< কলসীয় 2 >

1 আমি তোমাদের জানাতে চাই আমি তোমাদের জন্য, লায়দিকেয়া শহরের লোকদের জন্য এবং যারা আমার দেহে মুখ দেখেনি তাদের জন্য আমি কঠোর পরিশ্রম করছি,
ငါ​သည်​သင်​တို့​အ​တွက်​လည်း​ကောင်း၊ လော​ဒိ​ကိ မြို့​သူ​မြို့​သား​များ​နှင့်​ငါ့​အား​မ​မြင်​ဘူး​သေး သော​အ​ခြား​သူ​တို့​အ​တွက်​လည်း​ကောင်း အ​ဘယ် မျှ​ကြိုး​ပမ်း​လုပ်​ဆောင်​ခဲ့​သည်​ကို​သင်​တို့​အား သိ​စေ​လို​၏။-
2 তারা যেন মনে উত্সাহ পেয়ে ভালবাসায় এক হয় এবং জ্ঞানের নিশ্চয়তায় সব কিছুতে ধনী হয়ে উঠে ঈশ্বরের গোপন সত্যকে অর্থাৎ খ্রীষ্টকে জানতে পারে।
ယင်း​သို့​ကြိုး​ပမ်း​လုပ်​ဆောင်​ရ​ခြင်း​မှာ​သင် တို့​အ​ပေါင်း​သည်​အား​တက်​လျက် အ​ချင်း​ချင်း တစ်​ယောက်​ကို​တစ်​ယောက်​ချစ်​ခင်​လာ​စေ​ရန် ဖြစ်​သည်။ ဤ​သို့​ဖြစ်​ခြင်း​ကြောင့်​သင်​တို့​သည် စစ်​မှန်​စွာ​သိ​ရှိ​နား​လည်​ခြင်း​အား​ဖြင့် စိတ် ချ​မှု​ကို​ကြွယ်​ဝ​ပြည့်​စုံ​စွာ​ရ​ရှိ​ကြ​လိမ့် မည်။ ဤ​နည်း​အား​ဖြင့်​သင်​တို့​သည်​ခ​ရစ် တော်​တည်း​ဟူ​သော​ဘု​ရား​သ​ခင်​၏​နက်​နဲ ရာ​ကို​သိ​ရှိ​ကြ​လိမ့်​မည်။-
3 জ্ঞান এবং বুদ্ধি সব কিছু তাঁর মধ্যে লুকানো রয়েছে।
ထို​အ​ရှင်​သည်​ကွယ်​ဝှက်​ထား​သော​ဘု​ရား သ​ခင်​၏​ဉာဏ်​ပ​ညာ​ဘဏ္ဍာ၊ အ​သိ​ပ​ညာ ဘဏ္ဍာ​ကို​ဖွင့်​ပြ​သည့်​သော့​ချက်​ဖြစ်​တော် မူ​သ​တည်း။
4 আমি তোমাদের এই কথা বলছি, কেউ যেন প্ররোচিত বাক্যে তোমাদের ভুল পথে না চালায়।
သို့​ဖြစ်​၍​မည်​မျှ​ပင်​ယုတ္တိ​ရှိ​ဟန်​တူ​သော မှား​ယွင်း​သည့်​အ​ကြောင်း​ပြ​ချက်​များ​ဖြင့် အ​ဘယ်​သူ​မျှ​သင်​တို့​အား​မ​လှည့်​စား​စေ နှင့်။-
5 এবং যদিও আমি নিজে দেহ রূপে তোমাদের সঙ্গে নেই, তবুও আমার আত্মাতে তোমাদের সঙ্গে আছি এবং তোমাদের ভালো আচরণ এবং খ্রীষ্টেতে তোমাদের দৃঢ় বিশ্বাস দেখে আমি আনন্দ পাচ্ছি।
ငါ​သည်​ခန္ဓာ​အား​ဖြင့်​သင်​တို့​နှင့်​ဝေး​ကွာ သော်​လည်း​စိတ်​အား​ဖြင့်​သင်​တို့​နှင့်​အ​တူ​ရှိ​၏။ သင်​တို့​သည်​တစ်​လုံး​တစ်​စည်း​တည်း​ရှိ​၍ ခ​ရစ် တော်​ကို​မြဲ​မြံ​ခိုင်​မာ​စွာ​ယုံ​ကြည်​လျက်​နေ ကြ​သည်​ကို​တွေ့​ရ​သ​ဖြင့်​ငါ​ဝမ်း​မြောက်​၏။
6 খ্রীষ্ট যীশুকে তোমরা যে ভাবে প্রভু হিসাবে গ্রহণ করেছ ঠিক সেইভাবে তাঁর পথে চল।
သင်​တို့​သည်​ခ​ရစ်​တော်​ယေ​ရှု​အား​အ​ရှင် သ​ခင်​အ​ဖြစ်​လက်​ခံ​ခဲ့​ကြ​သ​ဖြင့် ကိုယ်​တော် နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​လျက်​အ​သက် ရှင်​ကြ​လော့။-
7 তাঁর মধ্যে দৃঢ়ভাবে বুনেছিলেন ও গড়ে তুলেছিলেন, যে শিক্ষা পেয়ে বিশ্বাসে প্রতিষ্ঠিত হয়েছিলে এবং ধন্যবাদ দিয়ে প্রাচুর্য্যে ভরে ওঠ।
သွန်​သင်​ခြင်း​ကို​ခံ​ရ​သည်​အ​တိုင်း​ကိုယ်​တော် ၌​နက်​နဲ​စွာ​အ​မြစ်​စွဲ​လျက်​ကိုယ်​တော်​အ​ပေါ်​၌ မိ​မိ​တို့​ဘ​ဝ​ကို​တည်​ဆောက်​ကာ​သင်​တို့​၏ ယုံ​ကြည်​ခြင်း​ကို​ပို​၍​ခိုင်​မြဲ​စေ​ကြ​လော့။ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​လျက်​နေ​ကြ​လော့။
8 দেখো কেউ যেন তোমাদের দর্শনবিদ্যা এবং কেবল প্রতারণা করে বন্দী না করে যা মানুষের বংশ পরম্পরায় হয়ে আসছে জগতের পাপপূর্ণ বিশ্বাস ব্যবস্থার উপর এবং খ্রীষ্টের পরে নয়,
ခ​ရစ်​တော်​ထံ​မှ​မ​ဟုတ်​ဘဲ​လူ​တို့​၏​ထုံး​တမ်း စဉ်​လာ​မှ​လည်း​ကောင်း၊ စ​ကြ​ဝ​ဠာ​ကို အ​စိုး​ရ သည့်​ဝိ​ညာဉ်​များ​မှ​လည်း​ကောင်း၊ လက်​ဆင့်​ကမ်း သည့်​အ​ချည်း​နှီး​သော​လူ​ပ​ညာ​ပ​ရိ​ယာယ်​ဖြင့် အ​ဘယ်​သူ​မျှ​သင်​တို့​အား​ကျွန်​ဘ​ဝ​သို့ မ​သက်​ဆင်း​စေ​ရန်​သ​တိ​ပြု​ကြ​လော့။-
9 কারণ ঈশ্বরের সব পূর্ণতা খ্রীষ্টের দেহ হিসাবে বাস করছে।
လူ့​ဇာ​တိ​အ​ဖြစ်​နှင့်​လော​က​တွင်​သက်​တော် ထင်​ရှား​ရှိ​တော်​မူ​စဉ်​အ​ခါ​က ခ​ရစ်​တော်​၌ ဘု​ရား​ဇာ​တိ​တော်​အ​ပြည့်​အ​ဝ​ကိန်း​အောင်း တော်​မူ​ပေ​သည်။-
10 ১০ তোমরা তাঁতে জীবনে পূর্ণতা পেয়েছ, যিনি সব পরাক্রমশালীর প্রধান।
၁၀သင်​တို့​သည်​ကိုယ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ​တည်း ဖြစ်​ခြင်း​အား​ဖြင့် ကြွယ်​ဝ​သော​အ​သက်​ကို​ရ​ရှိ ကြ​၏။ ထို​အ​ရှင်​ကား​ဝိ​ညာဉ်​ရေး​ဆိုင်​ရာ​တန်​ခိုး ရှင်​များ​နှင့်​အာ​ဏာ​ပိုင်​အ​ပေါင်း​တို့​ကို​အ​စိုး​ရ တော်​မူ​သ​တည်း။
11 ১১ তাঁরই মধ্যে তোমার ত্বকছেদ হয়েছিল মানুষের হাতে নয়, ত্বকছেদ হয়েছিল, খ্রীষ্টের প্রবর্তিত ত্বকছেদনে, পাপপূর্ণ দেহের ওপর থেকে মাংস সরিয়ে দিয়ে তোমাদের পাপমুক্ত করেছেন।
၁၁ကိုယ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​လာ​ကြ သော​အ​ခါ သင်​တို့​ဇာ​တိ​သ​ဘော​တ​ရား​မှ လွတ်​မြောက်​ခြင်း​တည်း​ဟူ​သော​ခ​ရစ်​တော်​၏ အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို​ခံ​ယူ​ကြ​ပေ​သည်။ ဤ​အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကား​ကာ​ယ​နှင့် ဆိုင်​သော​အ​ရေ​ဖျား​လှီး​ခြင်း​မ​ဟုတ်။-
12 ১২ বাপ্তিষ্মের তোমরা তাঁর সঙ্গে কবরস্থ হয়েছিলে, ঈশ্বরের ওপর বিশ্বাসের শক্তিতে তোমরাও তাঁর সঙ্গে উত্থিত হয়েছিলে, যিনি তাঁকে মৃতদের মধ্য থেকে উঠিয়েছেন।
၁၂သင်​တို့​သည်​ဗတ္တိ​ဇံ​ခံ​သော​အ​ခါ​ကိုယ်​တော်​နှင့် အ​တူ​မြှုပ်​နှံ​ခြင်း​ကို​ခံ​ကြ​၏။ ခ​ရစ်​တော်​ကို သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​စေ​တော်​မူ​သော ဘု​ရား​သ​ခင်​၌ ရှင်​ပြန်​ထ​မြောက်​စေ​နိုင်​သော တန်​ခိုး​တော်​ကို​သင်​တို့​ယုံ​ကြည်​ကြ​သော​ကြောင့် ကိုယ်​တော်​နှင့်​အ​တူ​ရှင်​ပြန်​ထ​မြောက်​ကြ​၏။
13 ১৩ যখন তোমরা তোমাদের পাপে এবং তোমাদের দেহের অত্বকছেদে মৃত ছিলে, তখন তিনি তাঁর সঙ্গে তোমাদের জীবিত করেছিলেন এবং আমাদের সব পাপ ক্ষমা করেছিলেন।
၁၃သင်​တို့​သည်​အ​ခါ​တစ်​ပါး​က​အ​ပြစ်​ကူး သူ​များ​ဖြစ်​ကြ​သော​ကြောင့်​လည်း​ကောင်း၊ ပ​ညတ် တ​ရား​မ​ခံ​ယူ​သော​လူ​မျိုး​ခြား​ဖြစ်​သော ကြောင့်​လည်း​ကောင်း ဝိ​ညာဉ်​ရေး​အ​ရ​သေ​သူ များ​ဖြစ်​ကြ​၏။ သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည် သင်​တို့​အား ခ​ရစ်​တော်​နှင့်​အ​တူ​အ​သက်​ရှင် စေ​တော်​မူ​၏။ ဘု​ရား​သ​ခင်​သည်​ငါ​တို့​၏ အ​ပြစ်​ဟူ​သ​မျှ​ကို​ဖြေ​လွှတ်​တော်​မူ​၍၊-
14 ১৪ আমাদের বিরুদ্ধে যে ঋণের হাতে লেখা নির্দেশ ছিল আইনত তিনি তা মুছে ফেলেছিলেন। পেরেক দিয়ে ক্রুশে ঝুলিয়ে তিনি এই সব সরিয়ে ফেলেছিলেন।
၁၄ငါ​တို့​၏​အ​ပြစ်​ကြွေး​စာ​ရင်း​ကို​လည်း​ကောင်း၊ ၎င်း​နှင့်​ဆိုင်​သော​ဥ​ပ​ဒေ​စည်း​ကမ်း​များ​ကို လည်း​ကောင်း၊ လက်​ဝါး​ကပ်​တိုင်​တွင်​ရိုက်​ခြင်း အား​ဖြင့်​ပယ်​ဖျက်​တော်​မူ​သည်။-
15 ১৫ তিনি কর্তৃত্ব এবং পরাক্রম সব সরিয়ে ফেলে উম্মুক্তভাবে তাদের দৃষ্টিগোচর করেছিলেন এবং সকলের আগে বিজয় যাত্রা করে তাঁর ক্রুশের মানে বুঝিয়েছিলেন।
၁၅ထို​လက်​ဝါး​ကပ်​တိုင်​ပေါ်​တွင်​ခ​ရစ်​တော်​သည် ဝိ​ညာဉ်​ရေး​ဆိုင်​ရာ​တန်​ခိုး​ရှင်​များ​နှင့်​အာ​ဏာ ပိုင်​အ​ပေါင်း​တို့​၏​တန်​ခိုး​အာ​ဏာ​ကို​ပယ်​ရှား တော်​မူ​ပြီး​နောက် ၎င်း​တို့​ကို​သုံ့​ပန်း​များ​အ​ဖြစ် အောင်​ပွဲ​လှည့်​ရာ​တွင်​နောက်​မှ​လိုက်​ပါ​စေ​ကာ လူ​အ​ပေါင်း​တို့​အား​ပြ​တော်​မူ​၏။
16 ১৬ সুতরাং তোমরা কি খাবে অথবা কি পান করবে অথবা উৎসবের দিনের অথবা প্রতিপদে অথবা বিশ্রামবারে কি করবে এই সব বিষয়ে কেউ যেন তোমাদের বিচার না করে।
၁၆သို့​ဖြစ်​၍​အ​စား​အ​သောက်​နှင့်​ပတ်​သက်​၍​ဖြစ် စေ၊ ဘာ​သာ​ရေး​ပွဲ​နေ့၊ လ​ဆန်း​ပွဲ​နေ့၊ ဥ​ပုသ်​နေ့ နှင့်​ပတ်​သက်​၍​ဖြစ်​စေ​သင်​တို့​အ​တွက်​အ​ဘယ် သူ​မျှ​ဥ​ပ​ဒေ​စည်း​ကမ်း​မ​ပြု​လုပ်​စေ​နှင့်။-
17 ১৭ এই জিনিসগুলি যা আসছে তার ছায়া, কিন্তু প্রকৃত পক্ষে খ্রীষ্টের দেহ।
၁၇ထို​အ​ရာ​တို့​သည်​နောင်​အ​ခါ​ဖြစ်​ပေါ်​လာ​မည့် အ​ရာ​တို့​၏​အ​ရိပ်​အ​ရောင်​မျှ​သာ​ဖြစ်​ကြ​၏။ အ​တု​မ​ဟုတ်​အ​စစ်​မှာ​ခ​ရစ်​တော်​ဖြစ်​သည်။-
18 ১৮ নম্রতায় ও দূতদের পূজায় কোন লোক যেন তোমাদের পুরষ্কার লুট না করে। যেন একজন লোক যা দেখেছে সেই রকম থাকে এবং নিজের মাংসিক মনে চিন্তা করে গর্বিত না হয়।
၁၈မ​မှန်​ကန်​သော​နှိမ့်​ချ​ခြင်း၊ ကောင်း​ကင်​တ​မန် တို့​အား​ဝတ်​ပြု​ကိုး​ကွယ်​ခြင်း​တို့​ကို​အ​လေး အ​နက်​ပြော​ဆို​၍​မိ​မိ​တို့​တွေ့​မြင်​သည့်​ဗျာ ဒိတ်​ရူ​ပါ​ရုံ​များ​ကို​အ​ကြောင်း​ပြု​ကာ မိ​မိ တို့​က​အ​ခြား​သူ​တို့​ထက်​သာ​သည်​ဟု​ပြော ဆို​တတ်​သူ​များ​က​သင်​တို့​အား​ရှုတ်​ချ​ခွင့် ကို​မ​ပေး​နှင့်။ သူ​တို့​သည်​လူ့​သ​ဘော​ဖြင့် စဉ်း​စား​ဆင်​ခြင်​လျက်​အ​ကြောင်း​မဲ့​စိတ် နေ​မြင့်​လျက်​ရှိ​ကြ​၏။-
19 ১৯ তারা খ্রীষ্টকে মাথা হিসাবে ধরে না, যাঁর কাছ থেকে সমস্ত দেহ, গ্রন্থি ও বন্ধন একসঙ্গে যুক্ত হয়ে ঈশ্বরের শক্তিতে বড় হয়ে উঠছে।
၁၉သူ​တို့​သည်​ခန္ဓာ​ကိုယ်​၏​ဦး​ခေါင်း​တည်း​ဟူ သော​ခ​ရစ်​တော်​ကို​မှီ​ခို​အား​ကိုး​မှု​မ​ရှိ​ကြ တော့​ချေ။ ခ​ရစ်​တော်​၏​ထိန်း​သိမ်း​မှု​အောက် တွင်​အ​ဆစ်​များ​နှင့်​အ​ရိုး​ချင်း​ဆက်​ပေး​သည့် အ​ရွတ်​များ​အား​ဖြင့် ကိုယ်​ခန္ဓာ​တစ်​ခု​လုံး​သည် အာ​ဟာ​ရ​ကို​ခံ​ယူ​ကာ​ဘု​ရား​သ​ခင်​၏ အ​လို​တော်​ရှိ​သည်​အ​တိုင်း​ကြီး​ပွား​တတ်​၏။
20 ২০ যদি তোমরা জগতের পাপপূর্ণ বিশ্বাস ব্যবস্থায় খ্রীষ্টের সঙ্গে মরেছ, তবে কেন জগতের বিশ্বাসের কাছে সমর্পিত হয়ে জীবন যাপন করছ:
၂၀သင်​တို့​သည်​ခ​ရစ်​တော်​နှင့်​အ​တူ သေ​ပြီ​ဖြစ် သ​ဖြင့်​ဤ​လော​က​ဋ္ဌာတ်​ကို အ​စိုး​ရ​သော တန်​ခိုး​ရှင်​များ​၏​လက်​အောက်​တွင်​မ​ရှိ​တော့ ပေ။-
21 ২১ “ধরো না, স্বাদ গ্রহণ করো না, ছুঁয়না?”
၂၁ထို​သို့​ဖြစ်​ပါ​လျက်​သင်​တို့​သည်​အ​ဘယ်​ကြောင့် ဤ​လော​က​နှင့်​သက်​ဆိုင်​သူ​များ​ကဲ့​သို့​ပြု​ကျင့် နေ​ကြ​သ​နည်း။ အ​ဘယ်​ကြောင့်``ဤ​အ​ရာ​ကို မ​ကိုင်​နှင့်။ ထို​အ​ရာ​ကို​မ​မြည်း​မ​စမ်း​နှင့်။ မ​တို့ မ​ထိ​နှင့်'' အ​စ​ရှိ​သည့်​ဥ​ပ​ဒေ​များ​ကို​လိုက် လျှောက်​နေ​ကြ​သ​နည်း။-
22 ২২ যে সব জিনিস ব্যবহার করলে ক্ষয়ে যায় লোকেরা সেই ব্যাপারে এই আদেশ ও শিক্ষা দেয়।
၂၂ထို​ဥ​ပ​ဒေ​များ​သည်​အ​သုံး​ပြု​ပြီး​နောက်​အ​သုံး မ​ဝင်​တော့​သည့်​အ​ရာ​များ​နှင့်​စပ်​ဆိုင်​၏။ ယင်း​တို့ အား​လုံး​ပင်​လျှင်​လူ​လုပ်​သည့်​ဥ​ပ​ဒေ​များ၊ သွန် သင်​ချက်​များ​သာ​ဖြစ်​သည်။-
23 ২৩ এই নিয়মগুলি মানুষের তৈরী জাতির “জ্ঞান” নম্রতা ও দেহের ওপর নির্যাতন, কিন্তু মাংসের প্রশ্রয়ের বিরুদ্ধে কোনো মূল্য নেই।
၂၃ကောင်း​ကင်​တ​မန်​များ​အား​မ​ဖြစ်​မ​နေ​ကိုး ကွယ်​ရ​ခြင်း၊ မ​မှန်​ကန်​သော​စိတ်​နှိမ့်​ချ​ခြင်း၊ အ​လွန်​အ​မင်း​ကိုယ်​ခန္ဓာ​ကို​နှိပ်​စက်​ခြင်း​တည်း ဟူ​သော​ဥ​ပ​ဒေ​တို့​သည် ဉာဏ်​ပ​ညာ​နှင့်​ယှဉ် သော​ဥ​ပ​ဒေ​ပ​ညတ်​များ​ဖြစ်​ဟန်​တူ​သော် လည်း​ကာ​ယ​တပ်​မက်​မှု​များ​ကို​ထိန်း​ချုပ် ရာ​တွင်​မည်​သို့​မျှ​အ​ထောက်​အ​ကူ​မ​ပေး ချေ။

< কলসীয় 2 >