< Yəhuda 1 >

1 İsa Məsihin qulu, Yaqubun qardaşı mən Yəhudadan Ata Allahın sevdiyi, İsa Məsih üçün qorunmuş olan çağırılanlara salam!
ယေရှုခရစ်၏ ကျွန်ဖြစ်သောယာကုပ်ညီ ငါယုဒသည် ခမည်းတော်ဘုရားသခင် သန့်ရှင်းစေတော်မူ၍၊ ယေရှုခရစ် ခေါ်ထားစောင့်မတော်မူသော သူတို့ကို ကြားလိုက်ပါ၏။
2 Mərhəmət, sülh və məhəbbət sizə bol-bol verilsin!
သင်တို့၌ကရုဏာရှိပါစေသော။ ငြိမ်သက်ခြင်း နှင့်ချစ်ခြင်းများ ပြားပါစေသော။
3 Sevimlilər, ümumi xilasımızla bağlı sizə yazmağa çox səy göstərirdim. Bu arada müqəddəslərə ilk və son dəfə əmanət edilən iman uğrunda mübarizə aparmağa sizi həvəsləndirmək üçün sizə yazmağı özümə borc bildim.
ချစ်သူတို့၊ အညီအမျှဆက်ဆံသော ကယ်တင်ခြင်းအကြောင်းအရာကို သင်တို့ထံသို့ရေး၍ ပေးလိုက် ခြင်းငှါ ငါသည်အလွန်ကြိုးစားသည်တွင်၊ သန့်ရှင်းသူတို့၌ အထက်ကအပ်ပေးခဲ့ပြီးသော ယုံကြည်ခြင်း တရား ဘက်မှာ သင်တို့သည် ကြိုးစား၍တိုက်လှန်စေခြင်းငှါ နှိုးဆော်သွေးဆောင်၍ ရေးလိုက်ရသောအကြောင်းရှိ၏။
4 Çünki Allahımızın lütfünü pozğunluq üçün bəhanələrə çevirən, yeganə Pərvərdigarı – Rəbbimiz İsa Məsihi inkar edən bəzi allahsız adamlar gizlicə aranıza girdilər. Onların mühakiməyə uğrayacaqları çoxdan yazılmışdır.
အဘယ်ကြောင့်နည်းဟူမူကား၊ ငါတို့ဘုရားသခင်၏ ကျေးဇူးတော်ကို ကိလေသာ၏ ညစ်ညူးခြင်း အလိုငှါမှောက်လှန်လျက်၊ တပါးတည်း အစိုးရတော်မူသောအရှင်၊ ငါတို့သခင် ယေရှုခရစ်ကို ငြင်းပယ်လျက်၊ အပြစ်ခံစေခြင်းငှါ ရှေးကစီရင် မှတ်သားနှင့်သော အဓမ္မလူအချို့တို့သည် ပရိယာယ်နှင့် အမှတ်တမဲ့ဝင်ကြပြီ။
5 Bütün bunları bildiyiniz halda sizə xatırlatmaq istəyirəm ki, ilk və son dəfə xalqı Misirdən xilas edən Rəbb sonra iman etməyənləri məhv etdi.
ထို့ကြောင့် သင်တို့သည်သိနှင့်သော်လည်း ငါသည် သတိပေး၍ ပြောချင်သော အကြောင်းအရာ ဟူမူကား၊ ထာဝရဘုရားသည် ဣသရေလ လူတို့ကို အဲဂုတ္တုပြည်မှ ကယ်လွှတ်တော်မူပြီးလျှင်၊ မယုံကြည်သော သူတို့ကိုတဖန် ဖျက်ဆီးတော်မူ၏။
6 Öz başçılıqlarını saxlamayan, məskunlaşdığı yerləri tərk edən mələkləri də böyük qiyamət günü üçün əbədi zəncirlərlə bağlayaraq zülmətdə saxlamışdı. (aïdios g126)
ထိုမှတပါး၊ မိမိတို့အခွင့်အရာကိုမစောင့်၊ မိမိတို့ နေရာအရပ်ကို စွန့်ပစ်သော ကောင်းကင်တမန်တို့ကို၊ ကြီးစွာသောနေ့၌ စစ်ကြောစီရင်ခြင်းအလိုငှါ၊ ထာဝရ ချည်နှောင်ခြင်းအားဖြင့် မှောင်မိုက် ထဲမှာချုပ် ထားတော် မူ၏။ (aïdios g126)
7 Sodom, Homorra və ətrafdakı şəhərlər də özlərini buna bənzər tərzdə cinsi əxlaqsızlığa və qeyri-təbii münasibətlərə təslim etdilər; sonra bu şəhərlər əbədi odla yandırılma cəzasını çəkərək bir nümunə oldu. (aiōnios g166)
ထိုနည်းတူ၊ သောဒုံမြို့နှင့် ဂေါမောရမြို့မှစ၍ ပတ်ဝန်းကျင်၌ ရှိသော မြို့တို့သည်၊ အထက်က ဆိုခဲ့ပြီး သော လူဆိုးကဲ့သို့ မတရားသော မေထုန်ကိုအလွန်ပြု၍ ကိုယ်ခင်ပွန်းမဟုတ်သော သူတို့နှင့်မှားယွင်းခြင်းအမှု၌ ကျင်လည်သောကြောင့်၊ ထာဝရမီးနှင့်ကျွမ်းလောင်ခြင်း ဒဏ်ကိုခံရ၍ ပုံသက်သေထင်ရှားလျက်ရှိကြ၏။ (aiōnios g166)
8 Eyni şəkildə aranıza girən bu röyagörənlər də öz cismini murdar edir, ağalığı rədd edir, ehtişamlı varlıqlara şər atırlar.
ယခုယောင်ယမ်းသောအဓမ္မလူတို့သည်၊ ရှေးနည်းတူမိမိတို့ ကိုယ်ကိုညစ်ညူးစေ၍၊ အာဏာစက် ကိုပယ်လျက်၊ ဘုန်းတန်ခိုးကြီးသောသူတို့ကို ကဲ့ရဲ့တတ်ကြ၏။
9 Hətta baş mələk Mikael də Musanın cəsədi barəsində iblisin əleyhinə çıxıb ona şər söyləyərək hökm verməyə cəsarət etmədi, ancaq «Qoy Rəbb sənə qadağan etsin!» dedi.
ကောင်းကင်တမန် မင်းမိက္ခေလမူကား၊ မောရှေ၏ ကိုယ်ကို အကြောင်းပြု၍ မာရ်နတ်နှင့် ငြင်းခုံသောအခါ၊ ကဲ့ရဲ့စွာသော ပြစ်တင်ခြင်းကိုမပြုဝံ့ဘဲ၊ ထာဝရဘုရားသည် သင့်ကိုဆုံးမတော်မူစေ သတည်းဟူ၍ သာပြောဆို၏။
10 Amma bu adamlar başa düşmədikləri hər şeyə şər atırlar. Onlar dərrakəsiz heyvanlar kimi qeyri-iradi surətdə nə anlayırlarsa, bunlarla məhv olurlar.
၁၀ထိုသူတို့မူကား၊ မိမိတို့နားမလည်သောအရာများကို ကဲ့ရဲ့တတ်ကြ၏။ တိရစ္ဆာန်ကဲ့သို့ ပကတိအတိုင်း မိမိတို့နားလည်သော အရာများဖြင့် မိမိတို့ကိုပုပ်ပျက်စေတတ်ကြ၏။
11 Vay onların halına! Çünki onlar Qabilin yolu ilə getdilər. Qazanca görə özlərini Bilamın yalanına düçar etdilər. Qorah kimi üsyan qaldırdıqları üçün həlak oldular.
၁၁သူတို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ကာဣနနောက်သို့လိုက်ကြ၏။ အခကိုရခြင်းငှါ ဗာလမ်မှားယွင်းသကဲ့သို့ အလွန်မှားယွန်းခြင်းရှိကြ၏။ ကောရ၏ငြင်းခုံခြင်းအပြစ်နှင့် ဖျက်ဆီးခြင်းသို့ရောက် ကြ၏။
12 Belə adamlar sizin məhəbbət süfrələrinizi ləkələyirlər. Onlar sizinlə birlikdə yeyib-içərək qorxmadan özlərini bəsləyirlər. Bunlar küləklərin tərpətdiyi susuz buludlardır. Payızda meyvə vermədiyi üçün kökündən qoparılmış və iki dəfə ölmüş ağaclardır.
၁၂မေတ္တာပွဲလုပ်၍ သင်တို့နှင့်အတူ စားသောက်သောအခါ အားမနာဘဲ၊ မိမိတို့ကိုဝစွာကျွေး၍ ပွဲ၌ အစွန်းအကွက်ဖြစ်ကြ၏။ ရေမရှိ၊ လေတိုက်၍လွင့်သော မိုဃ်းတိမ်ကဲ့သို့၎င်း၊ ညှိုးနွမ်း၍ အသီးမတင်၊ နှစ်ကြိမ် သေ၍ နှုတ်ပစ်သော သစ်ပင်ကဲ့သို့၎င်း၊
13 Öz xəcalətini köpük kimi sovuran şiddətli dəniz dalğalarıdır. Səyyar ulduzlardır ki, onlar üçün Allah qatı qaranlığı əbədi saxlayır. (aiōn g165)
၁၃မိမိရှက်ခြင်းအကြောင်းကို ပွက်စေတတ်သော လှိုင်းတံပိုးရိုင်းကဲ့သို့၎င်း၊ ကြယ်ပျံကဲ့သို့၎င်းဖြစ်ကြ၏။ ထို ကြယ်ပျံတို့အဘို့တခဲနက်သော ထာဝရမှောင်မိုက်ကို သိုထားလျက်ရှိ၏။ (aiōn g165)
14 Adəmlə birlikdə yeddinci nəsil sayılan Xanok da bu adamlara aid peyğəmbərlik edərək demişdir: «Budur, Rəbb saysız-hesabsız müqəddəs mələkləri ilə gəldi ki,
၁၄အာဒံမှဆင်းသက်၍ ခုနှစ်ဆက်မြောက်သောသူ ဧနောက်က၊ ထာဝရဘုရားသည် ခပ်သိမ်းသော သူတို့ကို တရားစီရင်တော်မူ၍၊ မတရားသောသူတို့သည် မတရားသဖြင့် ပြုသောအဓမ္မအမှုရှိသမျှတို့၏ အပြစ်ကို၎င်း၊ မတရားသောလူဆိုးတို့သည် ဘုရားသခင်ကို ပြစ်မှား၍ ပြောသောကြမ်းတမ်းသော စကား ရှိသမျှတို့၏ အပြစ်ကို၎င်းဘော်ပြခြင်းငှါ၊
15 hamını mühakimə etsin və Allaha qarşı gördükləri allahsız işlər və allahsız günahkarların Özünə qarşı inadkarcasına dedikləri bütün sözlər üçün məhkum etsin».
၁၅အတိုင်းမသိ များစွာသော မိမိသန့်ရှင်းသူတို့နှင့်တကွကြွလာတော် မူလိမ့်မည်ဟု ပရောဖက်ပြု၍ ဟောပြောလေ၏။
16 Bu adamlar deyinərək öz talelərindən gileylənirlər. Onlar öz ehtiraslarına uyğun hərəkət edirlər. Ağızlarından lovğa sözlər çıxır və öz xeyirlərinə görə yaltaqlanırlar.
၁၆ထိုသူတို့သည် မြည်တမ်း၏ အပြစ်တင်တတ်သောသူ၊ ကိုယ်တပ်မက်ခြင်းအတိုင်း ကျင့်တတ်သောသူ၊ ထောင်လွှားသော စကားကိုပြောတတ်သောသူ၊ ကိုယ်အကျိုးစီးပွားကြောင့် သူ့မျက်နှာကို ထောက်ထား ခန့်ညားတတ်သော သူဖြစ်ကြ၏။
17 Amma siz, ey sevimlilər, Rəbbimiz İsa Məsihin həvarilərinin əvvəlcədən söylədikləri sözləri xatırlayın.
၁၇ချစ်သူတို့၊ နောက်ဆုံးသောကာလ၌၊ မိမိတို့မတရားသော တပ်မက်ခြင်းအတိုင်း ကျင့်နေ၍၊ ပြက်ယယ်ပြုတတ်သော သူတို့သည် ပေါ်ကြလိမ့်မည်ဟု
18 Onlar sizə dedilər: «Axır zamanda öz allahsız ehtiraslarına görə hərəkət edən rişxəndçilər ortaya çıxacaq».
၁၈ငါတို့သခင်ယေရှုခရစ်၏ တမန်တော်တို့သည် ဟောပြောနှင့်သော စကားများကို အောက်မေ့ကြလော့။
19 Bunlar ayrılıq salan, öz təbiətinə əsir olan, Ruha malik olmayan insanlardır.
၁၉ထိုသူတို့သည်သင်းခွဲသောသူ၊ ဝိညာဉ်တော်နှင့် ကင်းသော ဇာတိပကတိလူဖြစ်ကြ၏။
20 Siz isə, sevimlilər, özünüzü ən müqəddəs olan imanınızın təməli üzərində inkişaf etdirin və Müqəddəs Ruhun idarəsi ilə dua edin.
၂၀ချစ်သူတို့၊ သင်တို့သည် မိမိတို့အလွန်သန့်ရှင်းသော ယုံကြည်ခြင်းအပေါ်မှာ မိမိတို့ကို တည်ဆောက် လျက်၊ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဆုတောင်း ပဌာနပြုလျက်၊
21 Rəbbimiz İsa Məsihin əbədi həyata aparan mərhəmətini gözləyərək özünüzü Allah məhəbbətində qoruyun. (aiōnios g166)
၂၁ဘုရားသခင်ကို ချစ်ခြင်းမေတ္တာ၌ ကိုယ်ကိုကိုယ်စောင့်ရှောက်၍ ထာဝရအသက်အလိုငှါ၊ ငါတို့သခင် ယေရှုခရစ်၏ ကရုဏာတော်ကို မြော်လင့်၍ နေကြာလော့။ (aiōnios g166)
22 Şübhə edən adamlara qarşı mərhəmətli olun;
၂၂ပိုင်းခြား၍သိတတ်သော ဥာဏ်ရှိ၍ အချို့တို့ကို သနားကြလော့။
23 başqalarını oddan qaparaq xilas edin; digərlərinə isə mərhəmət edin. Amma qorxu içində cismin ləkələdiyi paltardan belə, çəkinin.
၂၃ကိုယ်ကာယနှင့်ညစ်ညူးစွန်းကွက်သော အဝတ်ကိုပင် စက်ဆုပ်ရွံရှာ၍ ကြောက်ရွံ့ခြင်းနှင့်တကွ၊ အချို့ တို့ကို မီးထဲမှ ဆယ်နှုတ်ကယ်တင်ကြလော့။
24 Sizi büdrəməkdən qoruyub Öz izzətli hüzuruna böyük sevinclə nöqsansız çıxarmağa qadir olan
၂၄ထိမိ၍ လဲခြင်းနှင့် ကင်းလွတ်စေမည်အကြောင်း သင်တို့ကို စောင့်ရှောက်ခြင်းငှါ၎င်း၊ အပြစ် မရှိဘဲဝမ်းမြောက်ခြင်းနှင့် ပြည့်စုံလျက်ရှိသော သင်တို့ကို ဘုန်းအသရေတော်ရှေ့၌ ဆက်သခြင်းငှါ၎င်း တတ်နိုင်တော်မူသော သူတည်းဟူသော။
25 Xilaskarımız, yeganə Allaha Rəbbimiz İsa Məsih vasitəsilə əzəldən bəri, indi və əbədi olaraq izzət, əzəmət, qüdrət və səlahiyyət olsun! Amin. (aiōn g165)
၂၅ငါတို့ကို ကယ်တင်တော်မူသောအရှင်၊ တဆူတည်းသောဘုရားသခင်သည်၊ ငါတို့သခင်ယေရှုခရစ် အားဖြင့်၊ ယခုမှစ၍ကမ္ဘာ အဆက်ဆက်ဘုန်းတန်ခိုး အာနုဘော်နှင့် အစွမ်းသတ္တိအာဏာ စက်ရှိတော်မူစေ သတည်း။ အာမင်။ (aiōn g165)

< Yəhuda 1 >