< Lucas 4 >

1 Tami Jesus perelaló e Peniche, se limbidió del Jordan, y sinaba lliguerado por la suncai al desierto.
ယေရှုသည် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်စုံလျက်၊ ယော်ဒန်မြစ်နားမှ ပြန်စဉ်တွင် ဝိညာဉ် တော်သည် တောသို့ ပို့ဆောင်တော်မူ၏။
2 Y sinaba oté quarenta chibeses, y le tentaba o Bengui, y na jamó chi andré ocolas chibeses; y anacados oconas terelaba bóquis.
အရက်လေးဆယ်ပတ်လုံး မာရ်နတ်၏ စုံစမ်းသွေးဆောင်ခြင်းကို ခံတော်မူ၏။ ထိုကာလပတ်လုံး အစာအာဟာရကို သုံးဆောင်တော်မမူ။ ထိုကာလလွန်ပြီးမှ မွတ်သိပ်တော်မူ၏။
3 Y le penó o Bengui: Si chaboro de Debél sinelas, pen á ocona bar, que se querele manro.
မာရ်နတ်ကလည်း၊ ကိုယ်တော်သည် ဘုရားသခင်၏သားတော်မှန်လျှင် ဤကျောက်ခဲကို မုန့်ဖြစ်စေ ခြင်းငှါ အမိန့်ရှိတော်မူပါဟု လျှောက်လေ၏။
4 Y Jesus le rudeló: Libanado sinela: Que na vivisarela o manu de manro colcoro, tami de sari varda de Debél.
ယေရှုကလည်း၊ လူသည်မုန့်အားဖြင့်သာ အသက်ကိုမွေးရမည်မဟုတ်။ ဘုရားသခင်မိန့်တော်မူ သမျှ အားဖြင့် အသက်ကိုမွေးရမည်ကျမ်းစာ၌လာသည်ဟု ပြန်ပြောတော်မူ၏။
5 Y le lligueró o Bengui á yeque bur udscho, y le queró dicar sares os chimes de la pu andré yeque frimita de chiros,
တဖန်မာရ်နတ်သည် ယေရှုကိုမြင့်လှသော တောင်ပေါ်သို့ဆောင်သွား၍၊ ဤလောက၌ရှိသမျှသော တိုင်းနိုင်ငံတို့ကို တခဏခြင်းတွင် ပြညွှန်၍၊
6 Y le penó: Diñaré a tucue sari ocana sila, y o chimusolano de junos: presas se me han diñado á mangué, y á coin camelo los diñelo
ဤဘုန်းတန်ခိုးအာနုဘော်ရှိသမျှကို ငါ၌အပ်ခဲ့ပြီ။ ငါသည် ပေးလိုသောသူအားပေးရသည်ဖြစ်၍ ကိုယ်တော်အား ပေးပါမည်။
7 Por tanto, si chibandote á minres pindres, majarificares mangue, os sares sinarán tirés.
ငါ့ကိုကိုးကွယ်လျှင် ဤအလုံးစုံတို့သည် ကိုယ်တော်၏ ဥစ္စာဖြစ်လိမ့်မည်ဟု လျှောက်လေ၏။
8 Y rudelando Jesus, le penó: Libanado sinela: A tiro Erañoró Debél majarificarás, y a ó colcoro servirás.
ယေရှုကလည်း၊ အချင်းစာတန်၊ ငါ့နောက်သို့ဆုတ်လော့။ သင်၏ဘုရားသခင်ထာဝရဘုရားကို ကိုး ကွယ်ရမည်။ ထိုဘုရားသခင်ကိုသာ ဝတ်ပြုရမည် ကျမ်းစာလာသည်ဟု ပြန်ပြောတော်မူ၏။
9 Y le lligeró á Jerusalém, y lo chibó opré o jeró de la cangri, y le penó: Si sinelas Chaboro de Debél, chibelate de acoi á la chiquen.
တဖန်မာရ်နတ်သည် ယေရှုကို ယေရုရှလင်မြို့သို့ ဆောင်သွား၍၊ ဗိမာန်တော်၏ အထွဋ်၌ တင်ထား ပြီးလျှင်၊
10 Presas sinela libanado que penó de tucue a desquerés Manfarieles, que te aracaten:
၁၀ကျမ်းစာလာသည်ကား၊ သင့်ကို စောင့်ရှောက်စေခြင်းငှါ ကောင်းကင်တမန်တို့အား သင့်အဘို့မှာထား တော်မူသည်ဖြစ်၍၊
11 Y que te ardiñelen andré sus bastes, somia que na cureles tun pindré andré yeque bar.
၁၁သင်၏ခြေကိုကျောက်နှင့် မထိမခိုက်စေခြင်းငှါ၊ သူတို့သည် သင့်ကိုလက်နှင့်မစချီပင့်ကြလိမ့်မည်ဟု လာ၏။ ထိုကြောင့် ကိုယ်တော်သည် ဘုရားသခင်၏ သားတော်မှန်လျှင် ဤအထွဋ်မှ ကိုယ်ကိုအောက်သို့ ချ လိုက်တော်မူပါဟု လျှောက်လေ၏။
12 Y rudelando Jesus, le chamulió: Penado sinela: Na tentarás al Erañó tun Debél.
၁၂ယေရှုကလည်း၊ သင်၏ဘုရားသခင် ထာဝရဘုရားကို သင်သည် အစုံအစမ်းမပြုရဟု ကျမ်းစကား ရှိ သည်ဟု ပြန်ပြောတော်မူ၏။
13 Y nacada sari tentacion, se chaló de ó el Bengui disde o chiros.
၁၃ထိုသို့မာရ်နတ်သည် စုံစမ်းသွေးဆောင်ခြင်း အမှုအလုံးစုံကို အကုန်အစင်ပြုပြီးလျှင်၊ အထံတော်မှ ထွက်သွား၍ ကာလအတန်အရာနေလေ၏။
14 Y limbidió Jesus andré la sila e suncai á Galiléa: y o chimusolano de ó se chibó por saro o chim.
၁၄ယေရှုသည် ဝိညာဉ်တော်တန်ခိုးနှင့်ဂါလိလဲပြည်သို့ပြန်၍၊ သိတင်းတော်သည် ပတ်ဝန်းကျင်အရပ်တို့၌ အနှံ့အပြားကျော်စောလေ၏။ တရားစရပ်တို့၌ ဆုံးမဩဝါဒပေးတော်မူ၍၊
15 Y ó chamuliaba andré as synagogas de junós, y sinaba aclamado de sares.
၁၅လူအပေါင်းတို့သည် ကိုယ်တော်ကိုချီးမွမ်းကြ၏။
16 Y chaló á Nazareth, anduque se habia parbarado, y se guilló segun su beda o chibes del Canché andré a synagoga, y se ardinó á lirenar.
၁၆ကြီးပွားတော်မူရာ နာဇရပ်မြို့သို့ ရောက်ပြန်လျှင်၊ ထုံးစံတော်ရှိသည်အတိုင်း ဥပုသ်နေ့၌ တရားစရပ် သို့ ဝင်၍ ကျမ်းစာကို ဘတ်ရွတ်ခြင်းငှါ ထတော်မူ၏။
17 Y le diñáron o embéo de Isaias o Propheta. Y pur despandó o embéo racheló o lugar anduque sinela libanado.
၁၇စရပ်စောင့်သည် ပရောဖက်ဟေရှာယ၏ ကျမ်းစာကိုပေးသည်ဖြစ်၍၊ ကျမ်းစာကိုဖွင့်တော်မူလျှင် တွေ့ သောအချက်စကားဟူမူကား၊
18 A Suncai e Erañoró opré mangue, por lo que ha ampiado mangue somia diñar lachias nuevas a os chorores ha bichabado mangue, somia chibar lacho a os asparabados de carlochin,
၁၈ထာဝရဘုရား၏ ဝိညာဉ်တော်သည် ငါ့အပေါ်၌ တည်တော်မူ၏။
19 Somia penar a os estardes mestepé, y á os chindés diquelar, somia chibar en mestepé á os asparabados, somia pucanar a berji lachi e Erañoró, y o chibes e galardon.
၁၉အကြောင်းမူကား၊ ဆင်းရဲသားတို့အား ဝမ်းမြောက်စရာသိတင်းကိုကြားပြောစေခြင်းငှါ ငါ့ကို ဘိသိတ် ပေးတော်မူပြီ။ ကြေမွသောသူတို့၏ အနာကိုပျောက်စေခြင်းငှါ၎င်း၊ ဘမ်းသွားချုပ်ထားလျက်ရှိသော သူတို့အား လွှတ်ခြင်းအကြောင်းနှင့် မျက်စိကန်းသောသူတို့အား မျက်စိမြင်ပြန်ခြင်းအကြောင်းကို ပြစေခြင်းငှါ၎င်း၊ ညှဉ်းဆဲ ခံရသောသူတို့ကို ကယ်မစေခြင်းငှါ၎င်း၊ ထာဝရဘုရား၏ မင်္ဂလာနှစ်ကာလကို ကြားပြောစေခြင်းငှါ၎င်း၊ ငါ့ကို စေလွှတ်တော်မူပြီဟု လာသတည်း။
20 Y habiendo pandado o embéo, se lo diñó al erajai, y se besteló: y os sarés andré a synagoga terelaban as aquías chibadas andré ó.
၂၀ကျမ်းစာကိုလိပ်၍ စရပ်စောင့်အားပေးပြီးမှ ထိုင်တော်မူ၏။ စရပ်၌ရှိသောသူအပေါင်းတို့သည် ကိုယ် တော်ကိုစေ့စေ့ကြည့်လျက်နေကြ၏။
21 Y se chibó á penar: Achibes se ha perelado ocona Libaneria andré jirés canes.
၂၁ယေရှုကလည်း၊ ယနေ့ပင် ဤကျမ်းစာချက်သည် သင်တို့ကြာသည်အတိုင်း ပြည့်စုံလေပြီဟု မိန့်တော် မူ၏။
22 Y os sares le diñaban machiria, y se zibaban de las vardas de gracia, sos chaláron abri de desquero mui, y penáron: ¿Na sinela ocona o chaboro de Joseph?
၂၂ထိုသူအပေါင်းတို့သည် ကိုယ်တော်ကိုဝန်ခံ၍၊ တင့်တယ်လျောက်ပတ်သော နှုတ်ထွက်စကားကို အံ့ဩ ချီးမွမ်းလျက်၊ ဤသူသည် ယောသပ်၏ သားမဟုတ်တုံသောဟု ဆိုကြ၏။
23 Y les penó: Bi duda penareis á mangue ocona varda: Salamito chibelate lacho á tun matejo: sarias ocolas buchias barias, que junelamos penar que queraste andré Capharnaúm, querlas tambien acoi andré tun chim.
၂၃ယေရှုကလည်၊ အကယ်၍သင်တို့သည် ပုံပမာဆောင်လျှက်၊ အချင်းဆေးသမား၊ ကိုယ်အနာကို ငြိမ်း စေလော့။ ငါတို့သည် သိတင်းကြားသည်အတိုင်း၊ သင်သည် ကပေရနောင်မြို့၌ ပြုသမျှသော အမှုအရာတို့ကို ကိုယ်နေရင်းမြို့၌လည်း၊ ပြုပါဟူ၍ ငါ့အား ပြောဆိုကြလိမ့်မည်။ သို့သော်လည်း၊ ငါအမှန်ဆိုသည်ကား၊
24 Y chamulió: Aromali os penelo, que necaute Propheta sinela pachibelado andré desquero chim.
၂၄အဘယ်ပရောဖက်မျှ မိမိနေရင်းမြို့၌ မျက်နှာမရတတ်။
25 Aromali os penelo, que baribustrias piulias sinaban andré Israel os chibeses de Elias, pur sinaba pandado o Charos por trin berjis y por zoi chonos: pur sinaba yeque bóquis bari por sari la chiquen.
၂၅ငါအမှန်ဆိုပြန်သည်ကား၊ ပရောဖက် ဧလိယ လက်ထက်၌ သုံးနှစ်နှင့်ခြောက်လပတ်လုံး မိုဃ်းခေါင်၍၊ ပြည်နိုင်ငံတလျှောက်လုံး အစာအဟာရအလွန်ခေါင်းပါးခြင်း ရှိသောအခါ၊ ဣသရေလအမျိုးဖြစ်သော မုတ်ဆိုးမ အများရှိကြ၏။
26 Tami á necaute de ocolas sinaba bichabado Elias, sino á yeque cadchi piuli andré Sarepta de Sidonia.
၂၆သို့သော်လည်း၊ ထိုမုဆိုးမတယောက်ရှိရာသို့မျှ ဧလိယကိုစေလွှတ်တော်မမူ။ ဇိဒုန်ပြည် ဇရတ္တမြို့သူ ဖြစ်သော မုတ်ဆိုးမတယောက်ရှိရာသို့ စေလွှတ်တော်မူ၏။
27 Y baribustres zarapiados sinaban andré Israel andré o chiros de Eliséo Propheta, tami cayque de ocolas sinaba chibado lacho, sino Naaman de Syria.
၂၇ပရောဖက် ဧလိရှဲလက်ထက်တွင်လည်း၊ ဣသရေလအမျိုး၌ နူနာစွဲသောသူအများရှိကြ၏။ သို့သော် လည်း၊ နေမန်အမည်ရှိသော ရှုရိလူမှတပါး အဘယ်သူမျှ သန့်ရှင်းခြင်းသို့ မရောက်ဟုမိန့်တော်မူ၏။
28 Y os sares andré a synagoga sináron perelales de sana junelando ocono.
၂၈တရားစရပ်၌ရှိသော လူအပေါင်းတို့သည် ထိုစကားတော်ကို ကြားသောအခါ ပြင်းစွာအမျက်ထွက် သည်နှင့်၊
29 Y se costunáron, y lo bucharáron abrí del foros: y lo lligueráron disde ó jero e bur, opré sos sinaba querdi o foros, somia buchararle ostely.
၂၉ထ၍ ကိုယ်တော်ကိုမြို့ပြင်သို့ နှင်ထုတ်ပြီးလျှင်၊ ထိုမြို့တည်ရာ တောင်ထိပ်စွန်းအငူမှ စောင့်ထိုးတွန်းချ ခြင်းငှါ ဆောင်သွားကြ၏။
30 Tami ó, nacando por medio de junos, se chaló.
၃၀ကိုယ်တော်သည် သူတို့အလယ်၌ လျှောက်၍ ကြွသွားတော်မူ၏။
31 Y chaló abajines á Capharnaúm foros de la Galiléa, y oté os bedaba andré os Canchés.
၃၁ဂါလိလဲပြည် ကပေရနောင်မြို့သို့ရောက်လျှင်၊ ဥပုသ်နေ့၌ ဆုံးမဩဝါဒပေးတော်မူ၏။
32 Y se zibaban de desqueri beda, presas as vardas de ó sinaban silniás.
၃၂အာဏာနှင့် ဟောတော်မူသောကြောင့် ပရိတ်သတ်တို့သည် ဒေသနာတော်ကိုအလွန်အံ့ဩကြ၏။
33 Y sinaba andré a synagoga manu sos terelaba bengui prachindó, y garló sat gole baro,
၃၃ထိုတရားစရပ်၌ ညစ်ညူးသော နတ်ဆိုးစွဲသောသူတယောက်ရှိ၍၊
34 Penando: Mequelanos, ¿qué terelas tucue con amangue Jesus de Nazareth? ¿abillelas á mararnos? Pincharelo mistos, coin sinelas, o Majaro de Debél.
၃၄ဪနာဇရပ်မြို့သား ယေရှုကိုယ်တော်သည် အကျွန်ုပ်တို့နှင့် အဘယ်သို့ဆိုင်သနည်း။ အကျွန်ုပ်တို့ကို ဖျက်ဆီးခြင်းငှါ လာသလော။ ကိုယ်တော်သည် အဘယ်သူဖြစ်သည်ကို အကျွန်ုပ်သိပါ၏၊ ဘုရားသခင်၏ သန့်ရှင်းတော်မူသောသူဖြစ်ပါသည်ဟု ကြီးသောအသံနှင့် ဟစ်ကြော်လေ၏။
35 Y Jesus le chingaró, y penó: Sonsibela, y chatucue abrí de ó. Y o bengui chibandolo al chiquen, en medio, chaló abrí de ó, y na le queró daño.
၃၅ယေရှုကလည်း၊ တိတ်ဆိတ်စွာနေလော့။ ထိုသူ၏အထဲက ထွက်သွားလော့ဟု ဆုံးမတော်မူလျှင်၊ နတ် ဆိုးသည်ထိုသူကို လူအများအလယ်၌ လှဲချ၍ ဘေးဥပဒ်မပြုဘဲ ထွက်သွား၏။
36 Y sináron os sares perelales de dal, y garlaban os yeques á os averes, penando: ¿Que buchi sinela ocona, presas sat sila y sat virtud penela á os bengues jindes, y chalan abrí.
၃၆လူအပေါင်းတို့သည် မိန်းမောတွေဝေ၍၊ ဤစကားသည် အဘယ်သို့သော စကားနည်း၊ ညစ်ညူးသော နတ်တို့ကို အာဏာတန်ခိုးနှင့် မှာထား၍ သူတို့သည် ထွက်သွားကြသည်တကားဟု အချင်းချင်းဆွေးနွေး ပြော ဆိုကြ၏။
37 Y voltisaraba o chimusolano de ó por sares os gaues e chim.
၃၇သိတင်းတော်သည်လည်း၊ ပတ်ဝန်းကျင်အရပ်တို့၌ နှံ့ပြားကျော်စောလေ၏။
38 Y chalando Jesus abrí e synagoga, chaló andré o quer de Simeón. Y a suegra de Simeón sinaba nasali de tatias barias, y le mangáron por siró.
၃၈တရားစရပ်မှ ထွက်ပြီးလျှင် ရှိမုန်အိမ်သို့ကြွတော်မူ၏။ ရှိမုန်၏ ယောက္ခမသည် ပြင်းစွာသော ဖျားနာစွဲ သည်ဖြစ်၍ သူ့အတွက်ကိုယ်တော်ကိုတောင် လျှောက်ကြ၏။
39 Y chibandose ostely acia siro, penó á la tati: y la tati le mecó. Y siró se costunó yescotria, y les servia.
၃၉ကိုယ်တော်သည် ထိုမိန်းမ၏ အနားမှာရပ်၍ ဖျားနာကိုဆုံးမတော်မူလျှင်၊ သူသည် အဖျားပျောက် သဖြင့် ချက်ခြင်းထ၍ ဧည့်သည်ဝတ်ကိုပြုလေ၏။
40 Y pur o cam se besteló, os sares sos terelaban merdés de varios merdipénes, se los lanelaban. Y ó chibando as baste emperso cada yeque de junos, os chibaba lacho.
၄၀နေဝင်သောအခါ အမျိုးမျိုးသော အနာရောဂါစွဲသောသူတို့၏ အဆွေခင်ပွန်းအပေါင်းတို့သည် ထို လူနာတို့ကို အထံတော်သို့ဆောင်ခဲ့၍၊ ကိုယ်တော်သည် ထိုလူနာအသီးသီးတို့ အပေါ်၌လက်တော်ကို တင် သဖြင့် အနာရောဂါကို ငြိမ်းစေတော်မူ၏။
41 Y chalaban os bengues abrí de butres, garlando, y penando: Tucue sinelas o chaboro de Debél: y os chingaraba, y na os mequelaba penar, que chanelaban que sinaba ó el Christo.
၄၁နတ်ဆိုးတို့လည်း၊ ကိုယ်တော်သည် ခရစ်တော်တည်းဟူသော ဘုရားသခင်၏သားတော်ဖြစ်တော်မူ ၏ဟု ဟစ်ကြော်လျက်လူများမှ ထွက်သွားကြ၏။ ကိုယ်တော်သည် ခရစ်တော်ဖြစ်ကြောင်းကို သူတို့သိကြသော ကြောင့် စကားတခွန်းကိုမျှ မပြောစေခြင်းငှါ မြစ်တားတော်မူ၏။
42 Y pur sinaba de chibes, chaló abrí somia guillarse á yeque stano desierto; y a sueti le orotaban, y chaláron disde anduque ó sinaba: y le deterelaban, somia que na se chalase de junos.
၄၂မိုဃ်းလင်းသောအခါ တောအရပ်သို့ ထွက်ကြွတော်မူ၍၊ လူအများတို့သည် ကိုယ်တော်ကိုရှာကြ၏၊ အထံတော်သို့ရောက်လျှင်၊ မိမိတို့နေရာမှ ထွက်ကြွတော် မမူမည်အကြောင်း ဆီးတားကြ၏။
43 Y les penó: A os averes fores jomte tambien que menda penelo o chim de Debél: pues somia ocono he sinado bichabado.
၄၃ကိုယ်တော်ကလည်း၊ ဘုရားသခင်၏နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို အခြားသောမြို့ရွာတို့ ၌ ငါဟောပြောရမည်။
44 Y chamuliaba andré as Synagogas de la Galiléa.
၄၄ထိုသို့အလို့ငှါ ငါ့ကိုစေလွတ်လျက်ရှိသည်ဟု မိန့်တော်မူ၍၊ ဂါလိလဲပြည်မှာ တရားစရပ်တို့၌ တရား ဟောပြောလျက်နေတော်မူ၏။

< Lucas 4 >