< 1 Korinflilərə 15 >

1 İndi, qardaşlar, sizə bəyan etdiyim və qəbul edib əsaslandığınız Müjdəni yadınıza salmaq istəyirəm.
ညီအစ်ကိုတို့၊ ငါသည်သင်တို့အား ဟောပြော ဘူးသည်နှင့်အညီ၊ သင်တို့သည် ခံယူ၍ မှီဝဲဆည်းကပ် သော ဧဝံဂေလိတရားကို သင်တို့အား တဖန် ငါကြား လိုက်၏။
2 Əgər sizə bəyan etdiyim sözə bağlanmısınızsa, o Müjdə ilə də xilas olmaqdasınız, yoxsa əbəs yerə iman etmisiniz.
အထက်ကငါဟောပြောသည် အကြောင်းများကို သင်တို့သည် အကျိုးမဲ့မယုံဘဲစိတ်စွဲလမ်းလျှင်၊ ထိုဧဝံ ဂေလိတရားအားဖြင့် ကယ်တင်တော်မူခြင်းသို့ ရောက်ကြ၏။
3 Özümün də qəbul etdiyim bu ən əhəmiyyətli təlimi sizə çatdırdım: Müqəddəs Yazılara uyğun olaraq, Məsih günahlarımız üçün öldü,
ငါသည် ကိုယ်တိုင်ခံယူသည်အတိုင်း၊ သင်တို့အား ရှေ့ဦးစွာ အပ်ပေးသောအကြောင်းအရာဟူမူကား၊ ခရစ်တော်သည် ကျမ်းစာလာသည်အတိုင်း ငါတို့အပြစ်ကြောင့် အသေခံတော်မူ၏။
4 dəfn olundu və Müqəddəs Yazılara uyğun olaraq, üçüncü gün dirildi.
သင်္ဂြိုဟ်ပြီးမှ၊ ကျမ်းစာလာသည်အတိုင်း သုံးရက်မြောက်သောနေ့၌ ထမြောက်တော်မူ၏။
5 O əvvəl Kefaya, sonra On İki şagirdə göründü.
ကေဖသည်ကိုယ်တော်ကို မြင်ပြီးမှ၊ တကျိပ်နှစ်ပါးသော သူတို့သည် မြင်ရကြ၏။
6 Bundan sonra beş yüzdən çox bacı-qardaşa eyni anda göründü. Bu bacı-qardaşlardan çoxu indi də yaşayır, bəziləri isə vəfat etmişdir.
ထိုနောက် ညီအစ်ကိုငါးရာမက၊ တပြိုင်နက် မြင်ရကြ၏။ ထိုသူတို့တွင် အများသောသူတို့သည် ယခု တိုင်အောင် အသက်ရှင်ကြသေး၏။ အချို့တို့သည် အိပ်ပျော်ကြပြီ။
7 Məsih daha sonra Yaquba, sonra bütün həvarilərə göründü.
ထိုနောက် ယာကုပ်မြင်ရ၏။ ထိုနောက် တမန် တော်အပေါင်းတို့သည် မြင်ရကြ၏။
8 Hamıdan sonra isə vaxtından əvvəl doğulmuş bir uşağa bənzəyən mənə də göründü.
နောက်ဆုံး၌ အချိန်မတော်မတန်ဘွားသော သူကဲ့သို့ဖြစ်သော ငါပင်မြင်ရ၏။
9 Çünki mən həvarilərin ən kiçiyiyəm və Allahın cəmiyyətini təqib etdiyim üçün həvari adlanmağa layiq deyiləm.
ငါသည် အထက်ကဘုရားသခင်၏ အသင်းတော်ကို ညှဉ်းဆဲသောကြောင့်၊ အညံ့ဆုံးသော တမန် တော်ဖြစ်၏။ တမန်တော်ဟု ခေါ်ဝေါ်ခြင်းကို မခံထိုက်။
10 Amma indi hər nəyəmsə, Allahın lütfü ilə eləyəm. Onun mənə göstərdiyi lütf əbəs deyildi, çünki mən hamıdan çox zəhmət çəkdim. Əslində mən yox, Allahın mənimlə birgə fəaliyyətdə olan lütfü bu zəhməti çəkdi.
၁၀သို့သော်လည်း ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့်သာ ငါဖြစ်သည်အတိုင်း ငါဖြစ်၏။ ငါခံရသော ကျေးဇူးတော်ကိုလည်း အကျိုးမဲ့ခံရသည်မဟုတ်။ အခြား သော တမန်တော်အပေါင်းတို့ထက်၊ ငါသည် သာ၍ ကြိုးစားခြင်းကိုပြု၏။ ထိုသို့ဆိုသော်လည်း၊ ငါကြိုးစားသည်မဟုတ်။ ငါနှင့်အတူရှိသော ဘုရားသခင်၏ ကျေးဇူး တော်သည် ကြိုးစားတော်မူ၏။
11 Beləcə istər mən, istərsə də onlar bu cür vəz edirik; siz də belə iman etmisiniz.
၁၁ထိုကြောင့်၊ ငါဖြစ်စေ၊ သူတို့ဖြစ်စေ၊ ဤသို့ ငါတို့သည် ဟောပြောကြ၏။ ဤသို့လည်းသင်တို့သည် ယုံကြည်ကြ၏။
12 Əgər Məsih haqqında vəz olunursa ki, O, ölülər arasından dirildi, sizlərdən bəzisi ölülərin dirilməsinin olmadığını necə söyləyə bilər?
၁၂ယခုမှာ၊ ခရစ်တော်သည် သေခြင်းမှ ထမြောက် တော်မူကြောင်းကို ဟောပြောရသည်ဖြစ်၍၊ သေသော သူတို့သည် ထမြောက်ခြင်းမရှိဟု သင်တို့တွင် အချို့သောသူတို့သည် အဘယ်ကြောင့် ဆိုရကြသနည်း။
13 Əgər ölülərin dirilməsi yoxdursa, Məsih də dirilməyib.
၁၃သေသောသူတို့သည် ထမြောက်ခြင်းမရှိလျှင်၊ ခရစ်တော်သည် ထမြောက်တော်မမူ။
14 Əgər Məsih dirilməyibsə, onda həm bizim vəzimiz puç, həm də sizin imanınız puçdur.
၁၄ခရစ်တော်သည် ထမြောက်တော်မမူလျှင်၊ ငါတို့ ဟောပြောခြင်း၌ အကျိုးမရှိ သင်တို့ယုံကြည်ခြင်း၌လည်း အကျိုးမရှိ။
15 Belə halda Allah barədə yalançı şahid olduğumuz da aşkara çıxacaq. Çünki biz Allah barədə şəhadət etdik ki, O, Məsihi diriltdi. Amma ölülər dirilməzsə, Allah Məsihi də diriltmədi.
၁၅ထိုမျှမက၊ ငါတို့သည် ဘုရားသခင်၏အမှုမှာ မမှန်သော သက်သေခံဖြစ်ကြ၏။
16 Çünki əgər ölülər dirilməzsə, Məsih də dirilməyib.
၁၆အကြောင်းမူကား၊ သေလွန်သောသူတို့သည် ထမြောက်ခြင်းမရှိလျှင်၊ ဘုရားသခင်သည် ခရစ်တော်ကို ထမြောက်စေတော်မမူ၊ ယခုမှာ၊ ခရစ်တော်ကို ထမြောက် စေတော်မူပြီဟု ငါတို့သည် ဘုရားသခင်၏အကြောင်းကို သက်သေခံကြ၏။ သေလွန်သောသူတို့သည် ထမြောက် ခြင်းမရှိလျှင်၊ ခရစ်တော်သည် ထမြောက်တော်မမူ။
17 Əgər Məsih dirilməyibsə, imanınız da əbəsdir, siz hələ günahlarınızın içindəsiniz.
၁၇ခရစ်တော်သည် ထမြောက်တော်မမူလျှင်၊ သင်တို့သည် ယုံကြည်သော်လည်း အကျိုးမရှိ၊ ဒုစရိုက် အပြစ်အောက်၌ ရှိကြသေး၏။
18 Onda Məsihdə vəfat edənlər əbədilik öldülər.
၁၈ထိုမှတပါး၊ ခရစ်တော်ကို ယုံကြည်၍ အိပ်ပျော် သောသူတို့သည် ဆုံးရှုံးခြင်းသို့ရောက်ကြပြီ။
19 Əgər yalnız bu həyat üçün Məsihə ümid bağlamışıqsa, biz hamıdan yazığıq.
၁၉ငါတို့သည် ခရစ်တော်ကို အမှီပြု၍ ယခုဘဝ ၌သာ မြော်လင့်စရာရှိလျှင်၊ အခြားသော သူအပေါင်းတို့ ထက်သာ၍ ဆင်းရဲသောသူ ဖြစ်ကြ၏။
20 Əslində Məsih ölülər arasından, vəfat edənlərin ilki olaraq dirildi.
၂၀ယခုမူကား၊ ခရစ်တော်သည် သေခြင်းမှ ထမြောက်တော်မူ၍၊ အိပ်ပျော်သောသူတို့တွင် အဦးသီး သော အသီးဖြစ်တော်မူပြီ။
21 Ölüm bir insan vasitəsilə gəldiyinə görə ölülərin dirilməsi də bir İnsan vasitəsilə gəlir.
၂၁သို့ဖြစ်၍ လူအားဖြင့် သေခြင်းတရားသည် တည်သကဲ့သို့၊ သေသောသူတို့၏ ထမြောက်ခြင်းတရား သည် လူအားဖြင့် တည်လျက်ရှိ၏။
22 Adəmdə hamı öldüyü kimi Məsihdə də hamı həyata qovuşacaq.
၂၂လူအပေါင်းတို့သည် အာဒံအားဖြင့်သေခြင်းသို့ ရောက်သည်နည်းတူ၊ လူအပေါင်းတို့သည် ခရစ်တော်အား ဖြင့် အသက်ရှင်ခြင်းသို့ ရောက်ရကြလတံ့။
23 Hər biri öz növbəsi ilə – ilk növbədə Məsih, sonra Məsihin zühurunda Məsihə məxsus olanlar həyata qovuşar.
၂၃သို့ရာတွင် လူအသီးအသီးတို့သည် မိမိတို့ အလှည့်အတိုင်း လိုက်ရကြလိမ့်မည်။ ခရစ်တော်သည် အဦးအသီးသော အသီးဖြစ်တော်မူ၏၊ ခရစ်တော်သည် ကြွလာတော်မူသောအခါ၊ တပည့်တော်ဖြစ်သော သူတို့ သည် ရှင်ခြင်းသို့ ရောက်ကြလိမ့်မည်။
24 Bundan sonra O hər başçını, hər hakimi və hər qüvvəni aradan götürüb Padşahlığı Ata Allaha təslim edəcəyi zaman hər şey tamamlanacaq.
၂၄ထိုအခါ ခရစ်တော်သည် အထွဋ်အမြတ် အာဏာတန်ခိုးအမျိုးမျိုးကို ပယ်ရှင်း၍၊ မိမိနိုင်ငံကို ဘုရားသခင်တည်းဟူသော ခမည်းတော်၌ အပ်ပြန်တော် မူပြီးမှ ကမ္ဘာကုန်ရလတံ့။
25 Çünki Allah Onun bütün düşmənlərini ayaqlarının altına salanadək O, padşahlıq etməlidir.
၂၅ခရစ်တော်သည် ရန်သူအပေါင်းတို့ကို ခြေဘဝါး တော်အောက်၌ ချထားတော်မမူမှီတိုင်အောင် အုပ်စိုး တော်မူရမည်။
26 Aradan götürüləcək son düşmən isə ölümdür.
၂၆နောက်ဆုံးသော ရန်သူတည်းဟူသော သေမင်းသည် ဆုံးရှုံးခြင်းသို့ ရောက်ရလတံ့။
27 Çünki Allah «hər şeyi Onun ayağının altına qoydu». Amma Məsihə hər şey tabe oldu deyiləndə aydın olur ki, hər şeyi Ona tabe etdirən Allah buraya daxil deyil.
၂၇ခပ်သိမ်းသောအရာတို့ကို လူသား၏ ခြေအောက်၌ ချထားတော်မူသည်ဟု ကျမ်းစာလာ၏။ ခပ်သိမ်းသောအရာတို့သည် ချထားလျက်ရှိကြောင်းကို ဆိုသော်၊ ခပ်သိမ်းသောအရာတို့ကို လူသားအောက်၌ ချထား တော်မူသောသူသည် ကြွင်းတော်မူကြောင်း ထင်ရှားသတည်း။
28 Hər şey Oğula tabe olandan sonra Oğul Özü də Ona hər şeyi tabe etdirən Ataya tabe olacaq ki, Allah hər şeydə hər şey olsun.
၂၈ခပ်သိမ်းသော အရာတို့သည် လူသားအောက်၌ ချထားလျက် ရှိသောအခါ၊ ခပ်သိမ်းသောအရာတို့ကို သူ့အောက်၌ ချထားတော်မူသော သူ၏ အုပ်စိုးတော်မူခြင်းကို သားတော်သည် ကိုယ်တိုင်ဝန်ခံလိမ့်မည်။ အကြောင်းမူကား၊ ဘုရားသခင်သည် အလုံးစုံ ဖြစ်တော်မူမည် အကြောင်းတည်း။
29 Yoxsa ölülər uğrunda vəftiz olunanlar nə edəcək? Əgər ölülər heç vaxt dirilməsə, insanlar ölülər uğrunda niyə vəftiz olunur?
၂၉သေလွန်သောသူတို့သည် ထမြောက်ခြင်း အလျှင်းမရှိလျှင်၊ သေလွန်သော သူတို့၏ ကိုယ်စား ဗတ္တိဇံကိုခံသော သူတို့သည် အဘယ်သို့ ပြုရမည်နည်း။ သေလွန်သော သူတို့၏ကိုယ်စား အဘယ်ကြောင့် ဗတ္တိဇံ ကို ခံရကြသနည်း။
30 Biz də nə üçün hər an təhlükələrə uğrayırıq?
၃၀ငါတို့သည်လည်း ဘေးရောက်အံ့သော အခြင်း အရာနှင့် အဘယ်ကြောင့် တွေ့ရကြသနည်း။
31 Ey qardaşlar, Rəbbimiz Məsih İsada sizinlə etdiyim fəxrin haqqı üçün mən hər gün ölümlə qarşılaşıram.
၃၁ငါသည် နေ့တိုင်းအသေခံရ၏ဟု ငါတို့သခင် ယေရှုခရစ်၌ သင်တို့အကြောင်းကြောင့် ငါဝါကြွား ဝမ်းမြောက်ခြင်းကို တိုင်တည်၍ ငါဆိုဝံ့၏။
32 Adi insanların bəslədiyi ümidlərlə Efesdə vəhşi heyvanlarla mübarizə aparmağımın mənə xeyri nə idi? Əgər ölülər dirilməzsə, «qoy yeyib-içək, çünki sabah öləcəyik!»
၃၂သေလွန်သောသူတို့သည် ထမြောက်ခြင်း မရှိလျှင်၊ ဧဖက်မြို့၌ လောကီဝေါဟာရအားဖြင့်၊ အထက် က ငါသည်သားရဲတို့နှင့် တိုက်သော်လည်း၊ အဘယ် အကျိုးရှိသနည်း။ စားကြကုန်အံ့၊ သောက်ကြကုန်အံ့၊ နက်ဖြန်သေရကြမည်။
33 Aldanmayın: «Pis adamlarla ünsiyyət yaxşı əxlaqı pozur».
၃၃အလွဲမယူကြနှင့်။ မကောင်းသော သူတို့နှင့် ပေါင်းဘော်ခြင်းအားဖြင့် ကောင်းသော အကျင့်ဓလေ့ ယိုယွင်းတတ်၏။
34 Ayılın, saleh olun, daha günaha batmayın. Axı bəziləriniz Allah barəsində heç nə bilmir. Utanasınız deyə bunu yazıram.
၃၄တရားသဖြင့် နိုးကြလော့။ ဒုစရိုက်ကိုမပြုကြနှင့်။ အချို့သော သူတို့သည် ဘုရားသခင်ကို မသိကြ။ ထိုသို့ဆိုသော်၊ သင်တို့ကို ရှက်ကြောက်စေခြင်းငှါ ငါဆို၏။
35 Lakin bir nəfər belə deyə bilər: «Ölülər necə diriləcək? Onlar nə cür bədənlə gələcəklər?»
၃၅သေလွန်သောသူတို့သည် အဘယ်သို့ ထမြောက်ကြမည်နည်း။ အဘယ်သို့သော ကိုယ်နှင့်ပေါ်လာကြမည် နည်းဟု တစုံတယောက်သောသူ မေးလိမ့်မည်။
36 Ey ağılsız insan! Sənin əkdiyin toxum ölməsə, həyata qovuşmaz!
၃၆အချင်းလူမိုက်၊ သင်စိုက်သောမျိုးစေ့မပျက်လျှင် မရှင်တတ်။
37 Əkərkən hasil olacaq bədəni deyil, yalnız toxumu – bəlkə buğdanın ya digər bitkinin toxumunu əkirsən.
၃၇ထိုမှတပါး မျိုးစေ့ကို စိုက်သောအခါ၊ နောက် ဖြစ်လတံ့သော ကိုယ်ကိုမစိုက်၊ ဂျုံစပါးဖြစ်စေ၊ အခြား သောစပါးဖြစ်စေ၊ အစေ့သက်သက်ကို စိုက်တတ်၏။
38 Amma Allah o toxuma istədiyi quruluşu verir. O hər bir bitən toxuma özünə məxsus quruluş verir.
၃၈ဘုရားသခင်သည် အလိုတော်ရှိသည်အတိုင်း ကိုယ်ကို ပေးတော်မူ၏။ မျိုးစေ့အသီးအသီးတို့အား လည်း၊ မိမိတို့မျိုးအတိုင်း ကိုယ်ကိုပေးတော်မူ၏။
39 Hər canlı məxluqun əti eyni deyil. İnsan əti başqa, heyvan əti başqa, quş əti başqa, balıq əti başqadır.
၃၉အသားရှိသမျှတို့သည် တမျိုးတည်းမဟုတ်။ လူသားတမျိုး၊ အမဲသားတမျိုး၊ ငါးသားတမျိုး၊ ငှက်သား တမျိုး၊ အသီးအသီးရှိကြ၏။
40 Səma cisimləri var, dünya cisimləri də var. Amma səmavi olanların ehtişamı başqa, dünyəvi olanların da başqadır.
၄၀ကောင်းကင်အကောင်အထည်လည်းရှိ၏။ မြေကြီးအကောင်အထည်လည်းရှိ၏။ ကောင်းကင် အကောင်အထည်၏ ဂုဏ်အသရေလည်းတမျိုး၊ မြေကြီး အကောင်အထည်၏ ဂုဏ်အသရေလည်းတမျိုးဖြစ်၏။
41 Günəşin ehtişamı başqa, ayın ehtişamı başqa, ulduzların ehtişamı başqadır. Ulduz da digər ulduzdan ehtişamına görə fərqlənir.
၄၁နေ၏ဂုဏ်အသရေတမျိုး၊ လ၏ဂုဏ်အသရေတမျိုး၊ ကြယ်တို့၏ ဂုဏ်အသရေတမျိုးအသီးအသီး ရှိကြ၏။ ကြယ်တို့၏ ဂုဏ်အသရေသည်လည်း အသီးသီး အခြားခြား ဖြစ်ကြ၏။
42 Ölülərin dirilməsi də belədir. Əkilən toxum çürüyər, ondan əmələ gəlib dirilən bədən çürüməz;
၄၂ထိုနည်းတူ၊ သေသောသူတို့၏ ထမြောက်ခြင်း အကြောင်းအရာဖြစ်၏။ ကိုယ်သည်စိုက်သောအခါ၊ ပုပ်တတ်သောသဘေရှိ၏။ ထမြောက်သောအခါ မပုပ် နိုင်သောအဖြစ်၌ တည်၏။
43 əkilən toxum hörmətsiz, dirilən bədən izzətlidir; əkilən toxum zəif, dirilən bədən qüvvətlidir;
၄၃စိုက်သောအခါဂုဏ်အသရေပျက်၏။ ထမြောက်သောအခါ ဂုဏ်အသရေနှင့် ပြည့်စုံ၏။ စိုက်သောအခါ အစွမ်းမရှိ။ ထမြောက်သောအခါ အစွမ်းနှင့်ပြည့်စုံ၏။
44 əkilən toxum təbii, dirilən bədən ruhanidir. Təbii bədən varsa, ruhani bədən də var.
၄၄စိုက်သောအခါ ဇာတိပကတိ ကိုယ်ဖြစ်၏။ ထမြောက်သောအခါ ဝိညာဏကိုယ်ဖြစ်၏။ ဇာတိပကတိ ကိုယ်တမျိုး၊ ဝိညာဏကိုယ်တမျိုးရှိ၏။
45 Necə ki yazılıb: ilk insan Adəm «canlı bir varlıq oldu». Sonuncu Adəm isə həyat verən ruh oldu.
၄၅ကျမ်းစာလာသည်ကား၊ ရှေ့ဦးစွာသော လူအာဒံသည် အသက်ရှင်သော သတ္တဝါဖြစ်၏ဟု လာသတည်း။ ယခုတွင်နောက်ဆုံးဖြစ်သော အာဒံမူကား၊ အသက်ရှင် စေတတ်သော ဝိညာဉ်ဖြစ်၏။
46 Amma ilkin ruhani deyil, təbii bədəndir. Ruhani isə sonra gəlir.
၄၆ဝိညာဏကိုယ်သည် ရှေ့ဦးစွာဖြစ်သည်မဟုတ်၊ ဇာတိပကတိကိုယ်သည် ရှေ့ဦးစွာဖြစ်၏။ နောက်မှ ဝိညာဏကိုယ်ဖြစ်၏။
47 İlk insan yerin torpağından, ikinci İnsan göydən yarandı.
၄၇ရှေ့ဦးစွာသော လူသည်မြေကြီးကဖြစ်သော ကြောင့် မြေသားဖြစ်၏။ ဒုတိယလူမူကား၊ ကောင်းကင် ဘုံက ဖြစ်တော်မူသော သခင်ပေတည်း။
48 Torpaqdan yaranan adam necədirsə, torpaqdan yarananlar da elədir; səmavi Adam necədirsə, səmavilər də elədir.
၄၈မြေသားတို့သည် ထိုမြေသားကဲ့သို့ ဖြစ်ကြ၏။ ကောင်းကင်သားတို့သည် ထိုကောင်းကင်သားကဲ့သို့ ဖြစ်ကြလိမ့်မည်။
49 Biz torpaqdan yarananın surətini necə gəzdiririksə, səmavi Olanın surətini də elə gəzdirəcəyik.
၄၉ငါတို့သည် မြေသား၏ ပုံသဏ္ဌာန်ကို ဆောင်သကဲ့သို့၊ ကောင်းကင်သား၏ပုံသဏ္ဌာန်ကို ဆောင်ကြ လိမ့်မည်။
50 Ey qardaşlar, bunu demək istəyirəm ki, ət və qan Allahın Padşahlığını irs olaraq ala bilməz, eləcə də çürüyən bədən çürüməzliyi irs olaraq almaz.
၅၀ညီအစ်ကိုတို့၊ ငါဆိုသည်ကား၊ လူအသွေးအသားသည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေမခံနိုင်၊ ပုပ်တတ်သောအရာသည် မပုပ်နိုင်သောအဖြစ်ကို အမွေမခံနိုင်။
51 Baxın sizə bir sirr açmaq istəyirəm: hamımız vəfat etməyəcəyik,
၅၁နက်နဲသော အရာတခုကိုငါပြဦးမည်။ ငါတို့ ရှိသမျှသည် အိပ်ပျော်ရကြမည်မဟုတ်။
52 amma son şeypur çalınanda bir andaca, bir göz qırpımındaca hamımız dəyişiləcəyik. Çünki şeypur çalınacaq, ölülər çürüməzliklə diriləcək, bizsə dəyişiləcəyik.
၅၂သို့သော်လည်း၊ နောက်ဆုံးသော တံပိုးမှုတ်သောအခါ၊ တခဏခြင်းတွင် မျက်စိတမှိတ်၌ ငါတို့ရှိသမျှ သည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည်။ ထိုတံပိုးမှုတ်ချိန်ရောက်သောအခါ၊ သေလွန်သောသူတို့သည်၊ မပုပ်နိုင် သောအဖြစ်၌ တည်လျက်ထမြောက်၍၊ ငါတို့ရှိသမျှသည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည်။
53 Çünki bu çürüyən bədən çürüməzliyə, bu ölümə düçar olan bədən ölməzliyə bürünməlidir.
၅၃ယခုမျက်မှောက်ပုပ်တတ်သော အရာသည် မပုပ်နိုင်သောအဖြစ်သို့ ဝင်စားရမည်။ ယခုမျက်မှောက် သေတတ်သော အရာသည် မသေနိုင်သောအဖြစ်သို့ ဝင်စားရမည်။
54 Çürüyən bədən çürüməzliyə və ölümə düçar olan bədən ölməzliyə büründükdə «Ölüm yox edildi, Onun üzərində qələbə çalındı!» deyə yazılmış söz yerinə yetəcək.
၅၄ဤပုပ်တတ်သောအရာသည် မပုပ်နိုင်သော အဖြစ်သို့၎င်း၊ ဤသေတတ်သောအရာသည် မသေနိုင် သောအဖြစ်သို့၎င်း၊ ဝင်စားသောအခါ၊ သေခြင်းသည် အောင်ခြင်း၌နစ်မြုပ်ပြီဟု ကျမ်းစာ၌လာချက်ပြည့် စုံလိမ့်မည်။
55 «Ey ölüm, qələbən hanı? Ey ölüm, neştərin hanı?» (Hadēs g86)
၅၅အိုသေမင်း၊ သင်၏လက်နက်သည်၊ အဘယ်မှာ ရှိသနည်း။ အိုမရဏနိုင်ငံ၊ သင်၏အောင်ခြင်းသည် အဘယ်မှာရှိသနည်း။ (Hadēs g86)
56 Ölümün neştəri günahdır, günah isə gücünü Qanundan alır.
၅၆သေမင်း၏လက်နက်ကား၊ ဒုစရိုက်အပြစ်ပေတည်း။ ဒုစရိုက်အပြစ်၏ တန်ခိုးကား၊ ပညတ်တရား ပေတည်း။
57 Rəbbimiz İsa Məsih vasitəsilə bizə qələbə bəxş edən Allaha şükür olsun!
၅၇ငါတို့သခင် ယေရှုခရစ်အားဖြင့် ငါတို့အား အောင်ခြင်းအခွင့်ကို ပေးတော်မူသော ဘုရားသခင်၏ ကျေးဇူးတော်သည် ကြီးလှစွတကား။
58 Beləliklə, ey sevimli qardaşlarım, Rəbdə çəkdiyiniz zəhmətin boşa çıxmayacağını bilərək möhkəm durun, sarsılmayın, hər zaman Rəbbin işində səylə çalışın.
၅၈ထိုကြောင့် ငါချစ်သောညီအစ်ကိုတို့၊ သင်တို့သည် သခင်ဘုရား၏အမှုတော်ကို ဆောင်ရွက်၍ အကျိုး ကြီးသည်ကို သိမှတ်သဖြင့် တည်ကြည်သော စိတ်နှင့် ပြည့်စုံ၍၊ မရွေ့လျော့ မတိမ်းယိမ်းဘဲလျက်၊ သခင်ဘုရား ၏ အမှုတော်ကို ကြိုးစားအားထုတ်ကြလော့။

< 1 Korinflilərə 15 >