< ՂՈԻԿԱՍ 10 >

1 Ասկէ ետք՝ Տէրը ուրիշ եօթանասուն ալ որոշեց, եւ իր առջեւէն երկու-երկու ղրկեց զանոնք բոլոր քաղաքներն ու տեղերը՝ ուր ինք պիտի երթար:
ထို​နောက်​သ​ခင်​ဘု​ရား​သည်​အ​ခြား​သော တ​ပည့်​တော်​ခု​နစ်​ဆယ့်​နှစ်​ဦး​တို့​ကို​ရွေး​ချယ် ၍​နှစ်​ယောက်​စီ​တွဲ​ဖက်​စေ​လျက် ကိုယ်​တော်​တိုင် ကြွ​တော်​မူ​မည့်​မြို့​ရွာ​အ​သီး​သီး​သို့​သွား နှင့်​ရန်​စေ​လွှတ်​တော်​မူ​၏။-
2 Եւ ըսաւ անոնց. «Հունձքը ի՛րապէս շատ է, բայց գործաւորները՝ քիչ. ուրեմն հունձքին Տէրո՛ջ աղերսեցէք, որ գործաւորներ ուղարկէ իր հունձքին:
ကိုယ်​တော်​က ``ရိတ်​သိမ်း​ရန်​စ​ပါး​များ​စွာ​ရှိ​၏။ သို့​ရာ​တွင်​ကောက်​ရိတ်​သူ​များ​ကား​နည်း​လှ​၏။ သို့​ဖြစ်​၍​ကောက်​ရိတ်​သ​မား​များ​ပို​မို​စေ​လွှတ် ပေး​ရန်​စ​ပါး​ရှင်​အား​ဆု​တောင်း​ကြ​လော့။-
3 Գացէ՛ք. ահա՛ ես կը ղրկեմ ձեզ իբր գառնուկներ՝ գայլերու մէջ:
သွား​ကြ၊ ဝံ​ပု​လွေ​စု​ထဲ​သို့​သိုး​သူ​ငယ်​များ​အား စေ​လွှတ်​သ​ကဲ့​သို့​သင်​တို့​အား​ငါ​စေ​လွှတ်​၏။-
4 Ձեզի հետ մի՛ առնէք՝՝ ո՛չ քսակ, ո՛չ պարկ, ո՛չ ալ կօշիկներ, ու ճամբան ո՛չ մէկը բարեւեցէք:
သင်​တို့​သည်​ပိုက်​ဆံ​အိတ်၊ လွယ်​အိတ်၊ ဖိ​နပ်​တို့​ကို ယူ​မ​သွား​ကြ​နှင့်။ လမ်း​မှာ​ရပ်​၍​မည်​သူ့​ကို​မျှ နှုတ်​မ​ဆက်​ကြ​နှင့်။-
5 Որեւէ տուն որ մտնէք՝ նախ ըսէք. “Բարե՛ւ այս տան”:
သင်​တို့​မည်​သည့်​အိမ်​သို့​မ​ဆို​ဝင်​သော​အ​ခါ ``ဤ အိမ်​၌​ငြိမ်​သက်​ခြင်း​ရှိ​ပါ​စေ'' ဟု​ဦး​စွာ​မေတ္တာ ပို့​ကြ​လော့။-
6 Եթէ հոն բարեւի արժանի մարդ կայ, ձեր բարեւը պիտի հանգչի անոր վրայ. այլապէս՝ պիտի դառնայ ձեզի:
ထို​အိမ်​တွင်​ငြိမ်​သက်​မှု​ကို​လို​လား​သူ​ရှိ​လျှင် သင်​တို့​ပို့​သ​သည့်​မေတ္တာ​ကို​ထို​သူ​ခံ​စား​ရ လိမ့်​မည်။ ထို​သို့​သော​သူ​တစ်​စုံ​တစ်​ယောက်​မျှ မ​ရှိ​ပါ​မူ​သင်​တို့​ပို့​သည့်​မေတ္တာ​သည်​သင်​တို့ ၏​ထံ​သို့​ပြန်​လာ​လိမ့်​မည်။-
7 Մնացէ՛ք այդ տան մէջ, եւ կերէ՛ք ու խմեցէ՛ք անոնց քով, որովհետեւ գործաւորը արժանի է իր վարձքին. մի՛ երթաք տունէ տուն:
သင်​တို့​သည်​ထို​အိမ်​မှာ​နေ​၍​အိမ်​ရှင်​ကျွေး​မွေး သည်​တို့​ကို​စား​သောက်​ကြ​လော့။ အ​ဘယ်​ကြောင့် ဆို​သော်​အ​လုပ်​သ​မား​သည်​အ​ခ​ကို​ခံ​စား ထိုက်​သော​ကြောင့်​ဖြစ်​၏။ အိမ်​တစ်​အိမ်​မှ​အ​ခြား တစ်​အိမ်​သို့​မ​ပြောင်း​မ​ရွှေ့​ကြ​နှင့်။-
8 Որեւէ քաղաք որ մտնէք եւ ընդունին ձեզ, կերէ՛ք ի՛նչ որ հրամցնեն ձեզի:
သင်​တို့​အား​ကြို​ဆို​လက်​ခံ​သော​မြို့​တွင်​သင် တို့​အား​ကျွေး​မွေး​သ​မျှ​တို့​ကို​စား​ကြ​လော့။-
9 Բուժեցէ՛ք անոր մէջի հիւանդները եւ ըսէ՛ք անոնց. “Աստուծոյ թագաւորութիւնը մօտեցած է ձեզի”:
ထို​မြို့​ရှိ​သူ​နာ​များ​ကို​ရော​ဂါ​ပျောက်​ကင်း​စေ ကြ​လော့။ ထို​နောက်​သူ​တို့​တွင်​ဘု​ရား​သ​ခင်​၏ နိုင်​ငံ​တော်​တည်​ချိန်​နီး​ပြီ​ဖြစ်​ကြောင်း​ပြော ကြား​ကြ​လော့။-
10 Բայց որեւէ քաղաք որ մտնէք ու չընդունին ձեզ, երթալով անոր հրապարակները՝ ըսէ՛ք.
၁၀သင်​တို့​ကို​မ​ကြို​ဆို​လက်​မ​ခံ​သော​မြို့​တွင် လမ်း​များ​ပေါ်​သို့​ထွက်​၍ ဤ​သို့​ပြော​ကြ​လော့၊-
11 “Այն փոշին ալ՝ որ մեր ոտքերուն փակած է ձեր քաղաքէն, կը թօթուենք ձեզի. բայց սա՛ գիտցէ՛ք, որ Աստուծոյ թագաւորութիւնը մօտեցած է ձեզի”:
၁၁`သင်​တို့​အား​သ​တိ​ပေး​သည့်​အ​နေ​ဖြင့်​ငါ​တို့ ခြေ​တွင်​ကပ်​သည့်​သင်​တို့​မြို့​က​မြေ​မှုန့်​ကို​ငါ တို့​ခါ​ချ​၏။ သို့​ရာ​တွင်​ဘု​ရား​သ​ခင်​၏​နိုင်​ငံ တော်​သည်​သင်​တို့​၏​အ​နီး​သို့​ရောက်​ရှိ​ပြီ​ဖြစ် ကြောင်း​ကို​သိ​မှတ်​ကြ​လော့၊-'
12 Կը յայտարարեմ ձեզի. “Այն օրը Սոդոմի դատաստանը աւելի դիւրին պիտի ըլլայ, քան այդ քաղաքին”»:
၁၂ငါ​ဆို​သည်​ကား​တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​၌ ဘု​ရား​သ​ခင်​သည်​ထို​မြို့​ထက်​ပို​၍​သော​ဒုံ မြို့​အား​က​ရု​ဏာ​ထား​တော်​မူ​လိမ့်​မည်။''
13 «Վա՜յ քեզի, Քորազի՛ն, վա՜յ քեզի, Բեթսայիդա՛. որովհետեւ եթէ Տիւրոսի ու Սիդոնի մէջ կատարուած ըլլային այն հրաշքները՝ որոնք կատարուեցան ձեր մէջ, շատո՛նց ապաշխարած պիտի ըլլային՝ քուրձով եւ մոխիրի մէջ նստելով:
၁၃``အို ခေါ​ရာ​ဇိန်​မြို့၊ သင်​သည်​အ​မင်္ဂ​လာ​ရှိ​၏။ အို ဗက်​ဇဲ​ဒ​မြို့၊ သင်​သည်​လည်း​အ​မင်္ဂ​လာ​ရှိ​၏။ သင်​တို့​တွင်​ပြု​ခဲ့​သည့်​အံ့​ဖွယ်​အ​မှု​အ​ရာ​များ ကို​တု​ရု​နှင့်​ဇိ​ဒုံ​မြို့​တွင်​သာ​ပြု​ခဲ့​ပါ​မူ ထို​မြို့ တို့​သည်​ရှေး​မ​ဆွ​က​ပင်​လျှော်​တေ​ကို​ဝတ်​၍ ပြာ ထဲ​မှာ​ထိုင်​လျက်​နောင်​တ​ရ​ပြီး​ဖြစ်​လိမ့်​မည်။-
14 Բայց դատաստանին օրը՝ աւելի դիւրին պիտի ըլլայ Տիւրոսի ու Սիդոնի, քան ձեզի:
၁၄ဘု​ရား​သ​ခင်​သည်​တ​ရား​စီ​ရင်​တော်​မူ​ရာ ကာ​လ​၌ သင်​တို့​ထက်​ပို​၍​တု​ရု​နှင့်​ဇိ​ဒုံ​မြို့ တို့​အား​က​ရု​ဏာ​ထား​တော်​မူ​ပေ​အံ့။-
15 Եւ դո՛ւն, Կափառնայո՛ւմ, որ բարձրացած ես մինչեւ երկինք, պիտի իջնես մինչեւ դժոխք: (Hadēs g86)
၁၅အို က​ပေ​ရ​နောင်​မြို့၊ သင်​သည်​ကောင်း​ကင်​ဘုံ တိုင်​အောင်​မြှောက်​စား​ခြင်း​ကို​ခံ​လို​သ​လော။ မ​ရ​ဏာ​နိုင်​ငံ​အ​ထိ​နှိမ့်​ချ​ခြင်း​ခံ​ရ​လတ္တံ့'' ဟု​မိန့်​တော်​မူ​၏။ (Hadēs g86)
16 Ա՛ն որ մտիկ կ՚ընէ ձեզի՝ մտիկ կ՚ընէ ինծի՛. իսկ ա՛ն որ կ՚անարգէ ձեզ՝ կ՚անարգէ զի՛ս, եւ ա՛ն որ կ՚անարգէ զիս՝ կ՚անարգէ զիս ղրկո՛ղը»:
၁၆သ​ခင်​ယေ​ရှု​သည်​တ​ပည့်​တော်​တို့​အား ``သင်​တို့ ၏​စ​ကား​ကို​နား​ထောင်​သူ​သည်​ငါ့​စ​ကား​ကို နား​ထောင်​၏။ သင်​တို့​ကို​ပစ်​ပယ်​သူ​သည်​ငါ့​ကို ပစ်​ပယ်​၏။ ငါ့​ကို​ပစ်​ပယ်​သူ​သည်​ငါ့​ကို​စေ​လွှတ် တော်​မူ​သော​အ​ရှင်​ကို​ပစ်​ပယ်​သည်'' ဟု​မိန့် တော်​မူ​၏။
17 Եօթանասուն աշակերտները վերադարձան ուրախութեամբ, եւ ըսին. «Տէ՛ր, քու անունովդ՝ դեւե՛րն ալ կը հպատակէին մեզի»:
၁၇ခု​နစ်​ဆယ့်​နှစ်​ဦး​သော​တ​ပည့်​တော်​တို့​သည် အ​လွန် ဝမ်း​မြောက်​ရွှင်​လန်း​စွာ​ပြန်​လည်​ရောက်​ရှိ​လာ​ကြ လျက် ``အ​ရှင်၊ အ​ကျွန်ုပ်​တို့​သည်​ကိုယ်​တော်​၏​နာ​မ တော်​အား​ဖြင့် နတ်​မိစ္ဆာ​များ​ပင်​နှိမ်​နင်း​ခဲ့​ပါ​သည်'' ဟု လျှောက်​ကြ​၏။
18 Յիսուս ըսաւ անոնց. «Կը տեսնէի Սատանան, որ վար կ՚իյնար երկինքէն՝ փայլակի նման:
၁၈ကိုယ်​တော်​က ``ကောင်း​ကင်​မှ​လျှပ်​စစ်​ကျ​သ​ကဲ့ သို့​စာ​တန်​ကျ​သည်​ကို​ငါ​မြင်​ရ​၏။-
19 Ահա՛ ձեզի իշխանութիւն կու տամ՝ կոխելու օձերու, կարիճներու, եւ թշնամիին ամբողջ զօրութեան վրայ. բնա՛ւ բան մը պիտի չվնասէ ձեզի:
၁၉မြွေ​ဆိုး​များ၊ ကင်း​မြီး​ကောက်​များ​အ​ပေါ်​မှာ နင်း​သွား​၍ စာ​တန်​၌​ရှိ​သ​မျှ​သော​တန်​ခိုး​ကို နှိမ်​နင်း​နိုင်​သည့်​အာ​ဏာ​ကို​သင်​တို့​အား​ငါ​ပေး အပ်​ထား​ပြီ။ အ​ဘယ်​ဘေး​မျှ​သင်​တို့​၌​မ​ရောက်​ရ။-
20 Բայց դուք մի՛ ուրախանաք՝ որ չար ոգիները կը հպատակին ձեզի. այլ մանաւանդ ուրախացէ՛ք՝ որ ձեր անունները գրուած են երկի՛նքը»:
၂၀သို့​ရာ​တွင်​သင်​တို့​သည်​နတ်​မိစ္ဆာ​များ​ကို​နှိမ်​နင်း​နိုင် သည့်​အ​တွက်​ဝမ်း​မ​မြောက်​ကြ​နှင့်။ ကောင်း​ကင်​ဘုံ တွင်​သင်​တို့​၏​နာမည်​များ​စာ​ရင်း​ဝင်​ပြီး​ဖြစ်​သည့် အ​တွက်​သာ​လျှင်​ဝမ်း​မြောက်​ကြ​လော့'' ဟု​မိန့် တော်​မူ​၏။
21 Այդ նոյն ժամուն՝ Յիսուս Հոգիով ցնծաց եւ ըսաւ. «Կը ներբողեմ քեզ, Հա՜յր, Տէր երկինքի ու երկրի, որ այս բաները ծածկեցիր իմաստուններէն եւ խելացիներէն, ու յայտնեցիր երախաներո՛ւն: Այո՛, Հա՜յր, որովհետեւ ա՛յսպէս հաճելի եղաւ քու առջեւդ:
၂၁ထို​အ​ခါ​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် ကိုယ်​တော်​အား​ရွှင်​လန်း​ဝမ်း​မြောက်​စေ​တော်​မူ သ​ဖြင့်​ကိုယ်​တော်​က ``မိုး​မြေ​ကို​အ​စိုး​ရ​တော်​မူ သော​အ​ဖ၊ ကိုယ်​တော်​သည်​အ​သိ​ပ​ညာ​ရှင်​များ​မှ ထိမ်​ဝှက်​ထား​တော်​မူ​သော​အ​ကြောင်း​အ​ရာ​များ ကို ပ​ညာ​မဲ့​သူ​များ​အား​ဖွင့်​ပြ​တော်​မူ​သော ကြောင့်​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ပါ​၏။ အ​ဖ ခ​မည်း​တော်၊ ဤ​သို့​ဖြစ်​ရ​ခြင်း​မှာ​ကိုယ်​တော် လို​လား​တော်​မူ​သည်​အ​တိုင်း​ဖြစ်​ပါ​၏။
22 Ամէն բան յանձնուեցաւ ինծի՝ իմ Հօրմէս, ու ո՛չ մէկը գիտէ թէ ո՛վ է Որդին, բայց միայն՝ Հայրը, եւ թէ ո՛վ է Հայրը, բայց միայն՝ Որդին, եւ ա՛ն՝ որուն Որդին փափաքի յայտնել»:
၂၂``ငါ့​ခ​မည်း​တော်​သည်​ခပ်​သိမ်း​သော​အ​ရာ​တို့ ကို​ငါ့​အား​ပေး​အပ်​တော်​မူ​ပြီ။ သား​တော်​သည် အ​ဘယ်​သူ​ဖြစ်​ကြောင်း​ကို​ခ​မည်း​တော်​မှ တစ်​ပါး​မည်​သူ​မျှ​မ​သိ။ ခ​မည်း​တော်​သည် အ​ဘယ်​သူ​ဖြစ်​ကြောင်း​ကို​လည်း​သား​တော် နှင့်​သား​တော်​ဖွင့်​ပြ​လို​သူ​များ​မှ​တစ်​ပါး မည်​သူ​မျှ​မ​သိ'' ဟု​မိန့်​တော်​မူ​၏။
23 Աշակերտներուն դառնալով՝ առանձին ըսաւ. «Երանի՜ այն աչքերուն՝ որ կը տեսնեն ձեր տեսածները.
၂၃ထို​နောက်​ကိုယ်​တော်​သည်​တ​ပည့်​တော်​တို့​ဘက်​သို့ လှည့်​၍ ``ယ​ခု​မြင်​သ​မျှ​သော​အ​ရာ​တို့​ကို​သင် တို့​မြင်​သော​ကြောင့်​သင်​တို့​မျက်​စိ​သည်​မင်္ဂ​လာ ရှိ​၏။-
24 արդարեւ կը յայտարարեմ ձեզի. “Շատ մարգարէներ ու թագաւորներ ուզեցին տեսնել ձեր տեսածները՝ բայց չտեսան, եւ լսել ձեր լսածները՝ բայց չլսեցին”»:
၂၄သင်​တို့​အား​ငါ​ဆို​သည်​ကား​သင်​တို့​မြင်​ရ​သည့် အ​ရာ​များ​ကို​ပ​ရော​ဖက်​များ၊ ရှင်​ဘု​ရင်​များ မြင်​လို​ကြ​သော်​လည်း​မ​မြင်​ရ​ကြ၊ သင်​တို့​ကြား ရ​သည့်​အ​ရာ​များ​ကို​ကြား​လို​သော်​လည်း​မ ကြား​ရ​ကြ'' ဟု​မိန့်​တော်​မူ​သည်။
25 Ահա՛ օրինական մը կանգնեցաւ, ու փորձելով զայն՝ ըսաւ. «Վարդապե՛տ, ի՞նչ ընեմ՝ որ ժառանգեմ յաւիտենական կեանքը»: (aiōnios g166)
၂၅ကျမ်း​တတ်​ဆ​ရာ​တစ်​ယောက်​သည်​အ​ထံ​တော် သို့​လာ​၍ ``ဆ​ရာ​တော်၊ အ​ကျွန်ုပ်​သည်​ထာ​ဝ​ရ အ​သက်​ကို​ရ​အံ့​သော​ငှာ​အ​ဘယ်​သို့​ပြု​ရ ပါ​မည်​နည်း'' ဟု​ကိုယ်​တော်​အား​ပ​ညာ​စမ်း လို​သ​ဖြင့်​မေး​လျှောက်​၏။ (aiōnios g166)
26 Ան ալ ըսաւ անոր. «Ի՞նչ գրուած է Օրէնքին մէջ, ի՞նչպէս կը կարդաս»:
၂၆ကိုယ်​တော်​က ``ပညတ္တိ​ကျမ်း​တွင်​အ​ဘယ်​သို့ ဖော်​ပြ​ထား​သ​နည်း။ သင်​အ​ဘယ်​သို့​ဖတ်​ဖူး သ​နည်း'' ဟု​မေး​တော်​မူ​လျှင်၊
27 Ան պատասխանեց. «Սիրէ՛ Տէրը՝ քու Աստուածդ՝ ամբողջ սիրտովդ, ամբողջ անձովդ, ամբողջ զօրութեամբդ եւ ամբողջ միտքովդ, ու ընկերդ՝ քու անձիդ՝՝ պէս»:
၂၇ထို​သူ​က ``သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ကို​စိတ်​စွမ်း​ရှိ​သ​မျှ၊ ကိုယ်​စွမ်း​ရှိ​သ​မျှ၊ ဉာဏ်​စွမ်း ရှိ​သ​မျှ​နှင့်​ချစ်​လော့။ သင်​၏​အိမ်​နီး​ချင်း​ကို​ကိုယ် နှင့်​အ​မျှ​ချစ်​လော့​ဟု​ပါ​ရှိ​ပါ​သည်'' ဟူ​၍ လျှောက်​၏။
28 Ինք ալ ըսաւ անոր. «Շիտա՛կ պատասխանեցիր, ըրէ՛ ատիկա՝ ու պիտի ապրիս»:
၂၈ကိုယ်​တော်​က ``သင်​၏​အ​ဖြေ​သည်​မှန်​ပေ​၏။ ဤ အ​တိုင်း​ပြု​လျှင်​သင်​သည်​ထာ​ဝ​ရ​အ​သက်​ကို ရ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
29 Իսկ ան՝ ուզելով արդարացնել ինքզինք՝ ըսաւ Յիսուսի. «Բայց ո՞վ է իմ ընկերս»:
၂၉ထို​သူ​သည်​မိ​မိ​၏​ပညာ​ကို​ဖော်​ပြ​လို သ​ဖြင့် ``အ​ဘယ်​သူ​သည်​အ​ကျွန်ုပ်​၏​အိမ် နီး​ချင်း​ဖြစ်​ပါ​သ​နည်း'' ဟု​မေး​မြန်း​၏။
30 Յիսուս պատասխանեց. «Մէկը Երուսաղէմէն Երիքով կ՚իջնէր եւ աւազակներու ձեռքը ինկաւ, որոնք մերկացուցին զայն, վիրաւորելով կիսամեռ թողուցին ու գացին:
၃၀ထို​အ​ခါ​သ​ခင်​ယေ​ရှု​က ``လူ​တစ်​ယောက်​သည် ယေ​ရု​ရှ​လင်​မြို့​မှ​ယေ​ရိ​ခေါ​မြို့​ကို​သွား​ရာ လမ်း​တွင်​ဋ္ဌား​ပြ​များ​နှင့်​တွေ့​၏။ ဋ္ဌား​ပြ​တို့​သည် ထို​သူ​၏​အဝတ်​များ​ကို​ချွတ်​ယူ​ကြ​၏။ ထို​နောက် သူ့​ကို​ရိုက်​နှက်​၍​သေ​လု​နီး​ပါး​ရှိ​သော​အ​ခါ ပစ်​ထား​ခဲ့​ကြ​၏။-
31 Պատահեցաւ որ քահանայ մը իջնէ այդ ճամբայէն. տեսնելով զայն՝ միւս կողմէն անցաւ:
၃၁ယဇ်​ပု​ရော​ဟိတ်​တစ်​ပါး​သည်​ထို​လမ်း​အ​တိုင်း ခ​ရီး​ပြု​လာ​စဉ်​ထို​သူ​ကို​မြင်​၏။ သို့​ရာ​တွင် သူ​သည်​ရှောင်​ကွင်း​၍​သွား​၏။-
32 Նմանապէս Ղեւտացի մը հասնելով այդ տեղը՝ գնաց եւ տեսաւ, ու միւս կողմէն անցաւ:
၃၂ထို​နည်း​တူ​လေ​ဝိ​အ​နွယ်​ဝင်​တစ်​ယောက်​သည်​ထို နေ​ရာ​သို့​ရောက်​လာ​၏။ သူ​သည်​လည်း​လူ​နာ​ကို လာ​ကြည့်​ပြီး​လျှင်​ရှောင်​ကွင်း​၍​သွား​လေ​၏။-
33 Բայց Սամարացի մը՝ որ կը ճամբորդէր, եկաւ անոր քով, եւ տեսնելով զայն՝ գթաց:
၃၃သို့​ရာ​တွင်​ရှ​မာ​ရိ​အ​မျိုး​သား​တစ်​ယောက်​သည် ခ​ရီး​ပြု​လာ​စဉ်​သူ​နာ​ရှိ​ရာ​သို့​ရောက်​လာ​သော် သူ​နာ​ကို​မြင်​၍​သ​နား​ကြင်​နာ​စိတ်​ရှိ​သ​ဖြင့်၊-
34 Մօտեցաւ, փաթթեց անոր վէրքերը, վրան ձէթ ու գինի թափելով եւ իր գրաստին վրայ դնելով՝ տարաւ զայն պանդոկ մը, ու հոգ տարաւ անոր:
၃၄သူ​နာ​၏​ထံ​သို့​ချဉ်း​ကပ်​ပြီး​လျှင် သူ​နာ​၏​ဒဏ် ရာ​များ​ကို​ဆီ​နှင့်​စ​ပျစ်​ရည်​လိမ်း​ကျံ​၍​အ​ဝတ် ဖြင့်​စည်း​ပေး​၏။ ထို​နောက်​မိ​မိ​မြည်း​ပေါ်​မှာ သူ​နာ​ကို​တင်​လျက်​တည်း​ခို​ရိပ်​သာ​သို့​ဆောင် သွား​၍​ပြု​စု​လေ​၏။-
35 Հետեւեալ օրը՝ երբ կը մեկնէր անկէ, հանեց երկու դահեկան, տուաւ պանդոկապետին եւ ըսաւ անոր. «Հո՛գ տար ատոր, ու ի՛նչ որ աւելի ծախսես՝ պիտի վճարեմ քեզի երբ վերադառնամ»:
၃၅နောက်​တစ်​နေ့​၌​တည်း​ခို​ရိပ်​သာ​မှ​ထွက်​ခွာ​ချိန် တွင်​သူ​သည်​ဒေ​နာ​ရိ​ဒင်္ဂါး​နှစ်​ပြား​ကို​ထုတ်​၍ တည်း​ခို​ရိပ်​သာ​ပိုင်​ရှင်​အား​ပေး​ပြီး​လျှင် `ဤ သူ​နာ​ကို​ကြည့်​ရှု​ပြု​စု​ပါ။ နောက်​ထပ်​ကုန်​ကျ သ​မျှ​ကို​အ​ကျွန်ုပ်​ပြန်​လာ​သော​အ​ခါ​ပေး ပါ​မည်' ဟု​ပြော​၏။
36 Ուրեմն այս երեքէն ո՞վ կը կարծես թէ ընկերը եղաւ աւազակներու ձեռքը ինկողին»:
၃၆ထို​သူ​သုံး​ယောက်​တို့​အ​နက်​အ​ဘယ်​သူ​သည် ဋ္ဌား​ပြ​ဘေး​နှင့်​တွေ့​ရ​သူ​၏​အိမ်​နီး​ချင်း​ဖြစ် မည်​ဟု​သင်​ထင်​သ​နည်း'' ဟု​မေး​တော်​မူ​၏။
37 Ան ալ ըսաւ. «Ա՛ն՝ որ կարեկցեցաւ անոր»: Ուստի Յիսուս ըսաւ անոր. «Գնա՛, դո՛ւն ալ նոյնպէս ըրէ»:
၃၇ကျမ်း​တတ်​ဆ​ရာ​က ``သူ​နာ​အား​သ​နား​ကြင်​နာ စွာ​ပြု​စု​သူ​ဖြစ်​ပါ​သည်'' ဟု​လျှောက်​လျှင်၊ သ​ခင်​ယေ​ရှု​က ``သင်​သည်​သွား​၍​ထို​နည်း​တူ ပြု​လော့'' ဟု​မိန့်​တော်​မူ​၏။
38 Երբ անոնք կ՚երթային՝ ինք գիւղ մը մտաւ, եւ կին մը՝ Մարթա անունով՝ ընդունեց զայն իր տունը:
၃၈သ​ခင်​ယေ​ရှု​နှင့်​တ​ပည့်​တော်​တို့​သည်​ခ​ရီး​သွား ကြ​စဉ်​ရွာ​တစ်​ရွာ​သို့​ရောက်​ကြ​၏။ ထို​ရွာ​ရှိ​မာ​သ နာ​မည်​ရှိ​သော​အ​မျိုး​သ​မီး​သည်​မိ​မိ​၏​အိမ်​တွင် ကိုယ်​တော်​ကို​ကြို​ဆို​ဧည့်​ခံ​၏။-
39 Ան քոյր մը ունէր՝ որուն անունը Մարիամ էր. ան եկաւ, նստաւ Յիսուսի ոտքերուն քով, եւ մտիկ կ՚ընէր անոր խօսքերը:
၃၉မာ​သ​မှာ​မာ​ရိ​နာ​မည်​ရှိ​သော​ညီ​မ​တစ်​ယောက် ရှိ​၏။ သူ​သည်​သ​ခင်​ယေ​ရှု​၏​ခြေ​တော်​ရင်း​မှာ ထိုင်​၍​တ​ရား​တော်​ကို​ကြား​နာ​လျက်​နေ​၏။-
40 Բայց Մարթա շատ զբաղած էր սպասարկութեամբ: Եկաւ անոր քով ու ըսաւ. «Տէ՛ր, հոգ չե՞ս ըներ՝ որ քոյրս մինակ ձգեց զիս սպասարկութեան մէջ. ուրեմն ըսէ՛ իրեն՝ որ օգնէ ինծի»:
၄၀မာ​သ​မူ​ကား​ဧည့်​သည်​ဝတ်​ဖြင့်​ဗျာ​များ​နေ​ရ သ​ဖြင့်​အ​ထံ​တော်​သို့​ချဉ်း​ကပ်​ပြီး​လျှင် ``အ​ရှင် ဘု​ရား၊ ကျွန်​မ​၏​ညီ​မ​သည်​လုပ်​ကျွေး​မှု​တာ​ဝန် ရှိ​သ​မျှ​ကို​ကျွန်​မ​တစ်​ယောက်​တည်း​အား ဆောင် ရွက်​စေ​သည်​ကို​ကိုယ်​တော်​ရှင်​လျစ်​လူ​ရှု​တော် မူ​ပါ​သ​လော။ ကျွန်​မ​ကို​ကူ​ညီ​စေ​ရန်​သူ့ အား​အ​မိန့်​ရှိ​တော်​မူ​ပါ'' ဟု​လျှောက်​၏။
41 Յիսուս պատասխանեց անոր. «Մարթա՛, Մարթա՛, դուն շատ բաներու համար կը մտահոգուիս եւ իրար կ՚անցնիս.
၄၁သ​ခင်​ဘု​ရား​က ``မာ​သ၊ မာ​သ၊ သင်​သည်​များ စွာ​သော​အ​မှု​ကိစ္စ​တို့​အ​တွက်​စိုး​ရိမ်​ပူ​ပန် လျက်​နေ​၏။-
42 բայց մէ՛կ բան պէտք է, ու Մարիամ ընտրեց այդ լաւ բաժինը, որ պիտի չառնուի իրմէ»:
၄၂သင့်​မှာ​လို​သော​အ​ရာ​တစ်​ခု​ရှိ​၏။ မာ​ရိ​သည် ကောင်း​မြတ်​သော​အ​ရာ​ကို​ရွေး​ချယ်​လေ​ပြီ။ ထို​အ​ရာ​ကို​သူ့​ထံ​မှ​အ​ဘယ်​သူ​မျှ​ယူ​၍ ရ​မည်​မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။

< ՂՈԻԿԱՍ 10 >