< تَثنِيَة 5 >

وَاسْتَدْعَى مُوسَى جَمِيعَ الإِسْرَائِيلِيِّينَ وَقَالَ لَهُمْ: «اسْمَعُوا يَابَنِي إِسْرَائِيلَ الشَّرَائِعَ وَالأَحْكَامَ الَّتِي أَتْلُوهَا عَلَيْكُمْ فِي هَذَا الْيَوْمِ، وَتَعَلَّمُوهَا وَاحْرِصُوا عَلَى مُمَارَسَتِهَا. ١ 1
မော​ရှေ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့​ကို​ဆင့်​ခေါ်​၍ သူ​တို့​အား​ဤ​သို့​ပြော​ကြား လေ​သည်။ ``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ ယ​နေ့ သင်​တို့​အား ငါ​ပြ​ဋ္ဌာန်း​ပေး​မည့်​ပညတ်​တော် အား​လုံး​ကို​နား​ထောင်​ကြ​လော့။ ထို​ပညတ် တော်​များ​ကို​နာ​ယူ​လိုက်​နာ​ရန်​သ​တိ​ပြု ကြ​လော့။-
قَطَعَ الرَّبُّ إِلَهُنَا مَعَنَا عَهْداً فِي جَبَلِ حُورِيبَ. ٢ 2
ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သိ​နာ​တောင်​ပေါ်​တွင်​ငါ​တို့​နှင့်​ပ​ဋိ​ညာဉ် ပြု​တော်​မူ​၏။-
لَيْسَ مَعَ آبَائِنَا قَطَعَ هَذَا الْعَهْدَ، إِنَّمَا مَعَنَا نَحْنُ الَّذِينَ هُنَا الْيَوْمَ جَمِيعاً أَحْيَاءٌ، ٣ 3
ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​တို့​၏​ဘိုး​ဘေး တို့​နှင့်​သာ​လျှင် ပ​ဋိ​ညာဉ်​ပြု​သည်​မ​ဟုတ်။ ယ​နေ့​အ​သက်​ရှင်​လျက်​ရှိ​သော ငါ​တို့​အား လုံး​နှင့်​လည်း​ပ​ဋိ​ညာဉ်​ပြု​တော်​မူ​၏။-
إِذْ تَكَلَّمَ الرَّبُّ مَعَنَا فِي الْجَبَلِ مِنْ وَسَطِ النَّارِ وَجْهاً لِوَجْهٍ. ٤ 4
ထာ​ဝ​ရ​ဘု​ရား​သည်​တောင်​ပေါ်​တွင်​မီး​ထဲ မှ သင်​တို့​နှင့်​မျက်​နှာ​ချင်း​ဆိုင်​၍​မိန့်​မြွက် တော်​မူ​သည်။-
وَكُنْتُ أَنَا وَاقِفاً بَيْنَ الرَّبِّ وَبَيْنَكُمْ، لأَنَّكُمْ خِفْتُمْ مِنَ النَّارَ، فَلَمْ تَصْعَدُوا إِلَى الْجَبَلِ. فَقَالَ الرَّبُّ: ٥ 5
သင်​တို့​သည်​မီး​ကို​ကြောက်​ရွံ့​သ​ဖြင့်​တောင် ပေါ်​သို့​မ​တက်​ဝံ့​သော​ကြောင့် ငါ​သည်​ထာ​ဝ​ရ ဘု​ရား​နှင့်​သင်​တို့​စပ်​ကြား​တွင်​ရပ်​လျက် ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​ကို​သင်​တို့ အား​ဆင့်​ဆို​ခဲ့​၏။''
أَنَا هُوَ الرَّبُّ إِلَهُكَ الَّذِي حَرَّرَكَ مِنْ سِجْنِ الْعُبُودِيَّةِ فِي دِيَارِ مِصْرَ. ٦ 6
``ထာ​ဝ​ရ​ဘု​ရား​က၊`ငါ​သည်​သင်​တို့​ကို ကျွန်​ခံ​ရာ​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​ခဲ့​သော သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ​၏။'
لاَ يَكُنْ لَكَ آلِهَةٌ أُخْرَى أَمَامِي. ٧ 7
`` `ငါ​မှ​တစ်​ပါး​အ​ခြား​သော​ဘု​ရား​ကို မ​ကိုး​ကွယ်​နှင့်။-
لاَ تَنْحَتْ لَكَ تِمْثَالاً، وَلاَ صُورَةً مَا مِمَّا فِي السَّمَاءِ وَمَا فِي الأَرْضِ وَمَا فِي الْمَاءِ تَحْتَ الأَرْضِ. ٨ 8
`` `မိုး​ကောင်း​ကင်​၌​လည်း​ကောင်း၊ မြေ​ကြီး​ပေါ်​၌ လည်း​ကောင်း၊ မြေ​အောက်​ရေ​ထဲ​၌​လည်း​ကောင်း ရှိ​သော​အ​ရာ​နှင့်​ပုံ​သဏ္ဌာန်​တူ​သော​ရုပ်​တု​များ ကို​ကိုး​ကွယ်​ရန်​အ​တွက်​မ​ထု​လုပ်​နှင့်။-
لاَ تَسْجُدْ لَهَا وَلاَ تَعْبُدْهَا، لأَنِّي أَنَا الرَّبُّ إِلَهُكَ إِلَهٌ غَيُورٌ، أَفْتَقِدُ مَعَاصِيَ الآبَاءِ فِي الأَبْنَاءِ حَتَّى الْجِيلِ الثَّالِثِ وَالرَّابِعِ مِنْ مُبْغِضِيَّ. ٩ 9
ထို​ရုပ်​တု​များ​ကို​ဦး​မ​ချ၊ ဝတ်​မ​ပြု​နှင့်။ အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​သည်​သင်​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​၍ ပြိုင် ဘက်​ကို​လုံး​ဝ​လက်​ခံ​တော်​မ​မူ။ ငါ့​ကို မုန်း​သော​သူ​တို့​အား​ငါ​ဒဏ်​ခတ်​မည်။ ထို မျှ​မ​က​သူ​တို့​၏​တ​တိ​ယ​မျိုး​ဆက်၊ စတုတ္ထ​မျိုး​ဆက်​တိုင်​အောင်​ငါ​ဒဏ်​ခတ် မည်။-
وَأُحْسِنُ إِلَى أُلُوفٍ مِنْ مُحِبِّيَّ وَطَائِعِي وَصَايَايَ. ١٠ 10
၁၀သို့​ရာ​တွင်​ငါ့​ကို​ချစ်​၍​ငါ​၏​ပညတ်​တော်​တို့ ကို​စောင့်​ထိန်း​သော​သူ​တို့​အား အ​မျိုး​ဆက် ထောင်​သောင်း​တိုင်​အောင်​ငါ​၏​မေတ္တာ​ကို​ပြ မည်။
لاَ تَنْطِقْ بِاسْمِ الرَّبِّ إِلَهِكَ بَاطِلاً، لأَنَّ الرَّبَّ لاَ يُبْرِئُ مَنْ يَنْطِقُ بِاسْمِهِ بَاطِلاً. ١١ 11
၁၁`` `သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် နာမ​တော်​ကို​အ​လွဲ​သုံး​စား​ပြု​သူ​အား​ဒဏ် ခတ်​တော်​မူ​မည်​ဖြစ်​သော​ကြောင့် ကိုယ်​တော်​၏ နာမ​တော်​ကို​အ​လွဲ​သုံး​စား​မ​ပြု​နှင့်။
احْفَظْ يَوْمَ السَّبْتِ مُقَدَّساً كَمَا أَوْصَاكَ الرَّبُّ إِلَهُكَ. ١٢ 12
၁၂`` `သင်​တို့​၏​ဘု​ရား​သ​ခင်​ငါ​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​အ​တိုင်း ဥ​ပုသ်​နေ့​ကို​စောင့် ထိန်း​၍​ထို​နေ့​ကို​ငါ့​အ​တွက်​သီး​သန့်​ထား လော့။-
سِتَّةَ أَيَّامٍ تَشْتَغِلُ وَتَقُومُ بِجَمِيعِ أَعْمَالِكَ، ١٣ 13
၁၃ခြောက်​ရက်​ပတ်​လုံး​အ​လုပ်​လုပ်​လော့။
وَأَمَّا الْيَوْمُ السَّابِعُ فَيَكُونُ يَوْمَ رَاحَةٍ لِلرَّبِّ إِلَهِكَ، لاَ تَقُومُ فِيهِ بِأَيِّ عَمَلٍ أَنْتَ وَابْنُكَ وَابْنَتُكَ وَعَبْدُكَ وَأَمَتُكَ وَثَوْرُكَ وَحِمَارُكَ وَكُلُّ بَهَائِمِكَ، وَالأَجْنَبِيُّ الْمُقِيمُ دَاخِلَ أَبْوَابِكَ، لِيَسْتَرِيحَ عَبْدُكَ وَأَمَتُكَ مِثْلَكَ. ١٤ 14
၁၄သတ္တ​မ​နေ့​သည်​ငါ​ဘု​ရား​အ​တွက်​ဆက်​ကပ် ရ​သော​အ​လုပ်​နား​ရက်​ဖြစ်​၏။ ထို​နေ့​တွင်​သင် မှ​စ​၍ သင်​၏​သား​သ​မီး၊ ကျေး​ကျွန်၊ တိ​ရစ္ဆာန် နှင့်​သင်​တို့​တိုင်း​ပြည်​တွင်​နေ​ထိုင်​သော​လူ​မျိုး ခြား​များ​သည်​အ​လုပ်​မ​လုပ်​ရ။ သင်​တို့​၏ ကျေး​ကျွန်​သည်​သင်​တို့​ကဲ့​သို့​အ​နား​ယူ ရ​မည်။-
وَتَذَكَّرْ أَنَّكَ كُنْتَ عَبْداً فِي دِيَارِ مِصْرَ، فَأَطْلَقَكَ الرَّبُّ مِنْ هُنَاكَ بِقُدْرَةٍ فَائِقَةٍ وَقُوَّةٍ شَدِيدَةٍ، لِهَذَا أَوْصَاكَ الرَّبُّ إِلَهُكَ أَنْ تَرْتَاحَ فِي يَوْمِ السَّبْتِ. ١٥ 15
၁၅သင်​တို့​သည်​အီ​ဂျစ်​ပြည်​တွင်​ကျွန်​ခံ​ခဲ့​ဖူး ကြောင်း​ကို​လည်း​ကောင်း၊ သင်​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ကို​မ​ဟာ​တန်​ခိုး တော်​ဖြင့်​ကယ်​တင်​ခဲ့​ကြောင်း​ကို​လည်း​ကောင်း သ​တိ​ရ​ကြ​လော့။ ထို​အ​ကြောင်း​ကြောင့်​ငါ သည်​သင်​တို့​အား​ဥ​ပုသ်​နေ့​ကို​စောင့်​ရန် မိန့်​မှာ​တော်​မူ​၏။
أَكْرِمْ أَبَاكَ وَأُمَّكَ كَمَا أَمَرَكَ الرَّبُّ إِلَهُكَ، فَتَطُولَ أَيَّامُكَ وَيَكُونَ لَكَ خَيْرٌ عَلَى الأَرْضِ الَّتِي يُوَرِّثُهَا لَكَ الرَّبُّ إِلَهُكَ. ١٦ 16
၁၆`` `သင်​တို့​အား​ထာ​ဝ​ရ​ဘု​ရား​ပေး​သ​နား တော်​မူ​မည့်​ပြည်​တွင် သင်​တို့​သည်​ကောင်း​စား ၍​အ​သက်​ရှည်​စေ​ရန် သင်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း မိ​ဘ​ကို​ရို​သေ​သ​မှု​ပြု​ကြ​လော့။
لاَ تَقْتُلْ. ١٧ 17
၁၇`` `သူ့​အ​သက်​ကို​မ​သတ်​နှင့်။
لاَ تَزْنِ. ١٨ 18
၁၈`` `သူ့​သား​အိမ်​ရာ​ကို​မ​ပြစ်​မှား​နှင့်။
لاَ تَسْرِقْ. ١٩ 19
၁၉`` `သူ့​ဥစ္စာ​ကို​မ​ခိုး​နှင့်။
لاَ تَشْهَدْ عَلَى جَارِكَ شَهَادَةَ زُورٍ. ٢٠ 20
၂၀`` `သူ​တစ်​ပါး​တစ်​ဘက်​၌​မ​တ​ရား​သက်​သေ မ​ခံ​နှင့်။
لاَ تَشْتَهِ امْرَأَةَ غَيْرِكَ وَلاَ بَيْتَهُ وَلاَ حَقْلَهُ وَلاَ عَبْدَهُ وَلاَ أَمَتَهُ وَلاَ ثَوْرَهُ وَلاَ حِمَارَهُ وَلاَ كُلَّ مَا لَهُ. ٢١ 21
၂၁`` `သူ​တစ်​ပါး​၏​မ​ယား၊ အိမ်၊ မြေ၊ ကျေး​ကျွန်၊ နွား၊ မြည်း​မှ​စ​၍​သူ​ပိုင်​သ​မျှ​တို့​ကို​တပ်​မက် ခြင်း​မ​ရှိ​နှင့်' ဟု​မိန့်​တော်​မူ​၏။
إِنَّ الرَّبَّ قَدْ أَعْلَنَ بِصَوْتٍ عَظِيمٍ هَذِهِ الْكَلِمَاتِ لِكُلِّ جَمَاعَتِكُمْ فِي الْجَبَلِ مِنْ وَسَطِ النَّارِ وَالسَّحَابِ وَلَمْ يَزِدْ. وَنَقَشَهَا عَلَى لَوْحَيْنِ مِنْ حَجَرٍ وَأَعْطَانِي إِيَّاهَا. ٢٢ 22
၂၂``ထာ​ဝ​ရ​ဘု​ရား​သည်​တောင်​အ​နီး​သို့​စု​ရုံး လာ​သော​သင်​တို့​အ​ပေါင်း​အား ဤ​ပ​ညတ်​တော် များ​ကို​ပြ​ဋ္ဌာန်း​ပေး​တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား သည်​မီး​နှင့်​မှောင်​မည်း​သော​မိုး​တိမ်​ထဲ​မှ​ကျယ် သော​အ​သံ​တော်​ဖြင့် ဤ​ပညတ်​တော်​များ​ကို​မိန့် မြွက်​တော်​မူ​၏။ ထပ်​၍​မိန့်​မြွက်​တော်​မ​မူ။ ထို့ နောက်​ထာ​ဝ​ရ​ဘု​ရား​သည်​ပညတ်​တော်​များ ကို​ကျောက်​ပြား​နှစ်​ချပ်​ပေါ်​တွင်​ရေး​၍​ငါ့ အား​ပေး​အပ်​တော်​မူ​သည်။''
فَلَمَّا سَمِعْتُمُ الصَّوْتَ مِنْ وَسَطِ الظَّلاَمَ، وَالْجَبَلُ يَشْتَعِلُ بِالنَّارِ، أَقْبَلَ عَلَيَّ جَمِيعُ قَادَةِ أَسْبَاطِكُمْ وَشُيُوخِكُمْ، ٢٣ 23
၂၃``တောင်​တစ်​ခု​လုံး​မီး​တောက်​၍​အ​မှောင်​ထု ထဲ​မှ​ဗျာ​ဒိတ်​တော်​သံ​ကို​သင်​တို့​ကြား​ရ သော​အ​ခါ သင်​တို့​၏​ခေါင်း​ဆောင်​များ​နှင့် အ​နွယ်​အ​ကြီး​အ​ကဲ​တို့​သည်​ငါ့​ထံ​သို့ ချဉ်း​ကပ်​၍၊-
وَقَالُوا: قَدْ أَظْهَرَ الرَّبُّ لَنَا مَجْدَهُ وَعَظَمَتَهُ، وَسَمِعْنَا صَوْتَهُ مِنْ وَسَطِ النَّارِ، وَرَأَيْنَا فِي هَذَا الْيَوْمِ أَنَّ اللهَ يُخَاطِبُ الإِنْسَانَ فَلاَ يَمُوتُ. ٢٤ 24
၂၄`အ​ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ၏​အ​သံ​တော်​ကို​မီး​ထဲ​မှ​ကြား​ရ​သ​ဖြင့် အ​ကျွန်ုပ်​တို့​အား​ထာ​ဝ​ရ​ဘု​ရား​က မိ​မိ ၏​ဘုန်း​တန်​ခိုး​တော်​ကို​ထင်​ရှား​ပြ​သ​တော် မူ​ပါ​ပြီ။ ဘု​ရား​သ​ခင်​သည်​လူ​သား​အား စ​ကား​ပြော​သော်​လည်း လူ​သား​သည်​မ​သေ ဘဲ​အ​သက်​ရှင်​နေ​နိုင်​ကြောင်း​ကို​အ​ကျွန်ုပ် တို့​ယ​နေ့​သိ​မြင်​ရ​ကြ​ပါ​ပြီ။-
وَلَكِنِ الآنَ، إِنْ عُدْنَا نَسْمَعُ صَوْتَ الرَّبِّ إِلَهِنَا فَإِنَّ هَذِهِ النَّارَ الْعَظِيمَةَ تَلْتَهِمُنَا. فَلِمَاذَا نَمُوتُ؟ ٢٥ 25
၂၅သို့​ရာ​တွင်​အ​ကျွန်ုပ်​တို့​သည် အ​ဘယ်​ကြောင့် အ​ရဲ​စွန့်​၍​အ​သေ​ခံ​ရ​မည်​နည်း။ ထို​ကြောက် မက်​ဖွယ်​မီး​ကြီး​ကြောင့် အ​ကျွန်ုပ်​တို့​သည် ပျက်​စီး​ဆုံး​ရှုံး​ရ​ကြ​ပါ​လိမ့်​မည်။ အ​ကျွန်ုပ် တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏ အ​သံ​တော်​ကို​ထပ်​၍​ကြား​ရ​လျှင်​အ​ကျွန်ုပ် တို့​သေ​ရ​ပါ​လိမ့်​မည်။-
إِذْ أَيُّ بَشَرِيٍّ سَمِعَ صَوْتَ اللهِ الْحَيِّ يَتَكَلَّمُ مِنْ وَسَطِ النَّارِ مِثْلَنَا وَعَاشَ؟ ٢٦ 26
၂၆အ​သက်​ရှင်​တော်​မူ​သော​ဘုရား​၏​အ​သံ​တော် ကို​မီး​ထဲ​မှ အ​ကျွန်ုပ်​တို့​ကဲ့​သို့​ကြား​ရ​ပြီး​မှ အ​သက်​ရှင်​သော​လူ​သတ္တ​ဝါ​ရှိ​ဖူး​ပါ​သ​လော။-
فَتَقَدَّمْ أَنْتَ وَاسْتَمِعْ كُلَّ مَا يَنْطِقُ بِهِ الرَّبُّ إِلَهُنَا، وَخَاطِبْنَا بِجَمِيعِ مَا يُكَلِّمُكَ بِهِ، فَنَسْتَمِعَ وَنُطِيعَ. ٢٧ 27
၂၇ကိုယ်​တော်​သာ​ချဉ်း​ကပ်​၍​အ​ကျွန်ုပ်​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​သ​မျှ ကို​ကြား​နာ​ပြီး​လျှင် အ​ကျွန်ုပ်​တို့​အား​ဆင့် ဆို​တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​သည်​အ​မိန့်​တော် ကို​နာ​ခံ​ပါ​မည်' ဟု​လျှောက်​ထား​ကြ​၏။
فَسَمِعَ الرَّبُّ حَدِيثَكُمْ حِينَ كَلَّمْتُمُونِي، وَقَالَ لِي: لَقَدْ سَمِعْتُ حَدِيثَ الشَّعْبِ الَّذِي كَلَّمُوكَ بِهِ. وَقَدْ أَحْسَنُوا فِي كُلِّ مَا قَالُوهُ. ٢٨ 28
၂၈``ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​ထို​သို့​လျှောက် ထား​သော​စ​ကား​ကို​ကြား​တော်​မူ​လျှင် ငါ့ အား`ငါ​သည်​ဤ​သူ​တို့​လျှောက်​ထား​သော စ​ကား​ကို​ကြား​ရ​ပြီ။ သူ​တို့​ပြော​သည့် အ​တိုင်း​မှန်​ပေ​၏။-
يَالَيْتَ قَلْبَهُمْ يَظَلُّ مُتَعَلِّقاً بِي حَتَّى يَتَّقُونِي وَيُطِيعُوا جَمِيعَ وَصَايَايَ دَائِماً، لِكَيْ يَتَمَتَّعُوا هُمْ وَأَوْلاَدُهُمْ بِالْخَيْرِ إِلَى الأَبَدِ. ٢٩ 29
၂၉သူ​တို့​သည်​ဤ​ကဲ့​သို့​ငါ့​ကို​အ​စဉ်​ကြောက်​ရွံ့ ရို​သေ​၍ ငါ​၏​ပညတ်​တော်​အား​လုံး​ကို​စောင့်​ထိန်း ကြ​မည်​ဆို​လျှင် သူ​တို့​နှင့်​သူ​တို့​၏​အ​ဆက် အ​နွယ်​များ​သည်​ထာ​ဝ​စဉ်​ကောင်း​စား​ကြ လိမ့်​မည်။-
اذْهَبْ وَقُلْ لَهُمْ: ارْجِعُوا إِلَى خِيَامِكُمْ. ٣٠ 30
၃၀ယ​ခု​မိ​မိ​တို့​တဲ​အိမ်​များ​သို့​ပြန်​ကြ​ရန် သူ​တို့​အား​ပြော​လော့။-
وَأَمَّا أَنْتَ فَامْثُلْ هُنَا أَمَامِي، فَأُكَلِّمَكَ بِجَمِيعِ الْوَصَايَا وَالشَّرَائِعِ وَالأَحْكَامِ لِتُعَلِّمَهَا لَهُمْ فَيَعْمَلُوا بِهَا فِي الأَرْضِ الَّتِي وَهَبْتُهَا لَهُمْ لِيَمْتَلِكُوهَا. ٣١ 31
၃၁သင်​ကိုယ်​တိုင်​မူ​ကား​ငါ​နှင့်​အ​တူ​နေ​ရစ်​လော့။ ငါ​ပေး​မည့်​ပြည်​တွင်​သူ​တို့​လိုက်​နာ​စောင့်​ထိန်း ရန် ပ​ညတ်​တော်​များ​နှင့်​ပြ​ဋ္ဌာန်း​ချက်​ရှိ​သ​မျှ ကို​သင့်​အား​ငါ​ဆင့်​ဆို​မည်။ ထို​ပညတ်​တော် များ​နှင့်​ပြ​ဋ္ဌာန်း​ချက်​များ​ကို​သူ​တို့​အား သွန်​သင်​လော့' ဟု မိန့်​တော်​မူ​၏။-
فَاحْرِصُوا عَلَى الْعَمَلِ بِكُلِّ مَا أَمَرَكُمْ بِهِ الرَّبُّ إِلَهُكُمْ، لاَ تَحِيدُوا يَمِيناً أَوْ شِمَالاً. ٣٢ 32
၃၂``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သ​မျှ​အ​တိုင်း လိုက်​နာ​ရ​မည်။ မည်​သည့်​ပညတ်​တော်​ကို​မျှ​မ​ချိုး ဖောက်​နှင့်။-
وَاسْلُكُوا فِي كُلِّ الطَّرِيقِ الَّتِي أَوْصَاكُمْ بِهَا الرَّبُّ لِتَحْيَوْا وَتَزْدَهِرُوا وَتَمْكُثُوا طَوِيلاً فِي الأَرْضِ الَّتِي تَرِثُونَهَا. ٣٣ 33
၃၃သင်​တို့​ဝင်​ရောက်​သိမ်း​ယူ​မည့်​ပြည်​တွင်​ကောင်း စား​၍ ဆက်​လက်​နေ​ထိုင်​ရန်​ပ​ညတ်​တော်​ရှိ သ​မျှ​ကို​လိုက်​နာ​စောင့်​ထိန်း​ရ​ကြ​မည်။

< تَثنِيَة 5 >