< Genesis 7 >

1 Angraeng mah Noah khaeah, Nangmah hoi na imthung takoh boih palong thungah akun oh; nang loe ka hmaa ah vaihi dung ih kaminawk salakah kami katoeng ah kang hnuk.
ထိုနောက်၊ ထာဝရဘုရားသခင်သည် နောဧကို တဖန် မိန့်တော်မူပြန်သည်ကား၊ ဤကာလအမျိုးတွင် သင်သည် ငါ့ရှေ့၌ ဖြောင့်မတ်ကြောင်းကို ငါသိမြင်သည် ဖြစ်၍၊ သင်၏အိမ်သူအိမ်သားအပေါင်းတို့နှင့်တကွ၊ သင်္ဘောထဲသို့ ဝင်ကြလော့။
2 Long nuiah taw ih moi atii anghmat ving han ai ah, atii kamghnong kaciim moi to amno hoi ampa sarihto, acaeng kanghmong kaciim ai moi doeh amno hoi ampa hnetto,
မြေကြီးပေါ်မှာ တိရစ္ဆာန်အမျိုးမပျက်ဆက်နွယ် စေခြင်းငှါ၊ စင်ကြယ်သော သားမျိုး၊ တမျိုးတမျိုးတွင် အထီးအမခုနစ်စုံစီ၊ မစင်ကြယ်သော သားမျိုး၊ တမျိုး တမျိုးတွင်လည်း အထီးမနှစ်စုံစီ၊
3 atii kanghmong van ih tavaa doeh amno hoi ampa sarihto ah la boih ah.
မိုဃ်းကောင်းကင်ငှက်၊ တမျိုးမျိုးတွင်လည်း အထီးအမခုနစ်စုံစီ၊ အသီးသီးတို့ကို သိမ်းယူရမည်။
4 Vaihi hoi ni sarihto thungah, long ah ni qui palito hoi qum qui palito thung kho kang oihsak moe, long nuiah kaom ka sak ih kahing hmuennawk to kam rosak boih han, tiah a naa.
အကြောင်းမူကား၊ ယနေ့မှစ၍ ခုနစ်ရက်စေ့လျှင်၊ အရက်လေးဆယ်ပတ်လုံး မြေကြီးပေါ်သို့ မိုဃ်း ရွာစေမည်။ ငါဖန်ဆင်းသော သတ္တဝါအပေါင်းတို့ကို၊ မြေကြီးမျက်နှာပေါ်မှ ငါပယ်ရှင်းမည်ဟု၊ ထာဝရဘုရား မှာထားတော်မူ၏။
5 Angraeng mah thuih ih lok baktih toengah Noah mah sak boih.
မှာထားတော်မူသည်အတိုင်းလည်း နောဧ ပြုလေ၏။
6 Long to tui mah uem naah, Noah loe saning cumvai tarukto oh boeh.
မြေကြီးကို ရေလွှမ်းမိုးသောအခါ နောဧသည် အသက်ခြောက်ရာရှိသတည်း။
7 Tui len pongah, Noah mah a capanawk, a zu hoi a capanawk ih zu boih, palong thungah akun haih.
ရေလွှမ်းမိုးခြင်းဘေးကြောင့်၊ နောဧသည် မိမိ သား၊ မယား၊ ချွေးမများနှင့်တကွ၊ သင်္ဘောထဲသို့ ဝင်၍
8 Kaciim hoi kaciim ai moinawk, tavaanawk hoi long ah kavak moinawk boih,
ဘုရားသခင် မှာထားတော်မူသည့်အတိုင်း စင်ကြယ်သောသား၊ မစင်ကြယ်သောသား၊ ငှက်များနှင့် မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်များအထဲက၊
9 Sithaw mah Noah khaeah thuih ih lok baktih toengah, amno hoi ampa hnetto kacung ah, Noah hoi nawnto palong thungah akun o.
အထီးအမအစုံတို့သည်၊ နောဧနှင့်အတူ သင်္ဘောထဲသို့ ဝင်ကြ၏။
10 Ni sarihto pacoengah loe long nuiah tui uemhaih to phak.
၁၀ခုနစ်ရက်စေ့သောအခါ၊ လွှမ်းမိုးအပ်သော ရေသည် မြေပေါ်၌ ပေါ်လာ၏။
11 Noah hinghaih saning cumvai tarukto koephaih saning, khrah hnetto haih, ni hatlai sarihto naah, kalen hoi kathuk long thung hoiah tui to puek moe, van thokbuemnawk to am-ongh.
၁၁နောဧအသက်ခြောက်ရာစေ့သောနှစ်၊ ဒုတိယလ၊ ဆယ်ခုနစ်ရက်နေ့တွင်၊ ကြီးစွာသော နက်နဲရာ ရေပေါက်ရေတွင်းတို့၏ အဆီးအတားရှိသမျှကို ပယ်ရှင်း၍၊ မိုဃ်းကောင်းကင်ပြွန်ပများကို ဖွင့်သဖြင့်၊
12 Ni qui palito hoi qum qui palito long nuiah kho angzoh.
၁၂အရက်လေးဆယ်ပတ်လုံးမြေကြီးပေါ်မှာ မိုဃ်းရွာလေ၏။
13 To na niah Noah loe a capa Shem, Ham hoi Japheth, a zu hoi a capa thumto ih zunawk,
၁၃ထိုနေ့ရက်တွင်၊ နောဧနှင် မိမိမယားမှစ၍ ရှေမ၊ ဟာမ၊ ယာဖက်တည်းဟူသော နောဧသားသုံးယောက်၊ ချွေးမသုံးယောက်တို့သည် သင်္ဘောထဲသို့ ဝင်ကြ၏။
14 Moi kasannawk, pacah ih moinawk boih, long ah kavak moi, pakhraeh tawn tavaanawk loe Noah hoi nawnto palong thungah akun o.
၁၄သားရဲမျိုး၊ သားယဉ်မျိုး၊ မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်မျိုး၊ ပျံတက်သော ကြက်ငှက်မျိုး၊
15 Hinghaih tawn, moinawk boih loe hnetto kacung ah, Noah khaeah caeh o moe, palong thungah akun o.
၁၅အသက်ရှင်သော တိရစ္ဆာန်အမျိုးအမျိုး အပေါင်းတို့အထဲက၊ အထီးအမအစုံတို့သည်၊ နောဧနှင့် အတူ သင်္ဘောထဲသို့ ဝင်ကြလေ၏။
16 Sithaw mah Noah khaeah thuih ih lok baktih toengah, moinawk boih amno hoi ampa kacung ah, Noah khaeah palong thungah akun o; to pacoengah Angraeng mah anih to thok khah thuih khoep.
၁၆ထိုသို့နောဧကို ဘုရားသခင်မှာထားတော်မူသည်အတိုင်းဝင်သောတိရစ္ဆာန်တို့သည်၊ ခပ်သိမ်းသော တိရစ္ဆာန်တို့အထဲက၊ အထီးအမ စုံလျက်ဝင်ကြ၏။ ထာဝရဘုရားသည်လည်း နောဧကို အထဲမှာ ပိတ်ထားတော်မူ၏။
17 Long loe ni qui palito thung tui mah uem; kalen aep aep tui mah palong to long ranui ah atoengh tahang.
၁၇ရေလွှမ်းမိုးခြင်းသည် အရက်လေးဆယ်ပတ်လုံး မြေကြီးပေါ်မှာ အစဉ်အတိုင်း တိုးတက်၍ သင်္ဘောကို မြေမှခွါလျက် ဆောင်ယူလေ၏။
18 Tui loe len moe, long ranui bangah sang tahang aep aep; tui mah palong to long ranui ah atoengh tahang.
၁၈တဖန်ရေသည်အားကြီး၍ မြေကြီးပေါ်မှာ အလွန်တိုးတက်သဖြင့်၊ သင်္ဘောသည် ရေမျက်နှာပေါ်၌ မျောလျက်နေလေ၏။
19 Long nuiah tui len parai pongah, van tlim ah kaom, maesangnawk to tui mah uem boih.
၁၉နောက်တဖန်ရေသည် မြေကြီးပေါ်မှာ အလွန် အားကြီးသဖြင့် မိုဃ်းကောင်းကင်အောက်၌ ရှိသမျှသော တောင်ကြီးအပေါင်းတို့သည် မြုပ်ကြ၏။
20 Mae ranuih dong hatlai panga karoek to tui mah uengh tahang.
၂၀ရေမြုပ်သောတောင်တို့ အထက်၌ လွှမ်းတတ်သော ရေသည် ဆယ်ငါးတောင်ရှိသတည်း။
21 Long ah kaom angtawt thaih moinawk, tavaanawk, pacah ih moinawk, taw ih moisannawk, long ah kavak moinawk hoi kaminawk to duek o boih.
၂၁မြေပေါ်မှာ လှုပ်ရှားတတ်သော တိရစ္ဆာန်မျိုးတည်းဟူသော ငှက်၊ သားယဉ်၊ သားရဲ၊ မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်အပေါင်းတို့နှင့် လူအပေါင်းတို့သည် သေကြကုန်၏။
22 Saoeng ah kaom, hnah hoi anghahaih takhi tawn moinawk to duek o boih.
၂၂အသက်ရှုလျက် ကုန်းပေါ်မှာ ရှိလေသမျှတို့သည် သေကြကုန်၏။
23 Long nuiah kaom kahing hmuennawk, kami, pacah ih moi, long ah kavak moinawk, van ih tavaanawk to tamit boih; Noah angmah, anih hoi nawnto kaom kaminawk khue ni anghmat o.
၂၃မြေမျက်နှာပေါ်၌ ရှိသောလူဖြစ်စေ၊ သားဖြစ်စေ တွားတတ်သော အရာဖြစ်စေ၊ မိုဃ်းကောင်းကင်ငှက် ဖြစ်စေ၊ အသက်ရှင်သော အရာရှိရှိသမျှတို့ကို မြေကြီးပေါ်က ပယ်ရှင်းတော်မူ၍၊ ပျက်စီးကွယ်ပျောက်ခြင်းသို့ ရောက်ကြကုန်၏။ နောဧမှ စ၍ နောဧနှင့်အတူ သင်္ဘောထဲ၌ရှိသော သူတို့သာကျန်ကြွင်းကြလေ၏။
24 Tui mah long to ni cumvai, qui pangato thung uem.
၂၄ရေသည်လည်း မြေကြီးပေါ်မှာ ရက်ပေါင်း တရာ့ငါးဆယ်ပတ်လုံး အားကြီးစွာ တည်လေ၏။

< Genesis 7 >

The Great Flood
The Great Flood