< ԳՈՐԾՔ ԱՌԱՔԵԼՈՑ 7 >

1 Քահանայապետը ըսաւ. «Այդ բաները ա՞յդպէս են ի՛րապէս»:
ယဇ်​ပု​ရော​ဟိတ်​မင်း​က``ထို​သူ​တို့​ပြော သော​စ​ကား​မှန်​ပါ​သ​လော'' ဟု​မေး​၏။-
2 Ան ալ ըսաւ. «Մարդի՛կ եղբայրներ ու հայրե՛ր, մտի՛կ ըրէք. փառքի Աստուածը երեւցաւ մեր հօր՝ Աբրահամի, երբ Միջագետքի մէջ էր, դեռ Խառանի մէջ չբնակած, եւ ըսաւ անոր.
သ​တေ​ဖန်​က``ညီ​အစ်​ကို​များ​နှင့်​ဖ​ခင်​တို့၊ နား​ထောင်​ကြ​ပါ​လော့။ ငါ​တို့​အ​ဖ​အာ​ဗြ​ဟံ သည်​ခါ​ရန်​မြို့​သို့​သွား​၍​မ​နေ​ထိုင်​မီ မေ​သော ပေါ​တာ​မိ​ပြည်​တွင်​ရှိ​စဉ် ဘုန်း​အ​သ​ရေ​နှင့် ပြည့်​စုံ​တော်​မူ​သော​ဘု​ရား​သ​ခင်​အား ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တွင်​ဖူး​မြင်​ရ​လေ​သည်။-
3 “Ելի՛ր քու երկրէդ ու ազգականներէդ, եւ գնա՛ այն երկիրը՝ որ ես պիտի ցուցնեմ քեզի”:
ကိုယ်​တော်​က`သင်​၏​ပြည်​နှင့်​ဆွေ​မျိုး​သား​ချင်း တို့​ထံ​မှ​ထွက်​ခွာ​၍ ငါ​ပြ​လတ္တံ့​သော​ပြည်​သို့ သွား​လော့' ဟု​မိန့်​တော်​မူ​၏။-
4 Այն ատեն՝ ելլելով Քաղդէացիներու երկրէն՝ բնակեցաւ Խառանի մէջ, եւ անոր հօր մեռնելէն ետք՝ անկէ փոխադրեց զայն այս երկիրը, ուր դուք կը բնակիք հիմա:
ထို​အ​ခါ​အာ​ဗြ​ဟံ​သည်​ခါ​လ​ဒဲ​ပြည်​မှ ထွက်​ခွာ​၍ ခါ​ရန်​မြို့​သို့​သွား​ရောက်​နေ​ထိုင်​၏။ သူ​၏​ဖ​ခင်​သေ​လွန်​သော​အ​ခါ​သူ့​အား ထို မြို့​မှ​ယ​ခု​သင်​တို့​နေ​ထိုင်​ရာ​ပြည်​သို့​ဘု​ရား သ​ခင်​ပြောင်း​ရွှေ့​စေ​တော်​မူ​၏။-
5 Ո՛չ մէկ ժառանգութիւն տուաւ անոր այս երկրին մէջ, ո՛չ իսկ ոտքի քայլի մը չափ տեղ. բայց խոստացաւ ասիկա իբր կալուած տալ իրեն, եւ իրմէ ետք՝ իր զարմին, երբ դեռ ինք զաւակ չունէր:
ထို​အ​ခါ​က​ကိုယ်​တော်​သည်​အာ​ဗြ​ဟံ အား ထို​ပြည်​တွင်​ပစ္စည်း​ဥစ္စာ​တစ်​စုံ​တစ်​ရာ ကို​မျှ​ပေး​တော်​မ​မူ။ မြေ​တစ်​ပေ​ပတ်​လည် ကို​ပင်​ပေး​တော်​မ​မူ။ သို့​ရာ​တွင်​ထို​ပြည်​ကို သူ့​အား​လည်း​ကောင်း၊ သူ့​နောက်​တွင်​သူ​၏ သား​မြေး​များ​အား​လည်း​ကောင်း အ​ပိုင်​ပေး တော်​မူ​မည်​ဟူ​၍​က​တိ​ပြု​တော်​မူ​၏။ ထို သို့​က​တိ​ပြု​စဉ်​အ​ခါ​၌​အာ​ဗြ​ဟံ​တွင် သား​သ​မီး​မ​ရှိ​သေး​ချေ။-
6 Աստուած սա՛պէս խօսեցաւ. “Անոր զարմը պանդուխտ պիտի ըլլայ օտար երկրի մը մէջ, ու զայն ստրուկ պիտի ընեն եւ չարչարեն չորս հարիւր տարի:
ဘု​ရား​သ​ခင်​က​အာ​ဗြ​ဟံ​အား`သင်​၏​သား မြေး​တို့​သည် နိုင်​ငံ​ရပ်​ခြား​တွင်​သူ​စိမ်း​များ အ​ဖြစ်​ဖြင့်​နေ​ရ​ကြ​လိမ့်​မည်။ အ​နှစ်​လေး​ရာ ပတ်​လုံး​ကျွန်​ခံ​ရ​၍​နှိပ်​စက်​ညှဉ်း​ဆဲ​ခြင်း ခံ​ရ​ကြ​လိမ့်​မည်။-
7 Բայց ե՛ս պիտի դատեմ այն ազգը՝ որուն ստրուկ պիտի ըլլան, - ըսաւ Աստուած, - եւ անկէ ետք պիտի ելլեն ու այս տեղին մէջ պիտի պաշտեն զիս”:
သူ​တို့​အား​ကျွန်​စေ​စား​သော​လူ​မျိုး​အား ငါ ဒဏ်​စီ​ရင်​တော်​မူ​မည်။ ထို​နောက်​သင်​၏​သား မြေး​တို့​သည်​ထို​ပြည်​မှ​လွတ်​မြောက်​ကြ​ပြီး လျှင် ဤ​အ​ရပ်​တွင်​ငါ့​အား​ကိုး​ကွယ်​ဝတ်​ပြု ကြ​လတ္တံ့' ဟူ​၍​မိန့်​တော်​မူ​၏။-
8 Անոր տուաւ թլփատութեան ուխտը, եւ յետոյ Աբրահամ ծնաւ Իսահակը, ու թլփատեց զայն ութերորդ օրը: Իսահակ ծնաւ Յակոբը, Յակոբ ալ՝ տասներկու նահապետները:
ထို့​အ​ပြင်​ဘု​ရား​သ​ခင်​သည်​မိ​မိ​ပြု​တော် မူ​ခဲ့​သော​ပ​ဋိ​ညာဉ်​တော်​၏​အ​မှတ်​လက္ခ​ဏာ တစ်​ရပ်​အ​နေ​ဖြင့် အ​ရေ​ဖျား​လှီး​ခြင်း​မင်္ဂ​လာ ကို​အာ​ဗြ​ဟံ​အား​အပ်​ပေး​တော်​မူ​၏။ သို့​ဖြစ်​၍ အာ​ဗြ​ဟံ​သည်​သား​ဣ​ဇာက်​ကို​ရ​ပြီး​နောက် ရှစ်​ရက်​မြောက်​သော​နေ့​၌ သူ့​အား​အ​ရေ​ဖျား လှီး​မင်္ဂ​လာ​ကို​ပေး​လေ​၏။ ထို​နည်း​တူ​ဣ​ဇာက် သည်​သား​ယာ​ကုပ်​ကို​လည်း​ကောင်း၊ ယာ​ကုပ် သည်​သား​တစ်​ဆယ့်​နှစ်​ယောက်​ကို​လည်း​ကောင်း၊ အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို​ပေး​၏။ ယာ​ကုပ် ၏​သား​များ​ကား​လူ​မျိုး​၏​အ​ဖ​တစ်​ဆယ့် နှစ်​ပါး​တည်း။
9 «Նահապետները՝ նախանձելով Յովսէփի՝ ծախեցին զայն Եգիպտոս տարուելու համար. բայց Աստուած անոր հետ էր,
``လူ​မျိုး​၏​အ​ဖ​တို့​သည်​မိ​မိ​တို့​ညီ​ယော​သပ် အား​မ​နာ​လို​သ​ဖြင့် အီ​ဂျစ်​ပြည်​တွင်​ကျွန်​ခံ စေ​ရန်​ရောင်း​လိုက်​ကြ​၏။ သို့​ရာ​တွင်​ဘု​ရား သ​ခင်​သည်​သူ​နှင့်​အ​တူ​ရှိ​တော်​မူ​သည် ဖြစ်​၍၊-
10 ու ազատեց զայն իր բոլոր տառապանքներէն: Շնորհք եւ իմաստութիւն տուաւ անոր Եգիպտոսի Փարաւոն թագաւորին առջեւ. ան ալ կառավարիչ նշանակեց զայն Եգիպտոսի ու իր ամբողջ տան վրայ:
၁၀သူ့​အား​ဒုက္ခ​ဆင်း​ရဲ​အ​ပေါင်း​မှ​ကယ်​နုတ်​တော် မူ​၏။ ဘု​ရား​သ​ခင်​သည်​ယော​သပ်​အား အီ​ဂျစ် ပြည့်​ရှင်​ဖာ​ရော​ဘု​ရင်​၏​ရှေ့​တော်​တွင်​မျက်​နှာ ပွင့်​လန်း​စေ​တော်​မူ​၏။ သူ့​အား​လည်း​ဉာဏ်​ပ​ညာ ကို​ပေး​တော်​မူ​၏။ ဖာ​ရော​ဘု​ရင်​သည်​သူ့​ကို အီ​ဂျစ်​ပြည်​ဘု​ရင်​ခံ​အ​ဖြစ်​ဖြင့်​လည်း​ကောင်း၊ နန်း​တော်​ဝန်​အ​ဖြစ်​ဖြင့်​လည်း​ကောင်း​ခန့်​ထား တော်​မူ​လေ​သည်။-
11 Երբ Եգիպտոսի եւ Քանանի ամբողջ երկրին մէջ սով եղաւ, ու մեծ տառապանք, մեր հայրերը ուտելիք չէին գտներ:
၁၁အီ​ဂျစ်​ပြည်​နှင့်​ခါ​နန်​ပြည်​တို့​တွင် အ​စာ​ငတ် မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​ဆိုက်​ရောက်​သ​ဖြင့် အ​တိ​ဒုက္ခ​ရောက်​ကြ​ကုန်​၏။ ငါ​တို့​၏​ဘိုး ဘေး​တို့​မှာ​အ​စာ​ရေ​စာ​မ​ရှိ​ကြ​တော့ ချေ။-
12 Յակոբ՝ երբ լսեց թէ Եգիպտոսի մէջ ցորեն կը գտնուի՝ առաջին անգամ ճամբեց մեր հայրերը:
၁၂သို့​ရာ​တွင်​အီ​ဂျစ်​ပြည်​တွင်​စ​ပါး​များ​ရှိ ကြောင်း​ယာ​ကုပ်​ကြား​သော​အ​ခါ မိ​မိ​၏ သား​များ​ကို​ထို​ပြည်​သို့​ပ​ထ​မ​အ​ကြိမ် စေ​လွှတ်​လိုက်​၏။-
13 Երկրորդ անգամ՝ Յովսէփ ճանչցուց ինքզինք իր եղբայրներուն, եւ Յովսէփի ցեղը յայտնի եղաւ Փարաւոնի:
၁၃သူ​တို့​ဒု​တိ​ယ​အ​ကြိမ်​လာ​ရောက်​ကြ​သော အ​ခါ​၌ ယော​သပ်​သည်​မိ​မိ​မှာ​မည်​သူ​မည်​ဝါ ဖြစ်​သည်​ကို​အစ်​ကို​ဖြစ်​သူ​တို့​အား​ပြော​ပြ လေ​သည်။ ဖာ​ရော​ဘု​ရင်​သည်​ယော​သပ်​၏ အိမ်​ထောင်​စု​အ​ကြောင်း​ကို​သိ​ရှိ​လာ​၏။-
14 Յովսէփ մարդ ղրկեց ու կանչեց իր հայրը՝ Յակոբը, եւ բոլոր ազգականները՝ եօթանասունհինգ անձ:
၁၄ယော​သပ်​သည်​ဖ​ခင်​ယာ​ကုပ်​နှင့်​တ​ကွ​စု​စု ပေါင်း ခု​နစ်​ဆယ့်​ငါး​ယောက်​သော​ဆွေ​မျိုး​သား ချင်း​တို့​ကို အီ​ဂျစ်​ပြည်​သို့​ဖိတ်​ခေါ်​လေ​သည်။-
15 Յակոբ իջաւ Եգիպտոս, ուր վախճանեցան ինք ու մեր հայրերը,
၁၅ထို့​ကြောင့်​ယာ​ကုပ်​သည်​အီ​ဂျစ်​ပြည်​သို့​လိုက် လာ​ခဲ့​၏။ ထို​ပြည်​တွင်​သူ​နှင့်​သူ​၏​သား​များ သေ​လွန်​ကြ​၏။-
16 եւ փոխադրուելով Սիւքէմ՝ դրուեցան այն գերեզմանին մէջ, որ Աբրահամ արծաթով գնած էր Սիւքէմի հօր՝ Եմովրի որդիներէն:
၁၆သူ​တို့​၏​အ​လောင်း​များ​ကို​ရှေ​ခင်​မြို့​သို့​ပို့ ဆောင်​ပြီး​လျှင် အာ​ဗြ​ဟံ​ဝယ်​ယူ​ထား​ခဲ့​သည့် သင်္ချိုင်း​တွင်​သင်္ဂြိုဟ်​ကြ​၏။ ထို​သင်္ချိုင်း​ကား​ဟာ မော်​၏​သား​များ​ထံ​မှ​အာ​ဗြ​ဟံ​အ​ဖိုး​ငွေ ပေး​၍​ဝယ်​ယူ​ထား​သော​သင်္ချိုင်း​ဖြစ်​သ​တည်း။''
17 Երբ մօտեցաւ ժամանակը խոստումին՝ որուն համար Աստուած երդում ըրած էր Աբրահամի, ժողովուրդը աճեցաւ ու բազմացաւ Եգիպտոսի մէջ՝
၁၇``ဘု​ရား​သ​ခင်​သည်​အာ​ဗြ​ဟံ​အား​ထား တော်​မူ​သော က​တိ​တော်​ကို​အ​ကောင်​အ​ထည် ဖော်​ရန်​အ​ချိန်​နီး​ကပ်​လာ​သော​အ​ခါ အီ​ဂျစ် ပြည်​တွင်​ဣသ​ရေ​လ​အ​မျိုး​သား​တို့​ဦး​ရေ များ​စွာ​တိုး​ပွား​ခဲ့​၏။-
18 մինչեւ որ ուրիշ թագաւոր մը ելաւ, որ չէր ճանչնար Յովսէփը:
၁၈ထို​အ​ခါ​အီ​ဂျစ်​ပြည်​တွင် ယော​သပ်​ကို​မ​သိ သော​ရှင်​ဘု​ရင်​တစ်​ပါး​ပေါ်​ထွန်း​လာ​၏။-
19 Ան խորամանկութեամբ վարուեցաւ մեր ցեղին դէմ եւ չարչարեց մեր հայրերը, մինչեւ անգամ անոնց երախաները դուրս նետել տալով, որպէսզի չապրեցնէ:
၁၉ထို​ဘု​ရင်​သည်​ငါ​တို့​ဘိုး​ဘေး​တို့​ကို​လှည့် စား​၍ သူ​တို့​အား​နှိပ်​စက်​ညှဉ်း​ဆဲ​၏။ သူ​တို့ ၏​က​လေး​သူ​ငယ်​များ​အား​သေ​စေ​ရန်​အိမ် ပြင်​တွင်​ပစ်​ထား​စေ​၏။-
20 «Այդ ատեն Մովսէս ալ ծնաւ, որ գեղեցիկ էր Աստուծոյ առջեւ, ու երեք ամիս մեծցաւ իր հօր տունը:
၂၀ထို​အ​ချိန်​ကာ​လ​ကား​မော​ရှေ​ဖွား​မြင်​ရာ အ​ချိန်​ကာ​လ​ပင်​ဖြစ်​၏။ မော​ရှေ​သည်​လွန်​စွာ အ​ဆင်း​လှ​သော​က​လေး​သူ​ငယ်​ဖြစ်​၏။ သုံး လ​တိုင်​တိုင်​ဖ​ခင်​၏​အိမ်​တွင်​ပြု​စု​စောင့်​ရှောက် ခြင်း​ကို​ခံ​ခဲ့​ရ​၏။-
21 Երբ ան դուրս դրուեցաւ, Փարաւոնի աղջիկը տարաւ զայն եւ մեծցուց իբր իր որդին:
၂၁သူ​သည်​အိမ်​ပြင်​တွင်​ပစ်​ထား​ခြင်း​ခံ​ရ​သော အ​ခါ ဖာ​ရော​ဘု​ရင်​၏​သ​မီး​တော်​က​သူ့​အား သား​အ​ဖြစ်​မွေး​စား​လေ​သည်။-
22 Մովսէս կրթուեցաւ Եգիպտացիներուն ամբողջ իմաստութեամբ, ու զօրաւոր էր իր խօսքերով եւ գործերով:
၂၂မော​ရှေ​သည်​အီ​ဂျစ်​အ​မျိုး​သား​တို့​၏​အ​တတ် ပ​ညာ​အ​လုံး​စုံ​ကို​ဆည်း​ပူး​၍ နှ​လုံး​ရည်​လက် ရုံး​ရည်​တို့​ဖြင့်​ပြည့်​စုံ​သူ​ဖြစ်​လာ​၏။''
23 Երբ լման քառասուն տարեկան եղաւ, իր սիրտը փափաքեցաւ այցելել իր եղբայրներուն՝ Իսրայէլի որդիներուն:
၂၃``သူ​သည်​အ​သက်​လေး​ဆယ်​ရှိ​သော​အ​ခါ မိ​မိ ၏​သား​ချင်း​များ​ဖြစ်​သည့်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ထံ​သို့​သွား​ရောက်​လည်​ပတ်​ရန်​စိတ်​ပိုင်း ဖြတ်​လေ​သည်။-
24 Անիրաւուած տեսնելով Իսրայելացիներէն մէկը՝ պաշտպանեց զայն, եւ ընկճուածին վրէժը առաւ՝ զարնելով Եգիպտացին:
၂၄ယင်း​သို့​လည်​ပတ်​နေ​ချိန်​တွင်​ဣ​သ​ရေ​လ အ​မျိုး​သား​တစ်​ဦး​အား အီ​ဂျစ်​အ​မျိုး​သား တစ်​ယောက်​က​ရိုက်​နှက်​လျက်​နေ​သည်​ကို​မြင် လျှင် မိ​မိ​အ​မျိုး​သား​၏​ဘက်​မှ​ဝင်​ရောက် ကူ​ညီ​ကာ အီ​ဂျစ်​အ​မျိုး​သား​ကို​သတ်​၍ လက်​စား​ချေ​လိုက်​လေ​သည်။-
25 Կը կարծէր թէ իր եղբայրները պիտի հասկնային թէ Աստուած իրենց փրկութիւն պիտի տար իր ձեռքով. բայց անոնք չհասկցան:
၂၅(မော​ရှေ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ လွတ်​မြောက်​ရေး​အ​တွက် မိ​မိ​အား​ဘု​ရား သ​ခင်​စေ​လွှတ်​တော်​မူ​ခဲ့​ကြောင်း​ကို သူ​တို့ သိ​ရှိ​နား​လည်​ကြ​လိမ့်​မည်​ဟု​ထင်​မှတ်​ခဲ့ ၏။ သို့​ရာ​တွင်​ထို​သူ​တို့​သည်​နား​မ​လည် ကြ။)-
26 Հետեւեալ օրը հանդիպեցաւ անոնց՝ երբ կը կռուէին, եւ ուզեց հաշտեցնել զանոնք՝ ըսելով. “Մարդի՛կ, դուք եղբայրնե՛ր էք. ինչո՞ւ կ՚անիրաւէք զիրար”:
၂၆နောက်​တစ်​နေ့​၌​ဣ​သ​ရေ​လ​အ​မျိုး​သား နှစ်​ယောက်​ခိုက်​ရန်​ဖြစ်​လျက်​နေ​ကြ​သည်​ကို တွေ့​လျှင် မော​ရှေ​က`သင်​တို့​သည်​ညီ​အစ်​ကို​ချင်း ဖြစ်​ပါ​လျက်​နှင့် အ​ဘယ်​ကြောင့်​ခိုက်​ရန်​ဖြစ် နေ​ကြ​ပါ​သ​နည်း' ဟု​ဆို​၍​ဖျန်​ဖြေ​၏။-
27 Բայց ան որ կ՚անիրաւէր ընկերը՝ վանեց զինք ու ըսաւ. “Ո՞վ քեզ պետ եւ իրաւարար նշանակեց մեր վրայ:
၂၇သို့​ရာ​တွင်​မ​တ​ရား​သ​ဖြင့်​ပြု​သူ​သည် မော​ရှေ​အား ဘေး​သို့​တွန်း​ဖယ်​လိုက်​ပြီး လျှင်`ငါ​တို့​အား​တ​ရား​စီ​ရင်​အုပ်​ချုပ်​သူ အ​ဖြစ်​ဖြင့်​သင့်​ကို​မည်​သူ​ခန့်​ထား​သ​နည်း။-
28 Զի՞ս ալ կ՚ուզես սպաննել, ինչպէս երէկ սպաննեցիր Եգիպտացին”:
၂၈ယ​မန်​နေ့​က​အီ​ဂျစ်​အ​မျိုး​သား​တစ်​ယောက် ကို​သတ်​ခဲ့​သည်​နည်း​တူ ငါ့​ကို​လည်း​သတ်​လို ပါ​သ​လော' ဟု​မေး​၏။-
29 Այս խօսքէն ետք Մովսէս փախաւ ու պանդխտացաւ Մադիամի երկրին մէջ, ուր ծնաւ երկու որդի:
၂၉မော​ရှေ​သည်​ထို​စ​ကား​ကို​ကြား​သော​အ​ခါ အီ​ဂျစ်​ပြည်​မှ​ထွက်​ပြေး​၍​မိ​ဒျန်​ပြည်​တွင် နေ​ထိုင်​လေ​သည်။ သူ​သည်​ထို​ပြည်​တွင်​သား နှစ်​ယောက်​ကို​ရ​၏။
30 Երբ քառասուն տարին լրացաւ, Տէրոջ հրեշտակը երեւցաւ անոր Սինա լերան անապատին մէջ՝ մորենիի կրակի բոցով:
၃၀``အ​နှစ်​လေး​ဆယ်​ကြာ​သော​အ​ခါ သိ​နာ​တောင် အ​နီး​တော​ကန္တာ​ရ​တွင်​မီး​လျှံ​တောက်​လျက်​နေ သည့်​ချုံ​ထဲ​မှ ကောင်း​ကင်​တ​မန်​တစ်​ပါး​သည် မော​ရှေ​အား​ကိုယ်​ထင်​ပြ​လေ​သည်။-
31 Մովսէս ալ՝ երբ նշմարեց՝ զարմացաւ այդ տեսիլքին վրայ, ու երբ մօտեցաւ դիտելու՝ Տէրոջ ձայնը եկաւ անոր, որ կ՚ըսէր.
၃၁ထို​အ​ခြင်း​အ​ရာ​ကို​မြင်​လျှင်​မော​ရှေ​သည် လွန်​စွာ​အံ့​သြ​သ​ဖြင့် ကြည့်​ရန်​အ​နီး​သို့ ချဉ်း​ကပ်​လိုက်​သော​အ​ခါ၊-
32 “Ե՛ս եմ քու հայրերուդ Աստուածը, Աբրահամի Աստուածը, Իսահակի Աստուածը եւ Յակոբի Աստուածը”: Մովսէս ալ՝ վախէն դողալով՝ չէր յանդգներ դիտել:
၃၂`ငါ​သည်​သင့်​ဘိုး​ဘေး​များ​၏​ဘု​ရား၊ အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​၏​ဘု​ရား​ဖြစ်​၏' ဟု​ထာ​ဝ​ရ ဘု​ရား​၏​အ​သံ​တော်​ကို​ကြား​ရ​၏။ မော​ရှေ သည်​တုန်​လှုပ်​လျက်​မ​ကြည့်​ဝံ့​ဘဲ​နေ​၏။-
33 Տէրը ըսաւ անոր. “Հանէ՛ ոտքերուդ կօշիկները, որովհետեւ սուրբ երկիր է այն տեղը՝ ուր կայնած ես:
၃၃ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား`သင်​ခြေ​နင်း​ရာ အ​ရပ်​သည်​သန့်​ရှင်း​မြင့်​မြတ်​သော​မြေ​ဖြစ်​၏။ သင်​၏​ဖိ​နပ်​ကို​ချွတ်​လော့။-
34 Ի՛րապէս տեսայ Եգիպտոսի մէջ եղող ժողովուրդիս չարչարանքը, լսեցի անոնց հառաչանքը, եւ իջայ զանոնք ազատելու. ու հիմա եկո՛ւր, քեզ ղրկեմ Եգիպտոս”:
၃၄အီ​ဂျစ်​ပြည်​ရှိ​ငါ​၏​လူ​စု​တော်​နှိပ်​စက်​ညှဉ်း​ဆဲ ခြင်း​ခံ​ရ​ကြ​သည်​ကို​ငါ​မြင်​ရ​ပြီ။ သူ​တို့​၏ ညည်း​တွား​မြည်​တမ်း​သံ​ကို​လည်း​ငါ​ကြား ရ​ပြီ။ သို့​ဖြစ်​၍​သူ​တို့​အား​ကယ်​တင်​ရန်​ငါ ဆင်း​သက်​ခဲ့​ပြီ။ ယ​ခု​သွား​လော့။ သင့်​ကို​အီ​ဂျစ် ပြည်​သို့​ငါ​စေ​လွှတ်​မည်' ဟု​မိန့်​တော်​မူ​၏။''
35 «Այս Մովսէսը, որ ուրացան՝ ըսելով. “Ո՞վ պետ եւ իրաւարար նշանակեց քեզ”, զա՛յն ղրկեց Աստուած իբր պետ եւ ազատարար՝ այն հրեշտակին ձեռքով, որ երեւցաւ անոր մորենիին մէջ:
၃၅``မော​ရှေ​ကား​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ ပစ်​ပယ်​ခြင်း​ကို​ခံ​ရ​သူ​တည်း။ သူ​တို့​က`ငါ​တို့ ကို​တ​ရား​စီ​ရင်​အုပ်​ချုပ်​သူ​အ​ဖြစ်​ဖြင့် သင့် အား​မည်​သူ​ခန့်​ထား​သ​နည်း' ဟု​သူ့​အား​မေး ကြ​၏။ သူ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ကို​အုပ်​ချုပ်​ရန်​နှင့် မီး​လျှံ​တောက်​သော​ချုံ​တွင် ထင်​ရှား​သော​ကောင်း​ကင်​တ​မန်​၏​အ​ကူ​အ​ညီ ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​လွတ်​မြောက် ရေး​ဆောင်​ရွက်​ရန်​ဘု​ရား​သ​ခင်​စေ​လွှတ်​သော သူ​ဖြစ်​သည်။-
36 Անիկա՛ դուրս հանեց զանոնք, սքանչելիքներ ու նշաններ ցոյց տալով Եգիպտոսի երկրին եւ Կարմիր ծովուն, ու քառասուն տարի՝ անապատին մէջ:
၃၆သူ​သည်​အီ​ဂျစ်​ပြည်​နှင့်​ပင်​လယ်​နီ​တွင်​လည်း ကောင်း၊ အ​နှစ်​လေး​ဆယ်​ပတ်​လုံး​တော​ကန္တာ​ရ တွင်​လည်း​ကောင်း အံ့​သြ​ဖွယ်​ရာ​နိ​မိတ်​လက္ခ ဏာ​များ​ကို​ပြ​လျက် ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ကို​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​လာ သူ​ဖြစ်​၏။-
37 Այս Մովսէսն է որ ըսաւ Իսրայէլի որդիներուն. “Տէրը՝ ձեր Աստուածը՝ ձեր եղբայրներէն պիտի հանէ ձեզի մարգարէ մը՝ ինծի նման. մտի՛կ ըրէք անոր”:
၃၇`သင်​တို့​သား​ချင်း​များ​အ​ထဲ​တွင် ငါ​ကဲ့​သို့ သော​ပ​ရော​ဖက်​တစ်​ပါး​ကို​ဘု​ရား​သ​ခင် သည် သင်​တို့​အ​တွက်​ပေါ်​ထွန်း​စေ​တော်​မူ လိမ့်​မည်' ဟု​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ပြော​ကြား​ခဲ့​သူ​မှာ​မော​ရှေ​ပင်​ဖြစ်​၏။-
38 Ասիկա ա՛ն է որ համախմբումին մէջ էր՝ անապատը, Սինա լերան վրայ իրեն խօսող հրեշտակին եւ մեր հայրերուն հետ: Ան կենարար պատգամներ ընդունեց՝ մեզի տալու.
၃၈သူ​သည်​တော​ကန္တာ​ရ​၌​စု​ဝေး​လျက်​ရှိ​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့်​လည်း​ကောင်း၊ ငါ​တို့​ဘိုး​ဘေး​များ​နှင့်​လည်း​ကောင်း၊ သိ​နာ တောင်​ပေါ်​တွင်​မိ​မိ​အား​ဗျာ​ဒိတ်​ပေး​သည့် ကောင်း​ကင်​တ​မန်​နှင့်​လည်း​ကောင်း​အ​တူ​ရှိ နေ​ခဲ့​သူ​ဖြစ်​၏။ ငါ​တို့​အား​ဆင့်​ဆို​ရန် ဘု​ရား​သ​ခင်​ထံ​တော်​မှ အ​သက်​ရှင်​စေ သော​ဗျာ​ဒိတ်​တော်​ကို​ခံ​ယူ​ရ​ရှိ​သူ​လည်း ဖြစ်​၏။
39 բայց մեր հայրերը չուզեցին անոր հնազանդիլ, հապա զայն վանեցին իրենցմէ ու Եգիպտոս դարձան իրենց սիրտին մէջ՝
၃၉``သို့​ရာ​တွင်​ငါ​တို့​ဘိုး​ဘေး​များ​သည် သူ​၏ စ​ကား​ကို​နား​မ​ထောင်​ကြ။ သူ့​အား​ပစ်​ပယ် ကာ​အီ​ဂျစ်​ပြည်​သို့​ပြန်​လို​ကြ​၏။-
40 ըսելով Ահարոնի. “Աստուածնե՛ր շինէ մեզի, որպէսզի երթան մեր առջեւէն. որովհետեւ այդ Մովսէսը՝ որ հանեց մեզ Եգիպտոսի երկրէն, չենք գիտեր թէ ի՛նչ եղաւ անոր”:
၄၀သူ​တို့​က`ငါ​တို့​၏​ရှေ့​က​ကြွ​တော်​မူ​မည့် ဘု​ရား​များ​ကို ငါ​တို့​အ​တွက်​ပြု​လုပ်​ပေး​ပါ။ ငါ​တို့​အား​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​လာ သော ဤ​မော​ရှေ​ဆို​သူ​ကား​အ​ဘယ်​သို့​ဖြစ် နေ​သည်​ကို​ငါ​တို့​မ​သိ​ပါ' ဟု​အာ​ရုန်​အား ပြော​ကြား​ကြ​၏။-
41 Այն օրերը շինեցին հորթ մը, զոհ մատուցանեցին կուռքին, եւ կ՚ուրախանային իրենց ձեռքերուն գործերով:
၄၁ထို​နောက်​သူ​တို့​သည်​နွား​သူ​ငယ်​ရုပ်​တု​ကို သွန်း​လုပ်​၍ မိ​မိ​တို့​လက်​နှင့်​လုပ်​သော​ထို​ရုပ်​တု အား​ယဇ်​ပူ​ဇော်​ကာ​ပျော်​ပွဲ​ရွှင်​ပွဲ​ကို​ကျင်း​ပ ကြ​ကုန်​၏။-
42 Աստուած ալ երես դարձուց ու մատնեց զանոնք պաշտելու երկինքի աստղերը, ինչպէս գրուած է Մարգարէներու գիրքին մէջ. “Միթէ ինծի՞ մատուցանեցիք մորթուած անասուններ եւ զոհեր՝ քառասուն տարի անապատին մէջ, ո՛վ Իսրայէլի տունը:
၄၂သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​သည်​သူ​တို့​ထံ​မှ မျက်​နှာ​လွှဲ​တော်​မူ​၍ ကြယ်​နက္ခတ်​များ​ကို ကိုး​ကွယ်​ကြ​စေ​ရန်​သူ​တို့​ကို​စွန့်​ပစ်​ထား တော်​မူ​၏။ ပ​ရော​ဖက်​ကျမ်း​များ​တွင်​ဖော် ပြ​သည်​မှာ ``အို ဣ​သ​ရေ​လ​အ​မျိုး​အ​နွယ်​တို့၊သင်​တို့​သည် တော​ကန္တာရ​တွင်၊အ​နှစ်​လေး​ဆယ်​ပတ်​လုံး ယဇ်​ကောင်​များ​ကို​ပူ​ဇော်​ဆက်​သ​ကြ​၏။ သို့​ဆက်​သ​သည်​မှာ​ငါ့​အား​ဆက်​သ​ခြင်း မ​ဟုတ်။
43 Հապա կրեցիք Մողոքի վրանը ու ձեր Հռեմփա աստուծոյն աստղը, ձեր կերտած պատկերները՝ անոնց երկրպագելու համար: Ես ալ պիտի տարագրեմ ձեզ Բաբելոնի միւս կողմը”:
၄၃သင်​တို့​သယ်​ဆောင်​လာ​သည့်​အ​ရာ​များ​မှာ မော​လုပ်​ဘု​ရား​စင်​နှင့်၊ သင်​တို့​၏​ဘု​ရား​ရှင်​ဖန်​၏​ကြယ်​ဖြစ်​သည်။ ထို​အ​ရာ​တို့​သည်​သင်​တို့​ဝတ်​ပြု​ကိုး​ကွယ်​ရန် သွန်း​လုပ်​သည့်​ရုပ်​တု​များ​ဖြစ်​ကြ​၏။ ထို့​ကြောင့်​သင်​တို့​အား​ဗာ​ဗု​လုန်​မြို့​ကို ကျော်​လွန်​အောင်​ပြည်​နှင်​ဒဏ်​ငါ​ပေး​မည်''
44 «Անապատին մէջ՝ մեր հայրերը ունէին վկայութեան խորանը, ինչպէս Մովսէսի հետ խօսողը պատուիրած էր որ շինէ զայն՝ տեսած տիպարին պէս:
၄၄``တော​ကန္တာ​ရ​တွင်​ငါ​တို့​ဘိုး​ဘေး​များ​၌ ဘု​ရား​သ​ခင်​ကျိန်း​ဝပ်​တော်​မူ​ရာ​တဲ​တော် ရှိ​၏။ မော​ရှေ​အား​ဘု​ရား​သ​ခင်​ပြ​တော်​မူ သည့်​ပုံ​စံ​နှင့်​အ​ညီ ထို​တဲ​တော်​ကို​တည် ဆောက်​ခဲ့​၏။-
45 Անոնց յաջորդող մեր հայրերն ալ՝ զայն ստանալով՝ Յեսուի հետ մտցուցին կալուածը այն հեթանոսներուն, որ Աստուած վանեց մեր հայրերուն առջեւէն: Հոն մնաց մինչեւ Դաւիթի օրերը,
၄၅ငါ​တို့​အ​ဘ​များ​သည်​မိ​မိ​တို့​ဖ​ခင်​များ ထံ​မှ ထို​တဲ​တော်​ကို​ဆက်​ခံ​ကာ ဘု​ရား​သ​ခင် နှင်​ထုတ်​တော်​မူ​သော​လူ​မျိုး​တို့​၏​ပြည်​ကို ယော​ရှု​နှင့်​အ​တူ​ချီ​တက်​သိမ်း​ပိုက်​ကြ​သော အ​ခါ ထို​တဲ​တော်​ကို​သယ်​ဆောင်​သွား​ကြ​၏။ ထို​တဲ​တော်​ကား​ဒါ​ဝိဒ်​မင်း​လက်​ထက်​တိုင် အောင်​ရှိ​သ​တည်း။-
46 որ Աստուծոյ առջեւ շնորհք գտաւ եւ ուզեց բնակարան մը կառուցանել Յակոբի Աստուծոյն.
၄၆ဒါ​ဝိဒ်​မင်း​သည်​ဘု​ရား​သ​ခင်​၏​ရှေ့​တော် တွင်​မျက်​နှာ​ပွင့်​လန်း​သူ​ဖြစ်​၏။ သို့​ဖြစ်​၍ ယာ​ကုပ်​၏​ဘု​ရား​ကျိန်း​ဝပ်​တော်​မူ​ရာ ဗိ​မာန်​တော်​ကို​တည်​ဆောက်​ခွင့်​ပြု​ရန် ဘု​ရား​သ​ခင်​အား​ပန်​ကြား​လေ​သည်။-
47 բայց Սողոմո՛ն տուն մը կառուցանեց անոր:
၄၇သို့​သော်​ဘု​ရား​သ​ခင်​၏​ဗိ​မာန်​တော်​ကို တည်​ဆောက်​ခွင့်​ရ​သူ​ကား ရှော​လ​မုန်​မင်း ကြီး​ဖြစ်​သ​တည်း။''
48 Սակայն Ամենաբարձրը չի բնակիր ձեռակերտ տաճարներու մէջ, ինչպէս մարգարէն կ՚ըսէ.
၄၈``သို့​ရာ​တွင်​အ​မြင့်​မြတ်​ဆုံး​သော​ဘု​ရား သည် လူ​တည်​ဆောက်​သော​အိမ်​များ​တွင်​ကျိန်း ဝပ်​တော်​မ​မူ။ ဟု​ပ​ရော​ဖက်​က​ပြော​၏။-
49 “Երկինքը իմ գահս է, ու երկիրը իմ ոտքերուս պատուանդանն է. ինչպիսի՞ տուն պիտի կառուցանէք ինծի, - կ՚ըսէ Տէրը, - կամ ի՞նչպէս պիտի ըլլայ իմ հանգստավայրիս տեղը.
၄၉`ကောင်း​ကင်​ဘုံ​သည်​ငါ​၏​ပလ္လင်​ဖြစ်​၏။ ကမ္ဘာ​မြေ​ကြီး​သည်​ငါ​၏​ခြေ​တင်​ခုံ​ဖြစ်​၏။ သင်​သည်​အ​ဘယ်​သို့​သော​ဗိ​မာန်​တော်​ကို ငါ့​အ​တွက်​တည်​ဆောက်​မည်​နည်း။ ငါ​ကျိန်း​ဝပ်​ရန်​အ​ရပ်​ကား​အ​ဘယ်​မှာ​နည်း။
50 միթէ իմ ձեռքս չէ՞ շիներ այս բոլորը”:
၅၀ငါ​ကိုယ်​တိုင်​ပင်​ဤ​အ​ရာ​ခပ်​သိမ်း​ကို ဖန်​ဆင်း​သည်​မ​ဟုတ်​လော' ဟု​ဟော​ကြား​သည့်​အ​တိုင်း​ပင်​ဖြစ်​သည်။''
51 «Խստապարանոցնե՛ր ու սիրտով եւ ականջով անթլփատնե՛ր, դուք միշտ կ՚ընդդիմանաք Սուրբ Հոգիին, ինչպէս ձեր հայրերը՝ այնպէս ալ դուք:
၅၁``သင်​တို့​သည်​လွန်​စွာ​ခေါင်း​မာ​ကြ​သည် တ​ကား။ သင်​တို့​စိတ်​နှ​လုံး​သည်​ဘု​ရား​သ​ခင် ၏​ဗျာ​ဒိတ်​စ​ကား​ကို​ကြား​နာ​ရန်​နား​ပင်း ကြ​သည်​တ​ကား။ သင်​တို့​သည်​မိ​မိ​တို့​ဘိုး ဘေး​များ​ကဲ့​သို့​ပင် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော် ကို​အ​စဉ်​အ​မြဲ​ဆန့်​ကျင်​ဘက်​ပြု​ကြ​သည် တ​ကား။-
52 Մարգարէներէն ո՞րը չհալածեցին ձեր հայրերը, ու չսպաննեցին անոնք՝ որ նախապէս ծանուցանեցին այն Արդարին գալուստը: Անոր մատնիչները եւ սպաննողները եղաք հիմա,
၅၂သင်​တို့​ဘိုး​ဘေး​များ​မ​နှိပ်​စက်​မ​ညှဉ်း​ဆဲ သည့်​ပ​ရော​ဖက်​ဟူ​၍ အ​ဘယ်​မှာ​ရှိ​သ​နည်း။ သင်​တို့​သည်​ဘု​ရား​သ​ခင်​၏​ဖြောင့်​မတ်​သော အ​စေ​ခံ​ကြွ​လာ​တော်​မူ​မည့်​အ​ကြောင်း​ကို ကြို​တင်​ဟော​ကြား​ကြ​သည့်​ပ​ရော​ဖက်​များ ကို​သတ်​ဖြတ်​ခဲ့​ကြ​၏။ ယ​ခု​သင်​တို့​သည် ထို​အ​ရှင်​ကို​အပ်​၍​သတ်​ဖြတ်​ကြ​ပြီ။-
53 դո՛ւք՝ որ ստացաք Օրէնքը հրեշտակներու կարգադրութեամբ, բայց չպահեցիք զայն»:
၅၃ကောင်း​ကင်​တ​မန်​များ​မှ​တစ်​ဆင့်​ပေး​အပ် တော်​မူ​သည့်​ပ​ညတ်​တော်​ကို​ရ​ရှိ​သော်​လည်း ထို​ပ​ညတ်​တော်​ကို​မ​လိုက်​နာ​ကြ​ပါ​တ​ကား'' ဟု​သ​တေ​ဖန်​မြွက်​ဆို​၏။
54 Այս բաները լսելով՝ անոնք կը մոլեգնէին իրենց սիրտերուն մէջ եւ կը կրճտէին իրենց ակռաները անոր դէմ:
၅၄ယု​ဒ​တ​ရား​လွှတ်​တော်​အ​ဖွဲ့​ဝင်​တို့​သည် ထို​စ​ကား​ကို​ကြား​သော​အ​ခါ ဒေါ​သ​ချောင်း ချောင်း​ထွက်​၍​အံ​သွား​ကြိတ်​ခြင်း​ကို​ပြု​ကြ​၏။-
55 Բայց ան՝ լեցուած Սուրբ Հոգիով՝ ակնապիշ նայեցաւ դէպի երկինք, տեսաւ Աստուծոյ փառքը ու Յիսուսն ալ՝ որ Աստուծոյ աջ կողմը կայնած էր, եւ ըսաւ.
၅၅သို့​သော်​သ​တေ​ဖန်​သည်​သန့်​ရှင်း​သော​ဝိ​ညာဉ် တော်​နှင့်​ပြည့်​ဝ​လျက် ကောင်း​ကင်​သို့​ကြည့်​လိုက် သော​အ​ခါ ဘု​ရား​သ​ခင်​၏​ဘုန်း​အ​သ​ရေ​တော် ကို​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​၏​လက်​ယာ​တော် ဘက်​တွင်​လူ​သား​ရပ်​လျက်​နေ​တော်​မူ​သည် ကို​လည်း​ကောင်း​မြင်​လေ​၏။-
56 «Ահա՛ կը տեսնեմ երկինքը բացուած, ու մարդու Որդին՝ Աստուծոյ աջ կողմը կայնած»:
၅၆ထို​အ​ခါ​သ​တေ​ဖန်​က``ငါ​သည်​ကောင်း​ကင် ပွင့်​လှစ်​သည်​ကို​လည်း​ကောင်း၊ လူ​သား​သည် ဘု​ရား​သ​ခင်​၏​လက်ယာ​ဘက်​တွင်​ရပ်​လျက် နေ​တော်​မူ​သည်​ကို​လည်း​ကောင်း​ငါ​မြင်​၏'' ဟု​ဆို​၏။
57 Իսկ անոնք բարձրաձայն աղաղակելով՝ գոցեցին իրենց ականջները, եւ բոլորը միաբանութեամբ խուժեցին անոր վրայ,
၅၇ထို​သူ​တို့​သည်​ကျယ်​စွာ​ဟစ်​အော်​လျက် မိ​မိ တို့​၏​နား​များ​ကို​လက်​ဖြင့်​ပိတ်​ဆို့​ပြီး​လျှင် သူ့​ဆီ​သို့​တ​ရှိန်​ထိုး​ပြေး​ကာ၊-
58 ու քաղաքէն դուրս հանելով՝ քարկոծեցին զայն. եւ վկաները իրենց հանդերձները պահ դրին երիտասարդի մը ոտքերուն քով, որ կը կոչուէր Սօղոս:
၅၈သူ့​ကို​မြို့​ပြင်​သို့​ဆွဲ​ထုတ်​ပြီး​နောက်​ကျောက်​ခဲ နှင့်​ပေါက်​ကြ​၏။ အ​သိ​သက်​သေ​များ​သည်​မိ​မိ တို့​ဝတ်​လုံ​များ​ကို​ရှော​လု​နာ​မည်​ရှိ​သူ လူ​ငယ် လူ​ရွယ်​တစ်​ယောက်​အား​အပ်​ထား​ကြ​၏။-
59 Ու կը քարկոծէին Ստեփանոսը, որ կը գոչէր. «Տէ՛ր Յիսուս, ընդունէ՛ իմ հոգիս»:
၅၉ဤ​သို့​သူ့​ကို​ကျောက်​ခဲ​နှင့်​ပေါက်​နေ​ကြ​စဉ် သ​တေ​ဖန်​သည်``အို သ​ခင်​ယေ​ရှု၊ အ​ကျွန်ုပ်​၏ ဝိ​ညာဉ်​ကို​သိမ်း​ပိုက်​တော်​မူ​ပါ'' ဟု​ဆု​တောင်း ၏။-
60 Եւ ծնրադրելով՝ բարձրաձայն աղաղակեց. «Տէ՛ր, այս մեղքը մի՛ սեպեր ատոնց»: Ասիկա ըսելով՝ ննջեց:
၆၀သူ​သည်​ဒူး​ထောက်​၍``သ​ခင်​ဘု​ရား၊ ဤ​သူ​တို့ ပြု​သော​အ​ပြစ်​ကို​လွှတ်​တော်​မူ​ပါ'' ဟု​အ​သံ ကျယ်​စွာ​ကြွေး​ကြော်​ပြီး​နောက်​အ​သက်​ချုပ် လေ​၏။

< ԳՈՐԾՔ ԱՌԱՔԵԼՈՑ 7 >