< ՅԱԿՈԲՈՒ 5 >
1 Հիմա գա՛նք ձեզի՝ հարուստնե՛ր. լացէ՛ք եւ վայեցէ՛ք այն թշուառութիւններուն համար՝ որ պիտի պատահին ձեզի՝՝:
၁ချမ်းသာကြွယ်ဝသူတို့၊ ငါ့စကားကိုနားထောင် ကြလော့။ သင်တို့သည်မိမိတို့တွေ့ကြုံရမည့် ဆင်းရဲဒုက္ခများအတွက်ငိုကြွေးမြည်တမ်း ကြလော့။-
2 Ձեր հարստութիւնը փտած է, ու ձեր հանդերձները ցեցի կեր եղած են:
၂သင်တို့၏စည်းစိမ်ဥစ္စာသည်ဆွေးမြေ့လေပြီ။ သင်တို့၏အဝတ်များသည်ပိုးကိုက်စားကုန် ပြီ။-
3 Ձեր ոսկին եւ արծաթը ժանգոտած են. անոնց ժանգը վկայ պիտի ըլլայ ձեզի դէմ ու կրակի պէս պիտի ուտէ ձեր մարմինը: Գանձ դիզեցիք վերջին օրերուն համար.
၃သင်တို့၏ရွှေငွေများသည်လည်းအချေးတက် လျက်နေလေပြီ။ ထိုအချေးသည်သင်တို့တစ်ဘက် ၌သက်သေအထောက်အထားဖြစ်၍ မီးကဲ့သို့ သင်တို့အသားကိုလောင်ကျွမ်းပျက်စီးစေလိမ့် မည်။ ဤနောက်ဆုံးသောနေ့ရက်ကာလ၌သင်တို့ သည်ဥစ္စာဘဏ္ဍာများကိုစုဆောင်းသိုမှီးလျက် နေကြသည်တကား။-
4 սակայն ահա՛ ձեր արտերը քաղող գործաւորներուն վարձքը՝ որմէ զրկեցիք զանոնք՝ կ՚աղաղակէ, եւ հնձուորներուն կանչը հասաւ զօրքերու Տէրոջ ականջներուն:
၄သင်တို့အသီးအနှံများကိုရိတ်သိမ်းပေး သူတို့၏လုပ်အားခများကိုမပေးကြ။ သူ တို့၏တိုင်တန်းခြင်းကိုနားထောင်ကြလော့။ သူ တို့ကျယ်စွာဟစ်အော်တောင်းခံသံကိုအနန္တ တန်ခိုးရှင်ထာဝရဘုရားသခင်ကြားတော် မူလေပြီ။-
5 Հեշտանքով ու ցոփութեամբ ապրեցաք երկրի վրայ, կերակրեցիք ձեր սիրտերը՝ որպէս թէ մորթուելու օրուան համար:
၅သင်တို့သည်လောကတွင်စည်းစိမ်ခံလျက် ပျော်ပါးခဲ့ကြ၏။ အသတ်ခံရကြမည့်နေ့ အတွက်မိမိတို့ကိုယ်ကိုဆူဖြိုးအောင်ကျွေး မွေးခဲ့ကြ၏။-
6 Դատապարտեցի՛ք, սպաննեցի՛ք արդարը՝ որ չէր ընդդիմանար ձեզի:
၆အပြစ်ကင်းသူများကိုသေဒဏ်ပေး၍ သတ်ခဲ့ကြ၏။ သို့ရာတွင်ထိုသူတို့သည် သင်တို့အားမခုခံကြ။
7 Ուրեմն համբերատա՛ր եղէք, եղբայրնե՛ր, մինչեւ Տէրոջ գալուստը: Ահա՛ մշակը կը սպասէ երկրի պատուական պտուղին՝ համբերատար ըլլալով անոր համար, մինչեւ որ ստանայ առաջին անձրեւն ու վերջին անձրեւը:
၇သို့ဖြစ်၍ညီအစ်ကိုတို့၊ သင်တို့သည်သခင် ဘုရားကြွလာတော်မူသည်တိုင်အောင် သည်းခံ ၍စောင့်မျှော်နေကြလော့။ လယ်သမားသည်မိမိ လယ်ယာမှအဖိုးတန်အသီးအနှံများထွက် နိုင်ရန် မိုးဦးနှင့်မိုးနှောင်းရွာပြီးသည့်တိုင် အောင်စောင့်မျှော်တတ်၏။-
8 Դո՛ւք ալ համբերատար եղէք եւ ամրացուցէ՛ք ձեր սիրտերը, որովհետեւ Տէրոջ գալուստը կը մօտենայ:
၈သင်တို့သည်လည်းသည်းခံ၍စောင့်မျှော်နေ ကြလော့။ သခင်ဘုရားကြွလာတော်မူမည့် နေ့ရက်ကာလသည်နီးကပ်လာပြီဖြစ်၍ သင်တို့၏မျှော်လင့်ချက်ကိုခိုင်မာစေကြလော့။
9 Մի՛ հառաչէք իրարու դէմ, եղբայրնե՛ր, որպէսզի չդատապարտուիք: Ահա՛ Դատաւորը կայնած է դրան առջեւ:
၉ညီအစ်ကိုတို့၊ သင်တို့ကိုယ်တိုင်ဘုရားသခင်၏ စစ်ကြောစီရင်ခြင်းနှင့်ကင်းလွတ်မည်အကြောင်း အချင်းချင်းတစ်ယောက်ကိုတစ်ယောက်အပြစ် မတင်ကြနှင့်။ တရားစီရင်တော်မူသောအရှင် သည်ဤအရပ်သို့ရောက်ရှိကာတံခါးဝ၌ ရပ်လျက်နေတော်မူလေပြီ။-
10 Եղբայրնե՛րս, չարչարանքներու եւ համբերատարութեան համար օրինա՛կ առէք մարգարէներէն, որոնք խօսեցան Տէրոջ անունով:
၁၀ညီအစ်ကိုတို့၊ ထာဝရဘုရား၏နာမတော် ကိုအမှီပြု၍ဟောပြောခဲ့ကြသောပရောဖက် တို့၏အကြောင်းကိုသတိရလော့။ ဆင်းရဲဒုက္ခ ရောက်သောအခါသူတို့တွင်ခံနိုင်ရည်ရှိပုံကို စံနမူနာယူကြလော့။-
11 Ահա՛ երանելի կը կոչենք տոկացողները: Դուք լսեցի՛ք Յոբի համբերութեան մասին, եւ տեսա՛ք Տէրոջ անոր շնորհած վախճանը, որովհետեւ Տէրը բազմագութ է, եւ արգահատող:
၁၁သူတို့သည်ခံနိုင်ရည်ရှိသူများဖြစ်သဖြင့် သူတို့အားမင်္ဂလာရှိသူများဟူ၍ငါတို့ ခေါ်ကြ၏။ ယောဘမည်သို့ခံနိုင်ရည်ရှိသည် ကိုသင်တို့ကြားသိခဲ့ကြလေပြီ။ နောက်ဆုံး၌ သူ့အားထာဝရဘုရားအဘယ်သို့ကြည့်ရှု တော်မူကြောင်းကိုလည်းသင်တို့သိကြ၏။ အဘယ်ကြောင့်ဆိုသော်ထာဝရဘုရား သည် သနားကြင်နာတော်မူ၍ကရုဏာ တော်နှင့်ပြည့်စုံတော်မူသောအရှင်ဖြစ် တော်မူသောကြောင့်တည်း။
12 Բայց ամէն բանէ առաջ, եղբայրնե՛րս, երդում մի՛ ընէք, ո՛չ երկինքի վրայ, ո՛չ երկրի վրայ. ո՛չ ալ ուրիշ որեւէ երդում: Հապա ձեր «այո՛»ն՝ այո՛ ըլլայ, ու «ո՛չ»ը՝ ո՛չ, որպէսզի չիյնաք դատապարտութեան տակ:
၁၂ငါ့ညီအစ်ကိုတို့၊ အထူးသဖြင့်ကျိန်ဆိုမှု ကိုမပြုကြနှင့်။ ကောင်းကင်ဘုံသို့မဟုတ် ကမ္ဘာမြေကြီးကိုတိုင်တည်၍မကျိန်ဆိုနှင့်။ အဘယ်အရာကိုမျှတိုင်တည်၍မကျိန်ဆို နှင့်။ သင်တို့စကားသည်ဟုတ်လျှင်ဟုတ်သည် ဟူ၍လည်းကောင်း၊ မဟုတ်လျှင်မဟုတ်ဟူ၍ လည်းကောင်းဖြစ်စေကြလော့။ သို့ပြုလျှင် သင်တို့သည်ဘုရားသခင်၏တရားစီရင် တော်မူခြင်းနှင့်ကင်းလွတ်ကြလိမ့်မည်။
13 Ձեզմէ մէկը կը չարչարուի՞. թող աղօթէ: Մէկը ոգեւորուա՞ծ է. թող սաղմոս երգէ:
၁၃သင်တို့တွင်ဒုက္ခရောက်လျက်နေသောသူသည် ဆုတောင်းစေ။ စိတ်ရွှင်လန်းသူသည်သီချင်း ဆိုစေ။-
14 Ձեզմէ մէկը հիւա՞նդ է. թող կանչէ եկեղեցիին երէցները, եւ անոնք թող աղօթեն իր վրայ՝ իւղով օծելով զինք Տէրոջ անունով:
၁၄ဖျားနာသူသည်အသင်းတော်ကိုအုပ်ထိန်းသူ လူကြီးများအားဖိတ်ခေါ်စေ။ သူတို့သည်သခင် ဘုရား၏နာမတော်ကိုအမှီပြု၍ လူနာ အားဆီဖြင့်လူး၍ဆုတောင်းကြစေ။-
15 Հաւատքով եղած աղօթքը պիտի փրկէ հիւանդը, եւ Տէրը ոտքի պիտի հանէ զայն. ու եթէ մեղք ալ գործած է, պիտի ներուի անոր:
၁၅ယုံကြည်ခြင်းဖြင့်ဆုတောင်းခြင်းသည် လူနာ အားကျန်းမာစေလိမ့်မည်။ သခင်ဘုရားသည် သူ့အားကျန်းမာလာစေတော်မူ၍ သူပြုမိ သောအပြစ်များကိုလည်းဖြေလွှတ်တော်မူ လိမ့်မည်။-
16 Խոստովանեցէ՛ք իրարու ձեր յանցանքները, եւ աղօթեցէ՛ք իրարու համար, որպէսզի բժշկուիք: Արդարին ներգործող աղերսանքը շատ ազդեցիկ է:
၁၆သို့ဖြစ်၍သင်တို့အချင်းချင်းမိမိတို့၏ အပြစ်များကိုဖော်ပြဝန်ခံ၍ အချင်းချင်း အတွက်ဆုတောင်းသဖြင့်သင်တို့၏ရောဂါ များပျောက်ကင်းလိမ့်မည်။ သူတော်ကောင်း၏ ဆုတောင်းပတ္ထနာသည်အလွန်တန်ခိုးပါ၏။-
17 Եղիա կիրքերու ենթակայ մարդ մըն էր՝ մեզի նման: Ան աղօթեց որ անձրեւ չտեղայ, ու երկրի վրայ անձրեւ չտեղաց երեք տարի եւ վեց ամիս:
၁၇ဧလိယသည်ငါတို့နည်းတူသာမန်လူသား ဖြစ်ပေသည်။ သူသည်မိုးမရွာစေရန်စိတ်အား ထက်သန်စွာဆုတောင်းသောအခါ ကမ္ဘာမြေ ပေါ်သို့သုံးနှစ်နှင့်ခြောက်လတိုင်တိုင်မိုးမရွာ ဘဲနေ၏။-
18 Ապա դարձեալ աղօթեց, ու երկինք անձրեւ տուաւ եւ երկիր ծաղկեցուց իր պտուղը:
၁၈နောက်တစ်ဖန်ဧလိယဆုတောင်းသောအခါ ကောင်းကင်မှမိုးများရွာချလာသဖြင့် မြေ ဆီလွှာသည်အသီးအနှံများကိုဖြစ်ထွန်း စေ၏။
19 Եղբայրնե՛ր, եթէ ձեզմէ ոեւէ մէկը մոլորի ճշմարտութենէն, ու մէկը վերադարձնէ զայն,
၁၉ငါ့ညီအစ်ကိုတို့၊ သင်တို့အနက်တစ်စုံတစ် ယောက်သောသူသည်သမ္မာတရားလမ်းမှလွဲ မှား၍သွားသဖြင့် အခြားသူတစ်ယောက်က လမ်းမှန်သို့ပြန်လည်ပို့ဆောင်ခဲ့သည်ဆိုအံ့။-
20 թող գիտնայ թէ ա՛ն՝ որ կը վերադարձնէ մեղաւորը իր մոլորութեան ճամբայէն, կը փրկէ անձ մը մահէն, ու կը ծածկէ մեղքերու բազմութիւն մը:
၂၀ယင်းသို့အပြစ်ကူးသူတစ်ဦးအားလမ်းမှား မှပြန်လည်ခေါ်ဆောင်ကာသူသည် ထိုသူ၏ ဝိညာဉ်ကိုသေခြင်းမှကယ်တင်၍သူ့အား များစွာသောအပြစ်တို့မှပြေလွှတ်ခွင့်ရ စေရန်ဆောင်ရွက်ပေးသူဖြစ်လိမ့်မည်။ ရှင်ယာကုပ်သြဝါဒစာပြီး၏။