Aionian Verses

Genesis 37:35 (ကမ္ဘာ​ဦး ၃၇:၃၅)
(parallel missing)
သားသမီးအပေါင်းတို့သည်၊ အဘကို နှစ်သိမ့် စေခြင်းငှါ ကြိုးစားသော်လည်း၊ သူသည် နှစ်သိမ့်စေသော စကားကို နားမထောင်ဘဲ၊ ငါ့သားရှိရာ မရဏာနိုင်ငံသို့ စိတ်မသာညည်းတွားလျက် ဆင်းသက်တော့မည်ဟု ဆိုလေ၏။ ထိုသို့ယောသပ်အဘသည် သားကြောင့် ငိုကြွေးမြည်တမ်းလျက် နေလေ၏။ (Sheol h7585)
Genesis 42:38 (ကမ္ဘာ​ဦး ၄၂:၃၈)
(parallel missing)
အဘကလည်း၊ သင်တို့နှင့်အတူ ငါ့သားမသွား ရ။ သူ၏အစ်ကိုသေပြီ။ သူသည် တယောက်တည်း ကျန် ရစ်၏။ သင်တို့သွားရာလမ်းခရီးတွင် သူ၌ ဘေးရောက် လျှင်၊သင်တို့သည် ငါ့ဆံပင်ဖြူကို ဝမ်းနည်းခြင်းနှင့်တကွ မရဏာနိုင်ငံသို့ သက်ရောက်စေကြလိမ့်မည်ဟု ဆိုလေ ၏။ (Sheol h7585)
Genesis 44:29 (ကမ္ဘာ​ဦး ၄၄:၂၉)
(parallel missing)
ဤသူကိုလည်း ငါ့ထံမှယူသွား၍ သူ၌ဘေး ရောက်လျှင်၊ သင်တို့သည် ငါ့ဆံပင်ဖြူကို ဝမ်းနည်းခြင်း နှင့်တကွ မရဏာနိုင်ငံသို့ သက်ရောက်စေကြလိမ့်မည်ဟု ကျွန်တော်တို့အား ဆိုပါ၏။ (Sheol h7585)
Genesis 44:31 (ကမ္ဘာ​ဦး ၄၄:၃၁)
(parallel missing)
သူငယ်မရှိသည်ကို မြင်သောအခါ အဘသေပါလိမ့်မည်။ ကိုယ်တော်ကျွန်တော်တို့သည်၊ ကိုယ်တော်ကျွန်တည်းဟူသော ကျွန်တော်တို့အဘ ဆံပင်ဖြူကို ဝမ်းနည်းခြင်းနှင့်တကွ မရဏာနိုင်ငံသို့ သက်ရောက်စေကြပါ လိမ့်မည်။ (Sheol h7585)
Numbers 16:30 (တောလည်ရာ ၁၆:၃၀)
(parallel missing)
သို့မဟုတ် ထာဝရဘုရားသည် အသစ်ဖန်ဆင်း တော်မူသဖြင့်၊ မြေကြီးကွဲပွင့်လျက် ဤလူတို့ကို၎င်း၊ သူတို့ နှင့်ဆိုင်သမျှကို၎င်း မျို၍၊ သူတို့သည် အသက်ရှင်လျက် သေမင်းနိုင်ငံသို့ ဆင်းသွားလျှင်၊ ထာဝရဘုရား၌ ပြစ်မှား ကြောင်းကို သင်တို့သည် သိနားလည်ကြရလိမ့်မည်ဟု၊ (Sheol h7585)
Numbers 16:33 (တောလည်ရာ ၁၆:၃၃)
(parallel missing)
ထိုသူတို့သည် ကိုယ်တိုင်မှစ၍၊ ဆိုင်သမျှသော သူတို့နှင့်တကွ၊ အသက်ရှင်လျက် သေမင်းနိုင်ငံသို့ ဆင်း သက်၍၊ သူတို့အပေါ်မှာ မြေစေ့ပြန်သဖြင့်၊ သူတို့သည် ပရိသတ်မှ ပယ်ရှင်းခြင်းကို ခံရကြ၏။ (Sheol h7585)
Deuteronomy 32:22 (တရားဟောရာ ၃၂:၂၂)
(parallel missing)
ငါသည် အမျက်ထွက်၍ မီးရှို့သဖြင့်၊ အနက်ဆုံး သောမရဏာနိုင်ငံသို့ လောင်လိမ့်မည်။ မြေနှင့်မြေအသီး အနှံကို ကျွမ်းစေ၍ တောင်ခြေရင်းတိုင်အောင် လောင် လိမ့်မည်။ (Sheol h7585)
1 Samuel 2:6 (၁ ဓမ္မရာဇဝင် ၂:၆)
(parallel missing)
ထာဝရဘုရားသည် သေစေသော အခွင့်၊ အသက်ရှင်စေသောအခွင့်၊ မရဏာနိုင်ငံသို့ နှိမ့်ချသောအခွင့်၊ ထမြောက်စေသောအခွင့် ရှိတော်မူ၏။ (Sheol h7585)
2 Samuel 22:6 (၂ ဓမ္မရာဇဝင် ၂၂:၆)
(parallel missing)
မရဏာနိုင်ငံ၏ ကြိုးတို့သည် ဝိုင်း၍ သေမင်း၏ ကျော့ကွင်းသည် ငါ့ကို ကျော့မိလျက် ရှိ၏။ (Sheol h7585)
1 Kings 2:6 (၃ ဓမ္မရာဇဝင် ၂:၆)
(parallel missing)
သင်၌ပညာရှိသည်အတိုင်း စီရင်လျက်၊ ဆံပင် ဖြူသော ထိုသူ၏ဦးခေါင်းကို မရဏာနိုင်ငံသို့ ငြိမ်ဝပ်စွာ မဆင်းစေနှင့်။ (Sheol h7585)
1 Kings 2:9 (၃ ဓမ္မရာဇဝင် ၂:၉)
(parallel missing)
ထိုသူကို အပြစ်မရှိသော သူကဲ့သို့မမှတ်ရဘဲ၊ သင်သည် လိမ္မာသော သူဖြစ်၍ သူ၌အဘယ်သို့ စီရင် သင့်သည်ကို သိသည်နှင့်အညီ၊ ဆံပင်ဖြူသော ထိုသူ၏ ခေါင်းကို အသေသတ်ခြင်းအားဖြင့် မရဏာနိုင်ငံသို့ ဆင်းစေလော့ဟု မှာထားတော်မူပြီးမှ၊ (Sheol h7585)
Job 7:9 (ယောဘ ၇:၉)
(parallel missing)
မိုဃ်းတိမ်သည် ပြယ်ပျောက်ကွယ်လွင့် သကဲ့သို့၊ သင်္ချိုင်းတွင်းထဲသို့ ဆင်းသောသူသည် နောက်တဖန် မတက်ရ။ (Sheol h7585)
Job 11:8 (ယောဘ ၁၁:၈)
(parallel missing)
မိုဃ်းကောင်းကင်ကိုမှီသည်ဖြစ်၍ သင်သည်အဘယ်သို့ပြုနိုင်သနည်း။ မရဏာနိုင်ငံထက် နက်သည် ဖြစ်၍ သင်သည်အဘယ်သို့ သိနိုင်သနည်း။ (Sheol h7585)
Job 14:13 (ယောဘ ၁၄:၁၃)
(parallel missing)
ကိုယ်တော်သည် အကျွန်ုပ်ကို သင်္ချိုင်းတွင်း၌ ဝှက်ထားတော်မူပါစေ။ အမျက်တော်မလွန်မှီတိုင်အောင် ကွယ်ကာတော်မူပါစေ။ အကျွန်ုပ် ကိုအောက်မေ့စရာ အချိန်ကို ချိန်းချက်တော်မူပါစေ။ (Sheol h7585)
Job 17:13 (ယောဘ ၁၇:၁၃)
(parallel missing)
သင်္ချိုင်းသည် ငါ့နေရာဖြစ်သည်ကို ငါမြော်လင့် ၏။ ငါ့အိပ်ရာသည် မှောင်မိုက်၌ ခင်းလျက်ရှိ၏။ (Sheol h7585)
Job 17:16 (ယောဘ ၁၇:၁၆)
(parallel missing)
ထိုအကြောင်းသည် မရဏနိုင်ငံအထဲသို့ဝင်၍၊ ငါနှင့်အတူ မြေမှုန့်၌ နှိမ့်ချလျက်နေရမည်ဟု မြွက်ဆို၏။ (Sheol h7585)
Job 21:13 (ယောဘ ၂၁:၁၃)
(parallel missing)
ပျော်မွေ့လျက် အသက်ကာလကို လွန်စေ၍၊ ချက်ခြင်းသေမင်းနိုင်ငံသို့ ဆင်းသက်တတ်ကြ၏။ (Sheol h7585)
Job 24:19 (ယောဘ ၂၄:၁၉)
(parallel missing)
မိုဃ်းရေသည် ခန်းခြောက်ခြင်းအားဖြင့်၎င်း၊ နေပူအရှိန်အားဖြင့်၎င်း၊ ကွယ်ပျောက်တတ်သကဲ့သို့၊ မတရားသောသူသည် သေမင်းနိုင်ငံ၌ ကွယ်ပျောက်တတ် ၏။ (Sheol h7585)
Job 26:6 (ယောဘ ၂၆:၆)
(parallel missing)
မရဏနိုင်ငံသည် ရှေ့တော်၌ လှန်လျက်ရှိ၏။ အဗဒ္ဒုန်နိုင်ငံကို ဖုံးအုပ်ခြင်းမရှိရာ။ (Sheol h7585)
Psalms 6:5 (ဆာလံ ၆:၅)
(parallel missing)
အကြောင်းမူကား၊ သေလျက်နေစဉ်တွင် ကိုယ် တော်ကို အောက်မေ့ခြင်းမရှိပါ။ မရဏနိုင်ငံတွင် ကျေးဇူး တော်ကို အဘယ်သူချီးမွမ်းပါမည်နည်း။ (Sheol h7585)
Psalms 9:17 (ဆာလံ ၉:၁၇)
(parallel missing)
မတရားသောသူတို့နှင့် ဘုရားသခင်ကို မေ့ လျော့သော အမျိုးသားအပေါင်းတို့သည် မရဏာနိုင်ငံသို့ နှင်ခြင်းကို ခံရကြလိမ့်မည်။ (Sheol h7585)
Psalms 16:10 (ဆာလံ ၁၆:၁၀)
(parallel missing)
အကြောင်းမူကား၊ ကိုယ်တော်သည် အကျွန်ုပ်၏ ဝိညာဉ်ကို မရဏာနိုင်ငံ၌ ပစ်ထားတော်မမူ။ ကိုယ်တော်၏ သန့်ရှင်းသော သူအားလည်း ပုပ်စပ်ခြင်းကို ရှိစေတော် မမူဘဲလျက်၊ (Sheol h7585)
Psalms 18:5 (ဆာလံ ၁၈:၅)
(parallel missing)
မရဏာနိုင်ငံ၏ ကြိုးတို့သည်ဝိုင်း၍၊ သေမင်း၏ ကျော့ကွင်းသည် ငါ့ကိုကျော့မိလျက် ရှိ၏။ (Sheol h7585)
Psalms 30:3 (ဆာလံ ၃၀:၃)
(parallel missing)
အိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်၏ ဝိညာဉ်ကို မရဏာနိုင်ငံထဲက နှုတ်ယူတော်မူပြီ။ သင်္ချိုင်း တွင်းထဲသို့ မဆင်းစေဘဲ၊ အကျွန်ုပ်ကို အသက်ချမ်းသာ ပေးတော်မူပြီ။ (Sheol h7585)
Psalms 31:17 (ဆာလံ ၃၁:၁၇)
(parallel missing)
အိုထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်ကို ဆုတောင်းပဌနာပြုပါသည်ဖြစ်၍၊ ရှက်ကြောက်ခြင်းမရှိ ပါစေနှင့်။ လူဆိုးတို့မူကား၊ အရှက်ကွဲလျက်မရဏာနိုင်ငံ၌ တိတ်ဆိတ်စွာနေကြပါစေသော။ (Sheol h7585)
Psalms 49:14 (ဆာလံ ၄၉:၁၄)
(parallel missing)
ထိုသူတို့ကို သိုးများကဲ့သို့ မရဏာနိုင်ငံ၌ ချထား ၍ သေမင်းစားလိမ့်မည်။ ကာလမကြာမမြင့်မှီ ဖြောင့် မတ်သောသူတို့သည် အုပ်စိုးရကြလိမ့်မည်။ သူတို့၏ ကိုယ်ခန္ဓာသည် ဖောက်ပြန်ဘို့ရာဖြစ်၏။ မရဏာနိုင်ငံ သည် သူတို့၏နေရာဖြစ်၏။ (Sheol h7585)
Psalms 49:15 (ဆာလံ ၄၉:၁၅)
(parallel missing)
ငါ့ကိုမူကား၊ ဘုရားသခင်သိမ်းယူတော်မူသော ကြောင့်၊ ငါ၏ဝိညာဉ်ကို မရဏာနိုင်ငံ၏ တန်ခိုးမှ ရွေးတော်မူမည်။ (Sheol h7585)
Psalms 55:15 (ဆာလံ ၅၅:၁၅)
(parallel missing)
သူတို့ကို သေမင်းဘမ်းဆီးပါစေ။ အသက်ရှင် လျက် မရဏာနိုင်ငံသို့ဆင်းသက်ကြပါစေ။ အကြောင်းမူ ကား၊ ဒုစရိုက်တို့သည် သူတို့နေရာတွင် သူတို့အထဲ၌ရှိကြ ၏။ (Sheol h7585)
Psalms 86:13 (ဆာလံ ၈၆:၁၃)
(parallel missing)
အကျွန်ုပ်ခံရသော ကရုဏာတော်ကြီးလှပါ၏။ အကျွန်ုပ်၏ ဝိညာဉ်ကို မရဏနိုင်ငံ အောက်အရပ်ထဲက ကယ်နှုတ်တော်မူပြီ။ (Sheol h7585)
Psalms 88:3 (ဆာလံ ၈၈:၃)
(parallel missing)
အကျွန်ုပ်၏ ဝိညာဉ်သည် ဒုက္ခနှင့်ပြည့်၍၊ အသက်သည်လည်း မရဏနိုင်ငံအနီးသို့ ရောက်ပါပြီ။ (Sheol h7585)
Psalms 89:48 (ဆာလံ ၈၉:၄၈)
(parallel missing)
သေခြင်းသို့မရောက်၊ အသက်ရှင်၍ မိမိဝိညာဉ် ကို မရဏနိုင်ငံတန်ခိုးမှ ကယ်နှုတ်နိုင်သော သူကား အဘယ်သူနည်း။ (Sheol h7585)
Psalms 116:3 (ဆာလံ ၁၁၆:၃)
(parallel missing)
သေခြင်းကြိုးတို့သည် ငါ့ကိုဝိုင်း၍ မရဏနိုင်ငံ ဘေးတို့သည် ငါ့ကို ဘမ်းမိသဖြင့်၊ ဆင်းရဲဒုက္ခဝေဒနာနှင့် ငါတွေ့ကြုံရ၏။ (Sheol h7585)
Psalms 139:8 (ဆာလံ ၁၃၉:၈)
(parallel missing)
ကောင်းကင်သို့တက်လျှင် ကိုယ်တော်ရှိတော်မူ ၏။ မရဏနိုင်ငံ၌ အိပ်ရာကိုခင်းလျှင် ကိုယ်တော်ရှိတော် မူ၏။ (Sheol h7585)
Psalms 141:7 (ဆာလံ ၁၄၁:၇)
(parallel missing)
မြေပေါ်မှာထင်းကိုခုတ်၍ခွဲသကဲ့သို့၊ မရဏာ နိုင်ငံတံခါးဝမှာ အကျွန်ုပ်တို့၏ အရိုးများတို့သည် ကွဲပြား လျက်ရှိကြပါ၏။ (Sheol h7585)
Proverbs 1:12 (သုတ္တံကျမ်း ၁:၁၂)
(parallel missing)
သင်္ချိုင်းတွင်းသို့ဆင်းသော သူတို့ကဲ့သို့ တကိုယ်လုံးပါလျက်၊ အသက်ရှင်လျက်ရှိသော ထိုသူတို့ကို မရဏာ နိုင်ငံမျိုသကဲ့သို့ မျိုကြစို့။ (Sheol h7585)
Proverbs 5:5 (သုတ္တံကျမ်း ၅:၅)
(parallel missing)
သူ၏ခြေတို့သည် သေခြင်းသို့ဆင်း၍၊ သူသွား ရာလမ်းသည် မရဏာနိုင်ငံသို့ ရောက်တတ်၏။ (Sheol h7585)
Proverbs 7:27 (သုတ္တံကျမ်း ၇:၂၇)
(parallel missing)
သူ၏အိမ်သည် သေမင်း၏ဘုံဗိမာန်သို့ဆင်း၍၊ မရဏနိုင်ငံသို့ ရောက်သောလမ်းဖြစ်၏။ (Sheol h7585)
Proverbs 9:18 (သုတ္တံကျမ်း ၉:၁၈)
(parallel missing)
ထိုအရပ်၌ သင်္ချိုင်းသားရှိကြောင်း၊ ထိုမိန်းမ၏ ဧည့်သည်တို့သည် မရဏနိုင်ငံအနက်ဆုံး၌နေကြောင်း ကို ထိုယောက်ျားသည်မသိမမှတ်။ (Sheol h7585)
Proverbs 15:11 (သုတ္တံကျမ်း ၁၅:၁၁)
(parallel missing)
မရဏာနိုင်ငံနှင့်အဗဒ္ဒုန်နိုင်ငံသည် ထာဝရ ဘုရားရှေ့တော်၌ ထင်ရှား၏။ ထိုမျှမက၊ လူသားတို့၏ နှလုံးသည် သာ၍ထင်ရှား၏။ (Sheol h7585)
Proverbs 15:24 (သုတ္တံကျမ်း ၁၅:၂၄)
(parallel missing)
ပညာရှိသော သူလိုက်ရာ အသက်လမ်းသည် အောက်အရပ်၊ မရဏာနိုင်ငံမှ လွှဲရှောင်၍၊ အထက်သို့ ပို့ဆောင်တတ်၏။ (Sheol h7585)
Proverbs 23:14 (သုတ္တံကျမ်း ၂၃:၁၄)
(parallel missing)
ကြိမ်လုံးနှင့်ရိုက်၍ သူ၏အသက်ဝိညာဉ်ကို မရဏနိုင်ငံမှ ကယ်နှုတ်ရမည်။ (Sheol h7585)
Proverbs 27:20 (သုတ္တံကျမ်း ၂၇:၂၀)
(parallel missing)
မရဏာနိုင်ငံနှင့် အဗဒ္ဒုန်နိုင်ငံသည် အလိုမပြည့် စုံသကဲ့သို့၊ လူတို့မျက်စိသည် အလိုမပြည့်စုံတတ်။ (Sheol h7585)
Proverbs 30:16 (သုတ္တံကျမ်း ၃၀:၁၆)
(parallel missing)
သင်္ချိုင်းတပါး၊ မြုံသောမိန်းမဝမ်းတပါး၊ ရေမဝ နိုင်သောမြေတပါး၊ တန်တော့ဟု မဆိုတတ်သော မီးတပါးတည်း။ (Sheol h7585)
Ecclesiastes 9:10 (ဒေသနာ ၉:၁၀)
(parallel missing)
ဆောင်ရွက်စရာအမှုရှိသမျှကို ကြိုးစားအား ထုတ်၍ ဆောင်ရွက်လော့။ အကြောင်းမူကား၊ သင်ယခု သွား၍ ရောက်ရလတံ့သောအရပ် တည်းဟူသောမရဏ နိုင်ငံ လုပ်ဆောင်ခြင်းမရှိ။ ကြံစည်ခြင်းမရှိ။ သိပ္ပံအတတ် မရှိ။ ပညာမရှိပါတကား။ (Sheol h7585)
Song of Solomon 8:6 (ရှောလမုန်သီချင်း ၈:၆)
(parallel missing)
ကျွန်မကို ကိုယ်တော်၏နှလုံးပေါ်မှာ တံဆိပ် ခတ်တော်မူပါ။ လက်ရုံးတော်ပေါ်မှာ တံဆိပ်ခတ်တော် မူပါ။ အကြောင်းမူကား၊ မေတ္တာသည် သေခြင်းနှင့်အမျှ တန်ခိုးကြီးပါ၏။ ခင်ပွန်းကို မယုံသော စိတ်သဘောသည် မရဏနိုင်ငံနှင့်အမျှ ခက်ထန်ပါ၏။ သူ၏အရှိန်သည် မီးအရှိန်၊ လျှပ်စစ်အရှိန်ဖြစ်ပါ၏။ (Sheol h7585)
Isaiah 5:14 (ဟေရှာယ ၅:၁၄)
(parallel missing)
ထိုကြောင့်၊ မရဏာနိုင်ငံသည် မိမိလောဘကို ကျယ်စေ၍ မိမိပစပ်ကိုအတိုင်းအရှည်မရှိဘဲ ဖွင့်ဟ သဖြင့်၊ သူတို့၏ ဂုဏ်အသရေအလုံးအရင်း၊ အသံဗလံပြု ခြင်း၊ ရွှင်လန်းခြင်းတို့သည် ဆင်းမြုပ်ရကြ၏။ (Sheol h7585)
Isaiah 7:11 (ဟေရှာယ ၇:၁၁)
(parallel missing)
နက်သောအရပ်၌ဖြစ်စေ၊ မြင့်သောအထက် အရပ်၌ဖြစ်စေ၊ တောင်းပန်လော့ဟု အာခတ်မင်းကို မိန့်တော်မူလျှင်၊ (Sheol h7585)
Isaiah 14:9 (ဟေရှာယ ၁၄:၉)
(parallel missing)
သင်သည် ရောက်လာသောအခါ၊ အောက်အ ရပ် မရဏာနိုင်ငံသည် ကြိုဆိုအံ့သောငှါ လှုပ်လေ၏။ သင်္ချိုင်းသားများနှင့် လောကီမင်းများအပေါင်းတို့ကို သင့်အတွက်ကြောင့် နှိုးဆော်လေ၏။ အတိုင်းတိုင်း အပြည်ပြည်သော ရှင်ဘုရင် အပေါင်းတို့ကို ရာဇပလ္လင် တို့မှ ထစေ၏။ (Sheol h7585)
Isaiah 14:11 (ဟေရှာယ ၁၄:၁၁)
(parallel missing)
သင်၏ ဘုန်းအသရေနှင့် သင်၏ တုရိယာမျိုး အသံဗလံတို့ကို မရဏနိုင်ငံတွင် ရှုတ်ချလေပြီတကား။ သင့်အောက်၌ ပိုးကောင်များကို ခင်းလျက်၊ သင့်အပေါ်၌ တီကောင်များကို ခြုံလျက်ရှိပါသည်တကားဟု သင့်ကို နှုတ်ဆက်၍ ပြောဆိုကြလိမ့်မည်။ (Sheol h7585)
Isaiah 14:15 (ဟေရှာယ ၁၄:၁၅)
(parallel missing)
သို့သော်လည်း၊ သင်သည်မရဏနိုင်ငံ၊ သင်္ချိုင်း တွင်းထဲသို့ နှိမ့်ချခြင်းကို ခံရလေပြီ။ (Sheol h7585)
Isaiah 28:15 (ဟေရှာယ ၂၈:၁၅)
(parallel missing)
သင်တို့က၊ ငါတို့သည် သေမင်းနှင့် မိဿဟာယ ဖွဲ့ကြပြီ။ မရဏာနိုင်ငံနှင့် အကျွမ်းဝင်ကြပြီ။ လွှမ်းမိုးသော ဘေးသည် ချင်းနင်းသောအခါ၊ ငါတို့ရှိရာသို့ မရောက်ရ။ ငါတို့သည် မုသာကိုကိုးစားကြ၏။ လှည့်စားခြင်းအောက် ၌ ပုန်းကွယ်၍ နေကြ၏ဟုဆိုတတ်သောကြောင့်၊ (Sheol h7585)
Isaiah 28:18 (ဟေရှာယ ၂၈:၁၈)
(parallel missing)
သင်တို့သည် သေမင်းနှင့်ဖွဲ့သော မိဿဟာယ ပျက်လိမ့်မည်။ မရဏာနိုင်ငံနှင့် အကျွမ်းဝင်ခြင်းသည် အထမမြောက်ရ။ လွှမ်းမိုးသောဘေးသည် ချင်းနင်းသော အခါ၊ သင်တို့ကိုလည်း ကျော်နင်းလိမ့်မည်။ (Sheol h7585)
Isaiah 38:10 (ဟေရှာယ ၃၈:၁၀)
(parallel missing)
ငါသည် ငြိမ်သက်စွာ နေစဉ်အခါ၊ မရဏာနိုင်ငံ တံခါးသို့ ဝင်ရပါသည်တကား။ ငါ၌ ကြွင်းသော နှစ်များ ကို ငါ ရှုံးပြီဟု ငါဆိုသတည်း။ (Sheol h7585)
Isaiah 38:18 (ဟေရှာယ ၃၈:၁၈)
(parallel missing)
အကယ်စင်စစ် မရဏာနိုင်ငံသည် ဂုဏ်တော်ကို မချီးမွမ်းရပါ။ သေနေသော သူသည် ဂုဏ်တော်ကို ထောမနာသီချင်းမဆိုရပါ။ တွင်းထဲသို့ ဆင်းသော သူသည် သစ္စာတော်ကို မမြော်လင့်ရပါ။ (Sheol h7585)
Isaiah 57:9 (ဟေရှာယ ၅၇:၉)
(parallel missing)
ဆီမွှေးပါလျက်၊ ရှင်ဘုရင့်ထံသို့သွားပြီ။ နံ့သာ မျိုးများကို သုံးပြီ။ တမန်တို့ကို ဝေးသော အရပ်သို့ စေလွှတ်၍၊ မရဏာနိုင်ငံတိုင်အောင် မိမိကိုမိမိ နှိမ့်ချပြီ။ (Sheol h7585)
Ezekiel 31:15 (ယေဇကျေလ ၃၁:၁၅)
(parallel missing)
အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သူသည် မရဏာနိုင်ငံထဲသို့ ဆင်းသွားသောနေ့၌ နက်နဲ သောအရပ်ကို သူ့အဘို့မသာ အဝတ်နှင့် ငါဖုံးလွှမ်း၏။ လှိုင်းတံပိုးတို့ကို ငါကန့်ကွက်၍ ကြီးစွားသော ရေကို ချုပ်ထား၏။ လေဗနန်တောင်ကို သူ့အဘို့ မသာအဝတ် ကို ဝတ်စေ၍၊ တောသစ်ပင်အပေါင်းတို့သည် စိတ်ပျက် ကြ၏။ (Sheol h7585)
Ezekiel 31:16 (ယေဇကျေလ ၃၁:၁၆)
(parallel missing)
မြေတွင်းထဲသို့ ဆင်းသွားသောသူတို့နှင့်အတူ သူ့ကို မရဏနိုင်ငံထဲသို့ ငါနှိမ့်ချသောအခါ၊ နှိမ့်ချသံ အားဖြင့် လူအမျိုးမျိုးတို့ကို ငါတုန်လှုပ်စေ၏။ ဧဒင် သစ်ပင်ရှိသမျှတို့နှင့် အကောင်းဆုံး။ အမြတ်ဆုံးသော လေဗနန်သစ်ပင်မှစ၍၊ ရေကိုသောက်သမျှသော သစ်ပင်တို့သည် မြေအောက်အရပ်တို့၌ သက်သာခြင်းသို့ ရောက်ကြ၏။ (Sheol h7585)
Ezekiel 31:17 (ယေဇကျေလ ၃၁:၁၇)
(parallel missing)
ထိုသူနှင့်တကွ သူ့လက်ရုံဖြစ်၍၊ လူမျိုးတို့တွင် သူ့အရိပ်ကို ခိုသောသူတို့သည် ထားဖြင့် အသေခံရသော သူတို့ နေရာ၊ မရဏာနိုင်ငံထဲသို့ လိုက်သွားကြ၏။ (Sheol h7585)
Ezekiel 32:21 (ယေဇကျေလ ၃၂:၂၁)
(parallel missing)
ခွန်အားအကြီးဆုံးသော သူရဲတို့သည် မရဏာ နိုင်ငံထဲက သူနှင့် သူ၏အခြံအရံတို့ကို နှုတ်ဆက်ကြလိမ့် မည်။ သူတို့သည်လည်း ဆင်းသွားကြပြီ။ ထားနှင့်သေ၍၊ အရေဖျားလှီးခြင်းမခံသော အဖြစ်၌လဲနေလျက် ရှိကြ၏။ (Sheol h7585)
Ezekiel 32:27 (ယေဇကျေလ ၃၂:၂၇)
(parallel missing)
သူတို့သည် ရှေးကာလ၌ လဲ၍သေသော၊ အရေ ဖျားလှီးခြင်းကို မခံသော လူကြီးတို့နှင့်အတူ အိပ်၍ နေရကြလိမ့်မည်မဟုတ်လော။ ထိုလူကြီးတို့သည် အသက်ရှင်သောသူတို့၏ နေရာ၌ လူကြီးတို့ကို ကြောက် သေတတ်သော်လည်း၊ စစ်တိုက်လက်နက်ပါလျက် မရဏာနိုင်ငံထဲသို့ဆင်းသွား၍၊ မိမိထားကို မိမိ ခေါင်းအောက်မှာ ထားလျက်၊ မိမိတို့အရိုးပေါ်မှာ မိမိတို့ အပြစ်တည်လျက် ရှိကြ၏။ (Sheol h7585)
Hosea 13:14 (ဟောရှေ ၁၃:၁၄)
(parallel missing)
သူတို့ကို မရဏာနိုင်ငံတန်ခိုးမှ ငါကယ်လွှတ် မည်။ သေမင်းလက်မှလည်း ရွေးမည်။ အိုသေမင်း၊ သင့် ကို ကာလနာ စွဲစေမည်။ အိုမရဏာနိုင်ငံ၊ သင်၌ ဖျက်ဆီး သောဘေးကို ရောက်စေမည်။ နောင်တရမည်အကြောင်း ကို ပမာဏမပြု။ (Sheol h7585)
Amos 9:2 (အာမုတ် ၉:၂)
(parallel missing)
မရဏာနိုင်ငံတိုင်အောင် တွင်းတူးသော်လည်း ငါနှုတ်ယူမည်။ မိုဃ်းကောင်းကင်သို့ တက်သော်လည်း ငါချမည်။ (Sheol h7585)
Jonah 2:2 (ယောန ၂:၂)
(parallel missing)
ငါသည် ဒုက္ခဆင်းရဲကို ခံရသောကြောင့်၊ ထာဝရ ဘုရားကို ဟစ်ခေါ်၍ ငါ့စကားကို ကြားတော်မူ၏။ မရ ဏာနိုင်ငံ၏ဝမ်းထဲက ဟစ်ခေါ်သော စကားသံကို နား ထောင်တော်မူ၏။ (Sheol h7585)
Habakkuk 2:5 (ဟဗက္ကုတ် ၂:၅)
(parallel missing)
ထိုမှတပါး၊ စပျစ်ရည်နှင့်ပျော်မွေ့သော သူသည် သစ္စာပျက်တတ်၏။ မာနထောင်လွှားသောသူသည် ကိုယ် နေရာ၌မနေနိုင်ဘဲ၊ မိမိလောဘကို မရဏာနိုင်ငံကဲ့သို့ ကျယ်စေလျက်၊ သေမင်းကဲ့သို့ မပြေနိုင်သော စိတ်ရှိ လျက်၊ တိုင်းသူနိုင်ငံသား အမျိုးမျိုးအပေါင်းတို့ကို မိမိထံ သို့ ဆွဲငင်၍ စုဝေးစေ၏။ (Sheol h7585)
Ki kitan'ĭstopuau annŏk' ksĭstapĭstsĭm'iuōk ox'okoă ai'akesetsĭmaie okŏk'itsĭmani; ki annŏk' ak'anĭstsiuŏk ox'okoa Raca, aiakesetsimaie okok'itsĭmani: ki annŏk' ak'anĭstsiuŏk, kĭtŭt'tsapsi, ai'akesetsĭmaie Gihenni ots'tsiĭmiaie. (Geenna g1067)
ငါပညတ်သည်ကား၊ ညီအစ်ကိုကို အထောက်မတန် အမျက်ထွက်သောသူသည် ရုံး၌အပြစ်စီရင်ခြင်း ကို ခံထိုက်ပေ၏။ ညီအစ်ကိုကို ကဲ့ရဲ့သောသူသည် လွှတ်တော်၌အပြစ်စီရင်ခြင်းကို ခံထိုက်ပေ၏။ ညီအစ်ကိုကို ကျိန်ဆဲသောသူသည် ဂေဟင်္နာအရပ်၌ မီးရှို့ခြင်းကို ခံထိုက်ပေ၏။ (Geenna g1067)
Kinet'oopspi itsuyĭsseeniki, sauau'tos ki mĭs'tŭpapiksĭstsĭs: ŏkh'siu tŭks'kŭma mŏk'saiĭnakuaiĭssi koŏpspi, ŏkstaiĭs'tupapiksĭs kostŭm Gehenna. (Geenna g1067)
ထိုကြောင့် လက်ျာမျက်စိဖြစ်သော်လည်း သင့်ကိုမှားယွင်းစေလျှင် ထိုမျက်စိကိုထုတ်ပစ်လော့။ တကိုယ်လုံး ငရဲသို့ချခြင်းကို ခံရသည်ထက် အင်္ဂါတခုပျက်သော် သာ၍ကောင်း၏။ (Geenna g1067)
Kinet'otsĭs itsuyĭsse'eniki kawksĭnnĭt', ki mĭs'tŭpapĭxit: ŏkh'siu tuks'kaii kotsĭs'i mŏk'saiĭnakuaiĭssi, ŏkstaiĭs'tŭpapiksĭs kostŭm Gehenna. (Geenna g1067)
ထိုနည်းတူ လက်ျာလက်ဖြစ်သော်လည်း သင့်ကိုမှားယွင်းစေလျှင် ထိုလက်ကိုဖြတ်ပစ်လော့။ တကိုယ်လုံး ငရဲသို့ချခြင်းကို ခံရသည်ထက် အင်္ဂါတခုသာ ပျက်သော်သာ၍ကောင်း၏။ (Geenna g1067)
Ki pinstŭn'nokau anniks'ĭsk akenitomixk mostŭm', ki sta'aw matokotsenĭtsiau'ats: stŭn'nok annŏk' i kots'enĭts iuŏkax mostŭm' ki staaw stakhts'im. (Geenna g1067)
တနည်းကား၊ ကိုယ်ခန္ဓာကိုသာ သတ်၍ စိတ်ဝိညာဉ်ကို မသတ်နိုင်သော သူတို့ကို မကြောက်ကြနှင့်။ ကိုယ်ခန္ဓာနှင့်စိတ်ဝိညာဉ်ကို ငရဲ၌ ဖျက်ဆီးနိုင်သောသူကိုသာ၍ ကြောက်ကြလော့။ (Geenna g1067)
Ki ksĕsto'a Capernaum, kitspĭn'noko spots'im, hades kitaks'ĭnnĭssimoko; omŭk'apotŭksĭsts kitakap'ioyim itap'ĭstutsipiau ittsipstsapistutŭkkiopiau Sodom, ĭs'taisakiaitaitsiopi. (Hadēs g86)
အိုကပေရနောင်မြို့၊ သင်သည် မိုဃ်းကောင်းကင်တိုင်အောင် မြှောက်စားခြင်းကိုခံရသော်လည်း၊ မရဏာနိုင်ငံတိုင်အောင် နှိမ့်ချခြင်းကိုခံရလတံ့။ အကြောင်းမူကား၊ သင်၌ပြသောတန်ခိုးကို သောဒုံမြို့၌ ပြုဘူး လျှင်၊ ထိုမြို့သည် ယခုတိုင်အောင်တည်ရာ၏။ (Hadēs g86)
Annŏk' itŭp'sauokŏmotsepuyiuŏk Nĭn'au Okku'i ak'itsksĭnoau, ki annŏk' itŭpsauokŏmotsepuyiuŏk Atsĭm'iStaaw mat'akitsksĭnoau'ats annom' ksŏk'kum ki aie'nĭssi otsĭs'tŭpipuitappiisĭnni, mat'akitsksĭnoauats. (aiōn g165)
လူသားကို နှုတ်ဖြင့်ပြစ်မှားသောသူ၏အပြစ်ကိုလည်း လွှတ်နိုင်၏။ သန့်ရှင်းသောဝိညာဉ်တော်ကို နှုတ်ဖြင့် ပြစ်မှားသောသူ၏အပြစ်ကို ယခုဘဝနောင်ဘဝ၌ မလွှတ်နိုင်။ (aiōn g165)
Annŏk' mat'sĭmŏk ĭstsŭpipum'ani ksĭssi'ix, ai'okhtsĭmiu atsĭm'epoawsin; ki annok' pai'tappiisĭnni ĭstap'aitsitani, ki spŭkĭs'sists ito'satstomiauaie atsĭm'epoawsĭnni, ki matsinasiu'ats. (aiōn g165)
ဆူးပင်တို့တွင် အစေ့ကိုကြဲခြင်းအကြောင်းအရာကား တရားစကားကိုကြား၍လောကီအမှု၌ စိုးရိမ်ခြင်း နှင့် စည်းစိမ်ဥစ္စာ၏လှည့်စားခြင်းသည် တရားစကားကို လွှမ်းမိုးညှဉ်းဆဲတတ်သောကြောင့် အသီးမသီးနိုင်ဟု ဆိုလိုသတည်း။ (aiōn g165)
Katum'a annŏk' ai'sŭppipumattomĕsts, Sauum'itsitappiuă itamiu; pokiak'sĭnni ksŏkkum aiksiuo'si; ki aipo'kiakix, atsĭm'otokatatsĭsau, (aiōn g165)
တောမျိုးစေ့ကိုကြဲသောရန်သူကား မာရ်နတ်ဖြစ်၏။ စပါးရိတ်သောကာလကား ဤကမ္ဘာကုန်သော ကာလဖြစ်၏။ စပါးရိတ်သောသူကား ကောင်းကင်တမန်ဖြစ်၏။ (aiōn g165)
Manĭsts'aumoipitŭkkipiau makap'ĭnsĭmmanĭsts ki manĭstse'tsĭnĭtspiau; ak'ŭnĭststsiu aiksiuo'si annom' ksŏk'kum. (aiōn g165)
တောပင်တို့ကိုရွေးနှုတ်၍ မီးရှို့သကဲ့သို့ ဤကမ္ဘာအဆုံး၌ဖြစ်လတံ့။ (aiōn g165)
Ak'otŭmanĭstsiu aiksiuos'i ksŏk'kum: atsĭm'otokatatsix ak'sipuksŭpsŭxiau, ki akai'aketaipiksĭstsiiau Sauum'itsitappix ki mokŏm'otsitappix; (aiōn g165)
ထိုနည်းတူ ကမ္ဘာအဆုံး၌ ကောင်းကင်တမန်တို့သည် ဆင်းလာပြီးလျှင်၊ ဖြောင့်မတ်သောသူတို့အထဲမှ ဆိုးသောသူတို့ကို နှုတ်ယူခွဲထား၍၊ (aiōn g165)
Ki kita'atanĭsto, ksĕsto'akauk Peter, ki am'om ok'otokŭm nitak'ittokhitokoĭska church; ki Hades istokh'sepĭstanĭsts matakatsiu'atsaie. (Hadēs g86)
ငါဆိုသည်ကား၊ သင်သည် ပေတရုဖြစ်၏။ ဤကျောက်ပေါ်မှာ ငါ့အသင်းကို ငါတည်ဆောက်မည်။ ထိုအသင်းကို မရဏာနိုင်ငံ၏တံခါးတို့သည် မနိုင်ရာ။ (Hadēs g86)
Ŭn'nikaie kotsĭs' ki kokŏt'si ĭstsskĭmskŭkiats'otsenikiau, kŏksĭnit'au, ki mĭs'tŭpapiksĭstaiau: itŏkh'siu kŏk'kitsipĭssi opai' tappiisĭnni kŏks'ĭstsekaiisi ki kŏk'opokŏksi, kŏkstaitŭp'apixĭkŏsi kŭttaiaiapunstsiuasi ki kitai'akokŏtsĭsts ki kitai'akŏtsĭsts. (aiōnios g166)
သင်၏လက်ခြေသည် သင့်ကို မှားယွင်းစေလျှင် လက်ခြေကိုဖြတ်ပစ်လော့။ လက်ခြေအစုံနှင့် ထာဝရ မီးထဲသို့ချခြင်းကို ခံရသည်ထက် အင်္ဂါချို့တဲ့၍ အသက်ရှင်ခြင်းသို့ ဝင်စားသော်သာ၍ကောင်း၏။ (aiōnios g166)
Ki koŏps'pi ĭstsskĭm'skŭkiatsotseniki, sauau'tos, ki mĭs'tŭpapiksĭstsĭs: itŏkh'siu kŏk'kitsipĭssi opai'tappiisĭnni tuks'kŭm moŏps'pa; kŏkstaitŭp'apixĭkosi kŭt'taiaiapunstsiuasii, ki kitaiakoŏpspix. (Geenna g1067)
သင်၏မျက်စိသည်လည်း သင့်ကိုမှားယွင်းစေလျှင်၊ မျက်စိကိုထုတ်ပစ်လော့။ မျက်စိနှစ်ဘက်စုံနှင့် ငရဲမီးထဲသို့ချခြင်းကို ခံရသည်ထက် မျက်စိတဘက်နှင့် အသက်ရှင်ခြင်းသို့ဝင်စားသော် သာ၍ကောင်း၏။ (Geenna g1067)
Ki, sŭppĭt, tuks'kŭmi itsitotoiĭnaie ki an'iu, Ŏkhsĭn'ai, tsanĭstap'iua nŏk'ŏkhsĭstutsipi, nŏkkuinan'si ŭsk'sipaitappiisĭnni? (aiōnios g166)
ထိုနောက်လူတယောက်သည် ချဉ်းကပ်၍၊ ကောင်းမြတ်သောဆရာ၊ ထာဝရအသက်ကို ရအံ့သောငှာ အကျွန်ုပ်သည် အဘယ်ကောင်းမှုကို ပြုရပါမည်နည်းဟု မေးလျှောက်သော်၊ (aiōnios g166)
Ki anniks'isk skĭm'ixk oko'auĕsts, ki anniks'isk skĭts' ixk umu'pappiipuauax ki ot'akemoauax ki un'oauax, ki oksist'oauax ki otkem'anoauax ki o'kosoauax, kiotsĭn'sĭmmanoauax, nĕsto'i itskĭm' iauĕsts, kepĭp'pi ak'okuyiau, ki akokuinan'attomiau ŭsk'sipaitappiisĭnni. (aiōnios g166)
အကြင်သူသည် ငါ၏နာမကြောင့် အိမ်၊ လယ်၊ ညီအစ်ကို၊ နှမ၊ မိဘ၊ သားမယားတည်းဟူသော တပါး ပါးကိုစွန့်၏။ ထိုသူသည် အဆတရာသောအကျိုးကိုရ၍ ထာဝရအသက်ကို အမွေခံရလတံ့။ (aiōnios g166)
Ki otsĭtsĭnno'ŏsi moksoku'i omŭx'iniĭstsĭsi, itoto'aie ki matsitokonĭmau'atsaie, nam'itaitsii suio'pokĭsts, ki anĭstsiuaie, Ŭnnianĭst'sauŭsksaiĭn as it ksĕsto'a. Ki omŭx'inĭstsĭs sotŭm'ikŭnipisuiu. (aiōn g165)
လမ်းနားမှာသင်္ဘောသဖန်းပင်တပင်ကို မြင်လျှင်၊ ထိုအပင်သို့ကြွသွား၍ အရွက်ကိုသာတွေ့တော်မူ သည်ရှိသော်၊ ယခုမှစ၍ အစဉ်မပြတ် သင်၌အသီးမသီးစေနှင့်ဟု မိန့်တော်မူလျှင်၊ ထိုအပင်သည် ချက်ခြင်း သွေ့ခြောက်လေ၏။ (aiōn g165)
Kitaks'ksĭnipuau maka'pi ksĕsto'au ai'sĭnakix ki Pharisees, kitsiksĭs'tapokŏmotsitappiansuai kitotka'atau ksŏk'kum ki omŭk'sikĭmi kŏk'itokonoŏsi tuks'kŭmă matap'iuă mŏkĭtanĭs'tsitsitasi kanĭstsitsi'tawpi kitaumaitu'yĭssi, kanĭstŭm'ipuai ksĕsto'au Hell oku'yix kitak'anĭstsĭstokiaiĭstutoauau. (Geenna g1067)
လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ လူ တ ယောက်ကိုပင် ဘာသာသွင်းခြင်းငှါ ကုန်းကြောင်းရေကြောင်းပတ်ပတ်လှည့်လည်၍ ဘာသာသွင်းပြီးသောသူ ကိုလည်း၊ မိမိတို့ထက် နှစ်ဆသောငရဲသားဖြစ်စေကြ၏။ (Geenna g1067)
Pitseksĭnax, opĭx'exĭnasĭnna, Tsa'a kitakanĭstupĭs'tapixsattopats Hell ĭstokŏk'itsimani? (Geenna g1067)
မြွေဆိုးအမျိုးတို့၊ သင်တို့သည် အပြစ်ငရဲမှ အဘယ်သို့လွတ်နိုင်ကြမည်နည်း။ (Geenna g1067)
Otsĭt'tokhitaupĭssi nitum'moyi Olives, ŭsksĭnĭmats'ax isĭmitoto'iauaie, ki an'iau, Anik'ĭnan Tsanĭstsĭs' akanĭstsiu'astsau? Ki tsa akanĭstsiu'a kitsipuksipusĭnni, ki punsksŏk'kuasĭsi? (aiōn g165)
ထိုနောက် သံလွင်တောင်ပေါ်မှာ ထိုင်တော်မူစဉ်၊ တပည့်တော်တို့သည် အခြားသူမပါဘဲချဉ်းကပ်၍၊ ထိုအမူအရာတို့သည် အဘယ်ကာလမှ ဖြစ်မည်ကို၎င်း၊ ကိုယ်တော်သည်ကြွလာ၍ ဤကပ်ကမ္ဘာကုန်သော ပုပ္ပနိမိတ်သည် အဘယ်နိမိတ်ဖြစ်မည်ကို၎င်း အမိန့်ရှိတော်မူပါဟု လျှောက်ကြ၏။ (aiōn g165)
Akotŭm'anĭstsiuax anniks'isk ote'aksĭsautsĭs itau'pixk, ĭs'tapuk emŭtskax mŏkseĭnsau, ŭsksustsinasii ĭs'tapuk, ek'aisepŭtsĭstotomoiiauax au'tutsokiuă ki oto'tokatatsix: (aiōnios g166)
ထိုအခါ လက်ဝဲတော်ဘက်၌ရှိသောသူတို့အား မင်းကြီးက၊ ကျိန်ခြင်းကို ခံရသောသူတို့၊ မာရန်နတ်နှင့် သူ၏တမန်တို့အဘို့ ပြင်ဆင်သောထာဝရမီးထဲသို့ ငါ့ထံမှ ခွာသွားကြလော့။ (aiōnios g166)
Ki am'oxi aksĭstŭpitappo'iau ŭsk'sĭtauksĭstototspi: ki mokŏm'otsitappix akittappoiau ŭsk'sipaitappiisĭnni. (aiōnios g166)
ထိုသူတို့သည် ထာဝရအပြစ်ဒဏ်ခံရာသို့၎င်း၊ ဖြောင့်မတ်သောသူတို့မူကား၊ ထာဝရအသက်ရှင်ရာ သို့၎င်း သွားရကြလတံ့ဟု မိန့်တော်မူ၏။ (aiōnios g166)
Isksĭnĭmats'okau mŏk'satsĭsauĕsts kĭtan'ĭstopuauĕsts; ki sat'sit, kitŭsks'opoksemopuau anĭstsiksĭs'tsikuĭsts aiksiuo'si ksŏk'kum. (aiōn g165)
ငါသည် သင်တို့အား ပေးသမျှသော ပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှါ ဆုံးမဩဝါဒပေးကြ လော့။ ငါသည်လည်း ကပ်ကမ္ဘာကုန်သည်တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ် ရှိသည်ဟု တပည့်တော်တို့ အား မိန့်တော်မူ၏။ (aiōn g165)
Mark 3:29 (မာကု ၃:၂၉)
(parallel missing)
သန့်ရှင်းသောဝိညာဉ်တော်ကို ကဲ့ရဲ့သောသူသည် အပြစ်လွတ်စေခြင်းအခွင့်ကို အဘယ်ကာလ၌မျှ မရ နိုင်ကြ။ ထာဝရအပြစ်ဒဏ်ကို ခံရသောသူဖြစ်ပေ၏ဟု မိန့်တော်မူ၏။ (aiōn g165, aiōnios g166)
Mark 4:19 (မာကု ၄:၁၉)
(parallel missing)
လောကီအမှု၌စိုးရိမ်ခြင်း၊ စည်းစိမ်ဥစ္စာ၏ လှည့်စားခြင်း၊ ကြွင်းသောအရာကို တပ်မက်ခြင်းစိတ် တို့ သည် တရားစကားကို လွှမ်းမိုးညှဉ်းဆဲတတ်သောကြောင့် အသီးမသီးနိုင်ဟု ဆိုလိုသတည်း။ (aiōn g165)
Mark 9:43 (မာကု ၉:၄၃)
(parallel missing)
သင်၏လက်သည်သင့်ကိုမှားယွင်းစေလျှင် လက်ကိုဖြတ်လော့။ ပိုးမသေ၊ မီးမငြိမ်းရာ၊ ငရဲအတွင်းမငြိမ်းနိုင်သော မီးထဲသို့လက်နှစ်ဘက်စုံနှင့် ဝင်ရသည်ထက်၊ လက် ချို့တဲ့၍ အသက်ရှင်ခြင်းသို့ဝင်စားသော် သာ၍ကောင်း၏။ (Geenna g1067)
Mark 9:45 (မာကု ၉:၄၅)
(parallel missing)
သင်၏ခြေသည် သင့်ကိုမှားယွင်းစေလျှင် ခြေကိုဖြတ်လော့။ ပိုးမသေ၊ မီးမငြိမ်းရာ၊ ငရဲအတွင်း မငြိမ်းနိုင်သောမီးထဲသို့ ခြေနှစ်ဘက်စုံနှင့်ချခြင်းကို ခံရသည်ထက်၊ ခြေချို့တဲ့၍ အသက်ရှင်ခြင်းသို့ ဝင်စားသော် သာ၍ကောင်း၏။ (Geenna g1067)
Mark 9:47 (မာကု ၉:၄၇)
(parallel missing)
သင်၏မျက်စိသည်လည်း သင့်ကိုမှားယွင်းစေလျှင် မျက်စိကိုထုတ်လော့။ ပိုးမသေ၊ မီးမငြိမ်းရာ၊ ငရဲမီးထဲသို့ မျက်စိနှစ်ဘက်စုံနှင့်ချခြင်းကို ခံရသည်ထက်၊ မျက်စိတဘက်နှင့် ဘုရားသခင်၏နိုင်ငံတော်သို့ ဝင်စားသော် သာ၍ကောင်း၏။ (Geenna g1067)
Mark 10:17 (မာကု ၁၀:၁၇)
(parallel missing)
လမ်းမှာကြွတော်မူစဉ်တွင် လူတယောက်သည် အထံတော်သို့ပြေး၍ ဒူးထောက်လျက်၊ ကောင်းမြတ် သောဆရာ၊ ထာဝရအသက်ကို အမွေခံရအံ့သောငှါ အကျွန်ုပ်သည် အဘယ်အမှုကိုပြုရပါမည်နည်းဟု မေး လျှောက်သော်၊ (aiōnios g166)
Mark 10:30 (မာကု ၁၀:၃၀)
(parallel missing)
ထိုသူသည် အဆတရာသော အကျိုးတည်းဟူသော ယခုကာလ၌ ညှဉ်းဆဲခြင်းနှင့်တကွ အိမ်၊ လယ်၊ ညီအစ်ကို၊ နှမ၊ အမိ၊ သားသမီးတို့ကို၎င်း၊ နောင်ဘဝ၌ ထာဝရအသက်ကို၎င်း ခံရလတံ့။ (aiōn g165, aiōnios g166)
Mark 11:14 (မာကု ၁၁:၁၄)
(parallel missing)
ယခုမှစ၍အစဉ်မပြတ် သင်၏အသီးကို အဘယ်သူမျှမစားစေနှင့်မိန့်တော်မူ၏။ တပည့်တော် တို့သည် လည်း ကြားကြ၏။ (aiōn g165)
Luke 1:33 (လုကာ ၁:၃၃)
(parallel missing)
ထိုသူသည်လည်း ယာကုပ်အမျိုးအနွယ်ကို အစဉ်မပြတ်အုပ်စိုးလိမ့်မည်။ သူ၏နိုင်ငံသည်လည်း ဆုံး ခြင်းမရှိရဟုပြောဆို၏။ (aiōn g165)
Luke 1:55 (လုကာ ၁:၅၅)
(parallel missing)
အာဗြဟံမှစသောသူ၏အမျိုးအနွယ်အား သနားခြင်းကျေးဇူးတော်ကို အစဉ်အမြဲပြုခြင်းငှါ သတိထား ၍ မိမိကျွန် ဣသရေလကို မစတော်မူပြီဟုဆို၏။ (aiōn g165)
Luke 1:68 (လုကာ ၁:၆၈)
(parallel missing)
ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။ အကြောင်းမူကား၊ ကမ္ဘာဦးမှစ၍ ပေါ်ထွန်းသောမိမိ သန့်ရှင်းသောပရောဖက်တို့နှုတ်ဖြင့် ဗျာဒိတ်ထားတော်မူသည်နှင့်အညီ၊ ငါတို့ သည် ရန်သူဘေးနှင့်ကင်းလွတ်၍ ဘုရားသခင့်ရှေ့တော်၌ တသက်လုံးသန့်ရှင်းဖြောင့်မတ်ခြင်း ပါရမီအားဖြင့် ဘုရားဝတ်ကိုရဲရင့်စွာပြုရသောအခွင့်ကိုပေးမည်ဟု ငါတို့အဘအာဗြဟံအား ကျိန်ဆိုခြင်း ဂတိတော်တည်း ဟူသောသန့်ရှင်းသောပဋိညာဉ်တရားကို အောက်မေ့တော်မူသဖြင့်၎င်း၊ ငါတို့ ဘိုးဘေးများနှင့် ဝန်ခံတော်မူ သော သနားခြင်းကျေးဇူးကို ပြုတော်မူသဖြင့်၎င်း၊ မိမိလူမျိုးကို အကြည့်အရှုကြွလာလျက် ရွေးနှုတ်ခြင်း ကျေးဇူး ကိုပြုတော်မူ၍၊ ငါတို့ကိုရန်သူလက်မှ၎င်း၊ မုန်းသောသူရှိသမျှတို့လက်မှ၎င်း ကယ်လွှတ်မည်အကြောင်း၊ ကယ် လွှတ်ခြင်းဦးချိုကို မိမိကျွန်ဒါဝိဒ်အမျိုးထဲ၌ ငါတို့အားပေါ်ထွန်းစေတော်မူပြီ။ (aiōn g165)
Luke 8:31 (လုကာ ၈:၃၁)
(parallel missing)
အနက်ဆုံးသော အရပ်သို့သွားစေခြင်းငှါ မနှင်ပါမည်အကြောင်း တောင်းပန်လေ၏။ (Abyssos g12)
Luke 10:15 (လုကာ ၁၀:၁၅)
(parallel missing)
အိုကပေရနောင်မြို့၊ သင်သည် မိုဃ်းကောင်းကင်တိုင်အောင် မြှောက်စားခြင်းကို ခံရသော်လည်း၊ မရဏနိုင်ငံတိုင်အောင် နှိမ့်ချခြင်းကို ခံရလတံ့။ (Hadēs g86)
Luke 10:25 (လုကာ ၁၀:၂၅)
(parallel missing)
တရံရောအခါ ကျမ်းတတ်တယောက်သည်ထ၍၊ အရှင်ဘုရား၊ ထာဝရအသက်ကို အမွေခံရအံ့သောငှါ အကျွန်ုပ်သည် အဘယ်အမှုကို ပြုရပါမည်နည်းဟု ကိုယ်တော်ကို စုံစမ်းနှောင့်ရှက်ခြင်းငှါ မေးလျှောက်သော်၊ (aiōnios g166)
Luke 12:5 (လုကာ ၁၂:၅)
(parallel missing)
အဘယ်သူကို ကြောက်ရမည်နည်းဟူမူကား၊ ကိုယ်ခန္ဓာကိုသတ်ပြီးမှ ငရဲထဲသို့ ချနိုင်သောသူကို ကြောက်ကြလော့။ ငါအမှန်ဆိုသည်ကား၊ ထိုသူကို ကြောက်ကြလော့။ (Geenna g1067)
Luke 16:8 (လုကာ ၁၆:၈)
(parallel missing)
မတရားသော ထိုဘဏ္ဍာစိုးသည် လိမ္မာစွာပြုသည်ကို သခင်သည် ချီးမွမ်းလေ၏။ အကြောင်းမူကား၊ လောကီသားတို့သည် မိမိတို့အမှုကို ဆောင်ရွက်ရာတွင်၊ အလင်းသို့ရောက်သောသူတို့ထက်သာ၍ လိမ္မာကြ၏။ (aiōn g165)
Luke 16:9 (လုကာ ၁၆:၉)
(parallel missing)
တဖန် ငါဆိုသည်ကား၊ သင်တို့သည် စုတေ့သောအခါ၊ အစဉ်အမြဲတည်သော ဗိမာန်၌သင်တို့ကို လက်ခံလတံ့သော အဆွေရှိစေခြင်းငှါ မမြဲသော လောကီစည်းစိမ်ကို သုံးဆောင်ကြလော့။ (aiōnios g166)
Luke 16:23 (လုကာ ၁၆:၂၃)
(parallel missing)
မရဏာနိုင်ငံ၌ ပြင်းပြစွာသောဝေဒနာကို ခံရလျက် မျှော်ကြည့်၍၊ အာဗြဟံကို၎င်း၊ အာဗြဟံ၏ ရင်ခွင်၌ လာဇရုကို၎င်း အဝေးကမြင်လျှင်၊ (Hadēs g86)
Luke 18:18 (လုကာ ၁၈:၁၈)
(parallel missing)
အရာရှိတယောက်က၊ ကောင်းမြတ်သောဆရာ၊ ထာဝရအသက်ကို အမွေခံရအံ့သောငှါ အကျွန်ုပ် သည် အဘယ်အမှုကို ပြုရပါမည်နည်းဟု မေးလျှောက်သော်၊ (aiōnios g166)
Luke 18:30 (လုကာ ၁၈:၃၀)
(parallel missing)
ထိုသူသည် ယခုကာလ၌ အဆများစွာသောအကျိုးကို၎င်း၊ နောင်ဘဝ၌ ထာဝရအသက်ကို၎င်း ခံရ လတံ့ဟု မိန့်တော်မူ၏။ (aiōn g165, aiōnios g166)
Luke 20:34 (လုကာ ၂၀:၃၄)
(parallel missing)
ယေရှုကလည်း၊ ယခု ဘဝသားတို့သည် စုံဘက်ခြင်း၊ ထိမ်းမြားပေးစားခြင်းကို ပြုတတ်ကြ၏။ (aiōn g165)
Luke 20:35 (လုကာ ၂၀:၃၅)
(parallel missing)
နောင်ဘဝကို၎င်း၊ သေခြင်းမှ ထမြောက်ခြင်းကို၎င်း ရထိုက်သည်ဟု မှတ်တော်မူခြင်းကို ခံရသောသူ တို့သည် စုံဘက်ခြင်း၊ ထိမ်းမြားပေးစားခြင်းကို မပြုတတ်ကြ။ (aiōn g165)
John 3:15 (ယောဟန် ၃:၁၅)
(parallel missing)
အကြောင်းမူကား၊ ထိုသားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကိုရမည်အကြောင်းတည်း။ (aiōnios g166)
John 3:16 (ယောဟန် ၃:၁၆)
(parallel missing)
ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည်၊ ပျက်စီးခြင်းသို့မရောက်၊ ထာဝရ အသက်ကို ရစေခြင်းငှါ၊ ဘုရားသခင်သည် မိမိ၌ တပါးတည်းသော သားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားကို ချစ်တော်မူ၏။ (aiōnios g166)
John 3:36 (ယောဟန် ၃:၃၆)
(parallel missing)
သားတော်ကို ယုံကြည်သောသူသည် ထာဝရအသက်ကိုရ၏။ သားတော်ကို ပယ်သောသူမူကား အသက်ကို မတွေ့ရ။ ထိုသူ၏အပေါ်၌ ဘုရားသခင်၏ အမျက်တော်တည်နေသည်ဟု ယောဟန်ဟောလေ၏။ (aiōnios g166)
John 4:14 (ယောဟန် ၄:၁၄)
(parallel missing)
ငါပေးသောရေကိုသောက်သောသူမူကား၊ ရေငတ်ခြင်းနှင့်အစဉ်မပြတ် ကင်းလွတ်လိမ့်မည်။ ငါပေး သော ရေသည် ထိုသူ၌ထာဝရအသက်ရှင်ခြင်းအလိုငှါ ထွက်သော စမ်းရေဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။ (aiōn g165, aiōnios g166)
John 4:36 (ယောဟန် ၄:၃၆)
(parallel missing)
စပါးရိတ်သောသူသည် အခကိုခံရ၍ ထာဝရအသက်ရှင်ခြင်းအလိုငှါ အသီးအနှံကိုစုသိမ်း၏။ သို့ဖြစ် လျှင် ပျိုးကြဲသောသူနှင့် စပါးရိတ်သောသူတို့သည် အတူဝမ်းမြောက်ကြလိမ့်မည်။ (aiōnios g166)
John 5:24 (ယောဟန် ၅:၂၄)
(parallel missing)
ငါအမှန်အကန်ဆိုသည်ကား၊ ငါ့စကားကို နားထောင်၍ ငါ့ကိုစေလွှတ်တော်မူသောသူကို ယုံကြည် သောသူသည် ထာဝရအသက်ကို ရသည်ဖြစ်၍ အပြစ်စီရင်ခြင်းကိုမခံရ။ သေခြင်းမှအသက်ရှင်ခြင်းသို့ ကူး မြောက်သောသူဖြစ်၏။ (aiōnios g166)
John 5:39 (ယောဟန် ၅:၃၉)
(parallel missing)
ကျမ်းစာအားဖြင့် ထာဝရအသက်ကိုရမည်ဟု စိတ်ထင်နှင့် သင်တို့သည် ကျမ်းစာကိုစေ့စေ့ကြည့်ရှု ကြ၏။ ထိုကျမ်းစာပင်ငါ၏သက်သေဖြစ်၏။ (aiōnios g166)
John 6:27 (ယောဟန် ၆:၂၇)
(parallel missing)
မုန့်ကို စား၍ဝသောကြောင့်သာ ရှာကြ၏။ ပျက်စီးတတ်သောအစာကိုရခြင်းငှါ မကြိုးစားကြနှင့်။ လူသားသည် သင်တို့အား ပေး၍ ထာဝရအသက်နှင့်အမျှ တည်တတ်သောအစာကိုရခြင်းငှါ ကြိုးစားကြလော့။ ထိုသားသည် ခမည်းတော်ဘုရား၏တံဆိပ်ခတ်ခြင်းကို ခံသောသူဖြစ်သည်ဟု မိန့်တော်မူ၏။ (aiōnios g166)
John 6:40 (ယောဟန် ၆:၄၀)
(parallel missing)
သားတော်ကို ကြည့်မြင်၍ ယုံကြည်သောသူရှိသမျှတို့သည် ထာဝရအသက်ကိုရစေခြင်းငှါ၎င်း အလို တော်ရှိ၏။ ငါသည်လည်းနောက်ဆုံးသောနေ့၌ ထိုသူတို့ကို ထမြောက်စေမည်ဟု မိန့်တော်မူ၏။ (aiōnios g166)
John 6:47 (ယောဟန် ၆:၄၇)
(parallel missing)
ငါအမှန်အကန်ဆိုသည်ကား၊ ငါ့ကို ယုံကြည်သောသူသည် ထာဝရအသက်ကိုရ၏။ (aiōnios g166)
John 6:51 (ယောဟန် ၆:၅၁)
(parallel missing)
ငါသည်ကောင်းကင်မှဆင်းသက်သောအသက်မုန့်ဖြစ်၏။ ဤမုန့်ကို စားသောသူမည်သည်ကား၊ အစဉ် မပြတ်အသက်ရှင်လိမ့်မည်။ ငါပေးသောမုန့်ကား၊ လောကီသားတို့၏ အသက်အဘို့အလိုငှါ စွန့်သောငါ၏ အသားပေတည်းဟုမိန့်တော်မူ၏။ (aiōn g165)
John 6:54 (ယောဟန် ၆:၅၄)
(parallel missing)
ငါ၏အသားကိုစား၍ ငါ၏အသွေးကိုလည်း သောက်သောသူသည် ထာဝရအသက်ကိုရ၏။ ထိုသူကို နောက်ဆုံးသောနေ့၌ ငါထမြောက်စေမည်။ (aiōnios g166)
John 6:58 (ယောဟန် ၆:၅၈)
(parallel missing)
ဤမုန့်ကား၊ ကောင်းကင်မှဆင်းသက်သောမုန့်ဖြစ်၏။ သင်တို့ ဘိုးဘေးများသည် မန္နကိုစားလျက် သေရသကဲ့သို့မဟုတ်။ ဤမုန့်ကိုးစားသောသူသည် အစဉ်မပြတ်အသသက်ရှင်လိမ့်ဟု၊ (aiōn g165)
John 6:68 (ယောဟန် ၆:၆၈)
(parallel missing)
ရှိမုန်ပေတရုက၊ သခင်၊ အကျွန်ုပ်တို့သည် အဘယ်သူထံသို့ သွားရမည်နည်း။ ထာဝရအသက်နှင့် ယှဉ်သော စကားသည်ကိုယ်တော်၌ တည်ပါ၏။ (aiōnios g166)
John 8:35 (ယောဟန် ၈:၃၅)
(parallel missing)
ကျွန်သည်ကား အိမ်၌ အစဉ်အမြဲနေသည်မဟုတ်။ သားမူကား အစဉ်အမြဲနေ၏။ (aiōn g165)
John 8:51 (ယောဟန် ၈:၅၁)
(parallel missing)
ငါအမှန်အကန်ဆိုသည်ကား၊ ငါ့စကားကို နားထောင်သောသူသည် သေခြင်းနှင့် အစဉ်မပြတ် ကင်း လွတ်လိမ့်မည်ဟု မိန့်တော်မူ၏။ (aiōn g165)
John 8:52 (ယောဟန် ၈:၅၂)
(parallel missing)
ယုဒလူတို့ကလည်း၊ သင်၌နတ်ဆိုးစွဲသည်ကို ယခုငါတို့သိကြ၏။ အာဗြဟံမှစ၍ ပရောဖက်တို့သည် သေလွန်ကြပြီ။ သင်မူကား၊ ငါ့စကားကို နားထောင်သောသူသည် သေခြင်းနှင့် အစဉ်မပြတ်ကင်းလွတ် လိမ့် မည်ဟု ဆိုပါသည်တကား။ (aiōn g165)
John 9:32 (ယောဟန် ၉:၃၂)
(parallel missing)
အမိဝမ်းတွင်းကပင် မျက်စိကန်းသောသူကိုမျက်စိမြင်စေခြင်းငှါ တတ်နိုင်သည်ကို ကမ္ဘာဦးမှစ၍ မကြားစဖူး။ (aiōn g165)
John 10:28 (ယောဟန် ၁၀:၂၈)
(parallel missing)
ထာဝရအသက်ကိုလည်း ငါပေး၏။ သိုးတို့သည် ပျက်စီးခြင်းနှင့် အစဉ်မပြတ်ကင်းလွတ်ကြလိမ့်မည်။ အဘယ်သူမျှထိုသိုးတို့ကို ငါ့လက်မှမနှုတ်မယူရာ။ (aiōn g165, aiōnios g166)
John 11:26 (ယောဟန် ၁၁:၂၆)
(parallel missing)
ငါ့ကိုယုံကြည်၍ အသက်ရှင်သောသူရှိသမျှတို့သည်လည်း သေခြင်းနှင့် အစဉ်မပြတ်ကင်းလွတ်လိမ့် မည်။ ငါ့စကားကိုယုံသလောဟု မေးတော်မူလျှင်၊ မာသက၊ ဟုတ်ပါ၏သခင်။ (aiōn g165)
John 12:25 (ယောဟန် ၁၂:၂၅)
(parallel missing)
မိမိအသက်ကို နှမြောသောသူသည် အသက်ဆုံးလိမ့်မည်။ ဤလောက၌ မိမိအသက်ကိုမုန်းသော သူမူကား၊ ထာဝရအသက်ကို စောင့်ရှောက်လျက်နေ၏။ (aiōnios g166)
John 12:34 (ယောဟန် ၁၂:၃၄)
(parallel missing)
လူများတို့ကလည်း၊ ခရစ်တော်သည် အစဉ်အမြဲတည်သည်ဟု ပညတ္တိကျမ်း၌လာကြောင်းကို အကျွန်ုပ် တို့ ကြားသိရပြီ။ သို့ဖြစ်လျှင် လူသားသည်မြှောက်ထားခြင်းကိုခံရမည်ဟု သင်သည် အဘယ်သို့ဆိုသနည်း။ ထို လူသားသည် အဘယ်သို့သောသူနည်းဟု ဆိုကြ၏။ (aiōn g165)
John 12:50 (ယောဟန် ၁၂:၅၀)
(parallel missing)
ထိုကြောင့် ဟောပြောသမျှတို့ကို ခမည်းတော်မှာထားတော်မူသည်အတိုင်း ငါဟောပြောသည်ဟု ကြွေးကြော်၍မိန့်တော်မူ၏။ (aiōnios g166)
John 13:8 (ယောဟန် ၁၃:၈)
(parallel missing)
ပေတရုကလည်း၊ ကိုယ်တော်သည်အကျွန်ုပ်၏အခြေအနေကို အလျှင်းဆေးတော်မမူရဟု လျှောက်၏။ ယေရှုကလည်း၊ သင့်ကို ငါမဆေးရလျှင် အသင်သည် ငါနှင့်အဆက်ဆံရဟု မိန့်တော်မူ၏။ (aiōn g165)
John 14:16 (ယောဟန် ၁၄:၁၆)
(parallel missing)
ခမည်းတော်သည် သမ္မာတရားကိုပြသော ဝိညာဉ်တော်တည်းဟူသော တပါးသောဥပဇ္ဈယ်ဆရာကို သင်တို့နှင့်အတူ အစဉ်မပြတ်တည်နေစေခြင်းငှါ သင်တို့အားပေးတော်မူမည်။ (aiōn g165)
John 17:2 (ယောဟန် ၁၇:၂)
(parallel missing)
ကိုယ်တော်သည် သားတော်လက်သို့ အပ်ပေးတော်မူသမျှသောသူတို့အား ထာဝရအသက်ကို ပေးစေ ခြင်းငှါ၊ လူမျိုးအပေါင်းတို့ကို အစိုးရသောအခွင့်တန်ခိုးကိုသားတော်အား ပေးတော်မူသည်နှင်အညီ၊ သားတော် သည် ကိုယ်တော်၏ဘုန်းကို ထင်ရှားစေပါမည်အကြောင်း သားတော်၏ဘုန်းထင်ရှားစေတော်မူပါ။ (aiōnios g166)
John 17:3 (ယောဟန် ၁၇:၃)
(parallel missing)
ထာဝရအသက်ဟူမူကား၊ မှန်သောဘုရားသခင် တဆူတည်းဖြစ်တော်မူသော ကိုယ်တော်ကို၎င်း၊ စေ လွှတ်တော်မူသော ယေရှုခရစ်ကို၎င်း၊ သိုကျွမ်းခြင်းတည်း။ (aiōnios g166)
Acts 2:27 (တမန်တော်ဝတ္ထု ၂:၂၇)
(parallel missing)
အကြောင်းမူကား၊ ကိုယ်တော်သည်အကျွန်ုပ်၏ဝိညာဉ်ကို မရဏနိုင်ငံ၌ပစ်ထားတော်မမူ။ ကိုယ်တော် ၏ သန့်ရှင်းသောသူအားလည်း ပုပ်စပ်ခြင်းကိုရှိစေတော် မမူဘဲလျက်၊ အသက်ရှင်ခြင်းလမ်းကို ပြညွှန်တော်မူ လိမ့်မည်။ (Hadēs g86)
Acts 2:31 (တမန်တော်ဝတ္ထု ၂:၃၁)
(parallel missing)
ခရစ်တော်၏ထမြောက်ခြင်းအကြောင်းကိုရည်မှတ်လျက်၊ ထိုခရစ်တော်၏စိတ်ဝိညာဉ်ကို မရဏနိုင်ငံ၌ ပစ်ထားတော်မမူ။ အသားသည်လည်း ပုပ်စပ်ခြင်းသို့မရောက်ဟု အနာဂတံသဥာဏ်နှင့် ဟောလေ၏။ (Hadēs g86)
Acts 3:21 (တမန်တော်ဝတ္ထု ၃:၂၁)
(parallel missing)
ကမ္ဘာဦးမှစ၍ သန့်ရှင်းသောပရောဖက်ဆရာတော်တို့နှုတ်ဖြင့် ဘုရားသခင်ဗျာဒိတ်ထားတော်မူသော ထိုကပ်ကာလ၊ အလုံးစုံသောအရာတို့ကို အသစ်ပြုပြင်တော်မူသော ကပ်ကာလမရောက်မှီတိုင်အောင် ကောင်း ကင်ဘုံသည် ထိုခရစ်တော်ကို ခံယူသိမ်းဆည်းရမည်။ (aiōn g165)
Acts 13:46 (တမန်တော်ဝတ္ထု ၁၃:၄၆)
(parallel missing)
ထိုအခါပေါလုနှင့်ဗာနဗတို့က၊ ဘုရားသခင်၏ နှုတ်ကပတ် တရားတော်ကိုသင်တို့အား ရှေ့ဦးစွာ ဟော ပြောရ၏။ သို့သော်လည်း သင်တို့သည်ပယ်၍ ထာဝရ အသက်ကိုမိမိတို့ မခံထိုက်သည်ဟု မိမိတို့စီ ရင်ကြ သောကြောင့်၊ ထာဝရဘုရားသည် မှာတော်မူသည်အတိုင်း ငါတို့သည်မျက်နှာကိုလွှဲ၍ တပါးအမျိုးသားတို့ ဆီသို့ လှည့်ကြ၏။ (aiōnios g166)
Acts 13:48 (တမန်တော်ဝတ္ထု ၁၃:၄၈)
(parallel missing)
ထိုစကားကို တပါးအမျိုးသားတို့သည်ကြားလျှင် ဝမ်းမြောက်၍ ထာဝရဘုရား၏ နှုတ်ကပတ် တရားတော် ကိုချီးမွမ်းကြ၏။ ထာဝရ အသက်ကို ရစေခြင်းငှါ ခန့်ထားတော်မူသော သူရှိသမျှတို့သည် ယုံကြည် ခြင်းသို့ ရောက်ကြသဖြင့်၊ (aiōnios g166)
Acts 15:18 (တမန်တော်ဝတ္ထု ၁၅:၁၈)
(parallel missing)
ဤအမှုအရာတို့ကို စီရင်တော်မူသော ထာဝရ ဘုရားသခင်၏ ဗျာဒိတ်တော်ရှိ၏ ဟုလာသတည်း။ ဘုရားသခင်သည် ကမ္ဘာဦးမှစ၍ မိမိစီရင်တော်မူ သမျှသော အမှုအရာတို့ကိုသိတော်မူသည်။ (aiōn g165)
Romans 1:20 (ရောမ ၁:၂၀)
(parallel missing)
အဘယ်သို့နည်းဟူမူကား၊ ဖန်ဆင်းတော်မူသော အရာများကို ထောက်ရှုသဖြင့်၊ ထာဝရတန်ခိုးတော်နှင့် ထာဝရအဖြစ်တော်တည်းဟူသော မျက်မြင်မရသော ဘုရားသခင်၏ အရာတို့သည် ကမ္ဘာတည် သည်ကာလမှ စ၍ ထင်ရှားလျက်ရှိကြ၏။ ထိုကြောင့်သူတို့သည် ကိုယ်အပြစ်ကို မဖုံးနိုင်ရာ။ (aïdios g126)
Romans 1:25 (ရောမ ၁:၂၅)
(parallel missing)
သူတို့သည် မှန်သောဘုရားသခင့်အရာ၌ အမှားကိုထားလျက်၊ ဖန်ဆင်းတတ်သော သခင်ကိုပယ်၍ ဖန်ဆင်းအပ်သောအရာကို ဝတ်ပြုကိုးကွယ်သောသူ ဖြစ်ကြ၏။ ထိုသခင်သည် ထာဝရမင်္ဂလာ ရှိတော်မူ၏။ အာမင်။ (aiōn g165)
Romans 2:7 (ရောမ ၂:၇)
(parallel missing)
ကောင်းသောအကျင့်ကို အမြဲကျင့်၍၊ ဘုန်း အသရေကို၎င်း၊ မဖေါက်ပြန်သောဇာတိကို၎င်း၊ ရှာသော သူတို့အား ထာဝရအသက်ကို ပေးတော်မူလတံ့၊ (aiōnios g166)
Romans 5:21 (ရောမ ၅:၂၁)
(parallel missing)
ထိုသို့ဖြစ်လျှင်၊ အပြစ်တရားသည်သေခြင်းအားဖြင့် အစိုးရသည်နည်းတူ၊ ငါတို့သခင်ယေရှုခရစ် ပြုစုတော်မူ၍ ကျေးဇူးတရားသည် ထာဝရအသက်နှင့် ယှဉ်သော ဖြောင့်မတ်ရာသို့ သွင်းခြင်းအားဖြင့် အစိုးရ လေအံ့သတည်း။ (aiōnios g166)
Romans 6:22 (ရောမ ၆:၂၂)
(parallel missing)
ယခုမူကား၊ သင်တို့သည် အပြစ်တရား၏ လက်မှလွှတ်၍၊ ဘုရားသခင်၏ ကျွန်ဖြစ်ကြသည်နှင့် အညီ၊ သန့်ရှင်းခြင်းအကျိုးကိုရကြ၏။ အဆုံး၌လည်း ထာဝရအသက်ကို ရကြလိမ့်မည်။ (aiōnios g166)
Romans 6:23 (ရောမ ၆:၂၃)
(parallel missing)
အပြစ်တရား၏ အခကားသေခြင်းပေတည်း။ ဘုရားသခင်ပေးတော်မူသော ဆုကျေးဇူးတော်ကား၊ ငါတို့ သခင်ယေရှုခရစ်အားဖြင့် ထာဝရ အသက်ပေတည်း။ (aiōnios g166)
Romans 9:5 (ရောမ ၉:၅)
(parallel missing)
ဘိုးဘေးများတို့နှင့်ဆက်နွယ်သောသူလည်း ဖြစ်ကြ၏။ ခရစ်တော်သည်လည်း၊ ဇာတိအမျိုးအားဖြင့် ထိုသူတို့၏ အမျိုးဖြစ်တော်မူ၏။ ထိုခရစ်တော်သည်လည်း ခပ်သိမ်းသောအရာတို့ကို အစိုးရတော်မူ၍ ထာဝရ မင်္ဂလာရှိတော်မူသော ဘုရားသခင်ဖြစ်တော်မူ၏။ အာမင်။ (aiōn g165)
Romans 10:7 (ရောမ ၁၀:၇)
(parallel missing)
ကောင်းကင်သို့ အဘယ်သူတက်လိမ့်မည်နည်း။ နက်နဲရာထဲသို့ အဘယ်သူဆင်းလိမ့်မည်နည်းဟု စိတ်ထဲမှာ မအောက်မေ့နှင့်ဟု ဆို၏။ ထိုသို့ဆိုသော်၊ ခရစ်တော်ကို ဆောင်ခဲ့ခြင်းငှါကောင်းကင်သို့ အဘယ်သူ တက်လိမ့်မည်နည်း။ ခရစ်တော်ကို သေခြင်းမှ ထမြောက်စေခြင်းငှါ နက်နဲရာထဲသို့ အဘယ်သူ ဆင်းလိမ့်မည်နည်းဟု ဆိုလိုသတည်း။ (Abyssos g12)
Romans 11:32 (ရောမ ၁၁:၃၂)
(parallel missing)
ဘုရားသခင်သည် လူအပေါင်းတို့ကို သနားတော်မူခြင်း အခွင့်ရှိစေခြင်းငှါ လူအပေါင်းတို့ကို နားမထောင်ခြင်းအဖြစ်၌ ချုပ်ထားတော်မူ၏။ (eleēsē g1653)
Romans 11:36 (ရောမ ၁၁:၃၆)
(parallel missing)
ခပ်သိမ်းသောအရာတို့သည် ကိုယ်တော်အထဲက၎င်း၊ ကိုယ်တော်အားဖြင့်၎င်း၊ ကိုယ်တော်အဘို့ အလိုငှါ၎င်း ဖြစ်ကြ၏။ ကမ္ဘာအဆက်ဆက် ဘုန်းကြီးတော်မူစေသတည်း။ အာမင်။ (aiōn g165)
Romans 12:2 (ရောမ ၁၂:၂)
(parallel missing)
သင်တို့သည် လောကီပုံသဏ္ဌာန်ကို မဆောင်ကြနှင့်။ ကောင်းမြတ်သောအရာ၊ နှစ်သက်ဘွယ်သောအရာ၊ စုံလင်သောအရာတည်းဟူသော ဘုရားသခင်အလိုတော်ရှိသော အရာသည် အဘယ်အရာဖြစ်သည်ကို သင်နိုင်မည်အကြောင်း၊ စိတ်နှလုံးကို အသစ်ပြင်ဆင်၍ ပုံသဏ္ဌာန် ပြောင်းလဲခြင်းသို့ ရောက်ကြလော့။ (aiōn g165)
Romans 16:25 (ရောမ ၁၆:၂၅)
(parallel missing)
ရှေးကပ်ကာလပတ်လုံး ဝှက်ထားပြီးလျှင် ယခုမှာ ထင်ရှားသည်ဖြစ်၍၊ (aiōnios g166)
Romans 16:26 (ရောမ ၁၆:၂၆)
(parallel missing)
လူမျိုးအပေါင်းတို့သည် ယုံကြည်နားထောင်ကြမည်အကြောင်း ပရောဖက်တို့၏ကျမ်းစာများလာသည် နှင့်အညီ၊ ထာဝရဘုရားသခင်၏ ပညတ်တော်အတိုင်း ထိုသူတို့အားဘော်ပြရသော နက်နဲရာကို ဖွင့်ထားခြင်း ကျေးဇူးတော်နှင့်လျော်စွာ၊ ငါဟောသောဧဝံဂေလိတရားတည်းဟူသော ယေရှုခရစ်၏ အကြောင်းကို ဟောပြောခြင်းအားဖြင့်၊ သင်တို့ကို မြဲမြံခိုင်ခံ့စေခြင်းငှါ တတ်နိုင်တော်မူသောအရှင်၊ (aiōnios g166)
Romans 16:27 (ရောမ ၁၆:၂၇)
(parallel missing)
တဆူတည်းသာလျှင် ပညာနှင့် ပြည့်စုံတော်မူသော ဘုရားသခင်သည်၊ ယေရှုခရစ်အားဖြင့် ကမ္ဘာအဆက်ဆက် ဘုန်းကြီးတော်မူစေသတည်း။ အာမင်။ (aiōn g165)
1-Corinthians 1:20 (၁ ကောရိန္သု ၁:၂၀)
(parallel missing)
ပညာရှိကား အဘယ်မှာရှိသနည်း။ ကျမ်းပြု ဆရာကား အဘယ်မှာရှိသနည်း။ ပြဿနာ၌လေ့ကျက် သော ဆရာကား အဘယ်မှာ ရှိသနည်း။ လောကီပညာ ကို ဘုရားသခင်သည် မိုက်စေတော်မူသည် မဟုတ်လော။ (aiōn g165)
1-Corinthians 2:6 (၁ ကောရိန္သု ၂:၆)
(parallel missing)
သို့သော်လည်း၊ စုံလင်သော သူတို့အား ငါတို့သည် ပညာစကားကို ဟောပြော၏။ ထိုသို့ဆိုသော်၊ လောကီပညာကို မဆိုလို။ ပြယ်ပျောက် တတ်သော လောကီမင်းတို့၏ ပညာကိုမဆိုလို။ (aiōn g165)
1-Corinthians 2:7 (၁ ကောရိန္သု ၂:၇)
(parallel missing)
ဤကမ္ဘာမတည်မရှိမှီ၊ ငါတို့၏ ဘုန်းအသရေ ဖြစ်စေခြင်းငှါ၊ ဘုရားသခင်စီရင်တော်မူသော ပညာ၊ နက်နဲသောအရာ၌ ဝှက်ထားသော ဘုရားသခင်၏ ပညာကို ငါတို့သည်ပြသကြ၏။ (aiōn g165)
1-Corinthians 2:8 (၁ ကောရိန္သု ၂:၈)
(parallel missing)
ထိုပညာကို လောကီမင်းတစုံတယောက်မျှမသိ။ သိလျှင်၊ ဘုန်းကြီးတော်မူသောသခင်ကို လက်ဝါးကပ် တိုင်မှာ မကွပ်မျက်ကြပြီ။ (aiōn g165)
1-Corinthians 3:18 (၁ ကောရိန္သု ၃:၁၈)
(parallel missing)
အဘယ်သူမျှ ကိုယ်ကို မလှည့်ဖြားစေနှင့်။ သင်တို့တွင် အကြင်သူသည် ဤလောက၌ ပညာရှိဖြစ် သည်ဟု ကိုယ်ကိုထင်၏။ ထိုသူသည်ပညာရှိ အဖြစ်သို့ ရောက်လိုသောငှါ လူမိုက်ဖြစ်ပါစေ။ (aiōn g165)
1-Corinthians 8:13 (၁ ကောရိန္သု ၈:၁၃)
(parallel missing)
သို့ဖြစ်၍၊ ငါ၏အစားအသောက်သည် ငါ့ညီအစ်ကိုကို မှားယွင်းစေလျှင်၊ ငါ့ညီအစ်ကို၌ မှားယွင်း စရာအကြောင်းမရှိစေခြင်းငှါ၊ အမဲသားကို အစဉ်မပြတ် ရှောင်မည်။ (aiōn g165)
1-Corinthians 10:11 (၁ ကောရိန္သု ၁၀:၁၁)
(parallel missing)
ထိုအကြောင်းအရာရှိသမျှတို့သည် ပုံသက်သေ ဖြစ်အံ့သောငှါ ထိုသူတို့၌ ရောက်ကြ၏။ ကပ်ကာလ အဆုံးတွင် ဖြစ်သောငါတို့ကို ဆုံးမစရာဘို့ ကျမ်းစာ၌ ရေးထားလျက်ရှိသတည်း။ (aiōn g165)
1-Corinthians 15:55 (၁ ကောရိန္သု ၁၅:၅၅)
(parallel missing)
အိုသေမင်း၊ သင်၏လက်နက်သည်၊ အဘယ်မှာ ရှိသနည်း။ အိုမရဏနိုင်ငံ၊ သင်၏အောင်ခြင်းသည် အဘယ်မှာရှိသနည်း။ (Hadēs g86)
2-Corinthians 4:4 (၂ ကောရိန္သု ၄:၄)
(parallel missing)
ထိုသို့မယုံကြည်သောသူတိုကား၊ ဘုရားသခင်၏ ပုံသဏ္ဌာန်တော် တည်းဟူသော ခရစ်တော်၏ ဘုန်းအသရေနှင့်ပြည့်စုံသော ဧဝံဂေလိတရား၏ အရောင်သည် အလင်းကိုမပေးစေခြင်းငှါ၊ ဤလောကကို အစိုးရသော ဘုရားသည်သူတို့၏ ဥာဏ်မျက်စိကို ကွယ်စေ၏။ (aiōn g165)
2-Corinthians 4:17 (၂ ကောရိန္သု ၄:၁၇)
(parallel missing)
ယခုခဏ ခံရ၍ပေါ့ပါးသော ဆင်းရဲ ခြင်းဒုက္ခသည် အတိုးထက် အလွန်ကြီးမြတ် လေးလံသော နိစ္စထာဝရဘုန်းအသရေကို ငါတို့အဖို့ ဖြစ်စေတတ်၏၊ (aiōnios g166)
2-Corinthians 4:18 (၂ ကောရိန္သု ၄:၁၈)
(parallel missing)
အကြောင်းမူကား၊ မျက်မှောက်၌ထင်ရှားသော အရာတို့သည် ခဏသာတည်၍ မထင်ရှားသောအရာ တို့သည် အစဉ်အမြဲတည်ကြောင်းကို ငါတို့သည် ထောက်လျက်၊ ထင်ရှားသော အရာတို့ကို မကြည့်မမှတ်ဘဲ မထင်ရှားသောအရာတို့ကို ကြည့်မှတ်စဉ်အခါ။ (aiōnios g166)
2-Corinthians 5:1 (၂ ကောရိန္သု ၅:၁)
(parallel missing)
ယာယီတဲဖြစ်သော ငါတို့မြေအိမ်သည်ပျက်လျှင်၊ ကောင်းကင်ဘုံ၌ လူလက်ဖြင့်မလုပ်ဘဲ၊ ဘုရားသခင် ဖန်ဆင်းတော်မူသော နိစ္စထာဝရအိမ်ရှိကြောင်းကို ငါတို့ သိကြ၏။ (aiōnios g166)
2-Corinthians 9:9 (၂ ကောရိန္သု ၉:၉)
(parallel missing)
သူ၏ဖြောင့်မတ်ခြင်းသည် အစဉ်အမြဲတည်တတ်၏ဟုလာသည်နှင့်အညီ၊ သင်တို့သည်အရာရာ၌ သုံးလောက်သောဥစ္စာအမျိုးမျိုးနှင့် အစဉ်ရှိ၍၊ ကောင်းသော အကျင့်အမျိုးမျိုးနှင့်ထူးသဖြင့်ပြည့်စုံမည် အကြောင်း၊ အမျိုးစုံသောမင်္ဂလာကျေးဇူးနှင့် အထူးသဖြင့် ပြည့်စုံစေခြင်းငှါ ဘုရားသခင်တတ်နိုင်တော်မူ၏။ (aiōn g165)
2-Corinthians 11:31 (၂ ကောရိန္သု ၁၁:၃၁)
(parallel missing)
ငါသည်မုသာမပြောသည်ကို ထာဝရမင်္ဂလာရှိတော်မူသော ငါတို့သခင်ယေရှုခရစ်၏ခမည်းတော် ဘုရားသခင်သိတော်မူ၏။ (aiōn g165)
Galatians 1:4 (ဂလာတိ ၁:၄)
(parallel missing)
ထိုသခင်သည် ငါတို့အဘတည်းဟူသော ဘုရားသခင်၏အလိုတော်နှင့်အညီ ဆိုးညစ်သော ဤပစ္စုပ္ပန် ဘဝမှ ငါတို့ကို ကယ်နှုတ်ခြင်းငှာ၊ ငါတို့အပြစ်ကြောင့် ကိုယ်ကို ကိုယ်အပ်ပေးတော်မူ၏။ (aiōn g165)
Galatians 1:5 (ဂလာတိ ၁:၅)
(parallel missing)
ထိုဘုရားသခင်သည်ကမ္ဘာအဆက်ဆက် ဘုန်းကြီးတော်မူစေ သတည်း။ အာမင်။ (aiōn g165)
Galatians 6:8 (ဂလာတိ ၆:၈)
(parallel missing)
မိမိဇာတိပကတိ၌ မျိုးစေ့ကြဲသောသူသည် ဇာတိပကတိအားဖြင့် ပုပ်ပျက်ခြင်းအသီးအနှံကို ရိတ်ရလိမ့် မည်။ ဝိညာဉ်ပကတိ၌ မျိုးစေ့ကြဲသောသူသည် ဝိညာဉ်ပကတိအားဖြင့် ထာဝရအသက်ရှင်ခြင်း အသီးအနှံကို ရိတ်ရလိမ့်မည်။ (aiōnios g166)
Ephesians 1:21 (ဧ​ဖက် ၁:၂၁)
(parallel missing)
ခပ်သိမ်းသော အထွဋ်အမြတ်၊ အာဏာစက်၊ တန်ခိုး၊ အစိုးရခြင်းမှစ၍ ယခုဘဝနောင်ဘဝ၌ ခေါ် ဝေါ်သမုတ်သောဘွဲ့နာမအလုံးစုံတို့အထက်၊ ကောင်းကင်အရပ်၌ မိမိလက်ျာတော်ဘက်မှာ အလွန်မြင့်မြတ် သောနေရာကို ခရစ်တော်အား ပေးတော်မူ၍၊ (aiōn g165)
Ephesians 2:2 (ဧ​ဖက် ၂:၂)
(parallel missing)
သင်တို့သည် အထက်ကလောကီတရားသို့လိုက်၍ အာကာသကောင်းကင်၏ တန်ခိုးကို အစိုးရသော မင်းတည်းဟူသော ငြင်းဆန်သော သူတို့၌ ပြုပြင်သော ဝိညာဉ်၏အလိုနှင့်အညီ။ (aiōn g165)
Ephesians 2:7 (ဧ​ဖက် ၂:၇)
(parallel missing)
အကြောင်းမူကား၊ ထိုသခင်အားဖြင့် ငါတို့၌ ကျေးဇူးပြု၍၊ ကျေးဇူးတော်၏အလွန်ကြွယ်ဝခြင်းကို နောင်ကပ်ကာလတို့၌ ထင်ရှားစေမည်အကြောင်းဖြစ်သတည်း။ (aiōn g165)
Ephesians 3:9 (ဧ​ဖက် ၃:၉)
(parallel missing)
အလုံးစုံတို့ကို ယေရှုခရစ်အားဖြင့် ဖန်ဆင်းတော်မူသော ဘုရားသခင်၌ ရှေးကပ် ကာလပတ်လုံး ဝှက်ထားလျက်ရှိသော ထိုနက်နဲသောအရာနှင့် စပ်ဆိုင်သော သာသနာသည် အဘယ်သို့ ဖြစ်သည်ကို လူအပေါင်းတို့အား ထင်ရှားစေခြင်းငှါ၎င်း။ (aiōn g165)
Ephesians 3:11 (ဧ​ဖက် ၃:၁၁)
(parallel missing)
အဘယ်ကြောင့်နည်းဟူမူကား၊ ငါတို့သခင်ယေရှုခရစ်ကို အကြောင်းပြု၍ ထာဝရအကြံတော် ရှိသည်နှင့်အညီ။ (aiōn g165)
Ephesians 3:21 (ဧ​ဖက် ၃:၂၁)
(parallel missing)
ယေရှုခရစ်အားဖြင့် အသင်းတော်၌ ကမ္ဘာအဆက်ဆက်ဘုန်းကြီးတော်မူစေသတည်း။ အာမင်။ (aiōn g165)
Ephesians 6:12 (ဧ​ဖက် ၆:၁၂)
(parallel missing)
အကြောင်းမူကား၊ ငါတို့သည် အသွေးအသားရှိသော ရန်သူတို့နှင့် ဆိုင်ပြိုင် တိုက်လှန်ရကြသည်မဟုတ်။ အထွဋ်အမြတ်တို့နှင့်၎င်း၊ အာဏာစက်တို့နှင့်၎င်း၊ လောကီမှောင်မိုက်၌ အစိုးတရပြုလုပ်သော မင်းတို့နှင့်၎င်း၊ မိုဃ်းကောင်းကင်၌နေသော နတ်ဆိုးတို့နှင့်၎င်း၊ ဆိုင်ပြိုင်တိုက်လှန် ရကြ၏။ (aiōn g165)
Philippians 4:20 (ဖိလိပ္ပိ ၄:၂၀)
(parallel missing)
ငါတို့အဘတည်းဟူသော ဘုရားသခင်သည် ကမ္ဘာအဆက်ဆက် ဘုန်းကြီးတော်မူစေသတည်း။ အာမင်။ (aiōn g165)
Colossians 1:26 (ကောလောသဲ ၁:၂၆)
(parallel missing)
ရှေးကပ်ကာလပတ်လုံး ဝှက်ထားလျက်ရှိသော်လည်း၊ ယခုတွင် သန့်ရှင်းသူတို့အား ဘော်ပြသော နက်နဲရာတည်းဟူသော ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို အကုန်အစင် ဟောပြောစေခြင်းငှါ။ (aiōn g165)
2-Thessalonians 1:9 (၂ သက်သာလောနိတ် ၁:၉)
(parallel missing)
ခံအံ့သောငှါ ကြွလာတော်မူသောနေ့ရက်၌၊ ထိုသူတို့သည် သခင်ဘုရား၏ မျက်နှာတော်နှင့်၎င်း၊ တန်ခိုးရှိသော ဘုန်းတော်နှင့်၎င်းကွာ၍ ထာဝရပျက်စီးခြင်းတည်းဟူသော အပြစ်ဒဏ်ကို ခံရကြလတံ့၊ (aiōnios g166)
2-Thessalonians 2:16 (၂ သက်သာလောနိတ် ၂:၁၆)
(parallel missing)
ငါတို့ကိုချစ်တော်မူ၍၊ ထာဝရသက်သာခြင်းအကြောင်းကို၎င်း၊ ကျေးဇူးတော်အားဖြင့် ကောင်းသော မြော်လင့်ခြင်းအကြောင်းကို၎င်း ပေးတော်မူသော ငါတို့အဘတည်းဟူသော ဘုရားသခင်နှင့်၊ ငါတို့သခင် ယေရှု ခရစ်သည် ကိုယ်တော်တိုင်၊ သင်တို့စိတ်နှလုံးကို သက်သာစေ၍၊ ကောင်းသောစကား၊ ကောင်းသောအမှု အမျိုးမျိုး၌ သင်တို့ကို မြဲမြံစေတော်မူပါစေသော။ (aiōnios g166)
1-Timothy 1:16 (၁ တိမောသေ ၁:၁၆)
(parallel missing)
သို့သော်လည်း၊ ထာဝရအသက်အလိုငှါ ယုံကြည်လတံ့သော သူတို့လိုက်စရာပုံသက်သေ ဖြစ်စေ ခြင်းငှါ၊ အကြီးဆုံးသောအပြစ်ရှိသော ငါ၌၊ ယေရှုခရစ်သည် ခပ်သိမ်းသောခန္တီတော်ကို ပြတော်မူမည် အ ကြောင်း၊ ငါ့ကိုသနားတော်မူပြီ။ (aiōnios g166)
1-Timothy 1:17 (၁ တိမောသေ ၁:၁၇)
(parallel missing)
လောကဓာတ်တို့၏ ဘုရင်တည်းဟူသော၊ ဖောက်ပြန်ပျက်စီးခြင်းနှင့်ကင်းလွတ်တော်မူထသော၊ မျက်မြင်မရ၊ အရူပဖြစ်တော်မူထသော၊ တဆူတည်းသောဘုရားသခင်သည် ကမ္ဘာအဆက်ဆက် ဂုဏ်အသရေ၊ ဘုန်းအာနုဘော်ရှိတော်မူစေသတည်း။ အာမင်။ (aiōn g165)
1-Timothy 6:12 (၁ တိမောသေ ၆:၁၂)
(parallel missing)
ယုံကြည်ခြင်းနှင့်ဆိုင်၍ ကောင်းစွာသော တိုက် လှန်ခြင်းကို ပြုလော့။ ထာဝရအသက်ကိုကိုင်ယူလော့။ ထိုအသက်ကိုရမည်အကြောင်း၊ သင်သည်ခေါ်တော်မူခြင်းကိုခံရ၍၊ သက်သေအများတို့ ရှေ့၌ကောင်းမွန်စွာ ဝန်ခံပြီ။ (aiōnios g166)
1-Timothy 6:16 (၁ တိမောသေ ၆:၁၆)
(parallel missing)
ထိုဘုရား သခင်သည် ထာဝရဂုဏ်အသရေ အစွမ်းသတ္တိရှိတော်မူစေသတည်း။ အာမင်။ (aiōnios g166)
1-Timothy 6:17 (၁ တိမောသေ ၆:၁၇)
(parallel missing)
ဤဘဝ၌ ငွေရတတ်သောသူတို့သည် မာန်မာန စိတ်နှင့် ကင်းလွတ်၍၊ မမြဲသောစည်းစိမ်ကို မကိုးစား ဘဲ၊ ငါတို့ခံစားဘို့ရာ အလုံးစုံတို့ကိုကြွယ်ဝစွာ ပေးသနားတော်မူသော၊ အသက်ရှင်တော်မူသော ဘုရားသခင်ကို ကိုးစာရမည်အကြောင်းနှင့်၊ (aiōn g165)
2-Timothy 1:9 (၂ တိမောသေ ၁:၉)
(parallel missing)
ဘုရားသခင်သည် ငါတို့ကျင့်သောအကျင့်ကို ထောက်တော်မမူ။ ရှေးကပ်ကာလမရောက်မှီ၊ ယေရှုခရစ်အားဖြင့် ငါတို့အဘို့ ကိုယ်တော်တိုင်ကြံစည်တော်မူသော ကျေးဇူးတော်နှင့်အညီ ငါတို့ကိုကယ်တင်၍၊ သန့်ရှင်းသောအရာ၌ ခေါ်သွင်းတော်မူ၏။ (aiōnios g166)
2-Timothy 2:10 (၂ တိမောသေ ၂:၁၀)
(parallel missing)
ထိုကြောင့်ရွေးကောက်တော်မူသော သူတို့သည်၊ ထာဝရ ဘုန်းအသရေနှင့်တကွ ယေရှုခရစ်အားဖြင့် ကယ်တင်ခြင်းသို့ရောက်စိမ့်သောငှါ၊ သူတို့အဘို့ အရာရာကို ငါသည်းခံရ၏။ (aiōnios g166)
2-Timothy 4:10 (၂ တိမောသေ ၄:၁၀)
(parallel missing)
ဒေမသည် ယခုဘဝကို နှစ်သက်သော စိတ်ရှိသည်နှင့် ငါ့ကိုစွန့်ပစ်၍၊ သက်သာလောနိတ်မြို့သို့သွားပြီ၊ ကရက္ကေသည် ဂလာတိပြည်သို့၎င်း၊ တိတုသည် ဒါလမာတိပြည်သို့၎င်း သွားပြီ။ (aiōn g165)
2-Timothy 4:18 (၂ တိမောသေ ၄:၁၈)
(parallel missing)
ထိုမျှမက၊ သခင်ဘုရားသည် မကောင်းသော အမှုရှိသမျှကို ငါ့ကိုကယ်နှုတ်၍၊ မိမိကောင်းကင်နိုင်ငံ တော်သို့တိုင်အောင် မစပို့ဆောင်တော်မူလိမ့်မည်။ ထိုသခင်သည် ကမ္ဘာအဆက်ဆက်ဘုန်းကြီးတော် မူစေ သတည်း။ အာမင်။ (aiōn g165)
Titus 1:2 (တိတု ၁:၂)
(parallel missing)
ငါ၌အပ်ထားသော တရားဟောခြင်း၊ အခွင့်အားဖြင့် တော်လျော်သောအချိန်၌၊ နှုတ်ကပတ်တရားတော်ကို ထင်ရှားစေတော်မူသောအရာနှင့် စပ်ဆိုင်သောထာဝရအသက်ကို မြော်လင့်သည်ဖြစ်၍၊ ဘုရားဝတ်၌ မွေ့လျော်ခြင်းနှင့်ဆိုင်သော သမ္မာတရား ကိုဝန်ခံခြင်းအလိုငှါ၎င်း၊ (aiōnios g166)
Titus 2:12 (တိတု ၂:၁၂)
(parallel missing)
ငါတို့သည် မြော်လင့်လျက်၊ ဘုရားမဲ့ တရားမဲ့နေခြင်း၊ လောကီတပ်မက်ခြင်းကို ပယ်ရှားလျက်၊ ယခု ဘဝ၌ ဣန္ဒြေစောင့်ခြင်း၊ တရားသဖြင့်ကျင့်ခြင်း၊ ဘုရားဝတ်၌မွေ့လျှော်ခြင်းတို့ကို ပြုနေရမည်အကြောင်း၊ (aiōn g165)
Titus 3:7 (တိတု ၃:၇)
(parallel missing)
အကြောင်းမူကား၊ ငါတို့သည် ဘုရားသခင်၏ကျေးဇူးတော်အားဖြင့် ဖြောင့်မတ်ရာသို့ရောက်၍ ထာဝရ အသက်ကို မြော်လင့်သည်နှင့်အညီ အမွေခံဖြစ်ကြမည်အကြောင်းတည်း။ (aiōnios g166)
Philemon 1:15 (ဖိလေမုန် ၁:၁၅)
(parallel missing)
ထိုမှတပါး၊ သင်သည်သူ့ကို အစဉ်ရစေခြင်းငှါ၊ သူသည် သင်နှင့်ခဏကွာသွားသည်ဟု ဆိုစရာရှိ၏။ (aiōnios g166)
Hebrews 1:2 (ဟေဗြဲ ၁:၂)
(parallel missing)
ဤနောက်ဆုံးကာလအခါ မိမိသားတော်အားဖြင့် ငါတို့အား ဗျာဒိတ်ပေးတော်မူပြီ။ ထိုသားတော်ကို အလုံးစုံတို့၏ အမွေခံသခင် အရာ၌ ခန့်ထားတော်မူ၏။ သားတော်အားဖြင့်လည်း လောကဓာတ်တို့ကို တည်တော်မူ၏။ (aiōn g165)
Hebrews 1:8 (ဟေဗြဲ ၁:၈)
(parallel missing)
သားတော်ကိုကား၊ အိုဘုရားသခင်၊ ကိုယ်တော်၏ ပလ္လင်သည် နိစ္စထာဝရပလ္လင် ဖြစ်ပါ၏။ ကိုယ်တော် ၏ နိုင်ငံသည် တရားသဖြင့် စီရင်သော နိုင်ငံဖြစ်ပါ၏။ (aiōn g165)
Hebrews 5:6 (ဟေဗြဲ ၅:၆)
(parallel missing)
ထိုသို့နှင့်အညီ ကျမ်းစာတချက်လာသည်ကား၊ သင်သည် မေလခိဇေဒက်နည်းတူ ထာဝရယဇ်ပုရော ဟိတ်ဖြစ်သည်ဟု လာသတည်း။ (aiōn g165)
Hebrews 5:9 (ဟေဗြဲ ၅:၉)
(parallel missing)
ထိုသို့စုံလင်ခြင်းသို့ရောက်ပြီးမှ၊ ယုံကြည်နားထောင်သော သူအပေါင်းတို့အား ထာဝရကယ်တင်ခြင်း ကျေးဇူးကို ပြုသောသူဖြစ်တော်မူ၍။ (aiōnios g166)
Hebrews 6:2 (ဟေဗြဲ ၆:၂)
(parallel missing)
ဗတ္တိဇံ တရားကိုသွန်သင်ခြင်း၊ လက်ကိုတင်ခြင်း၊ သေလွန်သော သူတို့၏ထမြောက်ခြင်း၊ ထာဝရစီရင် ဆုံးဖြတ်ခြင်းတည်းဟူသော မူလအမြစ်ကို ငါတို့သည် ပြန်၍ မတည်ဘဲ။ (aiōnios g166)
Hebrews 6:5 (ဟေဗြဲ ၆:၅)
(parallel missing)
ဘုရားသခင်၏ ကောင်းမြတ်သော တရားစကားကို၎င်း၊ နောင်ကပ်ကာလ၏ တန်ခိုးများကို၎င်း၊ မြည်းစမ်းခြင်းရှိပြီးမှ၊ (aiōn g165)
Hebrews 6:20 (ဟေဗြဲ ၆:၂၀)
(parallel missing)
မေလခိဇေဒက်နည်းတူ ထာဝရယဇ်ပုရောဟိတ်မင်း ဖြစ်သော ယေရှုသည်၊ ငါတို့အတွက်၊ ထိုအတွင်း အရပ်ထဲသို့ ရှေ့ဆောင်၍ ဝင်သောသူဖြစ်တော်မူ၏။ (aiōn g165)
Hebrews 7:17 (ဟေဗြဲ ၇:၁၇)
(parallel missing)
အကြောင်းမူကား၊ သင်သည် မေလခိဇေဒက်နည်းတူ၊ ထာဝရ ယဇ်ပုရောဟိတ်ဖြစ်သည်ဟု သက်သေ ခံတော်မူသတည်း။ (aiōn g165)
Hebrews 7:21 (ဟေဗြဲ ၇:၂၁)
(parallel missing)
ယေရှုမူကား၊ အကျိန်တော်မရှိဘဲ ယဇ်ပုရောဟိတ်အရာကိုမရ၊ ထာဝရဘုရားက၊ သင်သည် မေလခိ ဇေဒက်နည်းတူ ထာဝရယဇ်ပုရောဟိတ်ဖြစ်သည်ဟု ကျိန်ဆို၍၊ နောက်တဖန် စိတ်ပြောင်းလဲခြင်းရှိတော် မမူသည်နှင့်အညီ၊ ယေရှုသည် အကျိန်တော်ကိုခံ၍ ယဇ်ပုရောဟိတ်အရာကို ရသည်အတိုင်း၊ (aiōn g165)
Hebrews 7:24 (ဟေဗြဲ ၇:၂၄)
(parallel missing)
ယေရှုမူကား၊ နိစ္စထာဝရတည်သောကြောင့် မပြောင်းမလဲသော ယဇ်ပုရောဟိတ်အရာ၌ ခန့်ထား လျက်ရှိ၏။ (aiōn g165)
Hebrews 7:28 (ဟေဗြဲ ၇:၂၈)
(parallel missing)
ပညတ်တရားသည် အပြစ်ရှိသောသူတို့ကို ယဇ်ပုရောဟိတ် အရာ၌ခန့်ထား၏။ ပညတ်တရား နောက်၌ ကျိန်ဆိုတော်မူသော ဗျာဒိတ်တော်မူကား၊ အစဉ်အမြဲစုံလင်ခြင်းသို့ရောက်သော သားတော်ကို ခန့်ထားသတည်း။ (aiōn g165)
Hebrews 9:12 (ဟေဗြဲ ၉:၁၂)
(parallel missing)
ငါတို့အဘို့ထာဝရရွေးနှုတ်ခြင်း ကျေးဇူးကိုခံရ၍ ဆိတ်အသွေး၊ နွားကလေးအသွေးနှင့်မဟုတ်၊ မိမိအသွေးတော်နှင့် သန့်ရှင်းရေးဌာနထဲသို့ တခါတည်း ဝင်တော်မူ၏။ (aiōnios g166)
Hebrews 9:14 (ဟေဗြဲ ၉:၁၄)
(parallel missing)
ထိုမျှမက၊ အပြစ်ကင်းသော ကိုယ်တော်ကို၊ ထာဝရဝိညာဉ်တော်အားဖြင့်၊ ဘုရားသခင့်ရှေ့၌ တင်လှူ ပူဇော်သော ခရစ်တော်၏ အသွေးသည်၊ သေခြင်းနှင့် စပ်ဆိုင်သောအကျင့်ကို ပယ်ရှင်း၍၊ သင်တို့သည် အသက်ရှင်တော်မူသော ဘုရားသခင်ကို ဝတ်ပြုမည်အကြောင်း၊ သင်တို့၌ ကိုယ်ကိုကိုယ်သိသော စိတ်ကို စင်ကြယ်စေခြင်းငှါ၊ သာ၍တတ်နိုင်တော်မူသည်မဟုတ်လော။ (aiōnios g166)
Hebrews 9:15 (ဟေဗြဲ ၉:၁၅)
(parallel missing)
ထိုကြောင့် ပဌမပဋိညာဉ်တရားလက်ထက်၌ ပြစ်မှားသောအပြစ်ကိုလည်း လွတ်စေခြင်းငှါ၊ ခရစ်တော်သည် အသေခံတော်မူသည် ဖြစ်၍၊ ခေါ်တော်မူသော သူတို့သည် ဂတိတော်နှင့်ယှဉ်သော ထာဝရ အမွေကို ခံရမည်အကြောင်း၊ ထိုသခင်သည် ပဋိညာဉ်တရားသစ်၏ အာမခံဖြစ်တော်မူ၏။ (aiōnios g166)
Hebrews 9:26 (ဟေဗြဲ ၉:၂၆)
(parallel missing)
ထိုသို့ပူဇော်ရသည်မှန်လျှင်၊ ကမ္ဘာဦးမှစ၍ အဖန်များစွာ အသေခံတော်မူရ၏။ ယခုမူကား၊ ဤကပ် ကာလအဆုံး၌ တခါတည်း ကိုယ်ကိုပူဇော်သောအားဖြင့် အပြစ်များကို သုတ်သင်ပယ်ရှင်းခြင်းငှါ ပေါ်ထွန်းတော်မူ၏။ (aiōn g165)
Hebrews 11:3 (ဟေဗြဲ ၁၁:၃)
(parallel missing)
ယခုမြင်ရသောအရာတို့သည်၊ အရင်ထင်ရှားသော အရာထဲက မဖြစ်ဘဲ၊ လောကဓာတ်တို့သည် ဘုရားသခင်၏အမိန့်တော်ကြောင့်သာ တည်သည်ကို ငါတို့သည် ယုံကြည်ခြင်းအားဖြင့် သိကြ၏။ (aiōn g165)
Hebrews 13:8 (ဟေဗြဲ ၁၃:၈)
(parallel missing)
ယေရှုခရစ်သည် မနေ့၊ ယနေ့၊ နောင်ကာလ အစဉ်အမြဲ မပြောင်းမလဲနေတော်မူ၏။ (aiōn g165)
Hebrews 13:20 (ဟေဗြဲ ၁၃:၂၀)
(parallel missing)
ထာဝရပဋိညာဉ်တရား၏ အသွေးတော်အားဖြင့်၊ သိုးများကိုထိန်းသော သိုးထိန်းကြီးဖြစ်သော ငါတို့သခင်ယေရှုကိုသေခြင်းမှ နှုတ်ဆောင်တော်မူသော၊ ငြိမ်သက်ခြင်း၏အရှင်ဘုရားသခင်သည်၊ (aiōnios g166)
Hebrews 13:21 (ဟေဗြဲ ၁၃:၂၁)
(parallel missing)
မိမိနှစ်သက်တော်မူသော အမှုအရာကို ယေရှုခရစ်အားဖြင့် သင်တို့၌ပြုတော်မူ၍၊ သင်တို့သည် အလိုတော်သို့ လိုက်မည်အကြောင်း၊ ကောင်းသောအကျင့်အမျိုးမျိုး၌ သင်တို့ကိုပြုပြင်တော်မူပါစေသော။ ထိုသခင် ယေရှုခရစ်သည် ကမ္ဘာအဆက်ဆက် ဘုန်းကြီးတော်မူစေသတည်း။ အာမင်။ (aiōn g165)
James 3:6 (ယာကုပ် ၃:၆)
(parallel missing)
လျှာသည် မီးဖြစ်၏။ ဒုစရိုက်၏ လောကဓာတ်လည်းဖြစ်၏။ ထိုသို့နှင့်အညီ၊ လျှာသည်ငါတို့၏ အင်္ဂါတို့တွင်တည်၍ တကိုယ်လုံးကို ညစ်ညူးစေ၏။ ဇာတိစက်ကိုလည်းရှို့တတ်၏။ မိမိသည်လည်း ငရဲမီးရှို့ ခြင်းကိုခံလျက်ရှိ၏။ (Geenna g1067)
1-Peter 1:23 (၁ ပေတရု ၁:၂၃)
(parallel missing)
မဖောက်ပြန်မပျက်စီးတတ်သော မျိုးစေ့တည်းဟူသော အသက်ရှင်၍ အစဉ်အမြဲတည်တော်မူသော ဘုရားသခင်၏နှုတ်ကပတ်တော်အားဖြင့် ဖြစ်ဘွားသောကြောင့်၊ ညီအစ်ကိုများကိုချစ်ယောင်မဆောင်၊ အမှန်ချစ်ခြင်းအလိုငှါ စိတ်ထဲမှသမ္မာတရားကို နားထောင်လျက်၊ ကိုယ်စိတ်နှလုံးကို စင်ကြယ်စေပြီးသည်နှင့် အညီ၊ စင်ကြယ်သော စိတ်နှင့်အချင်းချင်း အားကြီးသောချစ်ခြင်းမေတ္တာရှိကြလော့။ (aiōn g165)
1-Peter 1:25 (၁ ပေတရု ၁:၂၅)
(parallel missing)
ထာဝရဘုရား၏ နှုတ်ကပတ်တရားမူကား၊ ကာလအစဉ်အမြဲတည်၏။ ထိုနှုတ်ကပတ်တော်သည်၊သင် တို့အား ဟောပြောသော ဧဝံဂေလိတရားဖြစ်သတည်း။ (aiōn g165)
1-Peter 4:11 (၁ ပေတရု ၄:၁၁)
(parallel missing)
ဘုရားသခင်သည် အရာရာ၌ ယေရှုခရစ်အားဖြင့် ဘုန်းတော်ထင်ရှားစေမည်အကြောင်း၊ ဟောပြောသောသူသည်ဘုရားသခင်၏ ဗျာဒိတ်တော်နှင့်အညီ ဟောပြောစေ။ အခြားသောအမှုကို ဆောင် ရွက်သောသူသည်၊ ဘုရားသခင်ပေးသနားတော်မူသော အစွမ်းသတ္တိအတိုင်း ဆောင်ရွက်စေ။ ထိုဘုရားသခင် သည် ကမ္ဘာအဆက်ဆက်ဘုန်းအသရေ အစွမ်းသတ္တိရှိတော်မူစေသတည်း။ အာမင်။ (aiōn g165)
1-Peter 5:10 (၁ ပေတရု ၅:၁၀)
(parallel missing)
ခရစ်တော်ယေရှုအားဖြင့် ငါတို့ကို ထာဝရဘုန်းအသရေတော်သို့ခေါ်တော်မူသော၊ ခပ်သိမ်းသော ကျေးဇူးကိုပြုတော်မူသော ဘုရားသခင်သည် ခဏဆင်းရဲခံပြီးသော သင်တို့ကိုစုံလင်တည်ကြည်ခိုင်ခံ့မြဲမြံ စေ တော်မူလိမ့်မည်။ (aiōnios g166)
1-Peter 5:11 (၁ ပေတရု ၅:၁၁)
(parallel missing)
ထိုဘုရားသခင်သည် ကမ္ဘာအဆက်ဆက် ဘုန်းအသရေ အစွမ်းသတ္တိရှိတော်မူစေသတည်း။ အာမင်။ (aiōn g165)
2-Peter 1:11 (၂ ပေတရု ၁:၁၁)
(parallel missing)
ငါတို့ကို ကယ်တင်တော်မူသော အရှင်သခင် ယေရှုခရစ်၏ ထာဝရနိုင်ငံတော်ထဲသို့ ဝင်စားခြင်း အခွင့် ကို သင်တို့အားကြွယ်ဝစွာ ပေးသနားတော်မူလတံ့။ (aiōnios g166)
2-Peter 2:4 (၂ ပေတရု ၂:၄)
(parallel missing)
အကြောင်းမူကား၊ ပြစ်မှားသော ကောင်းကင် တမန်တို့ကို ဘုရားသခင်သည်နှမြောတော်မမူ၊ ငရဲထဲသို့ ချလိုက်ပြီးမှ စစ်ကြောစီရင်ခြင်း အလို့ငှါ ချုပ်ထား၍၊ မှောင်မိုက်သံကြိုးနှင့်ချည်နှောင်တော်မူ၏။ (Tartaroō g5020)
2-Peter 3:18 (၂ ပေတရု ၃:၁၈)
(parallel missing)
ကျေးဇူးတော်၌၎င်း၊ ငါတို့ကို ကယ်တင်တော်မူ သော အရှင် သခင်ယေရှုခရစ်ကို သိကျွမ်းခြင်း၌၎င်း ကြီးပွားကြလော့။ ထိုသခင်သည် ယခုမှစ၍ ထာဝရ နေ့ရက် ကာလပတ်လုံးဘုန်းအသရေရှိတော်မူစေ သတည်း။ အာမင်။ (aiōn g165)
1-John 1:2 (၁ ယောဟန် ၁:၂)
(parallel missing)
ထိုအသက်သည်ထင်ရှားခဲ့ပြီ။ ငါတို့လည်း မြင်ရကြပြီ။ ခမည်းတော်နှင့်အတူရှိဘူး၍၊ ငါတို့အား ထင်ရှားခဲ့ပြီးသော ထိုထာဝရအသက်ကို၊ ငါတို့သည် သင်တို့အား သက်သေခံ၍ပြသကြ၏။ (aiōnios g166)
1-John 2:17 (၁ ယောဟန် ၂:၁၇)
(parallel missing)
လောကနှင့်လောကီတပ်မက်ခြင်းသည် ရွေ့သွားကွယ်ပျောက်တတ်၏။ ဘုရားသခင်၏ အလိုတော်နှင့် အညီ ကျင့်သောသူမူကား၊ နိစ္စထာဝရတည်၏။ (aiōn g165)
1-John 2:25 (၁ ယောဟန် ၂:၂၅)
(parallel missing)
ငါတို့အား ပေးတော်မူသောဂတိတော်မူကား၊ ထာဝရအသက်ကို ဝန်ခံတော်မူသောဂတိတော် ပေတည်း။ (aiōnios g166)
1-John 3:15 (၁ ယောဟန် ၃:၁၅)
(parallel missing)
မိမိညီအစ်ကိုကိုမုန်းသောသူမည်သည်ကား၊ လူအသက်ကို သတ်သောသူဖြစ်၏။ လူအသက်ကို သတ်သောသူ တစုံတယောက်၌မျှ ထာဝရအသက် မတည်သည်ကို သင်တို့သိကြ၏။ (aiōnios g166)
1-John 5:11 (၁ ယောဟန် ၅:၁၁)
(parallel missing)
သက်သေခံတော်မူချက်ဟူမူကား၊ ဘုရားသခင်သည် ငါတို့အား ထာဝရအသက်ကိုပေးတော်မူ၍၊ ထိုအသက်သည်လည်း သားတော်၌ပါ၏။ (aiōnios g166)
1-John 5:13 (၁ ယောဟန် ၅:၁၃)
(parallel missing)
ဘုရားသခင်၏သားတော်ကို ယုံကြည်သောသင်တို့သည် ထာဝရအသက်ကိုကိုယ်တိုင်ရသည်ဟု သိစေခြင်းငှါ၊ ဤအရာများကို သင်တို့အား ငါရေး၍ပေးလိုက်၏။ (aiōnios g166)
1-John 5:20 (၁ ယောဟန် ၅:၂၀)
(parallel missing)
ဘုရားသခင်၏သားတော်သည်ကြွလာ၍၊ မှန်သောဘုရားသခင်ကို သိသောဥာဏ်ကို ငါတို့အား ပေးတော်မူသည်ကိုလည်း ငါတို့သိကြ၏။ မှန်သောဘုရားသခင်၌၎င်း၊ သားတော်ယေရှုခရစ်၌၎င်းငါတို့သည် တည်လျက်ရှိကြ၏။ ထိုသူသည်မှန်သော ဘုရားသခင်ဖြစ်တော်မူ၏။ ထာဝရအသက်လည်း ဖြစ်တော်မူ၏။ (aiōnios g166)
2-John 1:2 (၂ ယောဟန် ၁:၂)
(parallel missing)
ငါတို့၌တည်၍ ငါတို့တွင် အစဉ်မပြတ်ရှိလတံ့သော သမ္မာတရားကြောင့်၊ ငါမှစ၍ သမ္မာတရားကို သိသောသူအပေါင်း တို့သည်၊ သခင်မနှင့် သားသမီးတို့၌ မှန်ကန်သောချစ်ခြင်းမေတ္တာရှိပါ၏။ (aiōn g165)
Jude 1:6 (ယုဒ ၁:၆)
(parallel missing)
ထိုမှတပါး၊ မိမိတို့အခွင့်အရာကိုမစောင့်၊ မိမိတို့ နေရာအရပ်ကို စွန့်ပစ်သော ကောင်းကင်တမန်တို့ကို၊ ကြီးစွာသောနေ့၌ စစ်ကြောစီရင်ခြင်းအလိုငှါ၊ ထာဝရ ချည်နှောင်ခြင်းအားဖြင့် မှောင်မိုက် ထဲမှာချုပ် ထားတော် မူ၏။ (aïdios g126)
Jude 1:7 (ယုဒ ၁:၇)
(parallel missing)
ထိုနည်းတူ၊ သောဒုံမြို့နှင့် ဂေါမောရမြို့မှစ၍ ပတ်ဝန်းကျင်၌ ရှိသော မြို့တို့သည်၊ အထက်က ဆိုခဲ့ပြီး သော လူဆိုးကဲ့သို့ မတရားသော မေထုန်ကိုအလွန်ပြု၍ ကိုယ်ခင်ပွန်းမဟုတ်သော သူတို့နှင့်မှားယွင်းခြင်းအမှု၌ ကျင်လည်သောကြောင့်၊ ထာဝရမီးနှင့်ကျွမ်းလောင်ခြင်း ဒဏ်ကိုခံရ၍ ပုံသက်သေထင်ရှားလျက်ရှိကြ၏။ (aiōnios g166)
Jude 1:13 (ယုဒ ၁:၁၃)
(parallel missing)
မိမိရှက်ခြင်းအကြောင်းကို ပွက်စေတတ်သော လှိုင်းတံပိုးရိုင်းကဲ့သို့၎င်း၊ ကြယ်ပျံကဲ့သို့၎င်းဖြစ်ကြ၏။ ထို ကြယ်ပျံတို့အဘို့တခဲနက်သော ထာဝရမှောင်မိုက်ကို သိုထားလျက်ရှိ၏။ (aiōn g165)
Jude 1:21 (ယုဒ ၁:၂၁)
(parallel missing)
ဘုရားသခင်ကို ချစ်ခြင်းမေတ္တာ၌ ကိုယ်ကိုကိုယ်စောင့်ရှောက်၍ ထာဝရအသက်အလိုငှါ၊ ငါတို့သခင် ယေရှုခရစ်၏ ကရုဏာတော်ကို မြော်လင့်၍ နေကြာလော့။ (aiōnios g166)
Jude 1:25 (ယုဒ ၁:၂၅)
(parallel missing)
ငါတို့ကို ကယ်တင်တော်မူသောအရှင်၊ တဆူတည်းသောဘုရားသခင်သည်၊ ငါတို့သခင်ယေရှုခရစ် အားဖြင့်၊ ယခုမှစ၍ကမ္ဘာ အဆက်ဆက်ဘုန်းတန်ခိုး အာနုဘော်နှင့် အစွမ်းသတ္တိအာဏာ စက်ရှိတော်မူစေ သတည်း။ အာမင်။ (aiōn g165)
Revelation 1:6 (ဗျာဒိတ်ကျမ်း ၁:၆)
(parallel missing)
မိမိခမည်းတော်ဘုရားသခင့်ရှေ့၌ ငါတို့ကို ရှင်ဘုရင်အရာ၌၎င်း၊ ယဇ်ပုရောဟိတ်အရာ၌၎င်း ခန့် ထားတော်မူသောသူသည်၊ ကမ္ဘာအဆက်ဆက် ဘုန်းအသရေ၊ အစွမ်းသတ္တိရှိတော်မူစေသတည်း။ အာမင်။ (aiōn g165)
Revelation 1:18 (ဗျာဒိတ်ကျမ်း ၁:၁၈)
(parallel missing)
အသက်ရှင်သောသူလည်းဖြစ်၏။ ငါသည် အရင်သေသည် ဖြစ်၍၊ ကမ္ဘာအဆက်ဆက်အသက်နှင့် ပြည့်စုံ၏။ မရဏာနှင့် မရဏာနိုင်ငံကိုလည်းငါအစိုးရ၏။ (aiōn g165, Hadēs g86)
Revelation 4:9 (ဗျာဒိတ်ကျမ်း ၄:၉)
(parallel missing)
ပလ္လင်တော်ပေါ်မှာ ထိုင်၍ ကမ္ဘာအဆက်ဆက် အသက်ရှင်တော်မူသောသူ၏ ဘုန်းအသရေ၊ ဂုဏ်ကျေးဇူးတော်ကို ထိုသတ္တဝါတို့သည်ချီးမွမ်းကြသောအခါ၊ (aiōn g165)
Revelation 4:10 (ဗျာဒိတ်ကျမ်း ၄:၁၀)
(parallel missing)
အသက်ကြီးသူနှစ်ဆယ်လေးပါးတို့သည် ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူသောသူရှေ့၌ ပြပ်ဝပ်လျက် ၊ ကမ္ဘာအဆက်ဆက် အသက်ရှင် တော်မူသော သူကို ကိုးကွယ်လျက် ၊ (aiōn g165)
Revelation 5:13 (ဗျာဒိတ်ကျမ်း ၅:၁၃)
(parallel missing)
ကောင်းကင်၊ မြေကြီး၊ မြေကြီးအောက်၊ သမုဒ္ဒရာအထဲ၊ အရပ်ရပ်တို့၌ရှိရှိသမျှသော ဝေနေယျသတ္တဝါ အပေါင်းတို့က၊ ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူသောသူနှင့် သိုးသငယ်သည် ကမ္ဘာအဆက်ဆက် ကောင်းကြီး မင်္ဂလာ၊ ဂုဏ်အသရေ၊ ဘုန်းအာနုဘော်၊ အစွမ်းသတ္တိရှိ တော်မူစေသတည်းဟု ပြောဆိုကြသည်ကို ငါကြား လေ၏။ (aiōn g165)
Revelation 6:8 (ဗျာဒိတ်ကျမ်း ၆:၈)
(parallel missing)
ထိုအခါငါကြည့်လျှင်၊ မြင်းမွဲတစီးရှိ၏။ မြင်းစီးသောသူသည် မရဏာဟူသောအမည်ရှိ၏။ မရဏာ နိုင်ငံသည် ထိုသူနောက်သို့ လိုက်လေ၏။ သူသည် မြေကြီး လေးစိတ်တစိတ်ကို အစိုးရ၍ ထားဘေး၊ မွတ်သိပ်ခြင်းဘေး၊ နာ၍သေဘေး၊ မြေသားရဲဘေးအားဖြင့် သတ်ပိုင် သော အခွင့်ကိုရ၏။ (Hadēs g86)
Revelation 7:12 (ဗျာဒိတ်ကျမ်း ၇:၁၂)
(parallel missing)
အာမင်။ ငါတို့၏ ဘုရားသခင်သည် ကမ္ဘာ အဆက်ဆက် ကောင်းကြီးမင်္ဂလာ၊ ဘုန်း၊ ပညာနှင့်တကွ ကျေးဇူးချီးမွမ်းခြင်း၊ ဂုဏ်အသရေ၊ တန်ခိုးသတ္တိရှိတော်မူစေသတည်း။ အာမင်ဟုပြောဆိုကြ၏။ (aiōn g165)
Revelation 9:1 (ဗျာဒိတ်ကျမ်း ၉:၁)
(parallel missing)
ပဥ္စမကောင်းကင်တမန်သည် တံပိုးမှုတ်သောအခါ၊ ကြယ်တလုံးသည် ကောင်းကင်က မြေကြီးပေါ်သို့ ကျသည်ကို ငါမြင်၏။ သူ၌အနက်ဆုံးသော တွင်း၏ သော့ကို အပ်ပေးသည်ဖြစ်၍၊ (Abyssos g12)
Revelation 9:2 (ဗျာဒိတ်ကျမ်း ၉:၂)
(parallel missing)
သူသည်အနက်ဆုံးသော တွင်းကိုဖွင့်လျှင်၊ ကြီးစွာသော မီးဖို၏ အခိုးကဲ့သို့သော အခိုးသည် တွင်း ထဲက တက်လေ၏။ ထိုတွင်း၏ မီးခိုးကြောင့်၊ နေနှင့် အာကာသ ကောင်းကင်သည် မှောင်မိုက်လေ၏။ (Abyssos g12)
Revelation 9:11 (ဗျာဒိတ်ကျမ်း ၉:၁၁)
(parallel missing)
သူတို့၏ ရှင်ဘုရင်မူကား၊ ဟေဗြဲဘာသာအားဖြင့် အဗဒ္ဒုန်ဟူ၍၎င်း၊ ဟေလသဘာသာအားဖြင့် အပေါ လျုန်ဟူ၍၎င်း ခေါ်ဝေါ်သော အနက်ဆုံးသောတွင်း တမန်ဖြစ်၏။ (Abyssos g12)
Revelation 10:6 (ဗျာဒိတ်ကျမ်း ၁၀:၆)
(parallel missing)
မြေကြီး၊ သမုဒ္ဒရာကို၎င်း ၊ အရပ်ရပ်၌ရှိရှိသမျှတို့ကို၎င်း၊ ဖန်ဆင်း၍ ကမ္ဘာ အဆက်ဆက် အသက်ရှင်တော်မူသော သူကို တိုင်တည် ၍ ကျိန်ဆိုခြင်းကို ပြုလေ၏၊ (aiōn g165)
Revelation 11:7 (ဗျာဒိတ်ကျမ်း ၁၁:၇)
(parallel missing)
သူတို့သည် သက်သေခံပြီးသောအခါ၊ အနက်ဆုံးသောတွင်းထဲက တက်သော သားရဲသည် သူတို့ကို စစ်တိုက်၍ အောင်လိမ့်မည်။ အသက်ကိုသတ်ပြီးမှ၊ (Abyssos g12)
Revelation 11:15 (ဗျာဒိတ်ကျမ်း ၁၁:၁၅)
(parallel missing)
သတ္တမကောင်းကင်တမန်သည် တံပိုးမှုတ်သောအခါ၊ ကောင်းကင်ဘုံ၌ကြီးသော အသံတို့ကား၊ လောကီနိုင်ငံသည် ငါတို့အရှင်၏ နိုင်ငံဖြစ်လေပြီ။ ထိုအရှင်၏ ခရစ်တော်နိုင်ငံဖြစ်လေပြီ။ သူသည်လည်း ကမ္ဘာအဆက်ဆက် စိုးစံတော်မူမည်ဟု ပြောဆိုကြ၏။ (aiōn g165)
Revelation 14:6 (ဗျာဒိတ်ကျမ်း ၁၄:၆)
(parallel missing)
မြေကြီးပေါ်မှာနေသော သူတည်းဟူသော အသီးအသီးဘာသာစကားကိုပြောသော လူအမျိုးအနွယ် ခပ်သိမ်းတို့အား ထာဝရဧဝံဂေလိတရားကို ဟောရသော ကောင်းကင်တမန်တပါးက၊ (aiōnios g166)
Revelation 14:11 (ဗျာဒိတ်ကျမ်း ၁၄:၁၁)
(parallel missing)
ထိုညှဉ်းဆဲခြင်း၏ မီးခိုးသည် ကမ္ဘာအဆက်ဆက် တက်လျက်ရှိ၏။ သားရဲနှင့် သူ၏ရုပ်တုကို ကိုးကွယ် ၍၊ သူ၏နာမတံဆိပ်လက်မှတ်ကို ခံသောသူတို့သည် နေ့ညဉ့်မပြတ် သက်သာ မရကြဟု၊ လိုက်၍ကြီးသော အသံနှင့် ပြောဆို၏။ (aiōn g165)
Revelation 15:7 (ဗျာဒိတ်ကျမ်း ၁၅:၇)
(parallel missing)
သတ္တဝါလေးပါးတွင် တပါးသည် ကမ္ဘာအဆက်ဆက် အသက်ရှင်တော်မူသော ဘုရားသခင်၏ အမျက် တော်နှင့် ပြည့်သောရွှေဖလား ခုနစ်လုံးကို ကောင်းကင်တမန်ခုနစ်ပါးတို့အားပေး၏။ (aiōn g165)
Revelation 17:8 (ဗျာဒိတ်ကျမ်း ၁၇:၈)
(parallel missing)
ယခုမြင်သော သားရဲသည် ဖြစ်ဘူးပြီ၊ ဖြစ်ဆဲမရှိ၊ အနက်ဆုံးသော တွင်းထဲကတက်၍ ဖျက်ဆီးခြင်းသို့ ရောက်လိမ့်မည်။ ကမ္ဘာဦးကပင် အသက်စာစောင်၌ စာရင်းမဝင်သော မြေကြီးသားတို့သည် ဖြစ်ဘူး၍၊ ဖြစ်ဆဲမရှိ၊ ဖြစ်လတံ့သောသားရဲကို မြင်ရသောအခါ၊ အံ့ဩကြလိမ့်မည်။ (Abyssos g12)
Revelation 19:3 (ဗျာဒိတ်ကျမ်း ၁၉:၃)
(parallel missing)
တဖန်တုံ၊ ဟာလေလုယဟူ၍၎င်း၊ သူ၏ မီးခိုးသည် ကမ္ဘာအဆက်ဆက် တက်သည်ဟူ၍၎င်း ပြောဆိုကြ၏။ (aiōn g165)
Revelation 19:20 (ဗျာဒိတ်ကျမ်း ၁၉:၂၀)
(parallel missing)
သားရဲကို ဘမ်းမိကြ၏။ သားရဲ၏တံဆိပ် လက်မှတ်ကိုခံ၍၊ သူ၏ရုပ်တုကို ကိုးကွယ်သောသူတို့ကို လှည့်ဖြား၍ သားရဲရှေ့၌ နိမိတ်များကို ပြတတ်သော မိစ္ဆာပရောဖက်ကိုလည်း ဘမ်းမိကြ၏။ အသက်ရှင် လျက်ရှိသော ထိုသူနှစ်ဦးကို ကန်နှင့်လောင်သော မီးအိုင်ထဲသို့ ချပစ်ကြ၏။ (Limnē Pyr g3041 g4442)
Revelation 20:1 (ဗျာဒိတ်ကျမ်း ၂၀:၁)
(parallel missing)
တဖန် ကောင်းကင်တမန်သည် အနက်ဆုံး သောတွင်း၏ သော့ နှင့် သံကြိုးကြီးကိုကိုင်လျက် ကောင်းကင်က ဆင်းသက်သည်ကို ငါမြင်၏။ (Abyssos g12)
Revelation 20:3 (ဗျာဒိတ်ကျမ်း ၂၀:၃)
(parallel missing)
အနှစ်တထောင် မကုန်မှီတိုင်အောင်၊ လူအမျိုး မျိုးတို့ကို မလှည့်ဖြားရမည်အကြောင်း၊ အနက်ဆုံးသော တွင်းထဲသို့ ချပစ်လှောင်ထား၍ တံဆိပ်ခတ်လေ၏။ အနှစ်တထောင်ကုန်ပြီးမှ တဖန် ခဏလွှတ်ရဦးမည်။ (Abyssos g12)
Revelation 20:10 (ဗျာဒိတ်ကျမ်း ၂၀:၁၀)
(parallel missing)
သူတို့ကိုလှည့်ဖြားသော မာရ်နတ်ကိုလည်း၊ သားရဲနှင့်မိစ္ဆာ ပရောဖက်ရှိရာ၊ ကန့်နှင့်ရောနှောသော မီးအိုင်ထဲသို့ ချပစ်လျှင်၊ သူတို့သည် နေညဉ့်မပြတ် ကမ္ဘာအဆက်ဆက် ပြင်းစွာသော ဝေဒနာကို ခံရကြ လတံ့။ (aiōn g165, Limnē Pyr g3041 g4442)
Revelation 20:13 (ဗျာဒိတ်ကျမ်း ၂၀:၁၃)
(parallel missing)
သမုဒ္ဒရာသည် မိမိ၌ရှိသော လူသေတို့ကို အပ်ပေး၏။ မရဏနှင့် မရဏနိုင်ငံသည်လည်း မိမိတို့၌ ရှိသော လူသေတို့ကို အပ်ပေးကြ၏။ လူအသီးအသီး တို့သည် မိမိတို့အကျင့်အတိုင်း တရားစီရင်ခြင်းကို ခံရ ကြ၏။ (Hadēs g86)
Revelation 20:14 (ဗျာဒိတ်ကျမ်း ၂၀:၁၄)
(parallel missing)
ထိုအခါ မရဏနှင့် မရဏနိုင်ငံကို မီးအိုင်ထဲသို့ ချပစ်လေ၏။ ထိုသေခြင်းကား ဒုတိယသေခြင်း ဖြစ် သတည်း။ (Hadēs g86, Limnē Pyr g3041 g4442)
Revelation 20:15 (ဗျာဒိတ်ကျမ်း ၂၀:၁၅)
(parallel missing)
အသက်စာစောင်၌ စာရင်းမဝင်သောသူ ရှိသမျှတို့ကိုလည်း မီးအိုင်ထဲသို့ ချပစ်လေ၏။ (Limnē Pyr g3041 g4442)
Revelation 21:8 (ဗျာဒိတ်ကျမ်း ၂၁:၈)
(parallel missing)
ကြောက်တတ်သောသူ၊ မယုံကြည်သောသူ၊ စက်ဆုပ်ရွံ့ရှာ ဘွယ်သောသူ၊ လူအသက်ကို သတ်သော သူ၊ မတရားသော မေထုန်၌ မှီဝဲသောသူ၊ ပြုစားတတ် သောသူ၊ ရုပ်တုကို ကိုးကွယ်သောသူ၊ သစ္စာပျက်သောသူ အပေါင်းတို့မူကား၊ ဒုတိယသေခြင်းတည်းဟူသော ကန့် နှင့်လောင်သော မီးအိုင်ထဲ၌ မိမိတို့အဘို့ကို ရကြလိမ့်မည် ဟူ၍၎င်း ငါ့အား မိန့်တော်မူ၏။ (Limnē Pyr g3041 g4442)
Revelation 22:5 (ဗျာဒိတ်ကျမ်း ၂၂:၅)
(parallel missing)
ထိုမြို့၌ညဉ့်မရှိရ ၊ ဆီမီးကိုအလိုမရှိ။ နေ၏ အရောင်ကိုလည်း အလိုမရှိ။ အကြောင်းမူကား ၊ ထာဝရ အရှင်ဘုရားသခင်သည် သူတို့၌ ရောင်ခြည်တော်ကို လွှတ်တော်မူ၍ သူတို့သည် ကမ္ဘာအဆက်ဆက် စိုးစံရ ကြလတံ့။ (aiōn g165)

BLF > Aionian Verses: 22
MYA > Aionian Verses: 264