< 1 Mbiri 7 >

1 Ana a Isakara anali awa: Tola, Puwa, Yasubu ndi Simironi ndipo onse analipo anayi.
ဣ​သ​ခါ​တွင်​တော​လ၊ ဖု​ဝါ၊ ယာ​ရှုပ်၊ ရှိ​မ​ရုန် ဟူ​၍​သား​လေး​ယောက်​ရှိ​၏။
2 Ana a Tola ndi awa: Uzi, Refaya, Yerieli, Yahimai, Ibisamu ndi Samueli. Awa anali atsogoleri a mabanja awo. Pa nthawi ya ulamuliro wa Davide zidzukulu za Tola zomwe zinali anthu odziwa kumenya nkhondo zinalipo 22,600.
တော​လ​တွင်​သြ​ဇိ၊ ရေ​ဖာ​ယ၊ ယေ​ရေ​လ၊ ယာ​မဲ၊ ယိ​ဗ​သံ၊ ရှ​မွေ​လ​ဟူ​၍​သား​ခြောက်​ယောက်​ရှိ ၏။ ထို​သူ​တို့​သည်​တော​လ​သား​ချင်း​စု​၏ ဦး​စီး​ခေါင်း​ဆောင်​များ၊ ထင်​ပေါ်​ကျော်​စော သော​စစ်​သူ​ရဲ​များ​ဖြစ်​ကြ​၏။ သူ​တို့​၏​သား မြေး​ဦး​ရေ​သည်​ဒါ​ဝိဒ်​မင်း​၏​လက်​ထက်​၌ နှစ်​သောင်း​နှစ်​ထောင်​ခြောက်​ရာ​ရှိ​သ​တည်း။
3 Mwana wa Uzi anali Izirahiya. Ana a Izirahiya anali: Mikayeli, Obadiya, Yoweli ndi Isiya. Onse asanu anali atsogoleri a mabanja.
သြ​ဇိ​တွင်​ဣ​ဇ​ရ​ဟိ​ဟူ​သော​သား​တစ် ယောက်​ရှိ​၏။ ဣ​ဇ​ရ​ဟိ​နှင့်​သူ​၏​သား​များ ဖြစ်​ကြ​သော​မိက္ခေ​လ၊ သြ​ဗ​ဒိ၊ ယော​လ၊ ဣ​ရှ​ယ​တို့​သည်​အိမ်​ထောင်​ဦး​စီး​များ ဖြစ်​ကြ​၏။-
4 Monga mwa chiwerengero cha mabanja awo, panali anthu 36,000 odziwa kumenya nkhondo, pakuti iwo anali ndi akazi ndi ana ambiri.
သူ​တို့​တွင်​သား​မယား​အ​များ​အ​ပြား​ရှိ သော​ကြောင့် သူ​တို့​၏​သား​မြေး​များ​မှ​စစ် မှု​ထမ်း​ရန်​လူ​ပေါင်း​သုံး​သောင်း​ခြောက် ထောင်​ရ​ရှိ​နိုင်​လေ​သည်။
5 Abale awo onse a mʼbanja la Isakara amene anali odziwa kumenya nkhondo analipo 87,000, olembedwa potsata mibado yawo.
အ​စိုး​ရ​မှတ်​တမ်း​များ​အ​ရ​ဣ​သ​ခါ​၏​သား ချင်း​စု​ထဲ​မှ​အိမ်​ထောင်​စု​ရှိ​သ​မျှ​တို့​တွင် စစ် မှု​ထမ်း​ရန်​အ​ရည်​အ​ချင်း​ရှိ​သူ​လူ​ပေါင်း ရှစ်​သောင်း​ခု​နစ်​ထောင်​ရှိ​၏။
6 Ana atatu a Benjamini anali awa: Bela, Bekeri ndi Yediaeli.
င်္ဗယာ​မိန်​တွင်​ဗေ​လ၊ ဗေ​ခါ၊ ယေ​ဒ​ယေ​လ ဟူ​၍​သား​သုံး​ယောက်​ရှိ​၏။
7 Ana a Bela anali awa: Eziboni, Uzi, Uzieli, Yerimoti ndi Iri. Iwowa anali atsogoleri a mabanja awo ndipo onse pamodzi analipo asanu. Pa mndandanda wa mʼbado wawo panali anthu 22,034 odziwa kumenya nkhondo.
ဗေ​လ​တွင်​ဧ​ဇ​ဗုန်၊ သြ​ဇိ၊ သြ​ဇေ​လ၊ ယေ​ရိ မုတ်၊ ဣ​ရိ​ဟူ​၍​သား​ငါး​ယောက်​ရှိ​၏။ သူ​တို့ သည်​မိမိ​တို့​သား​ချင်း​စု​ထဲ​တွင်​အိမ်​ထောင် ဦး​စီး​များ၊ ထင်​ပေါ်​ကျော်​စော​သော​စစ်​သူ​ရဲ များ​ဖြစ်​ကြ​၏။ သူ​တို့​၏​သား​မြေး​များ​ထဲ တွင်​စစ်​မှု​ထမ်း​ရန်​အ​ရည်​အချင်း​ပြည့်​သူ နှစ်​သောင်း​နှစ်​ထောင့်​သုံး​ဆယ့်​လေး​ယောက် ရှိ​၏။
8 Ana a Bekeri anali awa: Zemira, Yowasi, Eliezara, Eliyoenai, Omiri, Yeremoti, Abiya, Anatoti ndi Alemeti. Onsewa anali ana a Bekeri.
ဗေ​ခါ​တွင်​ဇေ​မိ​ရ၊ ယော​ရှ၊ ဧ​လျေ​ဇာ၊ ဧ​လိ သြ​နဲ၊ သြ​မ​ရိ၊ ယေ​ရိ​မုတ်၊ အ​ဘိ​ယ၊ အာ​န သုတ်၊ အာ​လ​မက်​ဟူ​၍​သား​ကိုး​ယောက်​ရှိ​၏။-
9 Pa mndandanda wa mʼbado wawo panali atsogoleri a mabanja ndi anthu 20,200 odziwa kumenya nkhondo.
အ​စိုး​ရ​မှတ်​တမ်း​အ​ရ​သူ​တို့​၏​သား​မြေး များ​တွင် အိမ်​ထောင်​စု​အ​လိုက်​စစ်​မှု​ထမ်း​ရန် အ​ရည်​အ​ချင်း​ပြည့်​သူ​များ​မှာ လူ​ပေါင်း နှစ်​သောင်း​နှစ်​ရာ​ယောက်​ရှိ​၏။
10 Mwana wa Yediaeli anali Bilihani. Ana a Bilihani anali awa: Yeusi, Benjamini, Ehudi, Kenaana, Zetani, Tarisisi ndi Ahisahara.
၁၀ယေ​ဒ​ယေ​လ​တွင်​ဗိ​လ​ဟန်​ဟူ​သော​သား တစ်​ယောက်​ရှိ​၏။ ဗိ​လ​ဟန်​တွင်​ယု​ရှ၊ င်္ဗယာ​မိန်၊ ဧ​ဟုတ်၊ ခေ​နာ​န၊ ဇေ​သန်၊ သာ​ရှိ​ရှ၊ အ​ဟိ ရှ​ဟာ​ဟူ​၍​သား​ခု​နစ်​ယောက်​ရှိ​၏။-
11 Ana onsewa a Yediaeli anali atsogoleri a mabanja. Analipo anthu 17,200 amene anali okonzeka kupita ku nkhondo.
၁၁သူ​တို့​အား​လုံး​သည်​မိ​မိ​တို့​သား​ချင်း​စု ထဲ​မှ​အိမ်​ထောင်​ဦး​စီး​များ၊ ထင်​ပေါ်​ကျော် စော​သော​စစ်​သူ​ရဲ​များ​ဖြစ်​ကြ​၏။ သူ​တို့ ၏​သား​မြေး​များ​တွင်​စစ်​မှု​ထမ်း​ရန်​အ​ရည် အ​ချင်း​ပြည့်​သူ​လူ​ပေါင်း​တစ်​သောင်း​ခုနစ် ထောင့်​နှစ်​ရာ​ယောက်​ရှိ​သည်။-
12 Asupi ndi Ahupi anali zidzukulu za Iri, ndipo Ahusimu anali zidzukulu za Aheri.
၁၂ရှု​ပိမ်​နှင့်​ဟု​ပိမ်​တို့​သည်​လည်း​ဤ​အ​နွယ်​စု တွင်​ပါ​ဝင်​ကြ​သ​တည်း။ ဒန်​တွင်​ဟု​ရှိမ်​ဟူ​သော​သား​တစ်​ယောက်​ရှိ​၏။
13 Ana a Nafutali anali awa: Yahazieli, Guni, Yezeri ndi Salumu, zidzukulu za Biliha.
၁၃န​ဿ​လိ​တွင်​ယာ​ဇေ​လ၊ ဂု​နိ၊ ယေ​ဇ၊ ရှလ္လုံ ဟူ​၍​သား​လေး​ယောက်​ရှိ​၏။ (သူ​တို့​သည် ဗိ​လ​ဟာ​၏​သား​မြေး​များ​ဖြစ်​သ​တည်း။)
14 Ana a Manase anali awa: Asirieli ndi mwana amene anabereka kwa mzikazi wake wa ku Aramu. Mzikazi yemweyo anaberekanso Makiri abambo ake a Giliyadi.
၁၄မ​နာ​ရှေ​သည်​အာ​ရ​မိ​အ​မျိုး​သ​မီး​မ​ယား ငယ်​နှင့်​ရ​သော​သား​နှစ်​ယောက်​မှာ အာ​သ​ရေ​လ နှင့်​မာ​ခိ​ရ​ဖြစ်​၏။ မာ​ခိ​ရ​၏​သား​သည်​ဂိ​လဒ် ဖြစ်​၏။-
15 Makiri anatenga mkazi wa banja la Ahupi ndi Asupi. Mlongo wake anali Maaka. Mwana wake wina anali Zelofehadi, amene anabereka ana aakazi okhaokha.
၁၅မာ​ခိ​ရ​သည်​ဟု​ပိမ်​နှင့်​ရှုပိမ်​တို့​အ​တွက်​အိမ် ထောင်​ဖက်​များ​ကို​ရှာ​၍​ပေး​၏။ သူ့​နှ​မ ၏​နာ​မည်​မှာ​မာ​ခါ​ဖြစ်​၏။ မာ​ခိ​ရ​၏​ဒု​တိ​ယ သား​မှာ​ဇ​လော​ဖတ်​ဖြစ်​၍​ထို​သူ​၌​သ​မီး များ​သာ​လျှင်​ရှိ​လေ​သည်။
16 Maaka mkazi wa Makiri anabereka mwana wamwamuna ndipo anamutcha Perezi. Mʼbale wake anamutcha Seresi, ndipo ana ake anali Ulamu ndi Rakemu.
၁၆မာ​ခိ​ရ​၏​ဇ​နီး​မာ​ခါ​သည်​သား​နှစ်​ယောက် ကို​ဖွား​မြင်​လေ​သည်။ သူ​တို့​အား​ပေ​ရက်​နှင့် ရှေ​ရက်​ဟု​နာ​မည်​မှည့်​၏။ ပေ​ရက်​တွင်​ဥ​လံ နှင့်​ရေ​ကင်​ဟူ​သော​သား​နှစ်​ယောက်​ရှိ​၏။-
17 Mwana wa Ulamu anali Bedani. Awa anali ana a Giliyadi mwana wa Makiri, mwana wa Manase.
၁၇ဥ​လံ​တွင်​ဗေ​ဒန်​နာ​မည်​တွင်​သော​သား​တစ် ယောက်​ရှိ​လေ​သည်။ ဤ​သူ​တို့​ကား​မာ​ခိ​ရ ၏​သား၊ မ​နာ​ရှေ​၏​မြေး​ဂိ​လဒ်​မှ​ဆင်း​သက် လာ​သူ​များ​ဖြစ်​ကြ​၏။
18 Mlongo wake Hamoleketi anabereka Isihodi, Abiezeri ndi Mahila.
၁၈ဂိ​လဒ်​၏​နှ​မ၊ ဟမ္မော​လေ​ကက်​တွင် ဣ​ရှော​ဒ၊ အ​ဗျေ​ဇာ၊ မ​ဟာ​လ​ဟူ​၍​သား​သုံး​ယောက် ရှိ​၏။-
19 Ana a Semida anali: Ahiyani, Sekemu, Likihi ndi Aniyamu.
၁၉(ရှ​မိ​ဒ​တွင်​အ​ဟိ​အန်၊ ရှေ​ခင်၊ လိ​က​ဟိ၊ အ​နိ​အံ​ဟူ​၍​သား​လေး​ယောက်​ရှိ​၏။)
20 Ana a Efereimu anali awa: Sutela, Beredi, Tahati, Eliada, Tahati,
၂၀အ​ဖ​နှင့်​သား​နာ​မည်​များ​အ​စဉ်​အ​လိုက် အ​ရ ဧ​ဖ​ရိမ်​၏​သား​မြေး​စာ​ရင်း​မှာ​ဧ​ဖ​ရိမ်၊ ရှု​သေ​လ၊ ဗေ​ရက်၊ တာ​ဟတ်၊ ဧ​လာ​ဒ၊ တာ​ဟတ်၊-
21 Zabadi, Sutela. Ezeri ndi Eladi anaphedwa ndi anthu a ku Gati, pamene anabwera kudzalanda zoweta zawo.
၂၁ဇာ​ဗဒ်​နှင့်​ရှု​သေ​လ​တို့​ဖြစ်​၏။ ဧ​ဖ​ရိမ်​တွင် ဧ​ဇာ​နှင့်​ဧ​လဒ်​ဟူ​သော​သား​နှစ်​ယောက်​ရှိ သေး​၏။ သူ​တို့​သည်​ဂါ​သ​မြို့​နေ​တိုင်း​ရင်း သား​တို့​၏​နွား​များ​ကို ခိုး​ယူ​ရန်​ကြိုး​စား သည့်​အ​တွက်​အ​သတ်​ခံ​ရ​ကြ​၏။-
22 Efereimu, abambo awo, anawalira masiku ambiri, ndipo abale ake anabwera kudzamutonthoza.
၂၂ဖ​ခင်​ဖြစ်​သူ​ဧဖရိမ်​သည်​သား​နှစ်​ယောက် အ​တွက် ရက်​ပေါင်း​များ​စွာ​ငို​ကြွေး​မြည် တမ်း​လျက်​နေ​သ​ဖြင့် သူ​၏​ညီ​အစ်​ကို များ​လာ​ရောက်​၍​သူ့​အား​နှစ်​သိမ့်​ကြ​၏။-
23 Kenaka anagona ndi mkazi wake, ndipo anakhala woyembekezera nabala mwana wamwamuna. Anamutcha dzina lake Beriya, chifukwa tsoka linagwera banja lake.
၂၃ထို​နောက်​သူ​သည်​မိ​မိ​၏​ဇနီး​နှင့်​ကိုယ်​လက် နှီး​နှော​ပြန်​သ​ဖြင့် ဇ​နီး​သည်​တွင်​ကိုယ်​ဝန် ရှိ​၍​သား​တစ်​ယောက်​ကို​ဖွား​မြင်​လေ​သည်။ သူ​တို့​သည်​မိ​မိ​တို့​အိမ်​ထောင်​သို့​ဆိုက်​ရောက် ခဲ့​သော​ဒုက္ခ​ကို​အ​ကြောင်း​ပြု​၍​ထို​သား အား​ဗေ​ရိ​ယ​ဟု​နာ​မည်​မှည့်​ကြ​၏။
24 Mwana wake wamkazi anali Seera, amene anamanga mzinda wa Beti-Horoni Wakumunsi, Wakumtunda kudzanso Uzeni-Seera.
၂၄ဧ​ဖ​ရိမ်​တွင်​ရှေ​ရ​နာ​မည်​တွင်​သော​သ​မီး တစ်​ယောက်​ရှိ​၏။ ထို​အ​မျိုး​သ​မီး​သည် အ​ထက်​ဗေ​သော​ရုန်​မြို့၊ အောက်​ဗေ​သော​ရုန် မြို့​နှင့်​သြ​ဇင်​ရှေ​ရ​မြို့​တို့​ကို​တည်​ထောင် သူ​ဖြစ်​၏။
25 Mwana wina wa Efereimu anali Refa amene zidzukulu zake zinali Resefu, Tela, Tahani,
၂၅ဧ​ဖ​ရိမ်​တွင်​ရေ​ဖ​ဟု​နာ​မည်​တွင်​သော သား​တစ်​ယောက်​ရှိ​၏။ သူ​၏​သား​မြေး​များ မှာ​ရေ​ရှပ်၊ တေ​လ၊ တာ​ဟန်၊ လာ​ဒန်၊ အ​မိ ဟုဒ်၊ ဧ​လိ​ရှ​မာ၊ နုန်၊ ယော​ရှု​တို့​ဖြစ်​ကြ​၏။
26 Ladani, Amihudi, Elisama,
၂၆
27 Nuni ndi Yoswa.
၂၇
28 Malo amene ankakhala anali Beteli ndi midzi yozungulira, cha kummawa kunali Naarani, Gezeri ndi midzi yake ya kumadzulo ndi Sekemu ndi midzi yake mpaka ku Aya ndi midzi yake.
၂၈သူ​တို့​သိမ်း​ယူ​၍​အ​ခြေ​စိုက်​နေ​ထိုင်​ကြ သည့်​နယ်​မြေ​တွင်​အ​ရှေ့​သို့​လား​သော်​နာ​ရန် မြို့​အ​ထိ၊ ထို​မြို့​နှင့်​ဗေ​သ​လ​မြို့​နှင့်​အ​နီး တစ်​ဝိုက်​ရှိ​မြို့​များ၊ အ​နောက်​သို့​လား​သော် ဂေ​ဇာ​မြို့​အ​ထိ၊ ထို​မြို့​နှင့်​အ​နီး​တစ်​ဝိုက် ရှိ​မြို့​များ​ပါ​ဝင်​၏။ ရှေ​ခင်​မြို့၊ အာ​ရ​မြို့​နှင့် ယင်း​တို့​၏​အ​နီး​တစ်​ဝိုက်​ရှိ​မြို့​များ​လည်း ပါ​၏။
29 Mʼmbali mwa malire a Manase munali Beti-Seani, Taanaki, Megido ndi Dori, pamodzi ndi midzi yake. Zidzukulu za Yosefe mwana wa Israeli zimakhala mʼmizinda imeneyi.
၂၉မ​နာ​ရှေ​၏​သား​မြေး​တို့​သည် ဗက်​ရှန်၊ တာ နက်၊ မေ​ဂိဒ္ဒေါ၊ ဒေါ​ရ​မြို့​ကြီး​များ​နှင့်​ယင်း တို့​အ​နီး​တစ်​ဝိုက်​ရှိ​မြို့​များ​ကို​အ​စိုး​ရ ကြ​၏။ ဤ​မြို့​တို့​သည်​ယာ​ကုပ်​၏​သား​ဖြစ်​သူ ယော​သပ်​၏​သား​မြေး​တို့​နေ​ထိုင်​ရာ​ဖြစ် သ​တည်း။
30 Ana a Aseri anali awa: Imuna, Isiva, Isivi ndi Beriya. Mlongo wawo anali Sera.
၃၀အာ​ရှာ​၏​သား​မြေး​များ​မှာ​အောက်​ပါ အ​တိုင်း​ဖြစ်​၏။ အာ​ရှာ​တွင်​ယိ​မ​န၊ ဣ​ရွာ၊ ဣ​ရွှိ၊ ဗေ​ရိ​ယ​ဟူ​သော​သား​လေး​ယောက် နှင့်​စေရ​ဟူ​သော​သ​မီး​တစ်​ယောက်​ရှိ​၏။
31 Ana a Beriya anali awa: Heberi ndi Malikieli amene anabereka Birizaiti.
၃၁ဗေ​ရိ​ယ​တွင်​ဟေ​ဗာ​နှင့်​မာ​လ​ကျေ​လ ဟူ​သော​သား​နှစ်​ယောက်​ရှိ​၏။ (မာ​လ​ကျေ​လ သည်​ဗိ​ရ​ဇာ​ဝိတ်​မြို့​ကို​တည်​ထောင်​သည်။)
32 Heberi anabereka Yafuleti, Someri, Hotamu ndi Suwa, mlongo wawo.
၃၂ဟေ​ဗာ​တွင်​ယာ​ဖ​လက်၊ ရှော​မာ၊ ဟော​သံ​ဟူ သော​သား​သုံး​ယောက်​နှင့်​ရှု​အာ​ဟူ​သော သ​မီး​တစ်​ယောက်​ရှိ​၏။
33 Ana a Yafuleti anali awa: Pasaki, Bimuhali ndi Asivati. Awa anali ana a Yafuleti.
၃၃ယာ​ဖ​လက်​တွင်​ပါ​သက်၊ ဗိ​မ​ဟာ​လ၊ အာ​ရှ​ဝတ်​ဟူ​၍​သား​သုံး​ယောက်​ရှိ​၏။
34 Ana a Someri anali awa: Ahi, Rohiga, Yehuba ndi Aramu.
၃၄ယာ​ဖ​လက်​၏​ညီ​ရှော​မာ​တွင်​ရော​ဂ၊ ယေ​ဟုဗ္ဗ၊ အာ​ရံ​ဟူ​၍​သား​သုံး​ယောက်​ရှိ​၏။
35 Ana a mʼbale wake Helemu anali awa: Zofa, Imuna, Selesi ndi Amali.
၃၅သူ​၏​ညီ​ငယ်​ဟော​သံ​တွင်​ဇော​ဖ၊ ဣ​မ​န၊ ရှေ​လက်၊ အာ​မ​လ​ဟူ​၍​သား​လေး​ယောက်​ရှိ​၏။
36 Ana a Zofa anali awa: Suwa, Harineferi, Suwali, Beri, Imula,
၃၆ဇော​ဖ​၏​သား​မြေး​များ​မှာ​သု​အာ၊ ဟာ​နေ​ဖာ၊ ရွှ​လ၊ ဗေ​ရိ၊ ဣ​မ​ရ၊-
37 Bezeri, Hodi, Sama, Silisa, Itirani ndi Bera.
၃၇ဗေ​ဇာ၊ ဟော​ဒ၊ ရှမ္မ၊ ရှိ​လ​ရှ၊ ဣ​သ​ရန်၊ ဗေ​ရ​တို့ ဖြစ်​၏။
38 Ana a Yeteri anali awa: Yefune, Pisipa ndi Ara.
၃၈ယေ​သာ​၏​သား​မြေး​များ​မှာ​ယေ​ဖုန္န၊ ပိ​သ​ပ၊ အာ​ရ​တို့​ဖြစ်​၏။-
39 Ana a Ula anali awa: Ara, Hanieli ndi Riziya.
၃၉ဥလ္လ​၏​သား​မြေး​များ​မှာ​အာ​ရ၊ ဟံ​ယေ​လ၊ ရေ​ဇိ​ယ​တို့​ဖြစ်​သ​တည်း။
40 Onsewa anali zidzukulu za Aseri, atsogoleri a mabanja, anthu omveka, ankhondo olimba mtima, ndi akuluakulu pakati pa atsogoleri anzawo. Chiwerengero cha anthu odziwa kumenya nkhondo chomwe chinalembedwa chinali 26,000.
၄၀ဤ​သူ​အ​ပေါင်း​တို့​သည်​အာ​ရှာ​၏​သား​မြေး များ​ဖြစ်​ကြ​၏။ သူ​တို့​သည်​အိမ်​ထောင်​ဦး​စီး များ၊ ထင်​ပေါ်​ကျော်​စော​သော​စစ်​သူ​ရဲ​များ၊ ထူး​ချွန်​သော​ခေါင်း​ဆောင်​များ​ဖြစ်​ပေ​သည်။ သူ​တို့​တွင်​စစ်​မှု​ထမ်း​ရန်​အ​ရည်​အ​ချင်း ရှိ​သူ​လူ​ပေါင်း​နှစ်​သောင်း​ခြောက်​ထောင်​ရှိ သ​တည်း။

< 1 Mbiri 7 >