< ԱՌԱՋԻՆ ՊԵՏՐՈՍԻ 5 >
1 Կը յորդորեմ ձեր մէջ եղող երէցները, ե՛ս ալ ըլլալով երէց իրենց պէս, Քրիստոսի չարչարանքներուն վկայ, նաեւ հաղորդակից այն փառքին՝ որ պիտի յայտնուի.-
၁ငါကဲ့သို့အသင်းတော်ကိုအုပ်ထိန်းရသူများ ဖြစ်ကြသည့်သင်တို့အားမေတ္တာရပ်ခံလို၏။ ငါ သည်ခရစ်တော်ခံရသောဝေဒနာကိုတွေ့မြင် ရသူတစ်ဦးအနေနှင့်လည်းကောင်း၊ ပေါ်လွင် ထင်ရှားလတ္တံ့သောဘုန်းအသရေတော်ကို သင်တို့နှင့်အတူပါဝင်ခံယူရန်မျှော်လင့် သူတစ်ဦးအနေနှင့်လည်းကောင်းမေတ္တာ ရပ်ခံလို၏။-
2 հովուեցէ՛ք Աստուծոյ հօտը՝ որ ձեր մէջ է, տեսուչ ըլլալով՝ ո՛չ թէ հարկադրաբար, հապա՝ կամովին. ո՛չ թէ ամօթալի շահախնդրութեամբ, հապա՝ յօժարութեամբ.
၂သင်တို့သည်မိမိတို့၌အပ်ထားသောဘုရား သခင်၏သိုးစုကိုကြည့်ရှုစောင့်ထိန်းကြလော့။ တာဝန်ဝတ္တရားတစ်ရပ်အနေဖြင့်မဟုတ်ဘဲ ဘုရားသခင်၏အမှုတော်ကိုဆောင်ရွက်သည့် အနေဖြင့်ဝမ်းမြောက်စွာစောင့်ထိန်းကြလော့။ ငွေကြေးရရှိရန်အတွက်မဟုတ်ဟူ၍ စေတနာစိတ်နှင့်လုပ်ဆောင်ကြလော့။-
3 ո՛չ ալ տիրապետելով թեմին վրայ, հապա՝ տիպար ըլլալով հօտին.
၃သင်တို့လက်ဝယ်အပ်ထားသည့်သူတို့အပေါ် တွင်အစိုးတရမပြုကြနှင့်။ သိုးစု၏ရှေ့၌ စံနမူနာကောင်းကိုပြကြလော့။-
4 ու երբ Հովուապետը երեւնայ, պիտի ստանաք փառքի անթառամ պսակը:
၄သင်တို့သည်သိုးထိန်းချုပ်ကြီးပေါ်ထွန်းတော် မူသောအခါဘုန်းအသရေထွန်းတောက်သော၊ အဘယ်အခါ၌မျှအရောင်အဝါမမှေး မှိန်နိုင်သောသရဖူကိုရရှိကြလိမ့်မည်။
5 Նմանապէս դո՛ւք, դեռատինե՛ր, հպատակեցէ՛ք տարեցներուն: Բոլորդ իրարու հպատակելով՝ խոնարհութի՛ւն հագէք. որովհետեւ «Աստուած կ՚ընդդիմանայ ամբարտաւաններուն, բայց շնորհք կու տայ խոնարհներուն»:
၅ထိုနည်းတူစွာသင်တို့လူငယ်လူရွယ်များသည် လူကြီးတို့၏စကားကိုနားထောင်ရကြမည်။ သင်တို့အားလုံးပင်နှိမ့်ချသောစိတ်တည်းဟူ သောတန်ဆာကိုဆင်လျက်တစ်ဦး၏အစေကို တစ်ဦးခံရကြမည်။ အဘယ်ကြောင့်ဆိုသော် ကျမ်းစာတော်တွင်``ဘုရားသခင်သည်မာန ကြီးသူကိုဆီးတားတော်မူ၏။ သို့ရာတွင် စိတ်နှိမ့်ချသူကိုမူကားကျေးဇူးပြုတော် မူ၏'' ဟုဖော်ပြပါရှိသောကြောင့်တည်း။-
6 Ուրեմն խոնարհեցէ՛ք Աստուծոյ հզօր ձեռքին տակ, որպէսզի ժամանակին բարձրացնէ ձեզ:
၆သို့ဖြစ်၍ဘုရားသခင်သည်အချိန်တန်သော အခါသင်တို့အားချီးမြှင့်တော်မူနိုင်ရန် သင်တို့သည်ကိုယ်တော်၏တန်ခိုးကြီးသော လက်တော်အောက်၌မိမိတို့ကိုယ်ကိုနှိမ့်ချ ကြလော့။-
7 Ձեր ամէն հոգը ձգեցէ՛ք անոր վրայ, որովհետեւ ան կը հոգայ ձեզ:
၇ကိုယ်တော်သည်သင်တို့ကိုအလေးဂရုပြု တော်မူသောကြောင့် သင်တို့၏ပူပင်သောက ရှိသမျှတို့ကိုကိုယ်တော်အားပုံ၍အပ်နှံ ကြလော့။
8 Զգա՛ստ եղէք, արթո՛ւն կեցէք. որովհետեւ ձեր ոսոխը՝ Չարախօսը՝ կը շրջի մռնչող առիւծի պէս, փնտռելով թէ ո՛վ կլլէ:
၈နိုးနိုးကြားကြားရှိကြလော့။ သတိနှင့်စောင့် နေကြလော့။ သင်တို့၏ရန်သူမာရ်နတ်သည် ဟောက်သောခြင်္သေ့ကဲ့သို့ဝါးမျိုရမည့်သူကို လှည့်လည်ရှာဖွေလျက်ရှိ၏။-
9 Դիմադրեցէ՛ք անոր՝ ամուր հաւատքով, գիտնալով թէ ձեր եղբայրնե՛րն ալ աշխարհի մէջ կը կրեն նոյն չարչարանքները:
၉သင်တို့သည်မိမိတို့၏ယုံကြည်ခြင်းကိုခိုင်မာ စေလျက်သူ၏ရန်ကိုတွန်းလှန်ကြလော့။ အဘယ် ကြောင့်ဆိုသော်သင်တို့သိကြသည့်အတိုင်းကမ္ဘာ တစ်ဝန်းလုံးရှိသင်တို့၏ညီအစ်ကိုအပေါင်း တို့သည် ဤသို့သောဆင်းရဲဒုက္ခနှင့်ကြုံတွေ့ လျက်ရှိနေကြသောကြောင့်ဖြစ်၏။-
10 Եւ ամէն շնորհքի Աստուածը, որ իր յաւիտենական փառքին կանչեց մեզ Քրիստոս Յիսուսի միջոցով, ձեզ կատարեալ պիտի ընէ, ամրացնէ, ուժովցնէ եւ անսասան հիմերու վրայ դնէ, երբ չարչարուիք քիչ մը ատեն: (aiōnios )
၁၀သို့ရာတွင်သင်တို့သည်အချိန်အနည်းငယ်မျှ ယင်းသို့ဆင်းရဲဒုက္ခရောက်ကြပြီးနောက်ကျေးဇူး တော်အပေါင်း၏အရှင်၊ သင်တို့အားခရစ်တော် နှင့်တစ်လုံးတစ်ဝတည်းဖြစ်စေလျက် ထာဝရ ဘုန်းအသရေတော်ကိုဝင်စားခွင့်ပေးရန်ဖိတ် ခေါ်တော်မူသောအရှင်၊ ဘုရားသခင်ကိုယ်တော် တိုင်သင်တို့အားအပြစ်ဆိုဖွယ်မရှိအောင်ပြု ပြင်ပေးတော်မူ၍ သင်တို့အားခိုင်ခံ့စေတော်မူ ပြီးလျှင်ခွန်အားနှင့်ပြည့်ဝစေလျက်ကြံ့ခိုင် စွာရပ်တည်စေတော်မူလိမ့်မည်။- (aiōnios )
11 Իրե՛ն են փառքը եւ զօրութիւնը դարէ դար՝՝: Ամէն: (aiōn )
၁၁ကိုယ်တော်သည်ထာဝစဉ်တန်ခိုးတော်ကြီး တော်မူပါစေသတည်း။ အာမင်။ (aiōn )
12 Սիղուանոսի միջոցով, որ՝ ինչպէս կը սեպեմ՝ հաւատարիմ եղբայր մըն է, գրեցի ձեզի համառօտաբար, յորդորելով ու վկայելով թէ ա՛յս է Աստուծոյ ճշմարիտ շնորհքը, որուն մէջ հաստատ կեցած էք:
၁၂ငါသည်ဤစာတိုကလေးကိုသိလွာနု၏အကူ အညီဖြင့် သင်တို့ထံသို့ရေးသားပေးပို့လိုက်၏။ သူသည်သစ္စာရှိသောညီအစ်ကိုဟုငါမှတ်ယူ၏။ သင်တို့အားတိုက်တွန်းအားပေးစကားပြောကြား ရန်နှင့် သင်တို့ခံစားရသည့်ကျေးဇူးတော်သည် ဘုရားသခင်၏ကျေးဇူးတော်အစစ်အမှန် ဖြစ်ကြောင်းကိုသက်သေခံရန် ဤစာကိုရေးပို့ လိုက်၏။ ထိုကျေးဇူးတော်တွင်ကြံ့ခိုင်စွာ ရပ်တည်ကြလော့။
13 Կը բարեւէ ձեզ Բաբելոնի մէջ եղած եկեղեցին, որ ընտրուած է ձեզի հետ, նաեւ Մարկոս՝ իմ որդիս:
၁၃ဘုရားသခင်ရွေးချယ်တော်မူခြင်းကို သင်တို့ နည်းတူခံရသည့်ဗာဗုလုန်မြို့အသင်းတော် ဝင်တို့ကသင်တို့အားနှုတ်ဆက်လိုက်၏။ ငါ့ သားမာကုကလည်းနှုတ်ဆက်လိုက်၏။-
14 Բարեւեցէ՛ք զիրար սիրոյ համբոյրով: Խաղաղութի՜ւն ձեր բոլորին՝ որ Քրիստոս Յիսուսի մէջ էք: Ամէն:
၁၄သင်တို့အချင်းချင်းတစ်ယောက်ကိုတစ်ယောက် မေတ္တာဖြင့်နမ်းရှုတ်လျက်နှုတ်ဆက်ကြလော့။ ခရစ်တော်၏တပည့်တော်များဖြစ်ကြသူ သင်တို့အပေါင်းသည် ငြိမ်သက်ခြင်းကိုခံစား ရကြပါစေသော။ ရှင်ပေတရုသြဝါဒစာပထမစောင်ပြီး၏။