< 2 Mbiri 17 >

1 Yehosafati mwana wake analowa ufumu mʼmalo mwake ndipo anadzilimbitsa pofuna kulimbana ndi Israeli.
အာသသားယောရှဖတ်သည် ခမည်းတော် အရာ၌ နန်းထိုင်၍၊ ဣသရေလနိုင်ငံတဘက် မိမိကို ခိုင်ခံ့စေ၏။
2 Iye anayika magulu a asilikali mʼmizinda yonse yotetezedwa ya Yuda, ndipo anamanga maboma mu Yuda ndi mʼmizinda yonse ya Efereimu imene Asa abambo ake analanda.
ယုဒပြည်တွင်၊ ခိုင်ခံ့သောမြို့ရှိသမျှတို့၌၊ တပ် သားများကိုထား၏။ ယုဒပြည်အရပ်ရပ်တို့၌၎င်း၊ ဧဖရိမ် ပြည်မှာ ခမည်းတော် အာသတိုက်ယူ သော မြို့တို့၌၎င်း၊ မြို့စောင့်တပ်ကို အသီးအသီးခန့်ထား၏။
3 Yehova anali ndi Yehosafati chifukwa mʼzaka zoyambirira anatsatira makhalidwe a Davide abambo ake. Iye sanafunsire kwa Abaala.
ခမည်းတော်သည် အရင်လိုက်သောလမ်းသို့၊ ယောရှဖတ်လိုက်လျက်၊
4 Koma anafunafuna Mulungu wa abambo ake ndipo anatsatira malamulo ake osati zochita za Israeli.
ဗာလဘုရားတို့ကို မဆည်းကပ်၊ ခမည်းတော်၏ ဘုရားသခင်ကိုသာ ဆည်းကပ်သဖြင့်၊ ဣသရေလအမျိုး ၏ ထုံးစံကိုရှောင်၍၊ ပညတ်တရားတော်ကို ကျင့်သော ကြောင့်၊ ထာဝရဘုရားသည် စောင့်မ၍၊
5 Yehova anakhazikitsa kolimba ufumuwo mʼmanja mwake ndipo Ayuda onse anabweretsa mphatso kwa Yehosafati, kotero kuti anali ndi chuma ndi ulemu wambiri.
နိုင်ငံတော်ကိုယောရှဖတ်လက်၌ တည်စေတော် မူသဖြင့်၊ ယုဒပြည်သားအပေါင်းတို့သည် လက်ဆောင် များကို ဆောင်ခဲ့ကြ၏။
6 Mtima wake anawupereka kutsatira Yehova, kuwonjezera apo, anachotsa malo onse achipembedzo ndi mafano a Asera mu Yuda.
ဂုဏ်အသရေနှင့် စည်းစိမ်ဥစ္စာများသော်လည်း၊ ထာဝရဘုရား၏ တရားလမ်းတို့၌ စိတ်စွဲလမ်း၍၊ မြင့် သောအရပ်နှင့် အာရှရပင်တို့ကို ယုဒပြည်မှ ပယ်ရှား တော်မူ၏။
7 Mʼchaka chachitatu cha ufumu wake, iye anatuma akuluakulu ake Beni-Haili, Obadiya, Zekariya, Netaneli ndi Mikaya kukaphunzitsa mʼmizinda ya Yuda.
နန်းစံသုံးနှစ်တွင်၊ ယုဒမြို့ အရပ်ရပ်၌ သွန်သင် စေခြင်းငှါ၊ မှူးမတ် ဗင်ဟဲလ၊ ဩဗဒိ၊ ဇာခရိ၊ နာသနေလ၊ မိက္ခာယတို့ကို၎င်း၊
8 Pamodzi ndi iwo panali Alevi ena: Semaya, Netaniya, Zebadiya, Asaheli, Semiramoti, Yonatani, Adoniya, Tobiya ndi Tobu-Adoniya ndiponso ansembe Elisama ndi Yehoramu.
လေဝိသားရှေမာယ၊ နေသနိ၊ ဇေဗဒိ၊ အာသ ဟေလ၊ ရှေမိရမုတ်၊ ယောနသန်၊ အဒေါနိယ၊ တောဘိယ၊ တောဘ၊ ဒေါနိယတို့ကို၎င်း၊ ယဇ်ပုရောဟိတ်ဧလိ ရှမာနှင့် ယောရံကို၎င်း၊ စေလွှတ်တော်မူ၏။
9 Iwo anaphunzitsa mu Yuda monse atatenga Buku la Malamulo a Yehova iwo anayenda mʼmizinda yonse ya ku Yuda ndipo anaphunzitsa anthu.
ထိုသူတို့သည် ယုဒပြည်၌ဩဝါဒပေး၍၊ ထာဝရ ဘုရား၏ ပညတ္တိကျမ်းပါလျက်၊ ယုဒမြို့အရပ်ရပ်တို့တွင်၊ လှည့်လည်သဖြင့်၊ ပြည်သားတို့ကို သွန်သင်ကြ၏။
10 Kuopsa kwa Yehova kunali pa maufumu onse a mayiko oyandikana ndi Yuda, kotero kuti sanachite nkhondo ndi Yehosafati.
၁၀ယုဒပြည် ပတ်ဝန်းကျင်တိုင်းနိုင်ငံရှိသမျှတို့ သည်၊ ထာဝရဘုရားကို ကြောက်ရွံ့၍၊ ယောရှဖတ်ကို စစ်မတိုက်ဝံ့ဘဲ နေကြ၏။
11 Afilisti ena anabweretsa kwa Yehosafati mphatso ndi siliva ngati msonkho, ndipo Aarabu anabweretsa ziweto: nkhosa zazimuna 7,700 ndi mbuzi 7,700.
၁၁ဖိလိတ္တိလူတို့သည် လက်ဆောင်နှင့် အခွန်ငွေကို၎င်း၊ အာရပ်လူတို့သည် သိုးခုနစ်ထောင်ခုနစ်ရာနှင့် ဆိတ်ခုနစ်ထောင်ခုနစ်ရာကို၎င်း ဆောင်ခဲ့ကြ၏။
12 Mphamvu za Yehosafati zinkakulirakulira. Iye anamanga malo otetezedwa ndi mizinda yosungiramo chuma mu Yuda
၁၂ယောရှဖတ်သည် အလွန်ခွန်အားတိုးပွား၍၊ ယုဒပြည်၌ရဲတိုက်နှင့် ဘဏ္ဍာတော်မြို့တို့ကို တည်တော် မူ၏။
13 ndipo anali ndi katundu wambiri mʼmizinda ya Yuda. Iye anayikanso asilikali odziwa bwino nkhondo mu Yerusalemu.
၁၃ယုဒမြို့တို့၌ အမှုအရေးတော်များ၏။ ခွန်အား ကြီးသော စစ်သူရဲတို့သည် ယေရုရှလင်မြို့၌ ရှိကြ၏။
14 Chiwerengero chawo potsata mabanja awo chinali chotere: kuchokera ku Yuda, atsogoleri a magulu 1,000; mtsogoleri Adina, anali ndi anthu 300,000 odziwa nkhondo;
၁၄စစ်သူရဲအဆွေအမျိုး အလိုက်ယူသော စာရင်း ဟူမူကား၊ ယုဒအမျိုး ဗိုလ်ချုပ်မင်းအာဒနနှင့် ခွန်အား ကြီးသော စစ်သူရဲသုံးသိန်း၊
15 otsatana naye, mtsogoleri Yehohanani, anali ndi anthu 280,000;
၁၅စစ်ကဲယောဟနန်နှင့်ခွန်အားကြီးသော စစ်သူရဲ နှစ်သိန်းရှစ်သောင်း၊
16 otsatana naye, Amasiya mwana wa Zikiri amene anadzipereka yekha kutumikira Yehova, anali ndi anthu 200,000.
၁၆စေတနာစိတ်နှင့်ကိုယ်ကို ထာဝရဘုရားအား ပူဇော်သော ဇိခရိသားအာမသိနှင့် ခွန်အားကြီးသော စစ်သူရဲနှစ်သိန်း၊
17 Kuchokera ku Benjamini: Eliada, msilikali wolimba mtima, anali ndi anthu 200,000 amene anali ndi mauta ndi zishango;
၁၇ဗင်္ယာမိန်အမျိုး ခွန်အားကြီးသော ဧလျာဒနှင့် လေး၊ ဒိုင်းလွှားကို ကိုင်သောသူနှစ်သိန်း၊
18 otsatana naye, Yehozabadi, anali ndi anthu 180,000 okonzekera nkhondo.
၁၈သူ့နောက်ယောဇဗဒ်နှင့် စစ်တိုက်ခြင်းငှါ၊ အသင့် ရှိသောသူ တသိန်းရှစ်သောင်းတည်း။
19 Awa ndi anthu amene ankatumikira mfumu osawerengera amene anawayika mʼmizinda yotetezedwa mʼdziko lonse la Yuda.
၁၉ယုဒပြည်အရပ်ရပ်၊ ခိုင်ခံ့သောမြို့တို့၌ ရှင်ဘုရင် ထားသောသူရဲမှတပါး၊ အထက်ဆိုခဲ့ပြီးသော သူတို့သည် အမှုတော်ကို ထမ်းလျက်နေကြ၏။

< 2 Mbiri 17 >