစိတ်နှင့် ဆောင်ခဲ့ခြင်းငှါ သွားကြ၏။
26 Pathen loh BOEIPA kah paipi thingkawng aka kawt Levi rhoek te a bom. Te dongah vaito pumrhih neh tutal pumrih a nawn uh.
၂၆ထာဝရဘုရား၏ ပဋိညာဉ် သေတ္တာတော် ကို ထမ်းသော လေဝိသားတို့ကို ဘုရားသခင် မစတော် မူသည်ဖြစ်၍၊ သူတို့သည် နွားခုနစ်ကောင်နှင့် သိုးခုနစ် ကောင်တို့ကို ယဇ်ပူဇော်ကြ၏။
27 Te vaengah David khaw, thingkawng aka kawt Levi boeih khaw, laa sa rhoek khaw, olrhuh neh aka hlai mangpa Kenaniah khaw baibok hnikul neh yol uh tih David loh takhlawk hnisui a bai thil.
၂၇ဒါဝိဒ်နှင့် သေတ္တာတော်ကို ထမ်းသော လေဝိ သားများ၊ သီချင်းဆရာခေနနိနှင့် သီချင်းဆိုသူများတို့ သည် ပိတ်ချောကိုဝတ်ကြ၏။ ဒါဝိဒ်သည် ပိတ်သင်တိုင်း ကိုလည်း ထပ်၍ဝတ်၏။
28 Te vaengah Israel pum loh BOEIPA kah paipi thingkawng te tamlung neh, tuki ol neh, olueng neh, tlaklak neh, thangpa, rhotoeng a tum uh tih cet uh.
၂၈ထိုသို့ ဣသရေလအမျိုးသားအပေါင်းတို့သည် ကြွေးကြော်လျက်၊ နှဲခရာ၊ တံပိုး၊ ခွက်ကွင်း၊ တယော၊ စောင်းတို့ကို တီးမှုတ်လျက်၊ ထာဝရဘုရား၏ ပဋိညာဉ် သေတ္တာတော်ကို ဆောင်ခဲ့ကြ၏။
29 BOEIPA kah paipi thingkawng te David khopuei la a kun vaengah Saul canu Mikhal loh bangbuet lamkah a dan. Te vaengah manghai David a cungpet neh a luem te a hmuh tih anih te a lungbuei ah a sawtsit.
၂၉ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်သည်။ ဒါဝိဒ်မြို့နထဲသို့ဝင်သောအခါ၊ ရှောလု၏ သမီးမိခါလ သည် ပြတင်းပေါက်ကကြည့်၍၊ ဒါဝိဒ်မင်းကြီးသည် ကလျက်တီးမှုတ်လျက်လာသည်ကို မြင်သဖြင့် စိတ်နှလုံး ထဲ၌ မထီမဲ့မြင်ပြု၏။

< 1 Khokhuen 15 >