< صَفَنْيَا 1 >

كَلِمَةُ ٱلرَّبِّ ٱلَّتِي صَارَتْ إِلَى صَفَنْيَا بْنِ كُوشِي بْنِ جَدَلْيَا بْنِ أَمَرِيَا بْنِ حَزَقِيَّا، فِي أَيَّامِ يُوشِيَّا بْنِ آمُونَ مَلِكِ يَهُوذَا: ١ 1
ယုဒ ရှင်ဘုရင် အာမုန် သား ယောရှိ မင်းလက်ထက် ၊ ဟိဇကိ ၊ အာမရိ ၊ ဂေဒလိ တို့မှ ဆင်းသက်သော ကုရှိ ၏သား ဇေဖနိ သို့ ရောက် လာသော ထာဝရဘုရား ၏ နှုတ်ကပတ် တော်ဟူမူကား၊
«نَزْعًا أَنْزَعُ ٱلْكُلَّ عَنْ وَجْهِ ٱلْأَرْضِ، يَقُولُ ٱلرَّبُّ. ٢ 2
ပြည် တပြည်လုံး ၌ ရှိလေသမျှ တို့ကို အကုန်အစင် ငါသုတ်သင်ပယ်ရှင်း မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
أَنْزِعُ ٱلْإِنْسَانَ وَٱلْحَيَوَانَ. أَنْزِعُ طُيُورَ ٱلسَّمَاءِ وَسَمَكَ ٱلْبَحْرِ، وَٱلْمَعَاثِرَ مَعَ ٱلْأَشْرَارِ، وَأَقْطَعُ ٱلْإِنْسَانَ عَنْ وَجْهِ ٱلْأَرْضِ، يَقُولُ ٱلرَّبُّ. ٣ 3
လူ နှင့် တိရစ္ဆာန် တို့ကို ပယ်ရှင်း မည်။ မိုဃ်း ကောင်းကင် ငှက် နှင့် ပင်လယ် ငါး တို့ကို၎င်း၊ အဓမ္မ လူတို့ နှင့်တကွ ပြစ်မှား စရာအကြောင်းတို့ကို၎င်းငါပယ်ရှင်းမည်။ မြေ တပြင်လုံး ၌ ရှိသောလူ သတ္တဝါတို့ကိုလည်း ငါ ပယ်ရှင်း မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
«وَأَمُدُّ يَدِي عَلَى يَهُوذَا وَعَلَى كُلِّ سُكَّانِ أُورُشَلِيمَ، وَأَقْطَعُ مِنْ هَذَا ٱلْمَكَانِ بَقِيَّةَ ٱلْبَعْلِ، ٱسْمَ ٱلْكَمَارِيمِ، مَعَ ٱلْكَهَنَةِ. ٤ 4
ယုဒ ပြည်သူ၊ ယေရုရှလင် မြို့ သားအပေါင်း တို့ကို ငါတိုက် ၍ ၊ ဤ အရပ် ၌ ကျန် ကြွင်းသော ဗာလ ဘုရား၏ တပည့်တို့နှင့် ယဇ် ပုရောဟိတ်အမျိုးမျိုးတို့ကို၎င်း ၊
وَٱلسَّاجِدِينَ عَلَى ٱلسُّطُوحِ لِجُنْدِ ٱلسَّمَاءِ، وَٱلسَّاجِدِينَ ٱلْحَالِفِينَ بِٱلرَّبِّ، وَٱلْحَالِفِينَ بِمَلْكُومَ، ٥ 5
ကောင်းကင် တန်ဆာ များကို အိမ်မိုး ပေါ် မှာ ကိုးကွယ် သောသူ၊ ထာဝရဘုရား နှင့် မာလခံ ဘုရားကို တိုင်တည် လျက် ကျိန်ဆိုကိုးကွယ် သောသူတို့ ကို၎င်း ၊
وَٱلْمُرْتَدِّينَ مِنْ وَرَاءِ ٱلرَّبِّ، وَٱلَّذِينَ لَمْ يَطْلُبُوا ٱلرَّبَّ وَلَا سَأَلُوا عَنْهُ. ٦ 6
ထာဝရဘုရား ၏နောက် တော်သို့ မလိုက်၊ ဆုတ် သွားသောသူ၊ ထာဝရဘုရား ကို မ ရှာဖွေ ၊ မ မေးမြန်း သောသူတို့ ကို၎င်း ငါပယ်ရှင်း မည်။
«اُسْكُتْ قُدَّامَ ٱلسَّيِّدِ ٱلرَّبِّ، لِأَنَّ يَوْمَ ٱلرَّبِّ قَرِيبٌ. لِأَنَّ ٱلرَّبَّ قَدْ أَعَدَّ ذَبِيحَةً. قَدَّسَ مَدْعُوِّيهِ. ٧ 7
အရှင် ထာဝရဘုရား ၏ရှေ့ တော်၌ ငြိမ်ဝပ် စွာ နေကြလော့။ ထာဝရဘုရား ၏နေ့ နီး ပြီ။ ထာဝရဘုရား သည် မိမိယဇ် ပွဲတော်ကို ပြင်ဆင် ၍၊ ပွဲဝင် သောသူတို့ ကို သန့်ရှင်းစေတော်မူပြီ။
وَيَكُونُ فِي يَوْمِ ذَبِيحَةِ ٱلرَّبِّ أَنِّي أُعَاقِبُ ٱلرُّؤَسَاءَ وَبَنِي ٱلْمَلِكِ وَجَمِيعَ ٱلّلَابِسِينَ لِبَاسًا غَرِيبًا. ٨ 8
ထာဝရဘုရား ပွဲခံတော်မူသောနေ့ ၌ မင်း များ၊ ဆွေ တော် မျိုးတော်များနှင့် ထူးခြားစွာ ဝတ် သောသူများ အပေါင်း တို့ကို ငါစစ်ကြော မည်။
وَفِي ذَلِكَ ٱلْيَوْمِ أُعَاقِبُ كُلَّ ٱلَّذِينَ يَقْفِزُونَ مِنْ فَوْقِ ٱلْعَتَبَةِ، ٱلَّذِينَ يَمْلَأُونَ بَيْتَ سَيِّدِهِمْ ظُلْمًا وَغِشًّا. ٩ 9
သူတပါး၏အိမ်တံခါးခုံ ကို ကျော် ၍ အနိုင်အထက် ပြုခြင်း၊ လှည့်စား ခြင်းအားဖြင့်ရသောဥစ္စာနှင့် မိမိ သခင် ၏ အိမ် ကို ပြည့် စေသောသူအပေါင်း တို့ကိုလည်း ထို နေ့ ၌ ငါစစ်ကြော မည်။
وَيَكُونُ فِي ذَلِكَ ٱلْيَوْمِ، يَقُولُ ٱلرَّبُّ، صَوْتُ صُرَاخٍ مِنْ بَابِ ٱلسَّمَكِ، وَوَلْوَلَةٌ مِنَ ٱلْقِسْمِ ٱلثَّانِي وَكَسْرٌ عَظِيمٌ مِنَ ٱلْآكَامِ. ١٠ 10
၁၀ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထို နေ့ ၌ ငါး တံခါးဝ မှာ အော်ဟစ် သံ ကို၎င်း ၊ ဒုတိယ မြို့၌ ငိုကြွေး မြည်တမ်းသံကို၎င်း ၊ တောင်ရိုး ၌ ပြင်း စွာချိုးဖျက် သံကို၎င်း ကြားရ၏။
وَلْوِلُوا يَا سُكَّانَ مَكْتِيشَ، لِأَنَّ كُلَّ شَعْبِ كَنْعَانَ بَادَ. ٱنْقَطَعَ كُلُّ ٱلْحَامِلِينَ ٱلْفِضَّةَ. ١١ 11
၁၁မတ္တေရှ အရပ် သားတို့၊ ငိုကြွေး မြည်တမ်းကြလော့ ။ ကုန်သည် အပေါင်း တို့သည် ပြတ် ကြပြီ။ ငွေ ကို ဆောင် သောသူအပေါင်း တို့သည် ဆုံး ကြပြီ။
وَيَكُونُ فِي ذَلِكَ ٱلْوَقْتِ أَنِّي أُفَتِّشُ أُورُشَلِيمَ بِٱلسُّرُجِ، وَأُعَاقِبُ ٱلرِّجَالَ ٱلْجَامِدِينَ عَلَى دُرْدِيِّهِمِ، ٱلْقَائِلِينَ فِي قُلُوبِهِمْ: إِنَّ ٱلرَّبَّ لَا يُحْسِنُ وَلَا يُسِيءُ. ١٢ 12
၁၂ထို ကာလ ၌ ငါသည် မီးခွက် ကို ကိုင်၍ ယေရုရှလင် မြို့ကို စစ်ကြောမည်။ ထာဝရဘုရား သည် ကျေးဇူး ကိုလည်း မ ပြု၊ အပြစ် ကိုလည်း မ ပေးဟု အောက်မေ့ လျက်၊ မိမိ တို့အနည် အဖတ်ပေါ် ၌ နေရာ ကျသောသူ တို့ ကို ငါစစ်ကြော မည်။
فَتَكُونُ ثَرْوَتُهُمْ غَنِيمَةً وَبُيُوتُهُمْ خَرَابًا، وَيَبْنُونَ بُيُوتًا وَلَا يَسْكُنُونَهَا، وَيَغْرِسُونَ كُرُومًا وَلَا يَشْرَبُونَ خَمْرَهَا. ١٣ 13
၁၃ထိုသူ တို့၏ဥစ္စာ ကို သူတပါးလုယူ ၍ ၊ သူ တို့၏ နေရာ သည် လူဆိတ်ညံ လျက် ရှိ လိမ့်မည်။ အိမ် ကို ဆောက် သော်လည်း မ နေ ရကြ။ စပျစ် ဥယျာဉ်ကို စိုက် သော်လည်း စပျစ်ရည် ကို မ သောက် ရကြ။
«قَرِيبٌ يَوْمُ ٱلرَّبِّ ٱلْعَظِيمِ. قَرِيبٌ وَسَرِيعٌ جِدًّا. صَوْتُ يَوْمِ ٱلرّبِّ. يَصْرُخُ حِينَئِذٍ ٱلْجَبَّارُ مُرًّا. ١٤ 14
၁၄ထာဝရဘုရား ၏နေ့ ကြီး နီး ပြီ။ နီး ပြီ။ အလျင်အမြန် လာ၏။ ထာဝရဘုရား ၏ နေ့ သိတင်း သည် နား၌ ခါး ၏။ ထိုနေ့၌ သူရဲ သည် အော်ဟစ် လိမ့်မည်။
ذَلِكَ ٱلْيَوْمُ يَوْمُ سَخَطٍ، يَوْمُ ضِيقٍ وَشِدَّةٍ، يَوْمُ خَرَابٍ وَدَمَارٍ، يَوْمُ ظَلَامٍ وَقَتَامٍ، يَوْمُ سَحَابٍ وَضَبَابٍ. ١٥ 15
၁၅ထို နေ့ သည် အမျက် ထွက်သောနေ့ ၊ ဆင်းရဲ ပူပန် ခြင်းကို ခံရသောနေ့ ၊ သုတ်သင် ပယ်ရှင်းဖျက်ဆီး ရာနေ့ ၊ အလင်း ကွယ်၍ မှောင်မိုက် သောနေ့ ၊ မိုဃ်းအုံ့ ၍ ထူထပ် သောမှောင်မိုက် ဖုံးလွှမ်းသောနေ့ ၊
يَوْمُ بُوقٍ وَهُتَافٍ علَى ٱلْمُدُنِ ٱلْمُحَصَّنَةِ وَعَلَى ٱلشُّرُفِ ٱلرَّفِيعَةِ. ١٦ 16
၁၆ခိုင်ခံ့ သောမြို့ ၊ မြင့် သောရဲတိုက် တို့တဘက် ၌ တံပိုး မှုတ်၍ ကြွေးကြော် ရာနေ့ ဖြစ်၏။
وَأُضَايِقُ ٱلنَّاسَ فَيَمْشُونَ كَٱلْعُمْيِ، لِأَنَّهُمْ أَخْطَأُوا إِلَى ٱلرَّبِّ، فَيُسْفَحُ دَمُهُمْ كَٱلتُّرَابِ وَلَحْمُهُمْ كَٱلْجِلَّةِ. ١٧ 17
၁၇သူတို့သည် ထာဝရဘုရား ကို ပြစ်မှား သောကြောင့် ၊ သူ တို့ကို ငါညှဉ်းဆဲ သဖြင့် မျက်စိ မမြင်သော သူကဲ့သို့ သွား ကြလိမ့်မည်။ သူ တို့အသွေး ကို မြေမှုန့် ကဲ့သို့ သွန်း ၍ အသား ကိုလည်း မစင် ကဲ့သို့ မှတ်ကြလိမ့်မည်။
لَا فِضَّتُهُمْ وَلَا ذَهَبُهُمْ يَسْتَطِيعُ إِنْقَاذَهُمْ في يَوْمِ غَضَبِ ٱلرَّبِّ، بَلْ بِنَارِ غَيْرَتِهِ تُؤْكَلُ ٱلْأَرْضُ كُلُّهَا، لِأَنَّهُ يَصْنَعُ فَنَاءً بَاغِتًا لِكُلِّ سُكَّانِ ٱلْأَرْضِ». ١٨ 18
၁၈ထာဝရဘုရား အမျက် ထွက်တော်မူသောနေ့ ၌ သူ တို့ရွှေ ငွေ သည် သူ တို့ကို မ ကယ်တင် နိုင် ရာ။ ဒေါသ အမျက်တော်မီး သည် တပြည်လုံး ကို လောင် လိမ့်မည်။ ပြည်သူ ပြည်သားအပေါင်း တို့ကို အလျင်အမြန် စီရင် ၍ အကုန်အစင် သုတ်သင်ပယ်ရှင်းတော်မူလိမ့်မည်။

< صَفَنْيَا 1 >