< Birinci Padşahlar 2 >
1 Davudun ölüm günü yaxınlaşanda oğlu Süleymana vəsiyyət edərək dedi:
၁ဒါဝိဒ်သည်မိမိကွယ်လွန်ချိန်နီးသောအခါ သားတော်ရှောလမုန်ကိုခေါ်၍နောက်ဆုံးညွှန် ကြားချက်များကိုပေးလေသည်။-
2 «Bu yaxınlarda mən də hamı kimi dünyadan köçəcəyəm. Sən möhkəm və igid ol.
၂မင်းကြီးက``ငါသေရမည့်အချိန်ရောက်ပြီ။ သင်သည်မိမိအစွမ်းကိုယုံ၍ဇွဲသတ္တိရှိစွာ၊-
3 Allahın Rəbbin verdiyi buyruğu yerinə yetirib Onun yolları ilə get və Musanın Qanununda yazıldığı kimi Allahın qaydalarına, əmrlərinə, hökmlərinə və göstərişlərinə əməl et ki, elədiyin hər işdə və getdiyin hər yerdə uğur qazanasan.
၃သင်၏ဘုရားသခင်ထာဝရဘုရား စေခိုင်း သည့်အတိုင်းပြုလော့။ မောရှေ၏ပညတ်ကျမ်း တွင်ဖော်ပြပါရှိသည့်အတိုင်း ကိုယ်တော်၏ ပညတ်တော်များနှင့်အမိန့်တော်မှန်သမျှကို လိုက်နာလော့။ သို့မှသာသင်ပြုလေရာရာ၊ သွားလေရာရာ၌အောင်မြင်လိမ့်မည်။-
4 Onda Rəbb mənə verdiyi bu sözü yerinə yetirəcək: “Əgər övladların öz yollarına diqqət etsələr, bütün ürəkləri və canları ilə Mənə sadiq qalsalar, İsrail taxtında sənin nəslindən bir kişi əskik olmayacaq”.
၄သင်သည်ထာဝရဘုရားကိုနာခံလျှင် ကိုယ် တော်သည်ငါ့အားပေးတော်မူသောကတိ တော်ကိုတည်စေတော်မူလိမ့်မည်။ ကိုယ်တော် က`သင်၏သားမြေးတို့သည်ငါ၏အမိန့် တော်တို့ကိုကိုယ်စွမ်းစိတ်စွမ်းရှိသမျှနှင့် တစ်သဝေမတိမ်းလိုက်နာရန်သတိပြု သမျှကာလပတ်လုံး ငါသည်သူတို့အား ဣသရေလပြည်ကိုအုပ်စိုးစေတော်မူ မည်'' ဟုမိန့်တော်မူခဲ့၏။
5 Sən Seruya oğlu Yoavın mənə nə elədiyini bilirsən: İsrail ordusunun iki başçısı Ner oğlu Avnerlə Yeter oğlu Amasanı öldürərək sülh zamanı hərb qanı tökdü və belindəki kəmərlə ayağındakı çarıqları qana bulaşdırdı.
၅``ထို့ပြင်သင့်အားမှာကြားရန်ကိစ္စတစ်ခု ရှိသေး၏။ ယွာဘသည်ဣသရေလတပ်မ တော်ဗိုလ်ချုပ်နှစ်ဦးဖြစ်သောနေရ၏သား အာဗနာနှင့်ယေသာ၏သားအာမသတို့ ကိုသတ်ခြင်းအားဖြင့် ငါ့အားအဘယ်သို့ ပြုခဲ့ကြောင်းသင်မှတ်မိပါလိမ့်မည်။ စစ် ဖြစ်ချိန်ကသတ်ဖြတ်မှုများအတွက် လက်စားချေသည့်အနေဖြင့် သူသည်ထို သူတို့အားငြိမ်းချမ်းနေချိန်၌အဘယ် သို့သတ်ဖြတ်ခဲ့သည်ကိုလည်းသင်မှတ်မိ ပါလိမ့်မည်။ သူသည်အပြစ်မဲ့သူများ အားသတ်ခဲ့သည်။ သူပြုခဲ့သည့်အမှု အတွက်ယခုငါ့မှာတာဝန်ရှိသဖြင့် သူ၏ဆိုးမွေကိုငါခံရ၏။-
6 Sən öz hikmətinə görə davran, qoy onun ağarmış başı ölülər diyarına salamat enməsin. (Sheol )
၆သင်သည်မိမိပြုရမည့်အမှုကိုသိပေသည်။ သူ့အားသဘာဝအလျောက်မသေစေနှင့်။ (Sheol )
7 Gileadlı Barzillayın oğullarına xeyirxahlıq et, qoy süfrəndə yemək yeyənlərin arasında olsunlar. Çünki mən qardaşın Avşalomun önündən qaçdığım vaxt onlar mənə kömək etdilər.
၇``ဂိလဒ်ပြည်သားဗာဇိလဲ၏သားများကို မူ ကရုဏာထား၍ကြည့်ရှုစောင့်ရှောက်လော့။ အဘယ်ကြောင့်ဆိုသော်သင်၏အစ်ကိုအဗ ရှလုံ၏ဘေးမှငါထွက်ပြေးရစဉ်အခါက သူတို့သည်ငါ့အားကျေးဇူးပြုခဲ့ကြ သောကြောင့်ဖြစ်၏။
8 Baxurimdən olan Binyaminli Gera oğlu Şimey də sənin yanındadır. Maxanayimə getdiyim gün o məni ağır lənətlədi. Ancaq sonra məni qarşılamaq üçün İordan çayı sahilinə endi və mən ona “səni qılıncla öldürməyəcəyəm” deyə Rəbbin haqqı üçün and içdim.
၈``ဗင်္ယာမိန်ပြည်၊ ဗာဟုရိမ်မြို့သားဂေရ၏ သားရှိမိတစ်ယောက်လည်းရှိသေး၏။ မဟာနိမ် မြို့သို့ငါသွားသည့်နေ့ကသူသည်ငါ့ကို ကြမ်းတမ်းစွာကျိန်ဆဲသော်လည်း ယော်ဒန် မြစ်သို့လာ၍ငါ့အားခရီးဦးကြိုပြုသော အခါ၌ ငါသည်သူ့အားကွပ်မျက်မည်မ ဟုတ်ကြောင်းထာဝရဘုရား၏နာမ တော်ကိုတိုင်တည်၍ကျိန်ဆိုကတိပြု ခဲ့သည်။-
9 İndi onu cəzasız qoyma, çünki sən müdrik adamsan və ona nə edəcəyini bilirsən. Onun ağarmış başını qan içində ölülər diyarına göndər». (Sheol )
၉သို့ရာတွင်သင်သည်သူ့ကိုအပြစ်ဒဏ်မစီ ရင်ဘဲမနေနှင့်။ ပြုရမည့်အမှုကိုသင်သိ သည်အတိုင်းသူ့အားသေဒဏ်စီရင်ရမည်'' ဟုမှာကြားတော်မူ၏။ (Sheol )
10 Davud ataları ilə uyudu və Davudun şəhərində basdırıldı.
၁၀ဒါဝိဒ်ကွယ်လွန်သောအခါ သူ့ကိုယေရုရှလင် မြို့တွင်သင်္ဂြိုဟ်ကြ၏။-
11 Davud İsrail üzərində qırx il padşah olmuşdu: yeddi il Xevronda və otuz üç il Yerusəlimdə padşahlıq etmişdi.
၁၁သူသည်ဟေဗြုန်မြို့၌ခုနစ်နှစ်၊ ယေရုရှလင် မြို့၌သုံးဆယ့်သုံးနှစ်၊ စုစုပေါင်းအနှစ်လေး ဆယ်ဣသရေလဘုရင်အဖြစ်ဖြင့်နန်းစံ တော်မူ၏။-
12 Süleyman atası Davudun taxtında oturdu və onun padşahlığı çox möhkəm oldu.
၁၂ရှောလမုန်သည်ခမည်းတော်၏အရိုက်အရာ ကိုဆက်ခံ၍နန်းတက်လေသည်။ သူ၏တန်ခိုး အာဏာသည်လည်းတည်တံ့ခိုင်မြဲ၍ လာ၏။
13 Haqqit oğlu Adoniya Süleymanın anası Bat-Şevanın yanına gəldi. Bat-Şeva dedi: «Xeyirlə gəlirsənmi?» Adoniya «bəli» deyə cavab verdi.
၁၃ထိုနောက်ဟ္ဂိတ်၏သားအဒေါနိယသည် ရှောလမုန်၏မယ်တော်ဗာသရှေဘထံသို့ သွား၏။ ဗာသရှေဘက``သင်ယခုလာသည် မှာမိတ်ဆွေအနေနှင့်လော့'' ဟုမေး၏။ အဒေါနိယက``ဟုတ်ပါသည်'' ဟု ပြန်ပြော ပြီးနောက်၊-
14 Sonra dedi: «Sənə söyləyəcək sözüm var». Bat-Şeva «söylə» dedi.
၁၄``အကျွန်ုပ်မှာမယ်တော်အားပန်ကြားစရာ တစ်ခုရှိပါသည်'' ဟုဆို၏။ မယ်တော်က``အဘယ်အရာနည်း'' ဟုမေး၏။
15 O dedi: «Sən bilirsən ki, padşahlıq mənim idi və bütün İsraillilər mənim padşah olacağımı gözləyirdilər, ancaq hər şey dəyişdi, padşahlıq qardaşımın əlinə keçdi, çünki Rəbb belə etdi.
၁၅အဒေါနိယက``အကျွန်ုပ်သည်ဘုရင်ဖြစ် သင့်သည်။ ယင်းသို့ဖြစ်လိမ့်မည်ဟုလည်း ဣသရေလအမျိုးသားတိုင်းမျှော်လင့်ခဲ့ သည်ကိုမယ်တော်သိပါ၏။ သို့ရာတွင် ထာဝရဘုရား၏အလိုတော်အရ အကျွန်ုပ် သည်ဘုရင်မဖြစ်ဘဲအကျွန်ုပ်၏ညီတော် ကဘုရင်ဖြစ်လာပါ၏။-
16 İndi səndən bir xahişim var, mənə “yox” demə». Bat-Şeva ona «söylə» dedi.
၁၆ယခုကျွန်ုပ်တွင်မယ်တော်အားပန်ကြား စရာရှိပါသည်။ ကျေးဇူးပြု၍မငြင်း ပယ်ပါနှင့်'' ဟုပြန်ပြော၏။ ဗာသရှေဘက``အဘယ်အရာနည်း'' ဟု မေး၏။
17 O dedi: «Xahiş edirəm, padşah Süleymana söylə – o sənə “yox” deməz – qoy Şunemli Avişaqı mənə arvad olmaq üçün versin».
၁၇အဒေါနိယက``ရှုနင်မြို့သူအဘိရှက်ကို အကျွန်ုပ်နှင့်ပေးစားထိမ်းမြားရန်ရှောလမုန် မင်းအားကျေးဇူးပြု၍လျှောက်ထားပေးပါ။ သူသည်မယ်တော်၏စကားကိုငြင်းပယ်လိမ့် မည်မဟုတ်ကြောင်း အကျွန်ုပ်သိပါသည်'' ဟု ပြန်ပြော၏။
18 Bat-Şeva dedi: «Yaxşı, mən səndən ötrü padşahla danışaram».
၁၈ဗာသရှေဘကလည်း``ကောင်းပြီ။ သင်၏ အတွက်မင်းကြီးအားငါလျှောက်ထား မည်'' ဟုဆို၏။
19 Bat-Şeva Adoniya barədə padşah Süleymanla danışmaq üçün onun yanına getdi. Padşah onu qarşılamaq üçün ayağa qalxdı və ona təzim etdi, sonra taxtına oturdu. Padşah anası üçün də bir taxt qoydurdu. O, padşahın sağında oturdu,
၁၉ဗာသရှေဘသည်အဒေါနိယအတွက် လျှောက်ထားရန် မင်းကြီးထံသို့သွားလေ၏။ မင်းကြီးသည်လည်းမယ်တော်ကိုခရီးဦး ကြိုပြုအံ့သောငှာ ထ၍ဦးညွှတ်ပြီးလျှင် ရာဇပလ္လင်ပေါ်တွင်ထိုင်တော်မူ၏။ ထို့နောက် အခြားပလ္လင်တစ်ခုခုကိုယူခဲ့စေ၍ မယ် တော်အားမိမိ၏လက်ယာဘက်တွင်ထိုင်စေ တော်မူ၏။-
20 sonra dedi: «Mənim səndən kiçik bir xahişim var, mənə “yox” demə». Padşah ona dedi: «Söylə, ana, mən sənə “yox” demərəm».
၂၀မယ်တော်က``သေးငယ်သောဆုကျေးဇူးတစ် ခုတောင်းလိုပါသည်။ မငြင်းပါနှင့်'' ဟု လျှောက်၏။ မင်းကြီးက``မယ်တော်၊ တောင်းပါ၊ အကျွန်ုပ် မငြင်းပါ'' ဟုမိန့်တော်မူ၏။
21 Bat-Şeva dedi: «Şunemli Avişaqı qardaşın Adoniyaya arvad olmaq üçün ver».
၂၁ထိုအခါမယ်တော်က``အဘိရှက်ကိုနောင်တော် အဒေါနိယအားပေးစားတော်မူပါ'' ဟု တောင်းလေ၏။
22 Padşah Süleyman anasına cavab verib dedi: «Niyə Adoniya üçün Şunemli Avişaqı istəyirsən? Padşahlığı da onun üçün istə, üstəlik onunla birlikdə kahin Evyatarla Seruya oğlu Yoav üçün istə. Axı o mənim böyük qardaşımdır!»
၂၂မင်းကြီးက``မယ်တော်သည်အဘယ်ကြောင့် သူ၏အတွက် အဘိရှက်ကိုသာလျှင်တောင်း ပါသနည်း။ ထီးနန်းကိုပါတောင်းခံပါလော့။ အမှန်ကိုဆိုရလျှင်သူသည်အကျွန်ုပ်၏ နောင်တော်ဖြစ်၍ အဗျာသာနှင့်ယွာဘတို့ သည်လည်းသူ၏ဘက်တော်သားများဖြစ် ကြပါသည်'' ဟုမိန့်တော်မူ၏။-
23 Padşah Süleyman Rəbbin haqqı üçün and içərək dedi: «Əgər Adoniya bu sözü öz həyatı bahasına söyləməmişsə, Allah mənə beləsini və bundan betərini etsin.
၂၃ထို့နောက်ရှောလမုန်က``ဤအမှုကိုပြုသည့် အတွက် အဒေါနိယအားငါအသက်မသေ စေလျှင် ဘုရားသခင်သည်ငါ့အားအဆုံး စီရင်တော်မူပါစေသော။-
24 İndi məni möhkəmləndirib atam Davudun taxtında oturtmuş və söylədiyi kimi mənə bir ev qurmuş var olan Rəbbə and olsun ki, Adoniya hökmən bu gün öldürüləcək!»
၂၄ထာဝရဘုရားသည်ငါ့အားခမည်းတော် ဒါဝိဒ်၏ရာဇပလ္လင်ပေါ်တွင် တည်မြဲစွာတည် ၍ထားတော်မူလေပြီ။ ကိုယ်တော်သည်မိမိ ၏ကတိတော်ရှိသည့်အတိုင်း ငါနှင့်ငါ၏ သားမြေးတို့အားနိုင်ငံတော်ကိုပေးတော် မူလေပြီ။ အဒေါနိယသည်ယနေ့ပင်လျှင် သေရမည်ဖြစ်ကြောင်း အသက်ရှင်တော်မူ သောထာဝရဘုရားကိုတိုင်တည်၍ငါ ကျိန်ဆိုပါ၏'' ဟုအလေးအနက်အဋ္ဌိ ဋ္ဌာန်ပြုတော်မူ၏။
25 Padşah Süleyman Yehoyada oğlu Benayaya əmr etdi, Benaya da gedib Adoniyanı vurdu və o öldü.
၂၅ထို့ကြောင့်ရှောလမုန်မင်းအမိန့်ပေးတော်မူ သဖြင့် ဗေနာယသည်သွား၍အဒေါနိယ အားကွပ်မျက်လေသည်။
26 Padşah kahin Evyatara da dedi: «Anatota, öz tarlalarına get! Sən ölümə layiqsən, amma indi səni öldürmürəm. Çünki atam Davudun önündə Xudavənd Rəbbin sandığını daşıyırdın və atamın çəkdiyi hər əzabı sən də çəkirdin».
၂၆ထို့နောက်ရှောလမုန်မင်းသည် ယဇ်ပုရောဟိတ် အဗျာသာအား``အာနသုတ်မြို့ရှိသင်၏ ကျေးလက်နေအိမ်သို့သွားလော့။ သင်သည် သေဒဏ်ခံထိုက်သူဖြစ်ပေသည်။ သို့ရာတွင် သင်သည်ငါ၏ခမည်းတော်ဒါဝိဒ်လက်ထက်၌ ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ကို တာဝန်ယူစောင့်ထိန်းရသူ၊ မင်းကြီးနှင့်အတူ ဆင်းရဲဒုက္ခအပေါင်းကိုခံခဲ့သူဖြစ်သဖြင့် ယခုသင့်အားငါမသတ်လိုပြီ'' ဟု မိန့်တော်မူ၏။-
27 Beləcə Süleyman Evyatarı Rəbbin kahinliyindən qovdu. Bununla da Elinin evinə qarşı Rəbbin Şiloda söylədiyi söz yerinə yetdi.
၂၇ထို့နောက်ရှောလမုန်သည်အဗျာသာအား ထာဝရဘုရား၏အမှုတော်ဆောင်ယဇ် ပုရောဟိတ်ရာထူးမှထုတ်ပယ်တော်မူ၏။ ဤသို့ဖြင့်မင်းကြီးသည်ရှိလောမြို့၌ ယဇ်ပုရောဟိတ်ဧလိနှင့်သားမြေးတို့ကို အကြောင်းပြု၍ ထာဝရဘုရားမိန့်တော် မူသောစကားတော်တို့ကိုအကောင် အထည်ပေါ်စေတော်မူသတည်း။
28 Xəbər Yoava çatdı. Yoav Avşaloma qoşulmadığı halda Adoniyanın tərəfini tutmuşdu. Buna görə də o, Rəbbin ibadət çadırına qaçdı və qurbangahın buynuzlarından yapışdı.
၂၈ဤအဖြစ်အပျက်ကိုယွာဘကြားသိ သောအခါ ထာဝရဘုရားစံတော်မူရာ တဲတော်သို့ထွက်ပြေးပြီးလျှင်ယဇ်ပလ္လင် ထောင့်စွယ်များ ကိုဆုပ်ကိုင်၍ထား၏။ (သူသည်အဒေါနိယ အားကူညီခဲ့သော်လည်းအဗရှလုံကိုမူ မကူညီခဲ့၊-)
29 Padşah Süleymana söylədilər: «Yoav Rəbbin ibadət çadırına qaçdı və indi qurbangahın yanındadır». Süleyman «get, onu öldür» deyə Yehoyada oğlu Benayanı göndərdi.
၂၉သူသည်အဒေါနိယစံတော်မူရာတဲတော် သို့ထွက်ပြေးပြီးလျှင် ယဇ်ပလ္လင်အနီးတွင် ရပ်လျက်နေကြောင်းသတင်းရရှိသောအခါ ရှောလမုန်မင်းသည်ယွာဘအားအဘယ် ကြောင့်ယဇ်ပလ္လင်သို့ထွက်ပြေးရသည်ကိုလူ လွှတ်၍မေးတော်မူ၏။ ထိုအခါယွာဘက မိမိသည်ရှောလမုန်ကိုကြောက်သဖြင့် ထာ ဝရဘုရားထံတော်သို့ထွက်ပြေးရခြင်း ဖြစ်ကြောင်းပြန်ကြားလျှောက်ထားလေသည်။ ထို့ကြောင့်ရှောလမုန်မင်းသည်ဗေနာယ ကိုစေလွှတ်၍ယွာဘအားကွပ်မျက်စေ တော်မူ၏။-
30 Benaya Rəbbin ibadət çadırına gəlib Yoava dedi: «Çıx, padşah belə deyir!» O dedi: «Yox, burada öləcəyəm». Benaya padşaha «Yoav belə dedi və mənə bu cavabı verdi» deyə xəbər gətirdi.
၃၀ဗေနာယသည်ထာဝရဘုရားစံတော်မူ ရာတဲတော်သို့သွား၍ ယွာဘအား``အပြင် သို့ထွက်ခဲ့လော့။ မင်းကြီးအမိန့်တော်ရှိ သည်'' ဟုဆို၏။ ယွာဘက``ငါမလာလို။ ဤအရပ်တွင်ပင် အသေခံမည်'' ဟုပြန်ပြော၏။ ဗေနာယသည်လည်းမင်းကြီးထံပြန်သွား ပြီးလျှင် ယွာဘပြောသည့်စကားကိုပြန် ကြားလျှောက်ထားလေသည်။
31 Padşah ona dedi: «Onun dediyi kimi et: onu orada öldür və basdır ki, Yoavın səbəbsiz tökdüyü qanın təqsirini mənim və atamın evi üzərindən götürəsən.
၃၁ရှောလမုန်မင်းကလည်း``ယွာဘပြောသည် အတိုင်းပြုလော့။ သူ့ကိုကွပ်မျက်၍သင်္ဂြိုဟ် လိုက်လော့။ ထိုအခါအပြစ်မဲ့သူများအား ယွာဘသတ်ဖြတ်ခဲ့သည့်အပြစ်အတွက် ငါ ၌သော်လည်းကောင်း၊ ဒါဝိဒ်၏အခြားသား မြေးများ၌သော်လည်းကောင်းတာဝန်ရှိ တော်မူမည်မဟုတ်။-
32 Rəbb onun qanını öz başına döndərəcək, çünki o özündən daha saleh və daha yaxşı olan iki nəfəri qılıncla vurdu: atam Davudun xəbəri olmadan İsrail ordusunun başçısı Ner oğlu Avnerlə Yəhuda ordusunun başçısı Yeter oğlu Amasanı öldürdü.
၃၂ငါ၏ခမည်းတော်မသိဘဲကူးလွန်ခဲ့သည့် လူသတ်မှုများအတွက် ထာဝရဘုရားသည် ယွာဘအားအပြစ်ဒဏ်စီရင်တော်မူလိမ့်မည်။ ယွာဘသည်မိမိထက်သာလွန်ကောင်းမြတ် သည့်ဣသရေလတပ်မတော်ဗိုလ်ချုပ်အာဗနာ နှင့်ယုဒတပ်မတော်ဗိုလ်ချုပ်အာမသတည်း ဟူသောအပြစ်မဲ့သူနှစ်ဦးအားသတ်ဖြတ် ခဲ့ပေသည်။-
33 Beləcə onların qanı həmişəlik Yoavın və onun nəslinin üstündə qalacaq, amma Rəbb Davuda, onun nəslinə, evinə və taxtına əbədi əmin-amanlıq verəcək».
၃၃ထိုလူသတ်မှုများအတွက်ယွာဘနှင့်သူ၏ သားမြေးတို့သည် ထာဝစဉ်အပြစ်ဒဏ်ခံရ ကြလတ္တံ့။ သို့ရာတွင်ဒါဝိဒ်၏အရိုက်အရာ ဆက်ခံကြသောသားမြေးတို့ကိုမူကား ထာဝရဘုရားသည်အစဉ်အမြဲအောင်ပွဲ ခံစေတော်မူလိမ့်မည်'' ဟုမိန့်တော်မူ၏။
34 Yehoyada oğlu Benaya yuxarıya getdi, Yoavı vurub öldürdü və onu çöldəki evində basdırdılar.
၃၄ထို့ကြောင့်ဗေနာယသည်ထာဝရဘုရား စံတော်မူရာတဲတော်သို့သွား၍ယွာဘ အားသတ်ပြီးလျှင် ကျေးလက်ရှိသူ၏ နေအိမ်တွင်သင်္ဂြိုဟ်လိုက်လေသည်။-
35 Padşah Yoavın yerinə Yehoyada oğlu Benayanı ordu başçısı qoydu. Evyatarın yerinə isə kahin Sadoqu təyin etdi.
၃၅မင်းကြီးသည်ဗေနာယကိုယွာဘ၏နေရာ တွင်တပ်မတော်ဗိုလ်ချုပ်အဖြစ်ခန့်ထား တော်မူ၍ ယဇ်ပုရောဟိတ်ဇာဒုတ်ကိုလည်း အဗျာသာ၏နေရာတွင်ခန့်ထားတော်မူ၏။
36 Padşah Şimeyi çağırtdırıb ona dedi: «Yerusəlimdə özünə bir ev tik və orada yaşa, heç yerə getmə.
၃၆ထို့နောက်မင်းကြီးသည် ရှိမိကိုဆင့်ခေါ်တော် မူပြီးလျှင်``သင်သည်ယေရုရှလင်မြို့တွင် အိမ်တစ်လုံးဆောက်၍နေထိုင်လော့။ ဤမြို့ မှမထွက်မခွာနှင့်။-
37 Oradan çıxıb Qidron vadisini keçdiyin gün, bil ki, hökmən öləcəksən və qanın öz üstündə qalacaq».
၃၇အကယ်၍ကေဒြုန်ချောင်းလွန်အောင်ထွက်လာ လျှင်သင်သည်မုချသေဒဏ်ခံရမည်။ ထိုအခါ မိမိကိုယ်ကိုသာလျှင်အပြစ်တင်ရလိမ့်မည်'' ဟုမိန့်တော်မူ၏။
38 Şimey padşaha dedi: «Sözünlə razıyam, ağam padşah necə dedisə, qulun elə də edəcək». Şimey uzun müddət Yerusəlimdə yaşadı.
၃၈ရှိမိကလည်း``ကောင်းပါပြီ။ အရှင်မင်းကြီး။ အရှင်မိန့်တော်မူသည့်အတိုင်းအကျွန်ုပ် လိုက်နာပါမည်'' ဟုပြန်၍လျှောက်ထားပြီး လျှင်ယေရုရှလင်မြို့တွင်ကာလကြာ မြင့်စွာနေထိုင်လေ၏။
39 Üçüncü ilin sonunda Şimeyin iki qulu Qat padşahı Maaka oğlu Akişin yanına qaçdı. Şimeyə xəbər gəldi ki, qulları Qatdadır.
၃၉သို့ရာတွင်သုံးနှစ်ကြာသောအခါရှိမိ၏ ကျွန်နှစ်ယောက်သည်မာခါ၏သား၊ ဂါသ ဘုရင်အာခိတ်ထံသို့ထွက်ပြေးကြ၏။ ရှိမိ သည်ဂါသမြို့တွင်ထိုသူတို့ရှိနေကြောင်း သတင်းကြားသောအခါ၊-
40 O qalxıb eşşəyini palanladı, qullarını axtarmaq üçün Qata, Akişin yanına gedib onları Qatdan gətirdi.
၄၀မြည်းကိုကုန်းနှီးတင်ပြီးလျှင်ကျွန်များကို ရှာရန်အာခိတ်မင်းထံသို့သွားလေသည်။ သူ သည်မိမိ၏ကျွန်တို့ကိုတွေ့ရှိသဖြင့်အိမ် သို့ပြန်၍ခေါ်ခဲ့၏။-
41 Şimeyin Yerusəlimdən Qata gedib-gəlmək xəbəri Süleymana çatdı.
၄၁ရှိမိပြုသောအမှုကိုရှောလမုန်မင်းကြား တော်မူလျှင်သူ့အားဆင့်ခေါ်တော်မူ၍``ငါ သည်သင့်အားယေရုရှလင်မြို့မှမထွက်ခွာ ရန် ထာဝရဘုရားကိုတိုင်တည်လျက်ကတိ ပြုစေခဲ့၏။ အကယ်၍ထွက်ခွာခဲ့သော်သင် သည်ဧကန်မုချသေဒဏ်ခံရမည်ဟုလည်း ကြိုတင်သတိပေးခဲ့၏။ သင်ကလည်းဤ အတိုင်းသဘောတူသဖြင့် ငါ၏စကား ကိုနားထောင်ပါမည်ဟုဝန်ခံခဲ့သည် မဟုတ်လော။-
42 Padşah Şimeyi çağırtdırıb ona dedi: «Səni Rəbbin haqqına and içdirmədimmi? “Çıxıb bir yerə getdiyin gün, bil ki, hökmən öləcəksən!” deyə sənə xəbərdarlıq etmədimmi? Sən də mənə “yaxşı, sözünlə razıyam” demədinmi?
၄၂
43 Elə isə Rəbbə içdiyin anda və sənə verdiyim əmrə niyə əməl etmədin?»
၄၃သို့ပါလျက်အဘယ်ကြောင့်မိမိ၏ကတိ ကိုဖျက်၍ ငါ၏အမိန့်တော်ကိုလွန်ဆန်ပါ သနည်း။-
44 Sonra padşah Şimeyə dedi: «Sən atam Davuda qarşı ürəyində saxladığın və etdiyin pisliklərin hamısını bilirsən. Pisliyini Rəbb sənin öz başına döndərəcək.
၄၄သင်သည်ခမည်းတော်အားပြစ်မှားခဲ့သည့် အမှုအပေါင်းကိုကောင်းစွာသိပေသည်။ ထို အမှုများအတွက်သင့်အားထာဝရဘုရား သည်အပြစ်ဒဏ်စီရင်တော်မူလိမ့်မည်။-
45 Amma qoy padşah Süleyman xeyir-dua alsın və Davudun taxtı Rəbbin önündə əbədi möhkəmlənsin».
၄၅ငါ့ကိုမူကားကောင်းချီးပေး၍ဒါဝိဒ်၏ နိုင်ငံတော်ကိုထာဝစဉ်တည်တံ့ခိုင်မြဲစေ တော်မူလိမ့်မည်'' ဟုမိန့်တော်မူ၏။
46 Padşah Yehoyada oğlu Benayaya əmr etdi, Benaya da gedib Şimeyi vurdu və o öldü. Beləliklə, Süleymanın padşahlığı möhkəmləndi.
၄၆ထိုနောက်ဗေနာယသည် မင်းကြီးအမိန့်ပေး တော်မူသည်အတိုင်း အပြင်သို့ထွက်ပြီးလျှင် ရှိမိကိုကွပ်မျက်လေ၏။ ရှောလမုန်မင်းသည် ယခုအခါ၌မိမိ၏နိုင်ငံတော်ကိုပိုင်နိုင် စွာအုပ်စိုးတော်မူရ၏။