< ԱՌԱՋԻՆ ԿՈՐՆԹԱՑԻՍ 11 >
1 Ինծի՛ նմանեցէք, ինչպէս ես ալ՝ Քրիստոսի:
၁သို့ဖြစ်၍ငါသည်ခရစ်တော်ထံမှအတု ယူသကဲ့သို့ သင်တို့သည်ငါ့ထံမှအတု ယူကြလော့။
2 Կը գովեմ ձեզ, եղբայրնե՛ր, որ ամէն բանի մէջ կը յիշէք զիս ու կը պահէք սորվեցուցածներս՝ ինչպէս ես աւանդեցի ձեզի:
၂သင်တို့သည်ငါ့ကိုအစဉ်အောက်မေ့သတိရ၍ ငါပေးအပ်ခဲ့သည့်သွန်သင်ချက်အတိုင်းလိုက် နာပြုကျင့်ကြသောကြောင့်သင်တို့အားငါ ချီးကူး၏။-
3 Բայց կ՚ուզեմ որ գիտնաք թէ ամէն այր մարդու գլուխը Քրիստոսն է, ու կնոջ գլուխը՝ այր մարդը, եւ Քրիստոսի գլուխը՝ Աստուած:
၃သို့သော်ခရစ်တော်သည်ယောကျာ်းတိုင်း၏အထွတ် အထိပ်၊ ယောကျာ်းသည်မိန်းမ၏အထွတ်အထိပ်၊ ဘုရားသခင်သည်ခရစ်တော်၏အထွတ်အထိပ် ဖြစ်ကြောင်းကိုသင်တို့အားသိစေလို၏။-
4 Ամէն այր մարդ՝ որ կ՚աղօթէ կամ կը մարգարէանայ ծածկուած գլուխով, կ՚անպատուէ իր գլուխը:
၄သို့ဖြစ်၍ယောကျာ်းသည်ဝတ်ပြုအစည်းအဝေး တွင်မိမိ၏ဦးခေါင်းကိုဖုံးအုပ်၍ပတ္ထနာပြု သော်လည်းကောင်း၊ တရားဟောသော်လည်းကောင်း ခရစ်တော်၏အသရေတော်ကိုရှုတ်ချသူ ဖြစ်၏။-
5 Իսկ ամէն կին՝ որ կ՚աղօթէ կամ կը մարգարէանայ չծածկուած գլուխով, կ՚անպատուէ իր գլուխը. քանի որ միեւնոյնն է՝ որպէս թէ ածիլուած ըլլար:
၅မိန်းမသည်စုဝေးဝတ်ပြုခြင်းတွင်မိမိ၏ဦး ခေါင်းကိုမဖုံးမအုပ်ဘဲဆုတောင်းပတ္ထနာပြု သော်လည်းကောင်း၊ တရားတော်ကိုကြေညာ သော်လည်းကောင်း မိမိခင်ပွန်း၏အသရေကို ရှုတ်ချသူဖြစ်၏။ သူသည်ခေါင်းတုံးရိတ်ထား သည့်အမျိုးသမီးနှင့်မထူးခြားတော့ချေ။-
6 Որովհետեւ եթէ կինը չի ծածկուիր, թող կտրէ իր մազերն ալ. իսկ եթէ ամօթ է կնոջ մը՝ իր մազերը կտրելը կամ ածիլուիլը, թող ծածկուի:
၆မိန်းမသည်မိမိ၏ဦးခေါင်းကိုမဖုံးမအုပ် ဘဲထားမည့်အစား မိမိ၏ဆံပင်ကိုဖြတ် ထားလျှင်သာ၍ကောင်း၏။ ဆံပင်ဖြတ်ခြင်း၊ ခေါင်းတုံးရိတ်ခြင်းတို့သည်အမျိုးသမီး အတွက် ရှက်ဖွယ်ကောင်းသောအရာများဖြစ် သဖြင့် သူသည်မိမိ၏ဦးခေါင်းကိုဖုံးအုပ်စေ။-
7 Արդարեւ այր մարդը պարտաւոր չէ ծածկել գլուխը, քանի որ Աստուծոյ պատկերն ու փառքն է. բայց կինը՝ մարդո՛ւն փառքն է:
၇အမျိုးသားသည်မိမိ၏ဦးခေါင်းကိုဖုံး အုပ်ရန်မသင့်။ အဘယ်ကြောင့်ဆိုသော်သူ သည်ဘုရားသခင်၏ပုံသဏ္ဌာန်တော်နှင့်ဘုန်း အသရေတော်ကိုရောင်ပြန်ဟပ်သူဖြစ်သော ကြောင့်တည်း။ အမျိုးသမီးသည်ကားအမျိုး သား၏ဘုန်းအသရေကိုရောင်ပြန်ဟပ်သူ ဖြစ်၏။-
8 Որովհետեւ ո՛չ թէ այր մարդը կնոջմէն է, հապա՝ կինը այր մարդէն.
၈အမျိုးသားသည်အမျိုးသမီးမှဖန်ဆင်း ထားသူမဟုတ်။ အမျိုးသမီးသည်သာလျှင် အမျိုးသားမှဖန်ဆင်းသူဖြစ်၏။-
9 ո՛չ ալ այր մարդը ստեղծուեցաւ կնոջ համար, հապա՝ կինը մարդուն համար:
၉အမျိုးသားကိုအမျိုးသမီးအတွက်ဘုရား သခင်ဖန်ဆင်းတော်မမူ။ အမျိုးသမီးကိုသာ လျှင်အမျိုးသားအတွက်ဖန်ဆင်းတော်မူ၏။-
10 Հետեւաբար կինը պարտաւոր է շուք դնել իր գլուխին՝ հրեշտակներուն պատճառով:
၁၀သို့ဖြစ်၍ကောင်းကင်တမန်များကိုထောက် သောအားဖြင့် အမျိုးသမီးသည်မိမိအပေါ် အမျိုးသားအုပ်စိုးခြင်းကိုဖော်ပြရန်မိမိ ဦးခေါင်းကိုအုပ်သင့်၏။-
11 Սակայն ո՛չ այր մարդը առանց կնոջ է, ո՛չ ալ կինը առանց այր մարդու՝ Տէրոջմով:
၁၁သို့ရာတွင်သခင်ဘုရား၏မိတ်သဟာယ အဖွဲ့တွင် အမျိုးသားသည်အမျိုးသမီး ကိုလိုအပ်သကဲ့သို့အမျိုးသမီးသည် လည်းအမျိုးသားကိုလိုအပ်ပေသည်။-
12 Որովհետեւ ինչպէս կինը այր մարդէն է, նոյնպէս ալ այր մարդը կնոջ միջոցով. բայց ամէն բան՝ Աստուծմէ:
၁၂အမျိုးသမီးသည်အမျိုးသားမှဖန်ဆင်းသော် လည်း အမျိုးသားသည်အမျိုးသမီးကမွေးဖွား သူဖြစ်၏။ အရာခပ်သိမ်းကိုဖြစ်ပေါ်စေသော အရှင်ကားဘုရားသခင်ပေတည်း။
13 Դո՛ւք ձեզմէ դատեցէք. պատշա՞ճ է որ կին մը աղօթէ Աստուծոյ՝ չծածկուած գլուխով:
၁၃အမျိုးသမီးသည်ဦးခေါင်းကိုမဖုံးမအုပ် ဘဲစုဝေးဝတ်ပြုခြင်းတွင် ဘုရားသခင်အား ဆုတောင်းပတ္ထနာပြုရန်သင့်တော်သည်မသင့် တော်သည်ကိုသင်တို့ကိုယ်တိုင်စဉ်းစားဆင်ခြင် ကြလော့။-
14 Նոյնինքն բնութիւնն ալ չի՞ սորվեցներ ձեզի, թէ այր մարդ մը եթէ երկար մազեր ունի, ատիկա անպատուութիւն է իրեն:
၁၄ဆံပင်ရှည်သည့်အမျိုးသားအတွက်ရှက်ဖွယ် ရာဖြစ်ကြောင်း၊-
15 Իսկ կին մը եթէ երկար մազեր ունի, ատիկա փառք է իրեն. որովհետեւ մազերը ծածկոցի տեղ տրուած են իրեն:
၁၅အမျိုးသမီးအတွက်မှာမူလှပတင့်တယ်ဖွယ် ရာဖြစ်ကြောင်း သဘာဝဋ္ဌမ္မကပင်သွန်သင်ပေး သည်မဟုတ်ပါလော။ ဆံပင်ရှည်ကိုအမျိုး သမီးအားခြုံထည်အဖြစ်ပေးထားခြင်းဖြစ်၏။-
16 Սակայն եթէ մէկուն յարմար թուի հակառակիլ, ո՛չ մենք այդպիսի սովորութիւն ունինք, ո՛չ ալ Աստուծոյ եկեղեցիները:
၁၆ဤကိစ္စနှင့်ပတ်သက်၍စောဒကတက်လိုသူ အားငါတို့၌လည်းကောင်း၊ ဘုရားသခင်၏ အသင်းတော်များ၌လည်းကောင်း ယင်းသို့ ခေါင်းဖုံးအုပ်သည့်ထုံးစံမှလွဲ၍အခြား ထုံးစံမရှိကြောင်းငါဖြေဆိုအံ့။
17 Բայց ասիկա պատուիրելով՝ չեմ գովեր ձեզ, որովհետեւ ձեր համախմբումը ո՛չ թէ աւելի լաւ՝ հապա աւելի գէշ արդիւնք կ՚ունենայ.
၁၇သို့ရာတွင်အောက်ပါညွှန်ကြားချက်များကို ပေးရာတွင်သင်တို့အားငါမချီးမွမ်း။ သင် တို့၏ဝတ်ပြုခြင်းများသည်ကောင်းကျိုးထက် ဆိုးကျိုးကိုပေးနေ၏။-
18 քանի որ նախ՝ երբ կը համախմբուիք եկեղեցիին մէջ, կը լսեմ թէ պառակտումներ կ՚ըլլան ձեր մէջ, եւ մասամբ կը հաւատամ:
၁၈ပထမအချက်အနေဖြင့်သင်တို့၏အသင်း တော်အစည်းဝေးများ၌ စိတ်ဝမ်းကွဲပြားမှုများ ရှိကြောင်းကိုငါကြားသိရပေသည်။ ကြားရ သည့်အတိုင်းအချို့တစ်ဝက်မှန်လိမ့်မည်။-
19 Արդարեւ պէտք է որ հերձուածներ ալ ըլլան ձեր մէջ, որպէսզի երեւան ելլեն անո՛նք՝ որ գնահատելի են ձեր մէջ:
၁၉(သင်တို့တွင်စိတ်ဝမ်းကွဲပြားမှုကားရှိရ သည်မှန်၏။ သို့ရှိမှသာလျှင်အမှန်ဘက်တွင် ရှိသောသူများကိုပေါ်လွင်ထင်ရှားစေမည်။-)
20 Ուրեմն երբ դուք կը համախմբուիք տեղ մը, ատիկա Տէրոջ ընթրիքը ուտել չէ.
၂၀သင်တို့သည်စုရုံးကြသောအခါသခင် ဘုရား၏ပွဲတော်မင်္ဂလာဝင်ရန်အတွက်မဟုတ်။-
21 որովհետեւ՝ ուտելու ատեն՝ իւրաքանչիւրը նախ կ՚ուտէ իր ընթրիքը. մէկը անօթի կը մնայ, իսկ միւսը կ՚արբենայ:
၂၁သင်တို့တစ်ဦးစီသည်ကိုယ့်အစာကိုအလျင် စားကြသဖြင့်ဆာသူကဆာ၊ သေသောက်ကြူး သူကကြူးလျက်ရှိကြသည်။-
22 Միթէ տուն չունի՞ք՝ ուտելու եւ խմելու համար. կամ կ՚արհամարհէ՞ք Աստուծոյ եկեղեցին, եւ կ՚ամչցնէք չքաւորները: Ի՞նչ ըսեմ ձեզի, գովե՞մ ձեզ այս բանին համար. չեմ գովեր:
၂၂သင်တို့တွင်စားသောက်ရန်နေအိမ်မရှိသလော။ သို့တည်းမဟုတ်ဘုရားသခင်၏အသင်းတော် ကိုရှုတ်ချ၍ ဆင်းရဲသူတို့အားအရှက်ခွဲလို ကြသလော။ သင်တို့အားအဘယ်သို့ငါပြောရ မည်နည်း။ သင်တို့ကိုချီးကူးရမည်လော။ ဤ ကိစ္စတွင်အဘယ်နည်းနှင့်မျှမချီးကူးနိုင်။
23 Արդարեւ ես Տէրոջմէն ընդունեցի զայն՝ որ ձեզի ալ աւանդեցի, թէ Տէր Յիսուս՝ իր մատնուած գիշերը՝ հաց առաւ,
၂၃သင်တို့အားယခုငါပေးအပ်မည့်သွန်သင် ချက်ကိုသခင်ဘုရားထံတော်မှငါရရှိ၏။ ရန်သူ့လက်သို့အပ်နှံခြင်းခံတော်မူသည့် ည၌အရှင်ယေရှုသည်မုန့်ကိုယူ၍၊-
24 ու շնորհակալ ըլլալէ ետք՝ կտրեց եւ ըսաւ. «Առէ՛ք ու կերէ՛ք, ա՛յս է իմ մարմինս՝ որ կը կտրուի ձեզի համար. ըրէ՛ք ասիկա՝ իմ յիշատակիս համար»:
၂၄ကျေးဇူးတော်ကိုချီးမွမ်းပြီးနောက်မုန့်ကိုဖဲ့ တော်မူလျက် ``ဤမုန့်ကားသင်တို့အတွက်စွန့် သောငါ၏ကိုယ်ခန္ဓာဖြစ်၏။ ငါ့ကိုသတိရ ခြင်းငှာဤသို့ပြုကြလော့'' ဟုမိန့်တော်မူ၏။-
25 Նոյնպէս ալ՝ ընթրիքէն ետք՝ բաժակը առաւ ու ըսաւ. «Այս բաժակը նո՛ր ուխտն է՝ իմ արիւնովս. ըրէ՛ք ասիկա՝ քանի՛ անգամ որ խմէք՝ իմ յիշատակիս համար:
၂၅ထိုနည်းတူစွာညစာစားပြီးနောက်စပျစ် ရည်ခွက်ဖလားကိုယူတော်မူလျက် ``ဤ ခွက်ဖလားကားငါ၏သွေးနှင့်တံဆိပ်ခတ် သောဘုရားသခင်၏ပဋိညာဉ်သစ်ဖြစ်၏။ ဤခွက်ဖလားမှစပျစ်ရည်ကိုသောက်သည့် အခါတိုင်းငါ့ကိုသတိရခြင်းငှာသောက် ကြလော့'' ဟုမိန့်တော်မူ၏။
26 Որովհետեւ քանի անգամ որ ուտէք այս հացը եւ խմէք այս բաժակը, Տէրոջ մահը կը պատմէք՝ մինչեւ որ ինք գայ»:
၂၆သင်တို့သည်ထိုမုန့်ကိုစား၍ထိုခွက်ဖလား မှစပျစ်ရည်ကိုသောက်သည့်အခါတိုင်းသခင် ဘုရားအသေခံတော်မူကြောင်းကိုကိုယ်တော် ကြွလာတော်မူချိန်တိုင်အောင်ကြေညာကြ၏။-
27 Հետեւաբար ո՛վ որ ուտէ այս հացը կամ խմէ Տէրոջ բաժակը անարժանաբար, պարտապան պիտի ըլլայ Տէրոջ մարմինին եւ արիւնին:
၂၇သို့ဖြစ်၍မရိုမသေဘဲသခင်ဘုရား၏မုန့် ကိုစား၍ ကိုယ်တော်၏ခွက်ဖလားမှစပျစ် ရည်ကိုသောက်သောသူမည်သည်ကား သခင် ဘုရား၏ကိုယ်ခန္ဓာတော်နှင့်သွေးတော်ကို ပြစ်မှားရာရောက်၏။-
28 Ուրեմն իւրաքանչիւրը թող քննէ ինքզինք, ու ա՛յդպէս ուտէ հացէն եւ խմէ բաժակէն:
၂၈ထို့ကြောင့်လူတိုင်းမိမိကိုယ်ကိုစစ်ဆေးပြီးမှ မုန့်ကိုစား၍ ခွက်ဖလားမှစပျစ်ရည်ကိုသောက် စေ။-
29 Որովհետեւ ա՛ն որ կ՚ուտէ ու կը խմէ անարժանաբար, կ՚ուտէ ու կը խմէ ինքնիր դատապարտութիւնը, քանի որ չի զատորոշեր Տէրոջ մարմինը:
၂၉မုန့်ကိုစား၍ခွက်ဖလားမှစပျစ်ရည်ကို သောက်သောအခါ သခင်ဘုရား၏ကိုယ်ခန္ဓာ အနက်အဋ္ဌိပ္ပါယ်ကိုမသိနားမလည်သော သူသည် မိမိအပေါ်အပြစ်ဒဏ်ကျရောက် စေရန်စားသောက်သူဖြစ်၏။-
30 Այս պատճառով շատեր ձեր մէջ տկար եւ հիւանդ են, ու շատեր ալ կը ննջեն:
၃၀ထိုအကြောင်းကြောင့်သင်တို့အထဲတွင်အားအင် ချည့်နဲ့သူနှင့်မကျန်းမမာသူအမြောက်အမြား ရှိပေသည်။ သေသောသူအချို့လည်းရှိ၏။-
31 Որովհետեւ եթէ մենք մեզ դատէինք՝ չէինք դատուեր:
၃၁ငါတို့သည်မိမိတို့ကိုယ်ကိုပထမဦးစွာစစ် ဆေးကြမည်ဆိုပါမူ ဤသို့ဘုရားသခင်၏ စီရင်တော်မူခြင်းကိုခံရကြလိမ့်မည်မဟုတ်။-
32 Իսկ երբ կը դատուինք՝ կը պատժուինք Տէրոջմէն, որպէսզի չդատապարտուինք աշխարհի հետ:
၃၂သို့ရာတွင်ငါတို့အားဤသို့ထာဝရဘုရား သခင်စီရင်တော်မူခြင်းမှာ ငါတို့အားလောကီ သားတို့နှင့်အတူအပြစ်ဒဏ်မခံရစေရန် ဆုံးမတော်မူခြင်းဖြစ်သည်။
33 Հետեւաբար, եղբայրնե՛րս, երբ կը համախմբուիք ուտելու համար՝ սպասեցէ՛ք իրարու:
၃၃ထို့ကြောင့်ညီအစ်ကိုတို့၊ သခင်ဘုရား၏ပွဲတော် မင်္ဂလာကိုဝင်ရန်စုဝေးကြသောအခါ တစ်ယောက် ကိုတစ်ယောက်စောင့်ဆိုင်းကြလော့။-
34 Իսկ եթէ մէկը անօթի է՝ թող ուտէ իր տան մէջ, որպէսզի չհամախմբուիք դատապարտութեան համար: Մնացածը պիտի պատուիրեմ՝ երբ գամ:
၃၄သင်တို့စုဝေးကြသောအခါတွင်ဘုရားသခင် ၏အပြစ်ဒဏ်စီရင်တော်မူခြင်းနှင့်ကင်းလွတ် နိုင်စေရန် ဆာမွတ်သောသူသည်မိမိအိမ်တွင် စားသောက်စေ။ အခြားကိစ္စများနှင့်ပတ်သက်၍ ငါလာသည့်အခါဖြေရှင်းမည်။