< ԱՌԱՋԻՆ ԿՈՐՆԹԱՑԻՍ 13 >
1 Եթէ խօսիմ մարդոց եւ հրեշտակներուն լեզուները՝ բայց սէր չունենամ, ես հնչող պղինձի պէս կ՚ըլլամ, կամ ղօղանջող ծնծղայի պէս:
၁ငါသည်လူဘာသာစကားများနှင့်ကောင်းကင် တမန်ဘာသာစကားများကိုပြောနိုင်သော် လည်း မေတ္တာမရှိလျှင်ပဲ့တင်ခတ်သည့်မောင်း ကဲ့သို့လည်းကောင်း၊ အသံမြည်သည့်လင်း ကွင်းကဲ့သို့လည်းကောင်းဖြစ်၏။-
2 Ու եթէ ունենամ մարգարէութեան պարգեւը, հասկնամ բոլոր խորհուրդները եւ ամբողջ գիտութիւնը, ու եթէ ունենամ ամբողջ հաւատքը՝ որ կարենամ լեռներ տեղափոխել, բայց սէր չունենամ, ես ոչինչ եմ:
၂ငါသည်ဗျာဒိတ်တော်အားဖြင့်ဟောပြောနိုင် သော်လည်းကောင်း၊ နက်နဲသောအရာရှိသမျှ နှင့်အတတ်ပညာရှိသမျှတို့ကိုနားလည် တတ်ကျွမ်းသော်လည်းကောင်း၊ တောင်များကို ရွှေ့ပြောင်းနိုင်သည့်ယုံကြည်ခြင်းရှိသော် လည်းကောင်းမေတ္တာမရှိလျှင်အချည်းနှီး ပင်ဖြစ်၏။-
3 Եւ եթէ սնուցանեմ աղքատները՝ իմ ամբողջ ինչքովս, ու մարմինս այրուելու ընծայեմ, բայց սէր չունենամ, ես օգուտ մը չեմ ունենար:
၃ငါ၏ဥစ္စာရှိသမျှကိုပေးကမ်းစွန့်ကြဲသည် သာမကကိုယ်ခန္ဓာကိုမီးဖြင့်ပူဇော်သော် လည်းမေတ္တာမရှိလျှင်ငါ၌အကျိုးမရှိ။
4 Սէրը համբերատար է, քաղցր է. սէրը չի նախանձիր. սէրը չի գոռոզանար, չի հպարտանար.
၄မေတ္တာသည်သည်းခံတတ်၏။ ကြင်နာသနား တတ်၏။ မနာလိုစိတ်မရှိ။ မေတ္တာသည်ကြွားဝါ မှုမရှိ။ မာန်မာနမရှိ။-
5 անվայել վարմունք չ՚ունենար, իրենը չի փնտռեր, չի գրգռուիր, չարութիւն չի մտածեր.
၅မလျောက်ပတ်သည့်အမှုကိုမပြုတတ်။ ကိုယ် ကျိုးကိုမရှာတတ်။ ဒေါသအမျက်မထွက် တတ်။ သူတစ်ပါး၏အပြစ်ကိုမှတ်၍မထား တတ်။-
6 անիրաւութեան համար չ՚ուրախանար, հապա ճշմարտութեան ուրախակից կ՚ըլլայ.
၆မကောင်းမှုဒုစရိုက်ကြောင့်ဝမ်းမြောက်ဝမ်းသာ မရှိတတ်။ သမ္မာတရားကြောင့်ဝမ်းမြောက်တတ်၏။-
7 ամէն բանի կը հանդուրժէ, ամէն բանի կը հաւատայ, ամէն բանի կը յուսայ, ամէն բանի կը տոկայ:
၇မည့်သည့်အခါမျှလက်အလျော့မပေးတတ်။ မေတ္တာသည်အမြဲယုံကြည်တတ်၏။ အမြဲ မျှော်လင့်တတ်၏။ အမြဲသည်းခံတတ်၏။
8 Սէրը բնա՛ւ չ՚իյնար. բայց եթէ մարգարէութիւններ ըլլան՝ պիտի ոչնչանան, եթէ լեզուներ՝ պիտի դադրին, եթէ գիտութիւն՝ պիտի ոչնչանայ:
၈မေတ္တာသည်ထာဝစဉ်တည်၏။ ဗျာဒိတ်တော် အားဖြင့်ဟောပြောနိုင်သောစွမ်းရည်သည် လည်းကောင်း၊ ထူးဆန်းသောဘာသာစကား အမျိုးမျိုးကိုပြောနိုင်သောအခွင့်သည် လည်းကောင်း၊ အသိပညာသည်လည်းကောင်း အမြဲမတည်ဘဲကွယ်ပျောက်လိမ့်မည်။-
9 Արդարեւ հիմա մասա՛մբ գիտենք ու մասա՛մբ կը մարգարէանանք.
၉ငါတို့၏အသိပညာသည်မစုံလင်။ ဗျာဒိတ် တော်အားဖြင့်ဟောပြောနိုင်သောစွမ်းရည် သည်လည်းမစုံလင်။-
10 բայց երբ կատարեալը գայ, մասնակին պիտի ոչնչանայ:
၁၀သို့ရာတွင်စုံလင်သည့်အရာရောက်ရှိလာသော အခါ၌မူကား မစုံလင်သောအရာဟူသမျှ တို့သည်ကွယ်ပျောက်လိမ့်မည်။
11 Երբ մանուկ էի, մանուկի պէս կը խօսէի, մանուկի պէս կը մտածէի, մանուկի կարծիք ունէի. բայց երբ այր մարդ եղայ, մանկական բաները մէկ կողմ դրի:
၁၁ငါသည်ကလေးသူငယ်ဖြစ်စဉ်အခါက၊ ကလေးသူငယ်ကဲ့သို့စကားပြော၏။ သူငယ် ကဲ့သို့စိတ်တွင်ခံစားရ၏။ သူငယ်ကဲ့သို့ စဉ်းစားဆင်ခြင်၏။ ကြီးပြင်းလာသော အခါ၌မူကားကလေးသူငယ်၏အလေ့ များကိုငါပယ်ရှား၏။-
12 Հիմա կը տեսնենք հայելիի մը մէջէն՝ աղօտ կերպով, բայց այն ատեն՝ պիտի տեսնենք երես առ երես: Հիմա ես մասա՛մբ կը ճանչնամ, բայց այն ատեն պիտի ճանչնամ այնպէս՝ ինչպէս ես ճանչցուած եմ:
၁၂ယခုအခါငါတို့သည်ကြေးမုံတွင်ပေါ်လာ သည့်ပုံသဏ္ဌာန်ကိုမြင်ရသကဲ့သို့မထင်မရှား တွေ့မြင်ရကြ၏။ ထိုအခါ၌မူကားမျက်ဝါး ထင်ထင်တွေ့မြင်ရလတ္တံ့။ ယခုအခါငါသည် စုံလင်စွာမသိမမြင်ရ။ ထိုအခါ၌ကား ဘုရားသခင်သည်ငါ့ကိုစုံလင်စွာသိမြင် တော်မူသကဲ့သို့ငါသည်စုံလင်စွာသိ မြင်ရလိမ့်မည်။
13 Իսկ հիմա սա՛ երեքը կը մնան՝ հաւատքը, յոյսը, սէրը. բայց սէ՛րն է ասոնց մեծագոյնը:
၁၃ယခုတွင်ပါရမီသုံးပါးတည်းဟူသော ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၊ ချစ်ခြင်းတည် လျက်ရှိ၏။ ဤသုံးပါးတို့တွင်ချစ်ခြင်း မေတ္တာသည်အမြတ်ဆုံးဖြစ်သတည်း။