< ՄԱՏԹԷՈՍ 8 >
1 Երբ Յիսուս իջաւ լեռից, նրա յետեւից շատ ժողովուրդ գնաց:
၁တောင်ပေါ်မှသခင်ယေရှုဆင်းသက်တော်မူလျှင် လူပရိသတ်ကြီးများသည်နောက်တော်သို့လိုက် ကြ၏။-
2 Եւ ահա մի բորոտ մօտենալով՝ նրան երկրպագում էր ու ասում. «Տէ՛ր, եթէ կամենաս, կարող ես ինձ մաքրել»:
၂ထိုအခါအရေပြားရောဂါစွဲကပ်သူလူတစ် ယောက်သည်ကိုယ်တော်၏ရှေ့မှောက်သို့လာရောက် ဒူးထောက်လျက် ``အရှင်၊ အရှင်အလိုတော်ရှိ လျှင်အကျွန်ုပ်အား ဤရောဂါမှသန့်စင်စေနိုင် ပါသည်'' ဟုလျှောက်ထားတောင်းပန်၏။
3 Յիսուս իր ձեռքը երկարեց, դիպցրեց նրան եւ ասաց. «Կամենում եմ, մաքրուի՛ր»: Եւ իսկոյն բորոտութիւնը նրանից մաքրուեց:
၃သခင်ယေရှုသည်လက်တော်ကိုဆန့်၍ ``ငါအလို ရှိ၏။ သန့်စင်စေ'' ဟုမိန့်တော်မူပြီးလျှင်ထိုသူ ကိုတို့တော်မူ၏။ ချက်ချင်းထိုသူသည်အရေ ပြားရောဂါမှသန့်စင်၍သွားလေသည်။-
4 Եւ Յիսուս նրան ասաց. «Զգո՛յշ եղիր, ոչ ոքի չասես, այլ գնա՛ դու քեզ ցո՛յց տուր քահանային եւ մատուցի՛ր Մովսէսի հրամայած ընծան՝ նրանց իբրեւ վկայութիւն»:
၄သခင်ယေရှုက ``ဤအကြောင်းကိုမည်သူ့အားမျှ မပြောမိစေရန်သတိပြုလော့။ ယဇ်ပုရောဟိတ်ထံ ကိုသွား၍သင်၏ကိုယ်ကိုပြလော့။ ထိုနောက်လူတို့ ရှေ့တွင်သက်သေခံအထောက်အထားဖြစ်စေရန် မောရှေမိန့်မှာခဲ့သည့်ပူဇော်သကာကိုဆက်သလော့'' ဟုမိန့်တော်မူ၏။
5 Կափառնայում մտնելիս նրան մօտեցաւ մի հարիւրապետ. աղաչում էր նրան
၅ကပေရနောင်မြို့ကိုကိုယ်တော်ဝင်တော်မူသော အခါ ရောမစစ်ဗိုလ်တစ်ယောက်သည်အထံတော် သို့လာ၍၊-
6 եւ ասում. «Տէ՛ր, ծառաս տանը անդամալոյծ ընկած է եւ չարաչար տանջւում է»:
၆``အရှင်၊ အကျွန်ုပ်၏အစေခံတစ်ယောက်သည်ပြင်း စွာသောဝေဒနာဖြင့်အိမ်တွင်လဲ၍နေပါသည်'' ဟုလျှောက်ထား၏။
7 Յիսուս նրան ասաց. «Ես կը գամ եւ կը բժշկեմ նրան»:
၇ကိုယ်တော်က ``ငါလာ၍သူ့ရောဂါကိုပျောက်ကင်း စေမည်'' ဟုမိန့်တော်မူလျှင်၊
8 Հարիւրապետը պատասխանեց եւ ասաց. «Տէ՛ր, ես արժանի չեմ, որ դու իմ յարկի տակ մտնես. այլ խօսքո՛վ ասա, եւ իմ ծառան կը բժշկուի.
၈စစ်ဗိုလ်က ``အရှင်၊ အကျွန်ုပ်သည်မထိုက်မတန်သူ ဖြစ်သဖြင့်အကျွန်ုပ်၏အိမ်မိုးအောက်သို့အရှင် ဝင်တော်မူရန်မသင့်လျော်ပါ။ အမိန့်တော်သာ ပေးတော်မူပါလျှင်အကျွန်ုပ်၏အစေခံသည် ကျန်းမာလာပါလိမ့်မည်။-
9 քանի որ ես էլ իշխանութեան տակ եղող մարդ եմ, ինձ ենթակայ զինուորներ ունեմ. սրան ասում եմ՝ գնա՛, եւ գնում է, եւ մի ուրիշին, թէ՝ ե՛կ, եւ գալիս է. եւ իմ ծառային, թէ՝ արա՛ այս, եւ անում է»:
၉အကျွန်ုပ်သည်အထက်အာဏာကိုနာခံရသူ ဖြစ်ပါ၏။ အကျွန်ုပ်၏လက်အောက်တွင်လည်းစစ် သားများရှိပါ၏။ စစ်သားတစ်ယောက်ကိုသွား ချေဟုအကျွန်ုပ်ဆိုလျှင်သူသည်သွားပါ၏။ အခြားတစ်ယောက်ကိုလာခဲ့ဟုဆိုလျှင်လာ ပါ၏။ ထို့အပြင်အကျွန်ုပ်၏ကျွန်အားဤအမှု ကိုပြုလော့ဟုဆိုလျှင်သူသည်ပြုပါ၏'' ဟု လျှောက်၏။
10 Երբ Յիսուս այս լսեց, զարմացաւ եւ իր հետ գնացողներին ասաց. «Ճշմարիտ եմ ասում ձեզ, Իսրայէլի մէջ իսկ այսպիսի հաւատ չգտայ երբեք:
၁၀ဤစကားကိုသခင်ယေရှုကြားတော်မူလျှင် အံ့သြတော်မူ၏။ သို့ဖြစ်၍နောက်တော်သို့လိုက် လာကြသောပရိသတ်တို့အား
11 Բայց ասում եմ ձեզ, որ արեւելքից եւ արեւմուտքից շատերը պիտի գան ու երկնքի արքայութեան մէջ սեղան պիտի նստեն Աբրահամի, Իսահակի եւ Յակոբի հետ.
၁၁``အမှန်အကန်သင်တို့အားငါဆိုသည်ကား ဤ ကဲ့သို့သောယုံကြည်ခြင်းကိုဣသရေအမျိုးသား တို့တွင်ငါမတွေ့မကြုံဘူးသေး။ လူအမြောက် အမြားပင်အရှေ့အရပ်နှင့်အနောက်အရပ်မှ လာ၍ကောင်းကင်နိုင်ငံတော်တွင်အာဗြဟံ၊ ဣဇက်၊ ယာကုပ်တို့နှင့်အတူစားသောက်ကြလိမ့်မည်။-
12 իսկ արքայութեան որդիները պիտի ելնեն արտաքին խաւարը. այնտեղ պիտի լինի լաց եւ ատամների կրճտում»:
၁၂သို့ရာတွင်နိုင်ငံတော်သားဖြစ်သင့်သူတို့မူကား ပြင်ပအမှောင်ထဲသို့ထုတ်ပစ်ခြင်းကိုခံရကြ လိမ့်မည်။ ထိုအရပ်တွင်သူတို့သည်ငိုကြွေးမြည် တမ်း၍အံသွားခဲကြိတ်လျက်နေကြလိမ့်မည်'' ဟုမိန့်တော်မူ၏။-
13 Եւ Յիսուս հարիւրապետին ասաց. «Գնա՛, եւ ինչպէս հաւատացիր, այնպէս թող լինի քեզ»: Եւ այդ նոյն ժամին նրա ծառան առողջացաւ:
၁၃ထိုနောက်ကိုယ်တော်ကစစ်ဗိုလ်အား ``အိမ်သို့ပြန် လော့။ သင်ယုံကြည်သည့်အတိုင်းဖြစ်လိမ့်မည်'' ဟု မိန့်တော်မူ၏။ ဤသို့မိန့်တော်မူသည့်အချိန်၌ ပင်လျှင်စစ်ဗိုလ်၏အစေခံသည်ရောဂါပျောက် လေ၏။
14 Յիսուս Պետրոսի տունը գալով՝ տեսաւ, որ նրա զոքանչը տաքութեան մէջ պառկած էր:
၁၄သခင်ယေရှုသည်ပေတရုအိမ်သို့ကြွတော်မူ သောအခါပေတရု၏ယောက္ခမမိန်းမသူသည် ဖျား၍အိပ်ရာပေါ်တွင်လဲလျက်နေသည်ကို မြင်တော်မူ၏။-
15 Բռնեց նրա ձեռքից, եւ ջերմութիւնը նրան թողեց. ոտքի կանգնեց եւ ծառայում էր նրանց:
၁၅ကိုယ်တော်သည်ထိုအမျိုးသမီး၏လက်ကိုတို့ထိ တော်မူလျှင် သူမသည်အဖျားပျောက်သွားသဖြင့် ထ၍ကိုယ်တော်အားဧည့်သည်ဝတ်ပြုလေ၏။
16 Երբ երեկոյ եղաւ, նրա մօտ բազում դիւահարներ բերեցին, եւ նա խօսքով դեւերին հանեց ու բոլոր հիւանդներին բժշկեց,
၁၆ညချမ်းအချိန်ရောက်သောအခါလူတို့သည် နတ်မိစ္ဆာပူးဝင်နေသူအမြောက်အမြားကို အထံတော်သို့ဆောင်ခဲ့ကြ၏။ ကိုယ်တော်သည် နတ်မိစ္ဆာတို့ကိုအမိန့်ပေး၍နှင်ထုတ်တော်မူ၏။ ရောဂါသည်အပေါင်းကိုလည်းကျန်းမာစေ တော်မူ၏။-
17 որպէսզի կատարուի Եսայի մարգարէի բերանով ասուած խօսքը. «Նա մեր հիւանդութիւնները իր վրայ վերցրեց եւ մեր ցաւերը կրեց»:
၁၇ဤသို့လျှင် ``ကိုယ်တော်သည်ငါတို့၏အဖျားအနာ များနှင့်ရောဂါဝေဒနာများကိုဆောင်ယူသွား တော်မူ၏'' ဟူ၍ ပရောဖက်ဟေရှာယဟောခဲ့သည့် စကားအတိုင်းဖြစ်ပျက်၍လာသတည်း။
18 Յիսուս իր շուրջը բազում ժողովուրդ տեսնելով՝ հրամայեց միւս կողմ գնալ:
၁၈သခင်ယေရှုသည်မိမိပတ်လည်ရှိလူပရိသတ် ကိုတွေ့မြင်တော်မူလျှင် အိုင်တစ်ဖက်သို့ထွက်ခွာ ရန်တပည့်တော်တို့အားအမိန့်ပေးတော်မူ၏။-
19 Եւ մի օրէնսգէտ, մօտենալով, ասաց նրան. «Վարդապե՛տ, ես էլ քո յետեւից կը գամ, ուր էլ որ գնաս»:
၁၉ကျမ်းတတ်ဆရာတစ်ယောက်သည်လာ၍ကိုယ် တော်အား ``ဆရာတော်၊ အကျွန်ုပ်သည်အရှင် ကြွတော်မူရာသို့လိုက်ပါမည်'' ဟုလျှောက် ထား၏။
20 Յիսուս նրան ասաց. «Աղուէսները որջ ունեն, եւ երկնքի թռչունները՝ բոյն. բայց մարդու Որդին մի տեղ չունի, որ իր գլուխը դնի»:
၂၀သခင်ယေရှုက ``မြေခွေးမှာတွင်းရှိ၏။ ငှက်မှာ အသိုက်ရှိ၏။ လူသားမှာမူကားခေါင်းချစရာ နေရာမျှမရှိ'' ဟုမိန့်တော်မူ၏။
21 Եւ իր աշակերտներից մէկն ասաց. «Տէ՛ր, ինձ թո՛յլ տուր, որ գնամ նախ իմ հօրը թաղեմ»:
၂၁အခြားတပည့်တော်တစ်ဦးက ``အရှင်၊ အကျွန်ုပ် အားအဖ၏အလောင်းကိုသင်္ဂြိုဟ်ရန်ခွင့်ပြုတော် မူပါ'' ဟုလျှောက်ထား၏။
22 Յիսուս նրան ասաց. «Դու իմ յետեւի՛ց արի եւ թո՛յլ տուր, որ մեռեալնե՛րը թաղեն իրենց մեռելներին»:
၂၂သို့သော်ကိုယ်တော်က ``သင်သည်ငါနောက်ကို လိုက်လော့။ သူသေတို့အားသူသေတို့ပင်သင်္ဂြိုဟ် ကြပါလေစေ'' ဟုမိန့်တော်မူ၏။
23 Երբ նա նաւակ մտաւ, նրա յետեւից գնացին իր աշակերտները:
၂၃ကိုယ်တော်သည်လှေပေါ်သို့တက်တော်မူ၏။ တပည့် တော်တို့သည်လည်းကိုယ်တော်နှင့်အတူလိုက်သွား ကြ၏။-
24 Եւ ահա ծովի վրայ մեծ փոթորիկ առաջացաւ, այնքան, որ նաւակը ծածկուեց ալիքներից: Իսկ ինքը ննջում էր:
၂၄အိုင်ထဲတွင်ရုတ်တရက်လေမုန်တိုင်းကျလာသဖြင့် လှေသည်လှိုင်းတံပိုးများထဲတွင်နစ်လုမတတ် ရှိတော့၏။ သို့ရာတွင်ကိုယ်တော်ကားအိပ်စက် လျက်နေတော်မူ၏။-
25 Եւ աշակերտները մօտենալով՝ վեր կացրին նրան ու ասացին. «Տէ՛ր, փրկի՛ր մեզ, որովհետեւ կորչում ենք»:
၂၅တပည့်တော်တို့သည်ကိုယ်တော်ကိုနှိုး၍ ``အရှင်၊ ကယ်တော်မူပါ။ အကျွန်ုပ်တို့သေဆုံးရကြပါ တော့မည်'' ဟုလျှောက်ကြ၏။
26 Նրանց ասաց. «Ինչո՞ւ էք վախկոտ, թերահաւատնե՛ր»: Այն ժամանակ, վեր կենալով, սաստեց հողմերին եւ ծովին, ու մեծ խաղաղութիւն եղաւ:
၂၆ကိုယ်တော်က ``ယုံကြည်မှုနည်းသူတို့၊ သင်တို့ အဘယ်ကြောင့်ကြောက်လန့်သနည်း'' ဟုမိန့်တော် မူပြီးနောက် အိပ်စက်ရာမှထတော်မူ၍လေနှင့် လှိုင်းများကိုဆုံးမတော်မူ၏။ လေနှင့်လှိုင်းတို့ သည်ငြိမ်သက်သွားကြ၏။
27 Եւ մարդիկ զարմացան ու ասում էին. «Ինչպիսի՜ մէկն է սա, որ հողմերն ու ծովը հնազանդւում են սրան»:
၂၇တပည့်တော်တို့သည်အံ့သြ၍ ``ဤသူကား အဘယ်သို့သောသူနည်း။ လေနှင့်လှိုင်းများပင် လျှင်သူ၏အမိန့်ကိုလိုက်နာကြပါတကား'' ဟုဆိုကြ၏။
28 Եւ երբ այն կողմ, գերգեսացիների երկիրն անցաւ, նրան պատահեցին գերեզմաններից ելած երկու դիւահար, այնքան սաստիկ կատաղած, որ այդ ճանապարհով որեւէ մէկը չէր կարող անցնել:
၂၈ကိုယ်တော်သည်အိုင်တစ်ဖက်ကမ်းရှိဂါဒရနယ် သို့ကြွလာတော်မူ၏။ ထိုအခါနတ်မိစ္ဆာပူးဝင် သူလူနှစ်ယောက်သည် သင်္ချိုင်းဂူများအကြားမှ ထွက်လာပြီးလျှင်ကိုယ်တော်နှင့်တွေ့ဆုံကြ၏။ ထိုသူတို့သည်လွန်စွာဆိုးသွမ်းသဖြင့် မည်သူ မျှထိုလမ်းကိုမသွားဝံ့ကြ။-
29 Եւ ահա նրանք աղաղակեցին ու ասացին. «Ի՞նչ կայ մեր եւ քո միջեւ, Յիսո՛ւս, Որդի՛ Աստծու, մեզ տարաժամ տանջելո՞ւ եկար»:
၂၉ထိုသူတို့က ``ဘုရားသခင်၏သားတော်၊ အရှင် သည်အကျွန်ုပ်တို့ကိုမည်သို့ပြုလိုတော်မူပါ သနည်း။ အချိန်မကျမီအကျွန်ုပ်တို့အားဒဏ် ခတ်ရန်ဤအရပ်သို့ကြွလာတော်မူပါသလော'' ဟုဟစ်အော်လျှောက်ထားကြ၏။
30 Եւ նրանցից քիչ հեռու արօտական խոզերի մի երամակ կար:
၃၀ထိုသူတို့နှင့်အနည်းငယ်မျှဝေးသောနေရာတွင် ဝက်အုပ်ကြီးတစ်အုပ်သည်အစာစားလျက်ရှိ၏။-
31 Եւ դեւերը աղչում էին նրան ու ասում. «Թէ մեզ այստեղից հանես, մեզ թո՛յլ տուր գնալ խոզերի երամակը»:
၃၁နတ်မိစ္ဆာတို့က ``အရှင်၊ အကျွန်ုပ်တို့ကိုနှင်ထုတ်မည် ဆိုပါကအကျွန်ုပ်တို့အားထိုဝက်များကိုပူးဝင် ခွင့်ပြုတော်မူပါ'' ဟုတောင်းပန်ကြ၏။
32 Եւ նա նրանց ասաց՝ գնացէ՛ք: Դեւերը դուրս ելնելով՝ գնացին խոզերի երամակ: Եւ ամբողջ երամակը դարաւանդից դիմեց դէպի ծով, ու ջրերի մէջ սատկեցին:
၃၂ကိုယ်တော်ကလည်း ``သွားကြလော့'' ဟုမိန့်တော်မူ၏။ နတ်မိစ္ဆာတို့သည်ထိုသူတို့ထံမှထွက်ခွာ၍ ဝက်များ ကိုပူးဝင်ကြသဖြင့်ဝက်အုပ်တစ်အုပ်လုံးပင် ချောက် ကမ်းပါးအတိုင်းပြေးဆင်းကာအိုင်ထဲတွင်နစ်မြုပ် သေဆုံးကြ၏။
33 Իսկ խոզարածները փախան եւ քաղաք գնալով՝ պատմեցին ամէն ինչ, նաեւ՝ դիւահարների դէպքը:
၃၃ဝက်ထိန်းများသည်မြို့သို့ထွက်ပြေးပြီးနောက် နတ်မိစ္ဆာပူးဝင်သူလူနှစ်ယောက်အကြောင်းနှင့် မိမိ တို့တွေ့ကြုံရသည့်အဖြစ်အပျက်အလုံးစုံ ကိုပြောကြားကြ၏။-
34 Եւ ահա ամբողջ քաղաքը Յիսուսին ընդառաջ ելաւ. երբ նրան տեսան, աղաչեցին, որ իրենց սահմաններից հեռու գնայ:
၃၄သို့ဖြစ်၍ထိုမြို့တစ်မြို့လုံးပင်လျှင်သခင်ယေရှု ထံသို့လိုက်လာကြလေသည်။ ကိုယ်တော်ကိုတွေ့သော အခါမိမိတို့ဒေသမှထွက်ခွာသွားတော်မူရန် တောင်းပန်ကြ၏။