< ܠܘܩܘܣ 8 >

ܘܗܘܐ ܡܢ ܒܬܪ ܗܠܝܢ ܡܬܟܪܟ ܗܘܐ ܝܫܘܥ ܒܡܕܝܢܬܐ ܘܒܩܘܪܝܐ ܘܡܟܪܙ ܗܘܐ ܘܡܤܒܪ ܡܠܟܘܬܐ ܕܐܠܗܐ ܘܬܪܥܤܪܬܗ ܥܡܗ 1
ကာ​လ​အ​နည်း​ငယ်​ကြာ​သော်​ကိုယ်​တော်​သည် မြို့​ရွာ​များ​ကို​ဖြတ်​ကြွ​လျက် ဘု​ရား​သ​ခင် နိုင်​ငံ​တော်​အ​ကြောင်း​သ​တင်း​ကောင်း​ကို​ဟော ပြော​တော်​မူ​၏။-
ܘܢܫܐ ܗܠܝܢ ܕܐܬܐܤܝ ܡܢ ܟܘܪܗܢܐ ܘܡܢ ܪܘܚܐ ܒܝܫܬܐ ܡܪܝܡ ܕܡܬܩܪܝܐ ܡܓܕܠܝܬܐ ܗܝ ܕܫܒܥܐ ܫܐܕܝܢ ܢܦܩܘ ܡܢܗ 2
တစ်​ကျိပ်​နှစ်​ပါး​သော​တ​မန်​တော်​တို့​သည်​ကိုယ်​တော် နှင့်​အ​တူ​လိုက်​ပါ​လာ​ကြ​၏။ အ​နာ​ရော​ဂါ​ဘေး၊ နတ်​မိစ္ဆာ​ဘေး​မှ​ကိုယ်​တော်​ကင်း​လွတ်​စေ​ခဲ့​သော အ​မျိုး​သ​မီး​အ​ချို့​တို့​လည်း​လိုက်​ပါ​လာ​ကြ​၏။ ထို​သူ​တို့​အ​နက်​နတ်​မိစ္ဆာ​ခု​နစ်​ဖော်​စွန့်​ခွာ​သွား သော​မာ​ဂ​ဒ​လ​မြို့​သူ​မာ​ရိ၊-
ܘܝܘܚܢ ܐܢܬܬ ܟܘܙܐ ܪܒܝܬܗ ܕܗܪܘܕܤ ܘܫܘܫܢ ܘܐܚܪܢܝܬܐ ܤܓܝܐܬܐ ܐܝܠܝܢ ܕܡܫܡܫܢ ܗܘܝ ܠܗܘܢ ܡܢ ܩܢܝܢܝܗܝܢ 3
ဟေ​ရုဒ်​မင်း​၏​အိမ်​ထောင်​အုပ်​ချုပ်​ရေး​မှူး​ခု​ဇ​၏ ဇ​နီး​ယော​ဟန္န၊ ရှု​ရှန္န​နှင့်​အ​ခြား​အ​မျိုး​သ​မီး များ​ပါ​၏။ ဤ​အ​မျိုး​သမီး​များ​သည်​မိ​မိ​တို့ စ​ရိတ်​ဖြင့်​ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​အား လုပ်​ကျွေး​သ​မှု​ပြု​ကြ​၏။
ܘܟܕ ܟܢܫܐ ܤܓܝܐܐ ܟܢܫ ܗܘܐ ܘܡܢ ܟܠ ܡܕܝܢܢ ܐܬܝܢ ܗܘܘ ܠܘܬܗ ܐܡܪ ܒܡܬܠܐ 4
အ​မြို့​မြို့​မှ​လာ​ကြ​သော​လူ​အ​ပေါင်း​တို့​သည် အ​ထံ​တော်​တွင်​စု​ရုံး​လျက်​နေ​ကြ​စဉ်​ကိုယ် တော်​သည်​ပုံ​ဥ​ပ​မာ​ဆောင်​၍၊-
ܢܦܩ ܙܪܘܥܐ ܠܡܙܪܥ ܙܪܥܗ ܘܟܕ ܙܪܥ ܐܝܬ ܕܢܦܠ ܥܠ ܝܕ ܐܘܪܚܐ ܘܐܬܕܝܫ ܘܐܟܠܬܗ ܦܪܚܬܐ 5
``မျိုး​ကြဲ​သူ​သည်​မျိုး​ကြဲ​ရန်​ထွက်​သွား​၏။ မျိုး​ကြဲ သော​အ​ခါ​အ​ချို့​မျိုး​စေ့​များ​သည်​လမ်း​တွင်​ကျ​၏။ ထို​မျိုး​စေ့​တို့​ကို​လူ​များ​ကျော်​နင်း​၍​ငှက်​များ ကောက်​စား​ကြ​၏။-
ܘܐܚܪܢܐ ܢܦܠ ܥܠ ܫܘܥܐ ܘܒܪ ܫܥܬܗ ܝܥܐ ܘܕܠܝܬ ܗܘܐ ܠܗ ܬܠܝܠܘܬܐ ܝܒܫ 6
အ​ချို့​မျိုး​စေ့​များ​သည်​ကျောက်​မြေ​ပေါ်​တွင်​ကျ ၏။ အ​ပင်​များ​ပေါက်​ပြီး​နောက်​ရေ​မ​ရ​သ​ဖြင့် ညှိုး​နွမ်း​ခြောက်​သွေ့​ကုန်​၏။-
ܘܐܚܪܢܐ ܢܦܠ ܒܝܬ ܟܘܒܐ ܘܝܥܘ ܥܡܗ ܟܘܒܐ ܘܚܢܩܘܗܝ 7
အ​ချို့​မျိုး​စေ့​များ​သည်​ဆူး​တော​တွင်​ကျ​၏။ ဆူး​ပင် များ​သည်​အ​ပင်​ငယ်​များ​နှင့်​အ​တူ​ကြီး​ထွား​လာ ပြီး​လျှင်​ထို​အ​ပင်​ငယ်​တို့​ကို​လွှမ်း​မိုး​သွား​၏။-
ܘܐܚܪܢܐ ܢܦܠ ܒܐܪܥܐ ܛܒܬܐ ܘܫܦܝܪܬܐ ܘܝܥܐ ܘܥܒܕ ܦܐܪܐ ܚܕ ܒܡܐܐ ܗܠܝܢ ܟܕ ܐܡܪ ܩܥܐ ܗܘܐ ܕܡܢ ܕܐܝܬ ܠܗ ܐܕܢܐ ܕܢܫܡܥ ܢܫܡܥ 8
အ​ချို့​မျိုး​စေ့​များ​ကား​မြေ​ကောင်း​မြေ​သန့်​တွင်​ကျ သ​ဖြင့်​အ​ပင်​ပေါက်​၍​အ​ဆ​တစ်​ရာ​သီး​နှံ​များ​ကို ဖြစ်​ပွား​စေ​၏'' ဟု​မိန့်​တော်​မူ​၏။ ထို​နောက် ``ကြား တတ်​သော​နား​ရှိ​သူ​တို့​ကြား​ကြ​ကုန်​လော့'' ဟု ကြွေး​ကြော်​တော်​မူ​၏။
ܘܫܐܠܘܗܝ ܬܠܡܝܕܘܗܝ ܕܡܢܘ ܡܬܠܐ ܗܢܐ 9
တ​ပည့်​တော်​တို့​သည်​ဤ​ပုံ​ဥ​ပ​မာ​၏​အ​နက် အ​ဋ္ဌိပ္ပါယ်​ကို​ကိုယ်​တော်​အား​မေး​လျှောက်​ကြ​၏။-
ܗܘ ܕܝܢ ܐܡܪ ܠܗܘܢ ܠܟܘܢ ܗܘ ܝܗܝܒ ܠܡܕܥ ܐܪܙܐ ܕܡܠܟܘܬܗ ܕܐܠܗܐ ܠܗܢܘܢ ܕܝܢ ܫܪܟܐ ܒܦܠܐܬܐ ܡܬܐܡܪ ܕܟܕ ܚܙܝܢ ܠܐ ܢܚܙܘܢ ܘܟܕ ܫܡܥܝܢ ܠܐ ܢܤܬܟܠܘܢ 10
၁၀ကိုယ်​တော်​က ``သင်​တို့​သည်​ဘု​ရား​သ​ခင်​၏ နိုင်​ငံ​တော်​နှင့်​ဆိုင်​သော​နက်​နဲ​သည့်​အ​ကြောင်း အ​ရာ​များ​ကို​သိ​နား​လည်​ရ​ကြ​၏။ အ​ခြား သူ​တို့​မူ​ကား​ကြည့်​လျက်​နှင့်​မ​မြင်၊ ကြား​လျက် နှင့်​နား​မ​လည်၊ ပုံ​ဥ​ပ​မာ​များ​အား​ဖြင့်​ဟော​ရ​၏။
ܗܢܘ ܕܝܢ ܡܬܠܐ ܙܪܥܐ ܐܝܬܘܗܝ ܡܠܬܐ ܕܐܠܗܐ 11
၁၁``ဤ​ပုံ​ဥ​ပ​မာ​၏​အ​နက်​အ​ဋ္ဌိပ္ပါယ်​ကား​ဤ​သို့ တည်း။ မျိုး​စေ့​သည်​ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ် တော်​ကို​ဆို​လို​၏။-
ܗܢܘܢ ܕܝܢ ܕܥܠ ܝܕ ܐܘܪܚܐ ܐܝܬܝܗܘܢ ܗܢܘܢ ܕܫܡܥܝܢ ܡܠܬܐ ܘܐܬܐ ܒܥܠܕܒܒܐ ܫܩܠ ܡܠܬܐ ܡܢ ܠܒܗܘܢ ܕܠܐ ܢܗܝܡܢܘܢ ܘܢܚܘܢ 12
၁၂လမ်း​မြေ​တွင်​ကျ​သည့်​မျိုး​စေ့​သည်​နှုတ်​က​ပတ် တ​ရား​တော်​ကို​ကြား​သူ​များ​ကို​ဆို​လို​၏။ သို့ ရာ​တွင်​မာရ်​နတ်​သည်​ထို​သူ​တို့​ယုံ​ကြည်​၍ ကယ် တင်​ခြင်း​ခံ​ရ​ကြ​မည်​စိုး​သ​ဖြင့်​လာ​၍ သူ​တို့​၏ စိတ်​နှ​လုံး​ထဲ​မှ​နှုတ်​က​ပတ်​တ​ရား​တော်​ကို နုတ်​ယူ​သွား​၏။-
ܗܠܝܢ ܕܝܢ ܕܥܠ ܫܘܥܐ ܗܠܝܢ ܐܢܘܢ ܕܡܐ ܕܫܡܥܘ ܒܚܕܘܬܐ ܡܩܒܠܝܢ ܠܗ ܠܡܠܬܐ ܘܥܩܪܐ ܠܝܬ ܠܗܘܢ ܐܠܐ ܕܙܒܢܐ ܗܝ ܗܝܡܢܘܬܗܘܢ ܘܒܙܒܢ ܢܤܝܘܢܐ ܡܬܟܫܠܝܢ 13
၁၃ကျောက်​မြေ​တွင်​ကျ​သည့်​မျိုး​စေ့​သည်​နှုတ်​က​ပတ် တ​ရား​တော်​ကို​ကြား​သော​အ​ခါ ဝမ်း​မြောက်​စွာ ယုံ​ကြည်​ခံ​ယူ​သူ​များ​ကို​ဆို​လို​သည်။ သို့​ရာ​တွင် သူ​တို့​၏​စိတ်​နှ​လုံး​တွင်​နှုတ်​က​ပတ်​တော်​သည် အ​မြစ်​မ​စွဲ။ ကာ​လ​အ​နည်း​ငယ်​သာ​ယုံ​ကြည် လက်​ခံ​၏။ သို့​ရာ​တွင်​စုံ​စမ်း​နှောင့်​ယှက်​ခြင်း​တွေ့ သော​အ​ခါ​သူ​တို့​သည်​ဖောက်​ပြန်​သူ​များ ဖြစ်​ကြ​၏။-
ܗܘ ܕܝܢ ܕܢܦܠ ܒܝܬ ܟܘܒܐ ܗܠܝܢ ܐܢܘܢ ܐܝܠܝܢ ܕܫܡܥܝܢ ܡܠܬܐ ܘܒܨܦܬܐ ܘܒܥܘܬܪܐ ܘܒܪܓܝܓܬܗ ܕܥܠܡܐ ܡܬܚܢܩܝܢ ܘܦܐܪܐ ܠܐ ܝܗܒܝܢ 14
၁၄ဆူး​တော​တွင်​ကျ​သည့်​မျိုး​စေ့​ကား​နှုတ်​က​ပတ် တ​ရား​တော်​ကို​ကြား​ပြီး​နောက်​စိုး​ရိမ်​ကြောင့် ကြ​မှု၊ ချမ်း​သာ​ကြွယ်​ဝ​မှု၊ ကာ​မ​ဂုဏ်​ခံ​စား​မှု များ​က​လွှမ်း​မိုး​သ​ဖြင့်​အောင်​မြင်​သော​အ​သီး မ​သီး​နိုင်​သူ​များ​ကို​ဆို​လို​၏။-
ܗܘ ܕܝܢ ܕܒܐܪܥܐ ܛܒܬܐ ܗܠܝܢ ܐܢܘܢ ܐܝܠܝܢ ܕܒܠܒܐ ܫܦܝܐ ܘܛܒܐ ܫܡܥܝܢ ܡܠܬܐ ܘܐܚܕܝܢ ܘܝܗܒܝܢ ܦܐܪܐ ܒܡܤܝܒܪܢܘܬܐ 15
၁၅မြေ​ကောင်း​မြေ​သန့်​တွင်​ကျ​သော​မျိုး​စေ့​မူ​ကား နှုတ်​က​ပတ်​တော်​ကို​ကြား​ပြီး​နောက် ရိုး​ဖြောင့် ကောင်း​မွန်​သော​စိတ်​နှ​လုံး​တွင်​စွဲ​မြဲ​စွာ​ခံ​ယူ ကာ​အ​သီး​သီး​သူ​များ​ကို​ဆို​လို​သ​တည်း။
ܠܐ ܐܢܫ ܡܢܗܪ ܫܪܓܐ ܘܡܚܦܐ ܠܗ ܒܡܐܢܐ ܐܘ ܤܐܡ ܠܗ ܬܚܝܬ ܥܪܤܐ ܐܠܐ ܤܐܡ ܠܗ ܠܥܠ ܡܢ ܡܢܪܬܐ ܕܟܠ ܕܥܐܠ ܢܚܙܐ ܢܘܗܪܗ 16
၁၆``ဆီ​မီး​ကို​ထွန်း​ပြီး​လျှင်​တောင်း​ဖြင့်​အုပ်​ထား ခြင်း၊ ခု​တင်​အောက်​မှာ​ထား​ခြင်း​ကို​အ​ဘယ်​သူ မျှ​မ​ပြု​တတ်။ အ​ခန်း​ထဲ​သို့​ဝင်​လာ​သူ​များ အ​လင်း​ကို​မြင်​စေ​ရန်​ဆီ​မီး​ခုံ​ပေါ်​မှာ​သာ တင်​ထား​တတ်​ကြ​၏။
ܠܝܬ ܓܝܪ ܡܕܡ ܕܟܤܐ ܕܠܐ ܢܬܓܠܐ ܘܠܐ ܕܡܛܫܝ ܕܠܐ ܢܬܝܕܥ ܘܢܐܬܐ ܠܓܠܝܐ 17
၁၇``ကွယ်​ဝှက်​ထား​သော​အ​ရာ​ဟူ​သ​မျှ​သည်​ပေါ် လာ​ရ​မည်။ ဖုံး​အုပ်​ထား​သော​အ​ရာ​ဟူ​သ​မျှ သည်​ပေါ်​လွင်​ထင်​ရှား​လာ​ရ​မည်။
ܚܙܘ ܐܝܟܢܐ ܫܡܥܬܘܢ ܡܢ ܕܐܝܬ ܠܗ ܓܝܪ ܢܬܝܗܒ ܠܗ ܘܡܢ ܕܠܝܬ ܠܗ ܐܦ ܗܘ ܕܤܒܪ ܕܐܝܬ ܠܗ ܢܫܬܩܠ ܡܢܗ 18
၁၈``သို့​ဖြစ်​၍​သင်​တို့​မည်​သို့​မည်​ပုံ​ကြား​နာ​သည် ကို​သ​တိ​ပြု​ကြ​လော့။ ရှိ​သူ​အား​ထပ်​၍​ပေး လိမ့်​မည်။ မ​ရှိ​သူ​ထံ​မှ​ရှိ​သည်​ဟု​ထင်​ရ​သော အ​ရာ​ရှိ​သ​မျှ​ကို​ပင်​သိမ်း​ယူ​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။
ܐܬܘ ܕܝܢ ܠܘܬܗ ܐܡܗ ܘܐܚܘܗܝ ܘܠܐ ܡܫܟܚܝܢ ܗܘܘ ܕܢܡܠܠܘܢ ܥܡܗ ܡܛܠ ܟܢܫܐ 19
၁၉ကိုယ်​တော်​၏​မယ်​တော်​နှင့်​ညီ​တော်​များ​သည် အ​ထံ​တော်​သို့​လာ​ကြ​၏။ သို့​ရာ​တွင်​လူ​ပ​ရိ သတ်​တိုး​မ​ပေါက်​သ​ဖြင့်​ကိုယ်​တော်​အား​တွေ့ ခွင့်​မ​ရ​နိုင်​ကြ။-
ܘܐܡܪܘ ܠܗ ܐܡܟ ܘܐܚܝܟ ܩܝܡܝܢ ܠܒܪ ܘܨܒܝܢ ܠܡܚܙܝܟ 20
၂၀လူ​တို့​က ``မယ်​တော်​နှင့်​ညီ​တော်​များ​သည်​အ​ရှင့် ကို​တွေ့​လို​သ​ဖြင့်​အ​ပြင်​တွင်​စောင့်​နေ​ကြ​ပါ သည်'' ဟု​လျှောက်​ကြ​၏။
ܗܘ ܕܝܢ ܥܢܐ ܘܐܡܪ ܠܗܘܢ ܗܠܝܢ ܐܢܘܢ ܐܡܝ ܘܐܚܝ ܐܝܠܝܢ ܕܫܡܥܝܢ ܡܠܬܐ ܕܐܠܗܐ ܘܥܒܕܝܢ ܠܗ 21
၂၁ထို​အ​ခါ​ကိုယ်​တော်​က ``ဘု​ရား​သ​ခင်​၏​နှုတ် က​ပတ်​တော်​ကို​ကြား​၍​လိုက်​လျှောက်​သူ​တို့​ကား ငါ​၏​အ​မိ၊ ငါ​၏​ညီ​များ​ပေ​တည်း'' ဟု​မိန့်​တော် မူ​၏။
ܗܘܐ ܕܝܢ ܒܚܕ ܡܢ ܝܘܡܬܐ ܤܠܩ ܝܫܘܥ ܝܬܒ ܒܤܦܝܢܬܐ ܗܘ ܘܬܠܡܝܕܘܗܝ ܘܐܡܪ ܠܗܘܢ ܢܥܒܪ ܠܗܘ ܥܒܪܐ ܕܝܡܬܐ 22
၂၂တစ်​နေ့​သ​၌​ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည် လှေ​ပေါ်​ကို​တက်​ကြ​၏။ ထို​နောက်​ကိုယ်​တော်​က ``အိုင် တစ်​ဖက်​ကို​ကူး​ကြ​ကုန်​အံ့'' ဟု​မိန့်​တော်​မူ​သ​ဖြင့် တ​ပည့်​တော်​တို့​သည်​ရွက်​လွှင့်​ကြ​၏။-
ܘܟܕ ܪܕܝܢ ܕܡܟ ܠܗ ܗܘ ܝܫܘܥ ܘܗܘܬ ܥܠܥܠܐ ܕܪܘܚܐ ܒܝܡܬܐ ܘܩܪܝܒܐ ܗܘܬ ܤܦܝܢܬܐ ܠܡܛܒܥ 23
၂၃သို့​ရွက်​လွှင့်​ကြ​စဉ်​ကိုယ်​တော်​သည်​အိပ်​စက်​လျက် နေ​တော်​မူ​၏။ ထို​အ​ချိန်​၌​အိုင်​တွင်​လေ​မုန်​တိုင်း ကျ​သ​ဖြင့်​လှေ​သည်​ရေ​နှင့်​ပြည့်​လု​မ​တတ်​ရှိ လေ​၏။ တ​ပည့်​တော်​တို့​သည်​ရေ​နစ်​မည့်​ဘေး​နှင့် တွေ့​ကြုံ​ရ​ကြ​၏။-
ܘܩܪܒܘ ܐܥܝܪܘܗܝ ܘܐܡܪܝܢ ܠܗ ܪܒܢ ܪܒܢ ܐܒܕܝܢܢ ܗܘ ܕܝܢ ܩܡ ܘܟܐܐ ܒܪܘܚܐ ܘܒܡܚܫܘܠܐ ܕܝܡܐ ܘܢܚܘ ܘܗܘܐ ܫܠܝܐ 24
၂၄သူ​တို့​သည်​ကိုယ်​တော်​ကို​နှိုး​ပြီး​လျှင် ``အ​ရှင်၊ အ​ရှင်၊ အ​ကျွန်ုပ်​တို့​သေ​ကြ​ပါ​တော့​မည်'' ဟု ဆို​ကြ​၏။ ကိုယ်​တော်​သည်​အိပ်​စက်​ရာ​က​ထ​တော်​မူ​၍ လေ​နှင့်​လှိုင်း​များ​ကို​ဟန့်​တား​တော်​မူ​သ​ဖြင့် လေ​နှင့်​လှိုင်း​များ​သည်​ငြိမ်​သက်​သွား​လေ​၏။-
ܘܐܡܪ ܠܗܘܢ ܐܝܟܐ ܗܝ ܗܝܡܢܘܬܟܘܢ ܗܢܘܢ ܕܝܢ ܟܕ ܕܚܝܠܝܢ ܡܬܕܡܪܝܢ ܗܘܘ ܘܐܡܪܝܢ ܚܕ ܠܚܕ ܡܢܘ ܟܝ ܗܢܐ ܕܐܦ ܠܪܘܚܐ ܦܩܕ ܘܠܡܚܫܘܠܐ ܘܠܝܡܐ ܘܡܫܬܡܥܝܢ ܠܗ 25
၂၅ကိုယ်​တော်​က ``သင်​တို့​သည်​ယုံ​ကြည်​ခြင်း မ​ရှိ​ကြ​သ​လော'' ဟု​တ​ပည့်​တော်​တို့​အား မေး​တော်​မူ​၏။ တ​ပည့်​တော်​တို့​သည်​ကြောက်​ရွံ့​အံ့​သြ​လျက် ``ဤ သူ​ကား​အ​ဘယ်​သူ​နည်း။ လေ​နှင့်​လှိုင်း​များ​ကို ပင်​အ​မိန့်​ပေး​၍​သူ​တို့​သည်​လိုက်​နာ​ကြ​ပါ သည်​တ​ကား'' ဟု​အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။
ܘܪܕܘ ܘܐܬܘ ܠܐܬܪܐ ܕܓܕܪܝܐ ܕܐܝܬܘܗܝ ܒܥܒܪܐ ܠܘܩܒܠ ܓܠܝܠܐ 26
၂၆ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည်​ဂါ​ရ​စ​နယ် သို့​ရွက်​လွှင့်​ကြ​၏။ ဂါ​ရ​စ​သည်​ဂါ​လိ​လဲ​ပြည် အိုင်​တစ်​ဖက်​ကမ်း​တွင်​ရှိ​၏။-
ܘܟܕ ܢܦܩ ܠܐܪܥܐ ܦܓܥ ܒܗ ܓܒܪܐ ܚܕ ܡܢ ܡܕܝܢܬܐ ܕܐܝܬ ܒܗ ܕܝܘܐ ܡܢ ܙܒܢܐ ܤܓܝܐܐ ܘܡܐܢܐ ܠܐ ܠܒܫ ܗܘܐ ܘܒܒܝܬܐ ܠܐ ܥܡܪ ܗܘܐ ܐܠܐ ܒܒܝܬ ܩܒܘܪܐ 27
၂၇ကိုယ်​တော်​သည်​ကမ်း​ပေါ်​သို့​တက်​သော​အ​ခါ မြို့​သား​တစ်​ဦး​သည်​ကိုယ်​တော်​ကို​လာ​ရောက် တွေ့​ဆုံ​၏။ ထို​သူ​ကို​နတ်​မိစ္ဆာ​ပူး​ကပ်​နေ​သည် မှာ​ကာ​လ​ကြာ​လေ​ပြီ။ သူ​သည်​အ​ဝတ်​ကို မ​ဝတ်၊ အိမ်​တွင်​လည်း​မ​နေ၊ သင်္ချိုင်း​ဂူ​များ တွင်​သာ​နေ​၏။-
ܟܕ ܚܙܐ ܕܝܢ ܠܝܫܘܥ ܩܥܐ ܘܢܦܠ ܩܕܡܘܗܝ ܘܒܩܠܐ ܪܡܐ ܐܡܪ ܡܐ ܠܢ ܘܠܟ ܝܫܘܥ ܒܪܗ ܕܐܠܗܐ ܡܪܝܡܐ ܒܥܐ ܐܢܐ ܡܢܟ ܠܐ ܬܫܢܩܢܝ 28
၂၈သ​ခင်​ယေ​ရှု​ကို​မြင်​လျှင်​သူ​သည်​အော်​ဟစ်​ပြီး လျှင်​ရှေ့​တော်​မှာ​ပျပ်​ဝပ်​လျက် ``အ​မြင့်​မြတ်​ဆုံး သော​ဘု​ရား​၏​သား​တော်​ယေ​ရှု၊ အ​ရှင်​သည် အ​ကျွန်ုပ်​အား​ညှဉ်း​ဆဲ​တော်​မ​မူ​ပါ​နှင့်'' ဟု ကျယ်​စွာ​လျှောက်​ထား​၏။-
ܦܩܕ ܗܘܐ ܠܗ ܓܝܪ ܝܫܘܥ ܠܪܘܚܐ ܛܢܦܐ ܠܡܦܩ ܡܢ ܒܪܢܫܐ ܤܓܝ ܗܘܐ ܓܝܪ ܙܒܢܐ ܡܢ ܕܫܒܐ ܗܘܐ ܠܗ ܘܡܬܐܤܪ ܗܘܐ ܒܫܫܠܬܐ ܘܒܟܒܠܐ ܡܬܢܛܪ ܗܘܐ ܘܡܦܤܩ ܗܘܐ ܐܤܘܪܘܗܝ ܘܡܬܕܒܪ ܗܘܐ ܡܢ ܫܐܕܐ ܠܚܘܪܒܐ 29
၂၉သို့​လျှောက်​ထား​ရ​သည့်​အ​ကြောင်း​မှာ​ကိုယ်​တော် သည်​ညစ်​ညမ်း​သော​နတ်​အား​ထို​သူ​၏​အ​ထဲ​မှ ထွက်​ခဲ့​ရန်​အ​မိန့်​ပေး​လိုက်​သော​ကြောင့်​ဖြစ်​၏။ နတ်​မိစ္ဆာ​သည်​ထို​သူ​ကို​ကြိမ်​ဖန်​များ​စွာ​ပူး​ကပ် ခဲ့​၏။ သူ​၏​ခြေ​လက်​တို့​ကို​သံ​ကြိုး​များ​ဖြင့် ချည်​နှောင်​ဖမ်း​ချုပ်​စောင့်​ကြပ်​ထား​သော်​လည်း သူ​သည်​သံ​ကြိုး​များ​ကို​ချိုး​ဖြတ်​၍​တော ကန္တာ​ရ​သို့​ထွက်​ပြေး​တတ်​၏။
ܫܐܠܗ ܕܝܢ ܝܫܘܥ ܡܢ ܫܡܟ ܐܡܪ ܠܗ ܠܓܝܘܢ ܡܛܠ ܕܕܝܘܐ ܤܓܝܐܐ ܥܠܝܠܝܢ ܗܘܘ ܒܗ 30
၃၀သ​ခင်​ယေ​ရှု​က​နတ်​မိစ္ဆာ​အား ``သင့်​နာ​မည် ကား​အ​ဘယ်​နည်း'' ဟု​မေး​တော်​မူ​၏။ ``အ​ကျွန်ုပ်​နာ​မည်​မှာ​လေ​ဂေါင်​ဖြစ်​ပါ​သည်'' ဟု ပြန်​၍​လျှောက်​၏။ ဤ​သို့​လျှောက်​ရ​သည့်​အ​ကြောင်း မှာ​ထို​သူ​အား​နတ်​မိစ္ဆာ​များ​စွာ​ပူး​ကပ်​နေ​သော ကြောင့်​ဖြစ်​၏။-
ܘܒܥܝܢ ܗܘܘ ܡܢܗ ܕܠܐ ܢܦܩܘܕ ܠܗܘܢ ܠܡܐܙܠ ܠܬܗܘܡܐ (Abyssos g12) 31
၃၁နတ်​မိစ္ဆာ​တို့​သည် ``အ​ကျွန်ုပ်​တို့​အား​တွင်း​နက်​ကြီး ထဲ​သို့​လား​စေ​ရန်​အ​မိန့်​ပေး​တော်​မ​မူ​ပါ​နှင့်'' ဟု​တောင်း​ပန်​ကြ​၏။ (Abyssos g12)
ܐܝܬ ܗܘܐ ܕܝܢ ܬܡܢ ܒܩܪܐ ܕܚܙܝܪܐ ܤܓܝܐܐ ܕܪܥܝܐ ܒܛܘܪܐ ܘܒܥܝܢ ܗܘܘ ܡܢܗ ܕܢܦܤ ܠܗܘܢ ܕܒܚܙܝܪܐ ܢܥܠܘܢ ܘܐܦܤ ܠܗܘܢ 32
၃၂ထို​အ​ချိန်​၌​ဝက်​အုပ်​ကြီး​တစ်​အုပ်​သည်​တောင်​ကုန်း ပေါ်​တွင်​ကျက်​စား​လျက်​ရှိ​၏။ နတ်​မိစ္ဆာ​များ​သည် ထို​ဝက်​များ​ကို​ပူး​ဝင်​ခွင့်​ပြု​ရန်​ကိုယ်​တော်​အား တောင်း​ပန်​ကြ​၏။-
ܘܢܦܩܘ ܫܐܕܐ ܡܢ ܓܒܪܐ ܘܥܠܘ ܒܚܙܝܪܐ ܘܬܪܨܬ ܒܩܪܐ ܗܝ ܟܠܗ ܠܫܩܝܦܐ ܘܢܦܠܘ ܒܝܡܬܐ ܘܐܬܚܢܩܘ 33
၃၃ကိုယ်​တော်​ခွင့်​ပြု​တော်​မူ​သ​ဖြင့်​နတ်​မိစ္ဆာ​များ​သည် လူ​မှ​ခွာ​၍​ဝက်​များ​ကို​ပူး​ဝင်​ကြ​၏။ ထို​အ​ခါ ဝက်​အုပ်​တစ်​အုပ်​လုံး​သည်​အိုင်​ကမ်း​စောက်​ကို တစ်​ဟုန်​တည်း​ပြေး​ဆင်း​ပြီး​လျှင်​ရေ​နစ်​သေ ဆုံး​ကြ​ကုန်​၏။
ܟܕ ܚܙܘ ܕܝܢ ܪܥܘܬܐ ܡܕܡ ܕܗܘܐ ܥܪܩܘ ܘܐܫܬܥܝܘ ܒܡܕܝܢܬܐ ܘܒܩܘܪܝܐ 34
၃၄ဤ​သို့​ဖြစ်​ပျက်​သည့်​အ​ခြင်း​အ​ရာ​ကို​ဝက်​ထိန်း တို့​မြင်​သော​အ​ခါ​ထွက်​ပြေး​ကြ​၏။ သူ​တို့​သည် မြို့​နှင့်​ကျေး​လက်​တော​ရွာ​များ​တွင်​ထို​အ​ဖြစ် အ​ပျက်​အ​ကြောင်း​ကို​အ​နှံ့​အ​ပြား​ပြော​ကြား ကြ​၏။-
ܘܢܦܩܘ ܐܢܫܐ ܕܢܚܙܘܢ ܡܕܡ ܕܗܘܐ ܘܐܬܘ ܠܘܬ ܝܫܘܥ ܘܐܫܟܚܘܗܝ ܠܓܒܪܐ ܗܘ ܕܢܦܩܘ ܫܐܕܘܗܝ ܟܕ ܠܒܝܫ ܘܡܢܟܦ ܘܝܬܒ ܠܘܬ ܪܓܠܘܗܝ ܕܝܫܘܥ ܘܕܚܠܘ 35
၃၅လူ​တို့​သည်​ထို​အ​ဖြစ်​အ​ပျက်​ကို​ကြည့်​ရန်​လာ ကြ​၏။ သ​ခင်​ယေ​ရှု​၏​ထံ​တော်​သို့​ရောက်​ကြ​သော် နတ်​မိစ္ဆာ​များ​စွန့်​ခွာ​သွား​သူ​သည်​အ​ဝတ်​ဝတ် လျက် သ​ခင်​ယေ​ရှု​၏​ခြေ​တော်​ရင်း​မှာ​အ​ကောင်း ပ​က​တိ​ထိုင်​လျက်​နေ​သည်​ကို​မြင်​ကြ​လျှင် ကြောက်​ရွံ့​ကြ​၏။-
ܘܐܫܬܥܝܘ ܠܗܘܢ ܐܝܠܝܢ ܕܚܙܘ ܐܝܟܢܐ ܐܬܐܤܝ ܓܒܪܐ ܗܘ ܕܝܘܢܐ 36
၃၆မျက်​မြင်​သက်​သေ​များ​က​လည်း​ထို​သူ​နတ်​မိစ္ဆာ ဘေး​မှ​ကင်း​လွတ်​လာ​ပုံ​ကို​လူ​တို့​အား​ပြော​ပြ ကြ​၏။-
ܘܒܥܝܢ ܗܘܘ ܡܢܗ ܟܠܗ ܟܢܫܐ ܕܓܕܪܝܐ ܕܢܐܙܠ ܠܗ ܡܢ ܠܘܬܗܘܢ ܡܛܠ ܕܕܚܠܬܐ ܪܒܬܐ ܐܚܕܬ ܐܢܘܢ ܗܘ ܕܝܢ ܝܫܘܥ ܤܠܩ ܠܤܦܝܢܬܐ ܘܗܦܟ ܡܢ ܠܘܬܗܘܢ 37
၃၇ထို​အ​ခါ​ဂါ​ရ​စ​နယ်​က​လူ​အ​ပေါင်း​တို့ သည်​လွန်​စွာ​ကြောက်​လန့်​ကြ​သ​ဖြင့် မိ​မိ​တို့ အ​ရပ်​မှ​ထွက်​ခွာ​သွား​တော်​မူ​ပါ​ရန်​ကိုယ်​တော် အား​တောင်း​ပန်​ကြ​၏။ သို့​ဖြစ်​၍​ကိုယ်​တော်​သည် လှေ​ပေါ်​သို့​တက်​၍​ထို​အ​ရပ်​မှ​ထွက်​ခွာ​တော် မူ​၏။-
ܗܘ ܕܝܢ ܓܒܪܐ ܕܢܦܩܘ ܡܢܗ ܫܐܕܐ ܒܥܐ ܗܘܐ ܡܢܗ ܕܠܘܬܗ ܢܗܘܐ ܘܫܪܝܗܝ ܝܫܘܥ ܘܐܡܪ ܠܗ 38
၃၈နတ်​မိစ္ဆာ​များ​စွန့်​ခွာ​သွား​သူ​သည်​မိ​မိ​အား ကိုယ်​တော်​နှင့်​အ​တူ​လိုက်​ခွင့်​ပြု​ရန်​ပန်​ကြား​၏။-
ܗܦܘܟ ܠܒܝܬܟ ܘܐܫܬܥܐ ܡܕܡ ܕܥܒܕ ܠܟ ܐܠܗܐ ܘܐܙܠ ܘܡܟܪܙ ܗܘܐ ܒܟܠܗ ܡܕܝܢܬܐ ܡܕܡ ܕܥܒܕ ܠܗ ܝܫܘܥ 39
၃၉သို့​ရာ​တွင်​ကိုယ်​တော်​က ``အိမ်​သို့​ပြန်​၍​ဘု​ရား သ​ခင်​သည် သင့်​အား​မည်​မျှ​ကျေး​ဇူး​ပြု​တော် မူ​ကြောင်း​ကို​ပြော​ကြား​လော့'' ဟု​မိန့်​တော်​မူ​၏။ ထို​သူ​သည်​အ​ထံ​တော်​မှ​ထွက်​သွား​ပြီး​လျှင် မိ​မိ​အား​သ​ခင်​ယေ​ရှု​မည်​သို့​ကျေး​ဇူး​ပြု တော်​မူ​ကြောင်း​ကို​တစ်​မြို့​လုံး​အ​နှံ့​အ​ပြား ပြော​ကြား​လေ​သည်။
ܟܕ ܗܦܟ ܕܝܢ ܝܫܘܥ ܩܒܠܗ ܟܢܫܐ ܤܓܝܐܐ ܟܠܗܘܢ ܓܝܪ ܠܗ ܚܝܪܝܢ ܗܘܘ 40
၄၀သ​ခင်​ယေ​ရှု​ပြန်​လည်​ကြွ​လာ​တော်​မူ​သော​အ​ခါ လူ​ပ​ရိ​သတ်​တို့​သည်​ကိုယ်​တော်​ကို​စောင့်​မျှော်​နေ ကြ​သည့်​အ​လျောက်​ခ​ရီး​ဦး​ကြို​ပြု​ကြ​၏။-
ܘܓܒܪܐ ܚܕ ܕܫܡܗ ܝܘܐܪܫ ܪܝܫ ܟܢܘܫܬܐ ܢܦܠ ܩܕܡ ܪܓܠܘܗܝ ܕܝܫܘܥ ܘܒܥܐ ܗܘܐ ܡܢܗ ܕܢܥܘܠ ܠܒܝܬܗ 41
၄၁ထို​အ​ခါ​ယာ​ဣ​ရု​ဆို​သူ​သည်​ထံ​တော်​သို့​ရောက် လာ​၏။ သူ​သည်​တ​ရား​ဇ​ရပ်​အုပ်​ချုပ်​ရေး​မှူး​ဖြစ် ၏။ ကိုယ်​တော်​၏​ခြေ​တော်​ရင်း​မှာ​ပျပ်​ဝပ်​ကာ​သူ ၏​အိမ်​သို့​ကြွ​တော်​မူ​ရန် ကိုယ်​တော်​အား​တောင်း ပန်​၏။-
ܒܪܬܐ ܓܝܪ ܝܚܝܕܝܬܐ ܐܝܬ ܗܘܬ ܠܗ ܐܝܟ ܒܪܬ ܫܢܝܢ ܬܪܬܥܤܪܐ ܘܩܪܝܒܐ ܗܘܬ ܠܡܡܬ ܘܟܕ ܐܙܠ ܥܡܗ ܗܘ ܝܫܘܥ ܟܢܫܐ ܤܓܝܐܐ ܚܒܨ ܗܘܐ ܠܗ 42
၄၂ဤ​သို့​တောင်း​ပန်​ရ​သည့်​အ​ကြောင်း​မှာ​သူ​၏ တစ်​ဦး​တည်း​သော​တစ်​ဆယ့်​နှစ်​နှစ်​အ​ရွယ် သ​မီး​သည်​သေ​အံ့​ဆဲ​ဆဲ​ရှိ​နေ​သော​ကြောင့် ဖြစ်​၏။ ကိုယ်​တော်​သည်​သူ​နှင့်​အ​တူ​လိုက်​သွား​သော အ​ခါ​လူ​အ​ပေါင်း​တို့​သည်​ကိုယ်​တော်​ကို တိုး​ဝှေ့​မိ​ကြ​၏။-
ܐܢܬܬܐ ܕܝܢ ܚܕܐ ܕܬܪܝܥ ܗܘܐ ܕܡܗ ܫܢܝܢ ܬܪܬܥܤܪܐ ܗܝ ܕܒܝܬ ܐܤܘܬܐ ܟܠܗ ܩܢܝܢܗ ܐܦܩܬ ܘܠܐ ܐܫܟܚܬ ܕܡܢ ܐܢܫ ܬܬܐܤܐ 43
၄၃အ​မျိုး​သ​မီး​တစ်​ယောက်​သည်​တစ်​ဆယ့်​နှစ် နှစ်​ပတ်​လုံး​သွေး​သွန်​ရော​ဂါ​စွဲ​ခဲ့​၏။ မိ​မိ​တွင် ရှိ​သ​မျှ​ကြေး​ငွေ​များ​ကို​အ​ကုန်​ခံ​၍​ဆေး ဆ​ရာ​များ​နှင့်​ကု​သ​သော်​လည်း အ​ဘယ် ဆေး​ဆ​ရာ​မျှ​ရော​ဂါ​ကို​မ​ပျောက်​စေ​နိုင်။-
ܐܬܩܪܒܬ ܡܢ ܒܤܬܪܗ ܘܩܪܒܬ ܠܟܢܦܐ ܕܡܐܢܗ ܘܡܚܕܐ ܩܡܬ ܡܪܕܝܬܐ ܕܕܡܗ 44
၄၄ထို​အ​မျိုး​သ​မီး​သည်​ကိုယ်​တော်​၏​နောက်​က ကပ်​လိုက်​လျက်​အ​ဝတ်​တော်​ပန်း​ဖွား​ကို​တို့​ထိ လေ​၏။ ထို​ခ​ဏ​၌​သွေး​သွန်​နာ​ပျောက်​သွား​၏။-
ܘܐܡܪ ܝܫܘܥ ܡܢܘ ܩܪܒ ܠܝ ܘܟܕ ܟܠܗܘܢ ܟܦܪܝܢ ܐܡܪ ܠܗ ܫܡܥܘܢ ܟܐܦܐ ܘܕܥܡܗ ܪܒܢ ܟܢܫܐ ܐܠܨܝܢ ܠܟ ܘܚܒܨܝܢ ܘܐܡܪ ܐܢܬ ܡܢܘ ܩܪܒ ܠܝ 45
၄၅သ​ခင်​ယေ​ရှု​က ``ငါ့​ကို​အ​ဘယ်​သူ​တို့​ထိ သ​နည်း'' ဟု​မေး​မြန်း​တော်​မူ​၏။ လူ​အ​ပေါင်း တို့​က​မိ​မိ​တို့​မ​တို့​မ​ထိ​ရ​ကြ​ကြောင်း​ငြင်း ဆို​ကြ​သော​အ​ခါ​ပေ​တ​ရု​နှင့်​အ​ပေါင်း​အ​ဖော် များ​က ``အ​ရှင်၊ လူ​ပ​ရိ​သတ်​တို့​သည်​အ​ရှင့်​ကို တိုး​ဝှေ့​နေ​ကြ​ပါ​၏။ သို့​ပါ​လျက်​ငါ့​ကို​အ​ဘယ် သူ​တို့​ထိ​သ​နည်း​ဟု​အ​ရှင်​မိန့်​တော်​မူ​ပါ သ​လော'' ဟု​မေး​လျှောက်​ကြ​၏။
ܗܘ ܕܝܢ ܐܡܪ ܐܢܫ ܩܪܒ ܠܝ ܐܢܐ ܓܝܪ ܝܕܥܬ ܕܚܝܠܐ ܢܦܩ ܡܢܝ 46
၄၆သို့​ရာ​တွင်​သ​ခင်​ယေ​ရှု​က ``လူ​တစ်​စုံ​တစ်​ယောက် သည်​အ​မှန်​ပင်​ငါ့​ကို​တို့​ထိ​လေ​ပြီ။ ငါ​၏​ကိုယ်​မှ တန်​ခိုး​ထွက်​သွား​သည်​ကို​ငါ​သိ​၏'' ဟု​မိန့်​တော် မူ​၏။-
ܗܝ ܕܝܢ ܐܢܬܬܐ ܟܕ ܚܙܬ ܕܠܐ ܛܥܬܗ ܐܬܬ ܟܕ ܪܬܝܬܐ ܘܢܦܠܬ ܤܓܕܬ ܠܗ ܘܐܡܪܬ ܠܥܝܢ ܥܡܐ ܟܠܗ ܡܛܠ ܐܝܕܐ ܥܠܬܐ ܩܪܒܬ ܘܐܝܟܢܐ ܡܚܕܐ ܐܬܐܤܝܬ 47
၄၇အ​မျိုး​သ​မီး​သည်​မိ​မိ​ပြု​သည့်​အ​မှု​ပေါ်​သွား ကြောင်း​သိ​ရှိ​သော​အ​ခါ တုန်​လှုပ်​လျက်​ရှေ့​တော် သို့​လာ​၍​ပျပ်​ဝပ်​၏။ ထို​နောက်​ကိုယ်​တော်​အား အ​ဘယ်​ကြောင့်​တို့​ထိ​ရ​သည့်​အ​ကြောင်း​ကို လည်း​ကောင်း၊ ချက်​ချင်း​ပင်​မိ​မိ​၏​ရော​ဂါ ပျောက်​ကင်း​သွား​ကြောင်း​ကို​လည်း​ကောင်း​လူ အ​ပေါင်း​တို့​၏​ရှေ့​တွင်​လျှောက်​၏။-
ܗܘ ܕܝܢ ܝܫܘܥ ܐܡܪ ܠܗ ܐܬܠܒܒܝ ܒܪܬܝ ܗܝܡܢܘܬܟܝ ܐܚܝܬܟܝ ܙܠܝ ܒܫܠܡܐ 48
၄၈ကိုယ်​တော်​က ``ငါ့​သ​မီး၊ သင်​၏​ယုံ​ကြည်​ခြင်း သည်​သင့်​ကို​ကျန်း​မာ​စေ​ပြီ။ စိတ်​ချမ်း​သာ​စွာ သွား​ပေ​တော့'' ဟု​မိန့်​တော်​မူ​၏။
ܘܥܕ ܗܘ ܡܡܠܠ ܐܬܐ ܐܢܫ ܡܢ ܕܒܝܬ ܪܒ ܟܢܘܫܬܐ ܘܐܡܪ ܠܗ ܡܝܬܬ ܠܗ ܒܪܬܟ ܠܐ ܬܥܡܠ ܠܡܠܦܢܐ 49
၄၉ယင်း​သို့​ကိုယ်​တော်​မိန့်​တော်​မူ​ချိန်​၌​တ​ရား​ဇ​ရပ် အုပ်​ချုပ်​ရေး​မှူး​၏​အိမ်​မှ​လူ​တစ်​ယောက်​ရောက်​လာ ၏။ ``အ​ရှင်​၏​သ​မီး​သေ​ဆုံး​ပါ​ပြီ။ အ​ဘယ်​ကြောင့် ဆ​ရာ​တော်​ကို​နှောင့်​ယှက်​ပါ​တော့​မည်​နည်း'' ဟု ပြော​၏။
ܝܫܘܥ ܕܝܢ ܫܡܥ ܘܐܡܪ ܠܐܒܘܗ ܕܛܠܝܬܐ ܠܐ ܬܕܚܠ ܒܠܚܘܕ ܗܝܡܢ ܘܚܝܐ 50
၅၀ထို​စ​ကား​ကို​သ​ခင်​ယေ​ရှု​ကြား​တော်​မူ​လျှင် တ​ရား​ဇ​ရပ်​မှူး​အား ``မ​စိုး​ရိမ်​နှင့်။ သင့်​မှာ ယုံ​ကြည်​ခြင်း​သာ​ရှိ​စေ​လော့။ သူ​ငယ်​မ​သည် ကျန်း​မာ​လာ​ပေ​အံ့'' ဟု​မိန့်​တော်​မူ​၏။
ܐܬܐ ܕܝܢ ܝܫܘܥ ܠܒܝܬܐ ܘܠܐ ܫܒܩ ܠܐܢܫ ܕܢܥܘܠ ܥܡܗ ܐܠܐ ܠܫܡܥܘܢ ܘܠܝܥܩܘܒ ܘܠܝܘܚܢܢ ܘܠܐܒܘܗ ܕܛܠܝܬܐ ܘܠܐܡܗ 51
၅၁ကိုယ်​တော်​သည်​တ​ရား​ဇ​ရပ်​မှူး​၏​အိမ်​သို့​ဝင် သော​အ​ခါ ပေ​တ​ရု၊ ယာ​ကုပ်၊ ယော​ဟန်​နှင့်​သူ​ငယ် မ​၏​မိ​ဘ​များ​မှ​တစ်​ပါး​မည်​သူ​ကို​မျှ မိ​မိ နှင့်​အ​တူ​ဝင်​စေ​တော်​မ​မူ။-
ܟܠܗܘܢ ܕܝܢ ܒܟܝܢ ܗܘܘ ܘܡܪܩܕܝܢ ܥܠܝܗ ܝܫܘܥ ܕܝܢ ܐܡܪ ܠܐ ܬܒܟܘܢ ܠܐ ܓܝܪ ܡܝܬܬ ܐܠܐ ܕܡܟܐ ܗܝ 52
၅၂သူ​ငယ်​မ​သေ​သည့်​အ​တွက် လူ​အ​ပေါင်း​တို့​သည် ငို​ကြွေး​မြည်​တမ်း​လျက်​နေ​ကြ​၏။ ကိုယ်​တော် က ``မ​ငို​ကြွေး​ကြ​နှင့်။ သူ​ငယ်​မ​သေ​သည် မ​ဟုတ်၊ အိပ်​လျက်​နေ​၏'' ဟု​မိန့်​တော်​မူ​၏။
ܘܓܚܟܝܢ ܗܘܘ ܥܠܘܗܝ ܕܝܕܥܝܢ ܕܡܝܬܬ ܠܗ 53
၅၃ထို​အ​ခါ​လူ​တို့​သည်​သူ​ငယ်​မ​သေ​ဆုံး​ပြီး ကြောင်း​ကို​သိ​သ​ဖြင့်​ကိုယ်​တော်​ကို​ပြောင်​လှောင် ကြ​၏။-
ܗܘ ܕܝܢ ܐܦܩ ܠܟܠܢܫ ܠܒܪ ܘܐܚܕܗ ܒܐܝܕܗ ܘܩܪܗ ܘܐܡܪ ܛܠܝܬܐ ܩܘܡܝ 54
၅၄ကိုယ်​တော်​သည်​သူ​ငယ်​မ​၏​လက်​ကို​ဆုပ်​ကိုင် ကာ ``က​လေး​မ၊ ထ​လော့'' ဟု​မိန့်​တော်​မူ​၏။-
ܘܗܦܟܬ ܪܘܚܗ ܘܡܚܕܐ ܩܡܬ ܘܦܩܕ ܕܢܬܠܘܢ ܠܗ ܠܡܐܟܠ 55
၅၅သူ​ငယ်​မ​သည်​အ​သက်​ပြန်​ဝင်​လာ​၍​ချက်​ချင်း ပင်​ထ​လေ​၏။ ကိုယ်​တော်​သည်​သူ​ငယ်​မ​အား အ​စား​အ​စာ​ကျွေး​မွေး​ရန်​မိန့်​မှာ​တော်​မူ​၏။-
ܘܬܡܗܘ ܐܒܗܝܗ ܗܘ ܕܝܢ ܙܗܪ ܐܢܘܢ ܕܠܐܢܫ ܠܐ ܢܐܡܪܘܢ ܡܐ ܕܗܘܐ 56
၅၆မိ​ဘ​တို့​သည်​များ​စွာ​အံ့​သြ​ကြ​၏။ သို့​ရာ​တွင် ကိုယ်​တော်​သည်​ဤ​အ​ဖြစ်​အ​ပျက်​အ​ကြောင်း​ကို မည်​သူ​အား​မျှ​မ​ပြော​ရန်​သူ​တို့​အား​ပ​ညတ် တော်​မူ​၏။

< ܠܘܩܘܣ 8 >